သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကေလးမွာ စစ္တပ္နဲ႔ PDF ၾကား တိုက္ပြဲျဖစ္ေနဆဲ


ကေလးၿမိဳ႕။

ZAWGYI/UNICODE

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္တြင္းမွာ စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရး PDF တပ္ဖြဲ႕တို႔ၾကား မေန႔ကေန ဒီေန႔အထိ တိုက္ပြဲျဖစ္ေနတယ္လို႔ PDF အဖြဲ႕ဝင္ေတြကေျပာပါတယ္။ တိုက္ပြဲေၾကာင့္ ေဒသခံ႐ြာသားေတြလည္း ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ ႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ေဒသခံကာကြယ္ေရး PDF အဖြဲ႕နဲ႔ စစ္တပ္အၾကား စစ္ေရးတင္းမာေနတဲ့ ကေလးၿမိဳ႕နယ္မွာ မေန႔ ဇူလိုင္လ ၁၅ ရက္ေန႔ကေန ဒီကေန႔အထိ အေရွ႕စည္း႐ြာဘက္မွာ တိုက္ပြဲျဖစ္ေနတယ္လို႔ ကေလးၿမိဳ႕PDF အဖြဲ႕ဝင္တဦးကေျပာပါတယ္။

"ဟုတ္ကဲ့ဗ်။ အခုလည္းျဖစ္ေနတာဗ်။ တိုက္ပြဲကေတာ့ အခ်ိန္နည္းေစာ မနက္ ၅ နာရီခြဲကေနျဖစ္ေနတာ အခုခ်ိန္ထိျဖစ္ေနတာ။ သူတို႔က လက္နက္ႀကီးအင္အားမ်ားတယ္ဗ်။ အေရွ႕စည္းမွာဗ်။ မေန႔ကတည္းက ဒီေန႔အထိ က်ေနာ္တို႔ပစ္ေနတုန္းပဲ။ မေန႔ကလည္း ၁၀ နာရီေလာက္က စၿပီးေတာ့ပစ္တယ္ဗ်။ ည ၇ နာရီခြဲအထိဗ်။ သူတို႔က႐ြာထဲမွာ က်ေနာ္တို႔က ႐ြာအျပင္ကေန သူတို႔ထြက္လို႔မရေအာင္ဝိုင္းထားတာ။"

ဒီကေန႔လည္း မနက္အေစာပိုင္းကေန ညေန ၆ နာရီေက်ာ္အထိ တိုက္ပြဲျဖစ္ေနဆဲပါ။ ႏွစ္ရက္ဆက္တိုက္ျဖစ္တဲ့ တိုက္ပြဲမွာ ႏွစ္ဘက္ ထိခိုက္မႈရွိတယ္လို႔ ကေလးၿမိဳ႕PDFအဖြဲ႕ဝင္ကဆက္ေျပာပါတယ္။

"က်ေနာ္တို႔ဘက္ကေတာ့ ဒီေန႔တေယာက္ေခါင္းထိတယ္။ က်ေတာ့ မက်ေသးဘူးဗ်၊ အေရးေပၚတင္ထားရတယ္။ မိုင္းအစေလးေတြမွန္တာ ၅ ေယာက္ေလာက္ရွိတယ္။ မေန႔က ၄ ေယာက္က်တယ္ဗ်။ သူတို႔ဘက္ကေတာ့ ဒီေန႔ ၈ ေယာက္ ၉ ေယာက္ေလာက္ေတာ့က်တယ္။ မေန႔တုန္းကေတာ့ ၁၇ ေယာက္ေက်ာ္ေက်ာ္က်တယ္။"

ဒီလိုျဖစ္တဲ့တိုက္ပြဲမွာ စစ္ေကာင္စီတပ္ဘက္က ထိခိုက္မႈမ်ားတယ္လို႔ ကေလးၿမိဳ႕PDF အဖြဲ႕ေတြကေျပာေပမဲ့ သီးျခား အတည္မျပဳႏိုင္ပါဘူး။

အေရွ႕စည္း႐ြာဘက္တိုက္ပြဲေၾကာင့္ ေဒသခံ႐ြာသားေတြလည္း ေဘးလြတ္ရာ ေရွာင္တိမ္းေနရတယ္လို႔ ႐ြာသားတဦးက ေျပာပါတယ္။

"ေဒသခံ႐ြာသားေတြက အကုန္ထြက္ေျပးၾကတယ္။ အေရွ႕ေတာင္မွာ ေတာမွာအကုန္ပုန္းေနၾကၿပီ။ က်ေနာ္တို႔႐ြာမွာမရွိဘူး။ တေယာက္မွမက်န္ေတာ့ဘူး။ မသြားႏိုင္တဲ့လူေတြပဲ က်န္ရင္က်န္မွာ။ အစားေသာက္ေတာ့ခက္ခဲမွာေပါ့။"

လက္ရွိ ကေလးၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္နဲ႔ PDF အဖြဲ႕တို႔ မၾကာခန ပစ္ခတ္တိုက္ခိုက္ေနသလို ကိုဗစ္ ၁၉ ေရာဂါကလည္း ကူးစက္ေသဆုံးႏႈန္းလည္း မ်ားေနတာေၾကာင့္ ၿမိဳ႕ခံေတြအေနနဲ႔ ပိုၿပီး စိုးရိမ္ေနၾကပါတယ္။

"အေျခအေနေတာ့ ေကာင္းတာမဟုတ္ဘူးဗ်။ အေၾကာက္အ႐ြံ႕နဲ႔ေနတာေပါ့။ က်ေနာ္တို႔ ေသနတ္သံၾကားတယ္။ အကုန္လုံးေပါ့ မျဖစ္တဲ့ေနရာ ျဖစ္တဲ့ေနရာေပါ့။ ကိုဗစ္ကလည္း ဘယ္မွထြက္လို႔မရ ေတာ္ေတာ္ခက္ခဲေနတာ။"

PDF အဖြဲ႕ေတြနဲ႔ျဖစ္ပြါးခဲ့တဲ့ အေရွ႕စည္း႐ြာဘက္ တိုက္ပြဲအေျခအေနနဲ႔ပတ္သက္ၿပီးေမးဖို႔ စစ္ေကာင္စီေျပာခြင့္ရကိုဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

စစ္ေကာင္စီပိုင္ မီဒီယာေတြမွာေတာ့ CRPH ၊ NUG ႏွင့္ PDF အဖြဲ႕ေတြကေန အစိုးရအုပ္ခ်ဳပ္မႈယႏၲရား ပ်က္ျပားေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ CRPH နဲ႔ NUG အဖြဲ႕တို႔ရဲ႕ေစခိုင္းမႈနဲ႔ လႈိင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးေအာင္ေက်ာ္ေက်ာ္ဦး အပါအဝင္ NLD ပါတီ ေထာက္ခံအားေပးသူေတြကို လက္နက္၊ ေဖာက္ခြဲေရးပစၥည္းေတြနဲ႔အတူ ဇူလိုင္လ ၁၀ ရက္ေန႔မွာ ဖမ္းဆီးရမိတယ္လို႔ ေဖာ္ျပထားပါတယ္။

အျပစ္မဲ့ျပည္သူေတြကို ဒလန္လို႔ စြပ္စြဲသတ္ျဖတ္တာ၊ စာသင္ေက်ာင္းေတြအပါအဝင္ အစိုးရပိုင္ အေဆာက္အဦးေတြကို မီးရႈိ႕ ဖ်က္ဆီးတာ စတဲ့ ေဖာက္ခြဲေရးလုပ္ငန္းေတြကို လုပ္ေဆာင္ေနလို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကေန သတင္းလက္ဦးမႈရယူၿပီး ေဖာ္ထုတ္ ဖမ္းဆီးႏိုင္ဖို႔ လိုအပ္တဲ့လုံၿခဳံေရးလုပ္ငန္းေတြကို အထူးၾကပ္မတ္ေဆာင္႐ြက္ေနတယ္လို႔လည္း မေန႔ကရက္စြဲနဲ႔ စစ္ေကာင္စီပိုင္ မီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ကရင္ျပည္နယ္၊ ျမဝတီဘက္မွာ အမ်ိဳးသားေလးဦး၊ အမ်ိဳးသမီးႏွစ္ဦးတို႔ကို ေသနတ္နဲ႔က်ည္ဆံေတြ၊ ယန္းႀကိဳးေတြ၊ အေဝးထိန္းဒ႐ုံးယာဥ္ေတြ၊ လက္လုပ္မိုင္းလုပ္ရာမွာသုံးတဲ့ ဆက္စပ္ပစၥည္းေတြနဲ႔အတူ ဇြန္လကုန္ပိုင္းက ဖမ္းမိခဲ့တယ္လို႔လည္း စစ္ေကာင္စီက မေန႔ကရက္စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။

ကေလးမွာ စစ္တပ္နဲ႔ PDF ၾကား တိုက္ပြဲျဖစ္ေနဆဲ
please wait

No media source currently available

0:00 0:03:10 0:00
တိုက္႐ိုက္ လင့္ခ္


UNICODE

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင်းမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့ကြား မနေ့ကနေ ဒီနေ့အထိ တိုက်ပွဲဖြစ်နေတယ်လို့ PDF အဖွဲ့ဝင်တွေကပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသခံရွာသားတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ဒေသခံကာကွယ်ရေး PDF အဖွဲ့နဲ့ စစ်တပ်အကြား စစ်ရေးတင်းမာနေတဲ့ ကလေးမြို့နယ်မှာ မနေ့ ဇူလိုင်လ ၁၅ ရက်နေ့ကနေ ဒီကနေ့အထိ အရှေ့စည်းရွာဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ ကလေးမြို့PDF အဖွဲ့ဝင်တဦးကပြောပါတယ်။

"ဟုတ်ကဲ့ဗျ။ အခုလည်းဖြစ်နေတာဗျ။ တိုက်ပွဲကတော့ အချိန်နည်းစော မနက် ၅ နာရီခွဲကနေဖြစ်နေတာ အခုချိန်ထိဖြစ်နေတာ။ သူတို့က လက်နက်ကြီးအင်အားများတယ်ဗျ။ အရှေ့စည်းမှာဗျ။ မနေ့ကတည်းက ဒီနေ့အထိ ကျနော်တို့ပစ်နေတုန်းပဲ။ မနေ့ကလည်း ၁၀ နာရီလောက်က စပြီးတော့ပစ်တယ်ဗျ။ ည ၇ နာရီခွဲအထိဗျ။ သူတို့ကရွာထဲမှာ ကျနော်တို့က ရွာအပြင်ကနေ သူတို့ထွက်လို့မရအောင်ဝိုင်းထားတာ။"

ဒီကနေ့လည်း မနက်အစောပိုင်းကနေ ညနေ ၆ နာရီကျော်အထိ တိုက်ပွဲဖြစ်နေဆဲပါ။ နှစ်ရက်ဆက်တိုက်ဖြစ်တဲ့ တိုက်ပွဲမှာ နှစ်ဘက် ထိခိုက်မှုရှိတယ်လို့ ကလေးမြို့PDFအဖွဲ့ဝင်ကဆက်ပြောပါတယ်။

"ကျနော်တို့ဘက်ကတော့ ဒီနေ့တယောက်ခေါင်းထိတယ်။ ကျတော့ မကျသေးဘူးဗျ၊ အရေးပေါ်တင်ထားရတယ်။ မိုင်းအစလေးတွေမှန်တာ ၅ ယောက်လောက်ရှိတယ်။ မနေ့က ၄ ယောက်ကျတယ်ဗျ။ သူတို့ဘက်ကတော့ ဒီနေ့ ၈ ယောက် ၉ ယောက်လောက်တော့ကျတယ်။ မနေ့တုန်းကတော့ ၁၇ ယောက်ကျော်ကျော်ကျတယ်။"

ဒီလိုဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများတယ်လို့ ကလေးမြို့PDF အဖွဲ့တွေကပြောပေမဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

အရှေ့စည်းရွာဘက်တိုက်ပွဲကြောင့် ဒေသခံရွာသားတွေလည်း ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ ရွာသားတဦးက ပြောပါတယ်။

"ဒေသခံရွာသားတွေက အကုန်ထွက်ပြေးကြတယ်။ အရှေ့တောင်မှာ တောမှာအကုန်ပုန်းနေကြပြီ။ ကျနော်တို့ရွာမှာမရှိဘူး။ တယောက်မှမကျန်တော့ဘူး။ မသွားနိုင်တဲ့လူတွေပဲ ကျန်ရင်ကျန်မှာ။ အစားသောက်တော့ခက်ခဲမှာပေါ့။"

လက်ရှိ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF အဖွဲ့တို့ မကြာခန ပစ်ခတ်တိုက်ခိုက်နေသလို ကိုဗစ် ၁၉ ရောဂါကလည်း ကူးစက်သေဆုံးနှုန်းလည်း များနေတာကြောင့် မြို့ခံတွေအနေနဲ့ ပိုပြီး စိုးရိမ်နေကြပါတယ်။

"အခြေအနေတော့ ကောင်းတာမဟုတ်ဘူးဗျ။ အကြောက်အရွံ့နဲ့နေတာပေါ့။ ကျနော်တို့ သေနတ်သံကြားတယ်။ အကုန်လုံးပေါ့ မဖြစ်တဲ့နေရာ ဖြစ်တဲ့နေရာပေါ့။ ကိုဗစ်ကလည်း ဘယ်မှထွက်လို့မရ တော်တော်ခက်ခဲနေတာ။"

PDF အဖွဲ့တွေနဲ့ဖြစ်ပွါးခဲ့တဲ့ အရှေ့စည်းရွာဘက် တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးမေးဖို့ စစ်ကောင်စီပြောခွင့်ရကိုဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

စစ်ကောင်စီပိုင် မီဒီယာတွေမှာတော့ CRPH ၊ NUG နှင့် PDF အဖွဲ့တွေကနေ အစိုးရအုပ်ချုပ်မှုယန္တရား ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ CRPH နဲ့ NUG အဖွဲ့တို့ရဲ့စေခိုင်းမှုနဲ့ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ကျော်ဦး အပါအဝင် NLD ပါတီ ထောက်ခံအားပေးသူတွေကို လက်နက်၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဇူလိုင်လ ၁၀ ရက်နေ့မှာ ဖမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်။

အပြစ်မဲ့ပြည်သူတွေကို ဒလန်လို့ စွပ်စွဲသတ်ဖြတ်တာ၊ စာသင်ကျောင်းတွေအပါအဝင် အစိုးရပိုင် အဆောက်အဦးတွေကို မီးရှို့ ဖျက်ဆီးတာ စတဲ့ ဖောက်ခွဲရေးလုပ်ငန်းတွေကို လုပ်ဆောင်နေလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေ သတင်းလက်ဦးမှုရယူပြီး ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းတွေကို အထူးကြပ်မတ်ဆောင်ရွက်နေတယ်လို့လည်း မနေ့ကရက်စွဲနဲ့ စစ်ကောင်စီပိုင် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်၊ မြဝတီဘက်မှာ အမျိုးသားလေးဦး၊ အမျိုးသမီးနှစ်ဦးတို့ကို သေနတ်နဲ့ကျည်ဆံတွေ၊ ယန်းကြိုးတွေ၊ အဝေးထိန်းဒရုံးယာဉ်တွေ၊ လက်လုပ်မိုင်းလုပ်ရာမှာသုံးတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဇွန်လကုန်ပိုင်းက ဖမ်းမိခဲ့တယ်လို့လည်း စစ်ကောင်စီက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG