သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄နာရီအတြင္း ကိုဗစ္ဓါတ္ခဲြအတည္ျပဳ ၃၆၀၂ ဦးနဲ ေသဆံုး၅၂ဦး


ရန္ကုန္ၿမိဳ႔မွာ ကိုဗစ္ေၾကာင့္ေသဆုံးသူကိုျမွပ္ႏွံေပးေနပုံ၊ ဂ်ဴလုိင္၆၊ ၂၀၂၁။

(Zawgyi/Unicode)
ျမန္မာႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူအေရအတြက္ ၃,၆၀၂ ဦးရွိခဲ့ၿပီး ေသဆံုးသူအေရအတြက္က ၅၂ ေယာက္ရွိတယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။


ဓာတ္ခြဲနမူနာေပါင္း ၁၂,၈၃၂ ခုကို စစ္ေဆးခဲ့တဲ့ထဲက ပုိုးကူးသူအေရအတြက္ ေနာက္ထပ္ေတြ႔ခဲ့ရတာျဖစ္ၿပီး ဒါဟာ စစ္ေဆးတဲ့ ဓာတ္ခြဲနမူနာအေရအတြက္ရဲ႕ ၂၈.၀၇% ျဖစ္တယ္လုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫြန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ ေရးထားပါတယ္။


ဒီကေန႔ထုတ္ျပန္တဲ့ စုစုေပါင္းစစ္ေဆးတဲ့ နမူနာအေရအတြက္၊ ပိုးေတြ႔သူအေရအတြက္၊ ပိုးေတြ႔ႏႈန္းနဲ႔ ေသဆံုးသူအေရအတြက္ဟာ ကိုဗစ္ တတိယလိႈင္းမွာ အမ်ားဆံုး အေရအတြက္ေတြ ျဖစ္တယ္လုိ႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။


လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ေဆး႐ံုဆင္းသူအေရအတြက္က ၉၁၄ ေယာက္ရွိတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားၿပီး ဒါဟာလည္း တတိယလိႈင္းမွာ ေဆး႐ံုကဆင္းတဲ့ အမ်ားဆံုးအေရအတြက္ ျဖစ္တယ္လုိ႔ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။ ဒါေၾကာင့္ ဒီညအထိဆိုရင္ ေဆး႐ံုကဆင္းသြားသူ စုစုေပါင္း ၁၄၀,၃၈၇ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။ ပိုးေတြ႔သူ စုစုေပါင္းက ၁၇၁,၉၇၆ ေယာက္ရွိၿပီျဖစ္ၿပီးေတာ့ ေသဆံုးသူ စုစုေပါင္းက ၃,၅၁၃ ေယာက္ရွိၿပီျဖစ္ပါတယ္။
ကိုဗစ္တတိယလိႈင္းနဲ႔ ရင္ဆိုင္ေနရတဲ့ ကမာၻ႔ႏုိင္ငံအမ်ားအျပားထဲမွာ ျမန္မာႏုိင္ငံလည္း တခုအပါအဝင္ျဖစ္ၿပီး ႏုိင္ငံတြင္း ေဆး႐ံု ေဆးခန္းေတြအေနနဲ႔ လုပ္ငန္းေတြ မႏုိင္မနင္းအေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။


ကိုဗစ္လူနာေတြအတြက္ လိုအပ္တဲ့ ေအာက္ဆီဂ်င္ဘူး မလံုေလာက္တဲ့ အေျခအေနရွိေနသလို အနံ႔ေပ်ာက္သူ အမ်ားအျပားကိုလည္း ဓာတ္ခြဲစစ္ေဆးႏုိင္တာမ်ဳိးမရွိဘဲ အမ်ားစုက ေနအိမ္ေတြမွာပဲ အတတ္ႏုိင္ဆံုး သီးျခားစီခြဲေနၿပီးေတာ့ ဆရာဝန္ေတြ ၫႊန္ၾကားသလို ေဆးေသာက္တာ၊ ေနထိုင္ စားေသာက္တာေတြ လုပ္ေနၾကပါတယ္။

(Unicode)


မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၃,၆၀၂ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်က ၅၂ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၁၂,၈၃၂ ခုကို စစ်ဆေးခဲ့တဲ့ထဲက ပိုးကူးသူအရေအတွက် နောက်ထပ်တွေ့ခဲ့ရတာဖြစ်ပြီး ဒါဟာ စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာအရေအတွက်ရဲ့ ၂၈.၀၇% ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
ဒီကနေ့ထုတ်ပြန်တဲ့ စုစုပေါင်းစစ်ဆေးတဲ့ နမူနာအရေအတွက်၊ ပိုးတွေ့သူအရေအတွက်၊ ပိုးတွေ့နှုန်းနဲ့ သေဆုံးသူအရေအတွက်ဟာ ကိုဗစ် တတိယလှိုင်းမှာ အများဆုံး အရေအတွက်တွေ ဖြစ်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။


လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဆေးရုံဆင်းသူအရေအတွက်က ၉၁၄ ယောက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဒါဟာလည်း တတိယလှိုင်းမှာ ဆေးရုံကဆင်းတဲ့ အများဆုံးအရေအတွက် ဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ ဒါကြောင့် ဒီညအထိဆိုရင် ဆေးရုံကဆင်းသွားသူ စုစုပေါင်း ၁၄၀,၃၈၇ ယောက်ရှိသွားပြီဖြစ်ပါတယ်။ ပိုးတွေ့သူ စုစုပေါင်းက ၁၇၁,၉၇၆ ယောက်ရှိပြီဖြစ်ပြီးတော့ သေဆုံးသူ စုစုပေါင်းက ၃,၅၁၃ ယောက်ရှိပြီဖြစ်ပါတယ်။


ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့နိုင်ငံအများအပြားထဲမှာ မြန်မာနိုင်ငံလည်း တခုအပါအဝင်ဖြစ်ပြီး နိုင်ငံတွင်း ဆေးရုံ ဆေးခန်းတွေအနေနဲ့ လုပ်ငန်းတွေ မနိုင်မနင်းအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။


ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ဘူး မလုံလောက်တဲ့ အခြေအနေရှိနေသလို အနံ့ပျောက်သူ အများအပြားကိုလည်း ဓာတ်ခွဲစစ်ဆေးနိုင်တာမျိုးမရှိဘဲ အများစုက နေအိမ်တွေမှာပဲ အတတ်နိုင်ဆုံး သီးခြားစီခွဲနေပြီးတော့ ဆရာဝန်တွေ ညွှန်ကြားသလို ဆေးသောက်တာ၊ နေထိုင် စားသောက်တာတွေ လုပ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG