သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေန႔စဥ္ ေသဆံုးသူ ဆယ္ဂဏန္းခ်ီ ရွိေနတဲ့ ကေလးၿမိဳ႕ ကိုဗစ္အေျခအေန


ကေလးၿမိဳ႕မွာ ကိုဗစ္စစ္ေဆးေပးဖုိ႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းအခ်ိဳ႕။

(Zawgyi / Unicode)

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ အဆိုးဆံုးေဒသတခု ျဖစ္ေနတဲ့ စစ္ကိုင္းတိုင္းထဲက ကေလးၿမိဳ႕မွာ ေသဆံုးသူအေရအတြက္ ျမင့္တက္ေနတယ္လို႔ ကိုဗစ္လူနာေတြကို ပရဟိတ ကူညီေနသူေတြက ေျပာပါတယ္။ က်န္းမာေရးဝန္ထမ္း မလံုေလာက္တာ၊ ေအာက္စီဂ်င္အိုး မလံုေလာက္တဲ့အတြက္ေၾကာင့္ ေသဆံုးေနၾကတယ္လို႔ သူတုိ႔က ေျပာပါတယ္။ ေအာက္စီဂ်င္ဘူး အလံုအေလာက္ မရွိတဲ့အတြက္ အေျခအေန ပိုဆိုးလာမွာကိုလည္း ေဒသခံေတြက စိုးရိမ္ေနပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ကိုရဲမြန္ တင္ျပေပးထားပါတယ္။

ဇြန္လလယ္ကစလို႔ ကူးစက္မႈနဲ႔ ေသဆံုးမႈ ျမင့္တက္လာတဲ့ ကေလးၿမိဳ႕မွာ ဇူလိုင္ ၁ ရက္ကစၿပီး ေသဆံုးသူ ဆယ္ဂဏန္း ေန႔စဥ္ရွိေနတယ္လုိ႔ ကိုဗစ္လူနာေတြကို ေျမျပင္မွာ ကူညီေဆာင္ရြက္ေပးေနသူေတြက ေျပာပါတယ္။ အခုလို ကိုဗစ္ကပ္ေရာဂါ ကူးစက္သူ မ်ားလာတာနဲ႔ ေသဆံုးသူ မ်ားလာတာဟာ က်န္းမာေရးဝန္ထမ္း မလံုေလာက္တာေတြအျပင္ ေရာဂါျဖစ္သူေတြ ေရာဂါပိုၿပီး ျပင္းထန္ေနၾကတာေၾကာင့္လို႔ ပရဟိတ ကူညီသူက ေျပာပါတယ္။

“ဝုန္းကနဲနဲ႔ ပြင့္ထြက္သြားတဲ့ပံုစံေပါ့။ လူေတြေတာ္ေတာ္မ်ားမ်ားမွာ ကူးစက္ေနၿပီ ဆိုတဲ့ဟာက ႐ုတ္တရက္ႀကီး ပြင့္ထြက္သြားတဲ့ပံုစံမ်ိဳး ျဖစ္သြားတာေပါ့။ ျဖစ္သြားတဲ့ဟာက အိမ္ေတြမွာေနၿပီး မိသားစုေတြအားလံုးကူး၊ ကူးလုိ႔ရွိရင္ မိသားစုထဲမွာ အသက္ႀကီးတဲ့သူေသ၊ အဲ့လို မခံႏိုင္လို႔ေသ၊ က်န္တဲ့သူေတြက က်န္ေပါ့။ အဲ့လိုဇာတ္လမ္းေလးေတြ ျဖစ္တာေပါ့ေနာ္။ က်ေနာ္တုိ႔ ဒီမွာ အဓိက ျပႆနာက ဆရာဝန္ ဆရာမ မေလာက္ငတဲ့ ျပႆနာေပါ့။ ဆရာဝန္ ဆရာမေတြ CDM ဝင္ေနတယ္။ ဝင္ေနတဲ့အခါက်ေတာ့ ေဆး႐ုံႀကီးမွာလည္း ဆရာဝန္ ဆရာမ မေလာက္ငဘူး။ မေလာက္ငေတာ့ ထိန္းခ်ဳပ္မႈအပိုင္းမွာလည္း သြားၿပီးေတာ့ မႏိုင္မနင္း ျဖစ္တာေပါ့ဗ်ာ။ ဆရာဝန္ ဆရာမ မရွိတဲ့အတြက္ အဲ့လိုဟာေလးေတြ၊ ေနာက္တခါ ဒီဟာကလည္း အရင္ႀကံဳေနၾက ကိုဗစ္နဲ႔မတူဘူး။ ဒီေကာင္က ေပါ့တီးေပါ့ဆ ေနလိုက္လို႔ရွိရင္ ေသဖို႔လမ္းမ်ားတယ္။ အဲ့လိုျဖစ္တာ ဒီေကာင္ရဲ႕ပံုသဏၭာန္က။ အဲ့ဒါေၾကာင့္မုိ႔လို႔လည္း ဒီမွာ ဟိုဘက္ရက္ေတြမွာ ဆိုရင္လည္း ေသဆံုးတဲ့သူက ၂၀ ေလာက္ထိ ဆံုးေနတာမ်ိဳးေတြ ေတြ႔ရတယ္။ ေတြ႔ရတယ္ဆိုတာ အဲ့လူေတြက ကိုယ့္အိမ္မွာကိုယ္ ႀကိတ္ကုတဲ့သူေတြ ျဖစ္တာေပါ့။”

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေန႔စဥ္ထုတ္ျပန္ခ်က္ေတြထဲမွာ အတည္ျပဳလူနာ ေသဆံုးစာရင္းက အဲဒီေလာက္ မမ်ားပါဘူး။ ဒါေပမယ့္ ကေလးၿမိဳ႕က ကိုဗစ္ကပ္ေရာဂါ လူနာေတြကို ကူညီေပးေနသူေတြကေတာ့ ေန႔စဥ္ ေသဆံုးေနသူ ၂၀ ေလာက္မွာ ကိုဗစ္ကပ္ေရာဂါ ရွိမရွိိ ဓာတ္ခဲြအတည္ျပဳႏိုင္သူ နည္းေပမယ့္ ေသဆံုးသူေတြဟာ ကိုဗစ္ကပ္ေရာဂါ လကၡဏာေတြ၊ အထူးသျဖင့္ အသက္႐ွဴက်ပ္ၿပီး ေသဆံုးေနၾကတယ္လို႔ ေျပာပါတယ္။

ေဒသခံေတြ ေျပာျပခ်က္အရ ဇြန္ ၂၀ ရက္ေနာက္ပိုင္းမွာ ၁ ရက္ကို ေသဆံုးသူ ၁၀ ေယာက္အထက္ရွိၿပီး ဇူလိုင္ ၁ ရက္ကေန ၅ ရက္အထိ တရက္ကို အေယာက္ ၂၀ ေက်ာ္ရွိတယ္လို႔ ေျပာၾကပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက က်န္းမာေရးဝန္ထမ္းအခ်ိဳ႕ကို ေစလႊတ္ခဲ့ေပမယ့္ ဝန္ထမ္းအခ်ိဳ႕လည္း ကိုဗစ္ကပ္ေရာဂါ ကူးစက္ေနၾကပါတယ္။ ကေလးၿမိဳ႕ ေဆး႐ုံအုပ္ႀကီးကိုယ္တိုင္ ကိုဗစ္ကပ္ေရာဂါ ကူးစက္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ကိုဗစ္ကုသေရးစင္တာ ဖြင့္လွစ္ထားေပမယ့္ ကူးစက္သူေတြ မ်ားလာတဲ့အျပင္ က်န္းမာေရးေစာင့္ေရွာက္မႈ အားနည္းတဲ့အတြက္ ေတာ္ေတာ္မ်ားမ်ားက ေနအိမ္မွာပဲ လက္လွမ္းမီသေလာက္ ကုသေနၾကပါတယ္။

ခုလို အေျခအေနဆိုးေနတဲ့ ကေလးၿမိဳ႕မွာ ေအာက္စီဂ်င္အုိး မလံုေလာက္တဲ့ ျပႆနာ ရင္ဆိုင္ေနၾကရပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္လို႔ ေအာက္စီဂ်င္အိုး အခမဲ့ ငွားရမ္းေပးေနသူတဦးက အခုလိုေျပာပါတယ္။

“ၿမိဳ႕ရဲ႕ ၃ ပံု ၁ ပံုေလာက္က ျဖစ္ေနတယ္လို႔ပဲ သတ္မွတ္ရမွာေပါ့။ ေအာက္စီဂ်င္ ျပတ္ေတာက္မႈက အေတာ္ကို ဆိုးရြားတယ္ခင္ဗ်။ ေအာက္စီဂ်င္က ေအာက္ပိုင္းကေန ကားေရာက္လာလို႔ရွိရင္ ၂ ရက္ ၃ ရက္ေလာက္ ေဝလိုက္တယ္ေပါ့ေနာ္။ ေဝလိုက္ၿပီးရင္ ၾကားထဲမွာ ျပန္ျပတ္သြားျပန္တယ္ေလ။ အဲ့အခ်ိန္မွာ မလံုေလာက္ၿပီးေတာ့ မ႐ွဴရတာနဲ႔ ေသဆံုးသြားတာေတြ ရွိတယ္။ ေအာက္စီဂ်င္က က်ေနာ္တုိ႔မွာ ည ၈ နာရီကေန မနက္ ၄ နာရီအထိ ထြက္ခြင့္မရဘူးေလ။ ထြက္ခြင့္မရေတာ့ တခ်ိဳ႕ ေအာက္စီဂ်င္ဘူးရွာရတာ အလ်င္မမီလို႔ ဆံုးသြားတာေတြ ဘာေတြလည္း ရွိတယ္။ အဓိက ေအာက္စီဂ်င္ေၾကာင့္ ဆံုးပါးသြားတာေတြ မ်ားပါတယ္ခင္ဗ်။ အရင္ကိုဗစ္နဲ႔ အခုကိုဗစ္နဲ႔က ေျပာလို႔မရေအာင္ ကြာျခားတယ္ခင္ဗ်။ အေသအေပ်ာက္ႏႈန္း၊ ေအာက္စီဂ်င္လိုအပ္မႈေပါ့ေနာ္။ အဲ့ဒါေတြကအစ တျခားဆီပဲခင္ဗ်။ ယွဥ္လိုက္လို႔ရွိရင္ေလ အခုဟာ ေအာက္စီဂ်င္ကို တၿမိဳ႕လံုး ျပတ္ေတာက္သြားတယ္။”

ေအာက္စီဂ်င္အိုးေတြရရွိဖို႔ ရန္ကုန္၊ မႏၱေလး စတဲ့ ၿမိဳ႕ႀကီးေတြကေန မွာယူေပမယ့္ ေစ်းႏႈန္းျမင့္တက္သြားတာေတြ အျပင္ ပို႔ေဆာင္ခ်ိန္မွာ ၾကာျမင့္တာေၾကာင့္ အခုလို အခက္အခဲေတြ ႀကံဳေနၾကတာပါ။ ဒီရက္ပိုင္းထဲမွာပဲ ကေလးၿမိဳ႕မွာ ေအာက္စီဂ်င္ ျပန္ျဖည့္ေပးတဲ့စက္ကို မွာယူထားၿပီး တပ္ဆင္ေနေပမယ့္ အဆင္သင့္ မျဖစ္ေသးတဲ့အခ်ိန္မွာ အေျခအေန ပိုမိုဆုိးရြားလာမွာကို စိုးရိမ္ေနတယ္လို႔ ကေလးၿမိဳ႕ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“စိုးရိမ္တာက ေအာက္ပိုင္းမွာ ေအာက္စီဂ်င္ဘူးေတြ ျမန္ျမန္ဝယ္လို႔ရမယ္၊ ဒီမွာလည္း ေအာက္စီဂ်င္ထုတ္တဲ့စက္ ဟိုေန႔ကဝယ္ထားတာ အဲ့ဒါလည္း တပ္ေနတုန္းေပါ့။ တပ္ေနတုန္းမွာ အဲ့ဒါကလည္း ေစာင့္ရတယ္ဆိုေတာ့ တကယ္လို႔ အဲ့ဒါေတြ ျမန္ျမန္မၿပီးဘူး၊ ေအာက္ပုိင္းကေနလည္း ေအာက္စီဂ်င္စက္ကို ျမန္ျမန္ဝယ္မရႏိုင္ဘူးဆိုရင္ ဆက္ၿပီးမွ အဲ့ဒီမတိုင္ခင္ေတာ့ အေျခေနက ပိုပိုဆိုးလာႏိုင္တယ္လို႔ ထင္တယ္။”

ကိုဗစ္ေရာဂါ တတိယလႈိင္းျဖစ္ေနခ်ိန္ ကိုဗစ္အေရးေပၚတံု႔ျပန္ေရး ေကာ္မတီကေတာ့ ေရာဂါထိန္းခ်ဳပ္ကန္႔သတ္မႈေတြကို လိုက္နာဖို႔ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ ၿမိဳ႕နယ္ ၂၀ ကိုလည္း မလိုအပ္ရင္ အိမ္ျပင္မထြက္ရ Stay At Home သတ္မွတ္ထားသလို စားေသာက္ဆိုင္ေတြမွာ ဆိုင္ထိုင္စားခြင့္ မျပဳတာမ်ဳိး ကန္႔သတ္ခ်က္ေတြ ထုတ္ထားပါတယ္။

အခုရက္ပိုင္း ကိုဗစ္အတည္ျပဳလူနာ ေန႔စဥ္ ေထာင္ခ်ီ ကူးစက္ေနတာမွာ ဇူလိုင္ ၆ ရက္ ညေန ၅ နာရီ ထုတ္ျပန္ခ်က္အရ ဓာတ္ခဲြနမူနာ ၁၁,၀၂၄ စစ္ေဆးခဲ့တဲ့ထဲက အတည္ျပဳလူနာ ၂,၉၆၉ ေတ႔ြရွိထားပါတယ္။ ကိုဗစ္ေရာဂါ ျမန္မာႏိုင္ငံမွာ စတင္ကူးစက္တဲ့ အခ်ိန္ကစလို႔ စုစုေပါင္း ကူးစက္ခံရသူ ၁၆၈,၀၀၀ ေက်ာ္ရွိၿပီး ပိုးေတြ႔ေသဆံုးလူနာ ၃,၄၆၁ ေယာက္အထိ ရွိပါတယ္။ ျပန္လည္ေနေကာင္းလာသူက ၁ သန္း ၄ ေသာင္းနီးပါး ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

နေ့စဉ် သေဆုံးသူ ဆယ်ဂဏန်းချီ ရှိနေတဲ့ ကလေးမြို့ ကိုဗစ်အခြေအနေ

ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အဆိုးဆုံးဒေသတခု ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့မှာ သေဆုံးသူအရေအတွက် မြင့်တက်နေတယ်လို့ ကိုဗစ်လူနာတွေကို ပရဟိတ ကူညီနေသူတွေက ပြောပါတယ်။ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာ၊ အောက်စီဂျင်အိုး မလုံလောက်တဲ့အတွက်ကြောင့် သေဆုံးနေကြတယ်လို့ သူတို့က ပြောပါတယ်။ အောက်စီဂျင်ဘူး အလုံအလောက် မရှိတဲ့အတွက် အခြေအနေ ပိုဆိုးလာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် တင်ပြပေးထားပါတယ်။

ဇွန်လလယ်ကစလို့ ကူးစက်မှုနဲ့ သေဆုံးမှု မြင့်တက်လာတဲ့ ကလေးမြို့မှာ ဇူလိုင် ၁ ရက်ကစပြီး သေဆုံးသူ ဆယ်ဂဏန်း နေ့စဉ်ရှိနေတယ်လို့ ကိုဗစ်လူနာတွေကို မြေပြင်မှာ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အခုလို ကိုဗစ်ကပ်ရောဂါ ကူးစက်သူ များလာတာနဲ့ သေဆုံးသူ များလာတာဟာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာတွေအပြင် ရောဂါဖြစ်သူတွေ ရောဂါပိုပြီး ပြင်းထန်နေကြတာကြောင့်လို့ ပရဟိတ ကူညီသူက ပြောပါတယ်။

“ဝုန်းကနဲနဲ့ ပွင့်ထွက်သွားတဲ့ပုံစံပေါ့။ လူတွေတော်တော်များများမှာ ကူးစက်နေပြီ ဆိုတဲ့ဟာက ရုတ်တရက်ကြီး ပွင့်ထွက်သွားတဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့။ ဖြစ်သွားတဲ့ဟာက အိမ်တွေမှာနေပြီး မိသားစုတွေအားလုံးကူး၊ ကူးလို့ရှိရင် မိသားစုထဲမှာ အသက်ကြီးတဲ့သူသေ၊ အဲ့လို မခံနိုင်လို့သေ၊ ကျန်တဲ့သူတွေက ကျန်ပေါ့။ အဲ့လိုဇာတ်လမ်းလေးတွေ ဖြစ်တာပေါ့နော်။ ကျနော်တို့ ဒီမှာ အဓိက ပြဿနာက ဆရာဝန် ဆရာမ မလောက်ငတဲ့ ပြဿနာပေါ့။ ဆရာဝန် ဆရာမတွေ CDM ဝင်နေတယ်။ ဝင်နေတဲ့အခါကျတော့ ဆေးရုံကြီးမှာလည်း ဆရာဝန် ဆရာမ မလောက်ငဘူး။ မလောက်ငတော့ ထိန်းချုပ်မှုအပိုင်းမှာလည်း သွားပြီးတော့ မနိုင်မနင်း ဖြစ်တာပေါ့ဗျာ။ ဆရာဝန် ဆရာမ မရှိတဲ့အတွက် အဲ့လိုဟာလေးတွေ၊ နောက်တခါ ဒီဟာကလည်း အရင်ကြုံနေကြ ကိုဗစ်နဲ့မတူဘူး။ ဒီကောင်က ပေါ့တီးပေါ့ဆ နေလိုက်လို့ရှိရင် သေဖို့လမ်းများတယ်။ အဲ့လိုဖြစ်တာ ဒီကောင်ရဲ့ပုံသဏ္ဌာန်က။ အဲ့ဒါကြောင့်မို့လို့လည်း ဒီမှာ ဟိုဘက်ရက်တွေမှာ ဆိုရင်လည်း သေဆုံးတဲ့သူက ၂၀ လောက်ထိ ဆုံးနေတာမျိုးတွေ တွေ့ရတယ်။ တွေ့ရတယ်ဆိုတာ အဲ့လူတွေက ကိုယ့်အိမ်မှာကိုယ် ကြိတ်ကုတဲ့သူတွေ ဖြစ်တာပေါ့။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ထုတ်ပြန်ချက်တွေထဲမှာ အတည်ပြုလူနာ သေဆုံးစာရင်းက အဲဒီလောက် မများပါဘူး။ ဒါပေမယ့် ကလေးမြို့က ကိုဗစ်ကပ်ရောဂါ လူနာတွေကို ကူညီပေးနေသူတွေကတော့ နေ့စဉ် သေဆုံးနေသူ ၂၀ လောက်မှာ ကိုဗစ်ကပ်ရောဂါ ရှိမရှိ ဓာတ်ခွဲအတည်ပြုနိုင်သူ နည်းပေမယ့် သေဆုံးသူတွေဟာ ကိုဗစ်ကပ်ရောဂါ လက္ခဏာတွေ၊ အထူးသဖြင့် အသက်ရှူကျပ်ပြီး သေဆုံးနေကြတယ်လို့ ပြောပါတယ်။

ဒေသခံတွေ ပြောပြချက်အရ ဇွန် ၂၀ ရက်နောက်ပိုင်းမှာ ၁ ရက်ကို သေဆုံးသူ ၁၀ ယောက်အထက်ရှိပြီး ဇူလိုင် ၁ ရက်ကနေ ၅ ရက်အထိ တရက်ကို အယောက် ၂၀ ကျော်ရှိတယ်လို့ ပြောကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းအချို့ကို စေလွှတ်ခဲ့ပေမယ့် ဝန်ထမ်းအချို့လည်း ကိုဗစ်ကပ်ရောဂါ ကူးစက်နေကြပါတယ်။ ကလေးမြို့ ဆေးရုံအုပ်ကြီးကိုယ်တိုင် ကိုဗစ်ကပ်ရောဂါ ကူးစက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုဗစ်ကုသရေးစင်တာ ဖွင့်လှစ်ထားပေမယ့် ကူးစက်သူတွေ များလာတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့အတွက် တော်တော်များများက နေအိမ်မှာပဲ လက်လှမ်းမီသလောက် ကုသနေကြပါတယ်။

ခုလို အခြေအနေဆိုးနေတဲ့ ကလေးမြို့မှာ အောက်စီဂျင်အိုး မလုံလောက်တဲ့ ပြဿနာ ရင်ဆိုင်နေကြရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ အောက်စီဂျင်အိုး အခမဲ့ ငှားရမ်းပေးနေသူတဦးက အခုလိုပြောပါတယ်။

“မြို့ရဲ့ ၃ ပုံ ၁ ပုံလောက်က ဖြစ်နေတယ်လို့ပဲ သတ်မှတ်ရမှာပေါ့။ အောက်စီဂျင် ပြတ်တောက်မှုက အတော်ကို ဆိုးရွားတယ်ခင်ဗျ။ အောက်စီဂျင်က အောက်ပိုင်းကနေ ကားရောက်လာလို့ရှိရင် ၂ ရက် ၃ ရက်လောက် ဝေလိုက်တယ်ပေါ့နော်။ ဝေလိုက်ပြီးရင် ကြားထဲမှာ ပြန်ပြတ်သွားပြန်တယ်လေ။ အဲ့အချိန်မှာ မလုံလောက်ပြီးတော့ မရှူရတာနဲ့ သေဆုံးသွားတာတွေ ရှိတယ်။ အောက်စီဂျင်က ကျနော်တို့မှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ထွက်ခွင့်မရဘူးလေ။ ထွက်ခွင့်မရတော့ တချို့ အောက်စီဂျင်ဘူးရှာရတာ အလျင်မမီလို့ ဆုံးသွားတာတွေ ဘာတွေလည်း ရှိတယ်။ အဓိက အောက်စီဂျင်ကြောင့် ဆုံးပါးသွားတာတွေ များပါတယ်ခင်ဗျ။ အရင်ကိုဗစ်နဲ့ အခုကိုဗစ်နဲ့က ပြောလို့မရအောင် ကွာခြားတယ်ခင်ဗျ။ အသေအပျောက်နှုန်း၊ အောက်စီဂျင်လိုအပ်မှုပေါ့နော်။ အဲ့ဒါတွေကအစ တခြားဆီပဲခင်ဗျ။ ယှဉ်လိုက်လို့ရှိရင်လေ အခုဟာ အောက်စီဂျင်ကို တမြို့လုံး ပြတ်တောက်သွားတယ်။”

အောက်စီဂျင်အိုးတွေရရှိဖို့ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေကနေ မှာယူပေမယ့် ဈေးနှုန်းမြင့်တက်သွားတာတွေ အပြင် ပို့ဆောင်ချိန်မှာ ကြာမြင့်တာကြောင့် အခုလို အခက်အခဲတွေ ကြုံနေကြတာပါ။ ဒီရက်ပိုင်းထဲမှာပဲ ကလေးမြို့မှာ အောက်စီဂျင် ပြန်ဖြည့်ပေးတဲ့စက်ကို မှာယူထားပြီး တပ်ဆင်နေပေမယ့် အဆင်သင့် မဖြစ်သေးတဲ့အချိန်မှာ အခြေအနေ ပိုမိုဆိုးရွားလာမှာကို စိုးရိမ်နေတယ်လို့ ကလေးမြို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“စိုးရိမ်တာက အောက်ပိုင်းမှာ အောက်စီဂျင်ဘူးတွေ မြန်မြန်ဝယ်လို့ရမယ်၊ ဒီမှာလည်း အောက်စီဂျင်ထုတ်တဲ့စက် ဟိုနေ့ကဝယ်ထားတာ အဲ့ဒါလည်း တပ်နေတုန်းပေါ့။ တပ်နေတုန်းမှာ အဲ့ဒါကလည်း စောင့်ရတယ်ဆိုတော့ တကယ်လို့ အဲ့ဒါတွေ မြန်မြန်မပြီးဘူး၊ အောက်ပိုင်းကနေလည်း အောက်စီဂျင်စက်ကို မြန်မြန်ဝယ်မရနိုင်ဘူးဆိုရင် ဆက်ပြီးမှ အဲ့ဒီမတိုင်ခင်တော့ အခြေနေက ပိုပိုဆိုးလာနိုင်တယ်လို့ ထင်တယ်။”

ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်နေချိန် ကိုဗစ်အရေးပေါ်တုံ့ပြန်ရေး ကော်မတီကတော့ ရောဂါထိန်းချုပ်ကန့်သတ်မှုတွေကို လိုက်နာဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မြို့နယ် ၂၀ ကိုလည်း မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay At Home သတ်မှတ်ထားသလို စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားခွင့် မပြုတာမျိုး ကန့်သတ်ချက်တွေ ထုတ်ထားပါတယ်။

အခုရက်ပိုင်း ကိုဗစ်အတည်ပြုလူနာ နေ့စဉ် ထောင်ချီ ကူးစက်နေတာမှာ ဇူလိုင် ၆ ရက် ညနေ ၅ နာရီ ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ ၁၁,၀၂၄ စစ်ဆေးခဲ့တဲ့ထဲက အတည်ပြုလူနာ ၂,၉၆၉ တေ့ွရှိထားပါတယ်။ ကိုဗစ်ရောဂါ မြန်မာနိုင်ငံမှာ စတင်ကူးစက်တဲ့ အချိန်ကစလို့ စုစုပေါင်း ကူးစက်ခံရသူ ၁၆၈,၀၀၀ ကျော်ရှိပြီး ပိုးတွေ့သေဆုံးလူနာ ၃,၄၆၁ ယောက်အထိ ရှိပါတယ်။ ပြန်လည်နေကောင်းလာသူက ၁ သန်း ၄ သောင်းနီးပါး ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG