သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၄ နာရီအတြင္း ဓါတ္ခဲြအတည္ျပဳ ၃,၀၀၀ နီးပါးနဲ႔ ေသဆံုးသူ ၄၀ ေက်ာ္


ဇူလုိင္ (၅) ရက္၊ ကုိဗစ္ပိုးေတြ႔အတည္ျပဳလူနာစာရင္း (က်န္းမာေရးဝန္ႀကီးဌာန)

Zawgyi/Unicode

Covid-19 ကပ္ေရာဂါကူးစက္ခံရသူ ေန႔စဥ္တိုးလာေနတဲ့ျမန္မာႏုိင္ငံမွာ ဒီကေန႔ ပိုးကူးသူသစ္ (၃,၀၀၀) နီးပါးရွိပါတယ္။

ဓာတ္ခြဲစစ္ေဆးမႈေပါင္း (၁၁,၀၀၀) ေက်ာ္ထဲမွာ ပိုးေတြ႔သူ (၂,၉၆၉ ) ဦးရွိေၾကာင္း ျမန္မာအားကစားနဲ႔ က်န္းမာေရး၀န္ႀကီးဌာနက ဂ်ဴလုိင္ ၅ ရက္ေန႔ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကိုဗစ္ေရာဂါေၾကာင့္ ဒီကေန႔ေသဆုံးသူက (၄၂) ေယာက္ရွိတာေၾကာင့္ေသဆုံးသူ စုစုေပါင္းက (၃,၄၀၀) ေက်ာ္ရွိပါတယ္။ကပ္ေရာဂါစတင္ခ်ိန္ကတည္းက ဓာတ္ခြဲစစ္ေဆးမႈေပါင္း (၂၇.၈) သိန္းေက်ာ္ထဲမွာ ပိုးေတြ႔သူစုစုေပါင္း (၁၆၈,၀၀၀) ေက်ာ္ရွိသလို ျပန္လည္သက္သာေပ်ာက္ကင္းသြားသူက (၁၄၀,၀၀၀) နီးပါးရွိတယ္လို႔လည္း ဆိုထားပါတယ္။ျမန္မာႏိုင္ငံတြင္း အခုႏွစ္ဆန္း ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပမႈေတြနဲ႔အတူ က်န္းမာေရး၀န္ထမ္းေတြရဲ႕ CDM အၾကမ္းမဖက္အာဏာဖီဆန္ေရးေတြလုပ္ေနတာေၾကာင့္ ေရာဂါပိုးစစ္ေဆးႏိုင္မႈ အားနည္းေနသလို က်န္းမာေရးေစာင့္ေရွာက္မႈစစ္ကလည္း လံုးဝ ၿပိဳလဲသလိုျဖစ္ေနပါတယ္။

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြရဲ႕ သပိတ္ေမွာက္မႈေတြၾကား ေရာဂါကူးစက္မႈေတြ တိုးလာမွာ၊ ကာကြယ္ေဆးထိုးတဲ့ လုပ္ငန္းေတြ ေႏွာင့္ေႏွးေနေတြအေပၚ စိုးရိမ္တဲ့အေၾကာင္း ကုလသမဂၢအရာရွိေတြက ေျပာဆိုထားပါတယ္။ စစ္တပ္အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကေတာ့ ကိုဗစ္ေရာဂါကူးစက္မႈ တေက်ာ့ျပန္ တိုးလာတဲ့အႏၲရာယ္နဲ႔ ႀကံဳေနရတာကို ေျဖရွင္းဖို႔ ႀကိဳးစားတဲ့အေနနဲ႔ ႐ုရွားထုတ္ Sputnik Covid 19 ကာကြယ္ေဆး ၇ သန္း ဝယ္ယူဖို႔ ၫွိႏႈိင္းေနေၾကာင္း ေျပာဆိုထားပါတယ္။

အခုလို ေရာဂါကူးစက္မႈေတြ တိုးလာခ်ိန္မွာ အာဏာပိုင္ေတြဘက္က ေရာဂါထိန္းခ်ဳပ္ေရးကို ထိထိေရာက္ေရာက္လုပ္ႏိုင္ပါမလား ဆိုတာကိုလည္း သံသယေတြရွိေနၾကပါတယ္။

Unicode

၂၄ နာရီအတွင်း ဓါတ်ခွဲအတည်ပြု ၃,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၄၀ ကျော်

Covid-19 ကပ်ရောဂါကူးစက်ခံရသူ နေ့စဉ်တိုးလာနေတဲ့မြန်မာနိုင်ငံမှာ ဒီကနေ့ ပိုးကူးသူသစ် (၃,၀၀၀) နီးပါးရှိပါတယ်။

ဓာတ်ခွဲစစ်ဆေးမှုပေါင်း (၁၁,၀၀၀) ကျော်ထဲမှာ ပိုးတွေ့သူ (၂,၉၆၉ ) ဦးရှိကြောင်း မြန်မာအားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဂျူလိုင် ၅ ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်ရောဂါကြောင့် ဒီကနေ့သေဆုံးသူက (၄၂) ယောက်ရှိတာကြောင့်သေဆုံးသူ စုစုပေါင်းက (၃,၄၀၀) ကျော်ရှိပါတယ်။ကပ်ရောဂါစတင်ချိန်ကတည်းက ဓာတ်ခွဲစစ်ဆေးမှုပေါင်း (၂၇.၈) သိန်းကျော်ထဲမှာ ပိုးတွေ့သူစုစုပေါင်း (၁၆၈,၀၀၀) ကျော်ရှိသလို ပြန်လည်သက်သာပျောက်ကင်းသွားသူက (၁၄၀,၀၀၀) နီးပါးရှိတယ်လို့လည်း ဆိုထားပါတယ်။မြန်မာနိုင်ငံတွင်း အခုနှစ်ဆန်း ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM အကြမ်းမဖက်အာဏာဖီဆန်ရေးတွေလုပ်နေတာကြောင့် ရောဂါပိုးစစ်ဆေးနိုင်မှု အားနည်းနေသလို ကျန်းမာရေးစောင့်ရှောက်မှုစစ်ကလည်း လုံးဝ ပြိုလဲသလိုဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ သပိတ်မှောက်မှုတွေကြား ရောဂါကူးစက်မှုတွေ တိုးလာမှာ၊ ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေ နှောင့်နှေးနေတွေအပေါ် စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂအရာရှိတွေက ပြောဆိုထားပါတယ်။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကိုဗစ်ရောဂါကူးစက်မှု တကျော့ပြန် တိုးလာတဲ့အန္တရာယ်နဲ့ ကြုံနေရတာကို ဖြေရှင်းဖို့ ကြိုးစားတဲ့အနေနဲ့ ရုရှားထုတ် Sputnik Covid 19 ကာကွယ်ဆေး ၇ သန်း ဝယ်ယူဖို့ ညှိနှိုင်းနေကြောင်း ပြောဆိုထားပါတယ်။

အခုလို ရောဂါကူးစက်မှုတွေ တိုးလာချိန်မှာ အာဏာပိုင်တွေဘက်က ရောဂါထိန်းချုပ်ရေးကို ထိထိရောက်ရောက်လုပ်နိုင်ပါမလား ဆိုတာကိုလည်း သံသယတွေရှိနေကြပါတယ်။

#Covid19 #MyanmarPandemic #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG