သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၄ နာရီအတွင်း မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု လူနာသစ် ၂,၃၁၈ ဦး၊ သေဆုံး ၃၅ ဦး


ရန်ကုန် ဧရာဝတီ ကိုဗစ်စင်တာမှာ ကျန်းမာရေးဝန်ထမ်းတဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)
ရန်ကုန် ဧရာဝတီ ကိုဗစ်စင်တာမှာ ကျန်းမာရေးဝန်ထမ်းတဦးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း COVID-19 ရောဂါပိုး ကူးစက်သူ လူနာအရေအတွက် သိသိသာသာ တိုးလာနေတာမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀,၃၇၈ ခုကို စစ်ဆေးခဲ့တာမှာ ပိုးကူးစက်သူ လူနာသစ် ၂,၃၁၈ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒီနေ့အချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုပြီးလူနာ ၁၆၅,၄၀၅ ဦး တွေ့ရှိခဲ့ပြီးဖြစ်ပြီး အဲဒီအထဲက ၁၃၈,၇၁၅ ဦးကတော့ ဆေးရုံက ဆင်းခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် COVID-19 နဲ့ သေဆုံးလူနာ ၃၅ ဦး ထပ်တိုးခဲ့တဲ့အတွက်လည်း ဒီနေ့အချိန်ထိ သေဆုံးပြီးသူ စုစုပေါင်း ၃,၄၁၉ ဦး ရှိခဲ့ပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကစလို့ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်သူ အရေအတွက် အများအပြား တွေ့ရှိလာနေတာမှာ တချို့နေရာတွေမှာ အစုလိုက် အပြုံလိုက် ကူးစက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် တချို့မြို့နယ်တွေမှာ ကျန်းမာရေးဌာနက Stay at home မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

မနက်ဖြန်ကစပြီး ရန်ကုန်မြို့အတွင်းက စားသောက်ဆိုင်တွေမှာ ထိုင်ပြီး စားသောက်ခွင့်ကို ပိတ်ပင်လိုက်ကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကမ္ဘာတဝန်း အလျင်အမြန် ကူးစက်ပျံ့နှံ့နေတဲ့ Delta ရောဂါပိုး အမျိုးအစား အပါအဝင် တခြား ကူးစက်မြန်ရောဂါပိုး ၂ မျိုးပါ မြန်မာပြည်မှာ ရောက်ရှိနေပြီလို့ ကျန်းမာရေးဌာနက ကြေညာထားပြီး ဖြစ်ပါတယ်။

----------------------------

(Unicode)







XS
SM
MD
LG