သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့ ကိုဗစ်သံသယလူနာ သေဆုံးမှု များပြား


A funeral of covid victim in Chin state
A funeral of covid victim in Chin state

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ကိုဗစ်- ၁၉ အတည်ပြုလူနာနဲ့၊ ကိုဗစ်ရောဂါဖြစ်နိုင်တယ်ဆိုတဲ့ သံသယလူနာတွေ အောက်စီဂျင်ပြတ်လပ်လို့ သေဆုံးမှု မြင့်တက်နေပါတယ်။ ရန်ကုန်နဲ့ မန္တလေးဘက်က ဝယ်ယူရတဲ့ အောက်စီဂျင်ဗူးတွေ သယ်ယူတဲ့နေရာမှာလည်း တိုက်ပွဲတွေကြောင့် အခက်အခဲဖြစ်နေပါတယ်။ ဒီအခြေအနေတွေကိုတော့ဗီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်းဟာ မေလကုန်ပိုင်းကစလို့ တကျော့ပြန်ဖြစ်ပွားခဲ့တာမှာ ချင်းလူမျိူး အများ စုနေထိုင်ကြတဲ့ စစ်ကိုင်းတိုင်းကလေးမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြန်နေသလို သေဆုံးသူအရေအတွက်လည်း နေ့စဉ်လို တိုးနေပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေရော ကိုဗစ်ရောဂါဖြစ်နေတယ်လို့ သံသယရှိတဲ့ လူနာတွေပါ အောက်စီဂျင်ပြတ်လတ်မပြီး သေဆုံးနေတာ နေ့စဉ် ၂၀ ကျော်တယ်လို့ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး Volunteer အဖွဲ့ဝင်တဦးကပြောပါတယ်။

"လူနာတွေအတွက်အောက်စီဂျင်ကို ဖြည့်လို့မရတဲ့အနေအထားမှာရှိတယ်။ ဖြည့်တင်းတဲ့သူတွေရှိပေမဲ့လဲ တန်းစီပြီး တော့ နှစ်ရက် သုံးရက်လောက်စောင့်ရတဲ့အခြေအနေဆိုတော့ အောက်စီဂျင်ပြတ်လတ်ပြီးသေဆုံးမှုတွေကလဲ (၂၀) နဲ့(၃၀)ဝန်းကျင်အကြားအမြဲတမ်းရှိနေတယ်ဗျ။ တရက်မှာ(၂၀)နဲ့(၃၀)ဝန်းကျင် အမြဲတမ်းတွေ့နေရတယ်ဗျ သေ ဆုံးမှုတွေက။ မနေ့ကဆို(၂၉)ယောက်လာက်ရှိတယ်။"

ဒီနေ့ ဇူလိုင် ၁၂ ရက်နေ့မှာလည်း နောက်ဆုံးစာရင်းကို မပြောနိုင်သေးပေမဲ့ ခရစ်ယာန်သချိုင်းမှာ (၇) ဦးသဂြိုလ်တဲ့အထဲမှာ (၅) ဦးဟာ ကိုဗစ်သံသယလူနာလို့ သချိုင်းကော်မီတီဝင်တဦးကပြောပါတယ်။ ကလေးမြို့မှာ တနင်္ဂနွေနေ့ကလည်း ကိုဗစ်အတည်ပြုလူနာတွေနဲ့ သံသယလူနာ (၂၉) ဦးသေဆုံးခဲ့သလို စနေနေ့တုန်းက (၃၃) ဦးသေဆုံးခဲ့တယ်လို့ ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Volunteerအဖွဲ့စာရင်းအရ သိရပါတယ်။

ကလေးမြို့က လူနာတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ အောက်စီဂျင်တွေကို မန္တလေး ရန်ကုန်ဘက်မှာ ဝယ်ယူနေရတာပါ။ ဒါပေမဲ့ သယ်ယူပို့ဆောင်တဲ့လမ်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လမ်းမှာ ပိတ်မိနေတာတွေလည်းရှိတယ်လို့ Volunteer အဖွဲ့ဝင်တဦးကပြောပါတယ်။ ဇူလိုင်(၁၁) ရက်နေ့က စစ်ကိုင်းတိုင်းကလေးမြို့နယ်အဝင် မကွေးတိုင်းဂန့်ဂေါမြို့နယ် ယောနယ် ပုံတောင်၊ ပုံညာနယ်စပ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့တို့တိုက်ပွဲဖြစ်နေလို့ ကလေးမြို့ဘက်ကို အောက်စီ ဂျင် သယ်တဲ့ကားတွေ လမ်းမှာပိတ်မိနေပါတယ်။

"မနေ့က ဂန့်ဂေါနားမှာလို့ပြောတယ်။ အဲဒီPDFနဲ့ စစ်ကောင်စီတို့တိုက်ပွဲတွေဖြစ်တော့ အဲဒီမှာမဖြတ်ရဲဘဲနဲ့ သောင် တင် နေရတယ်။"

ခုလို ကလေးမြို့မှာ သေဆုံးသူ နေ့စဉ် မြင့်တက်နေချိန်မှာ သေဆုံးသွားသူတချို့ ကိုဗစ်ရောဂါပိုး ရှိ မရှိ မစစ်လိုက်နိုင်တဲ့အတွက် ကိုဗစ်ရောဂါကြောင့်သေဆုံးသွားကြတယ်လို့ အတိအကျပြောဖို့ခက်ပါတယ်။ ကလေးမြို့မှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေကသာ ကိုဗစ်ရောဂါထိန်းချုပ် ကုသ ရေးမှာလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ကိုဗစ်အတည်ပြုလူနာတချို့ပါသလို ကိုဗစ်ရောဂါလက္ခဏာပြပေမဲ့ စစ်ဆေးကုသမှုတွေ ထိထိရောက် မလုပ်ရနိုင်တဲ့ အတွက် ကူးစက်ပြန့်ပွါးမှုကို မထိန်းချုပ်နိုင်ကြပါဘူး။

"အဓိကတော့ ကိုဗစ်အတွက် သီးသန့်ဆေးပေးရမဲ့ဟာလဲမရှိတော့ တချို့သက်ကြီးပိုင်းနဲ့ ရောဂါအခံရှိတဲ့သူတွေဆိုရင် ကုသရေး စောင့်ကြည့်ရေးလုပ်တဲ့နေရာမှာ သူတို့ရဲ့လိုအပ်ချက်တွေအားလုံးမပေးနိုင်ဘူး။ ဖြစ်သလိုနည်းနဲ့ ကုသနေ တော့ အဲတာ မစောင့်ရှောက်နိုင်ဘူးလို့ပြောရမှာပေါ့။ စစ်ဆေးနှုန်းနဲ့ပြောမယ်ဆိုရင် တဝက်တဝက်လောက်တော့ Positive ဖြစ်တယ်ဗျ။ တရက်ကိုကျွန်တော်တို့အယောက်(၈၀)လောက်စစ်နိုင်မယ်ဆိုလို့ရှိရင် အဲဒီအထဲမှာ (၄၀) လောက်က Positive ဖြစ်တယ်ဆိုတော့ လူဦးရေရဲ့ခန့်မှန်းတဝက်လောက်ကတော့ Positive ဖြစ်ဖို့များတယ်ဗျ။ ထိမ်း ချုပ်လို့မရနိုင်တဲ့အနေအထားမှာရှိတယ်ဗျ။ ရောဂါကတော်တော်လေးပြန့်နေပြီးလို့ကျွန်တော်မြင်တယ်။ ထိမ်းချုပ်ဖို့ ကအချိန်ယူရမယ်ထင်တယ်။"

ဇူလိုင်လပထမအပါတ်အတွင်းမှာ ကလေးမြို့မှာ ကိုဗစ်ရောဂါ အတည်ပြုလူနာအပြင်၊ ကိုဗစ်ရောဂါဖြစ်နေတယ်လို့ သံသယရွိတဲ့လူနာ သေဆုံးတာ စုစုပေါင်း ၂၂၉ ဦးရှိနေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်နေတဲ့ စာရင်းတွေထဲမှာတော့ ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက် အနည်းငယ်သာပါ ဝင်ပေမဲ့ လက်တွေ့မြေပြင်မှာတော့ သေဆုံးမှုကများပြားလာနေတာပါ။ ဇွန်လက နေ ဇူလိုင်လအထိ သေဆုံးသူဦးရေ (၄၀၀) ကျော်နေပြီးလို့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်သချိုင်းကော်မတီတွေက ပြောပါတယ်။ ဒီလိုအခြေအနေမှာ ကလေးမြို့က အစိုးရရဲ့ ကျန်းမာရေးစောင့် ရှောက်မှုကတော့ အတော်လေး အားနည်းနေပါတယ်။

"လုပ်ထားတဲ့စင်တာတွေ ဆရာဝန်တွေကအစ Volunteerတွေကအစ သူတို့ထိမ်းချုပ်မှုအောက်မှာ ထည့်သွင်းချင်တဲ့ သဘောမှာရှိတော့ အာဏာပိုင်တွေက သီးသန့်သူတို့ဟာနဲ့ လုပ်ပေးတဲ့ဟာတွေမရှိဘူး။ စစ်ကောင်စီရဲ့စစ်ဆေးရုံတွေ လက်ရှိလူနာတွေလုံးဝလက်မခံနိုင်တဲ့အနေအထားမှာရှိတယ်။ ကိုဗစ်တွေ Positiveတွေ လက်မခံတော့ဘူးဆိုတဲ့ဟာမျိုး အာဏာပိုင်ဘက်က လုပ်ပေးတဲ့ဟာ ဘာတခုမှမရှိတော့ဘူးဗျ။"

လက်ရှိကလေးမြို့မှာ ကျန်းမာရေးဝန်ထမ်းအများစုဟာ CDM လှုပ်ရှားမှုမှာပါဝင်နေကြလို့ ဆေးရုံမှာကုသရေး အခက်ခဲရှိနေလို့ နေမကောင်းဖြစ်နေကြသူ အများစုဟာ ကိုယ့်နေအိမ်တွေမှာပဲ အဆင်ပြေသလို ကုသနေကြရတာဖြစ်ပါတယ်။ နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းပွဲမှာ ကိုဗစ်ကပ်ရောဂါကို မြို့ခံရပ်မိ ရပ်ဖတွေ၊ လူမှုကူညီရေးအဖွဲ့တွေ ပူးပေါင်းကူညီတိုက်ဖျက်ကြဖို့ ကျန်းမာရေးဌာနာ တာဝန်ရှိသူက တိုက်တွန်းသွားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------------

ကလေးမွို့ ကိုဗဈသံသယလူနာ သဆေုံးမှု မြားပွား












XS
SM
MD
LG