သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ ဓာတ္ခြဲအတည္ျပဳ ၁,၈၇၇ ဦး တိုးလာ


ကေလးၿမိဳ႕က COVID-19 စစ္ေဆးေပးတဲ့ ေနရာတခု။

(Zawgyi / Unicode)

COVID-19 တေက်ာ့ျပန္ ကူးစက္မႈႏႈန္း ျမင့္မားလာေနတဲ့ ျမန္မာႏိုင္ငံမွာ ေန႔စဥ္ဆိုသလို ပိုးကူးစက္မႈေတြ႔ရွိသူ ေထာင္နဲ႔ခ်ီ ဆက္တိုက္ေတြ႔ရွိခဲ့ၿပီး ဒီကေန႔ ဇူလိုင္လ ၃ ရက္ေန႔မွာလည္း ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း ၉,၀၅၄ ဦးကို စစ္ေဆးခဲ့တာမွာ ပိုးေတြ႔အတည္ျပဳလူနာသစ္ ၁,၈၇၇ ဦးအထိ ထပ္မံေတြ႔ရွိပါတယ္။ ကိုဗစ္ေၾကာင့္ အသက္ဆံုးခဲ့ရသူက ၂၀ ဦးရွိတယ္လို႔လည္း ဒီကေန႔ အားကစားနဲ႔ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

COVID-19 ကူးစက္မႈႏႈန္း ျမင့္မားလာေနတဲ့အတြက္ ျမန္မာႏိုင္ငံတဝန္းက ျပည္နယ္နဲ႔ တုိင္းတခ်ိဳ႕က ၿမိဳ႕နယ္ေတြက ျပည္သူေတြ မလိုအပ္ရင္ အိမ္ျပင္မထြက္ၾကဖို႔နဲ႔ အသြားအလာ ကန္႔သတ္မႈေတြလုပ္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနက Stay At Home အမိန္႔ေတြ ဆက္တိုက္ ထုတ္ျပန္ေနပါတယ္။

လက္ရွိ Stay At Home ေၾကညာထားတဲ့ ၿမိဳ႕နယ္ေတြကေတာ့ ခ်င္းျပည္နယ္မွာ တြန္းဇံ၊ တမူး၊ ကေလး၊ တီးတိန္၊ ဖလမ္း၊ ထန္တလန္၊ ဟားခါး၊ ပဲခူးတိုင္းအတြင္းမွာေတာ့ သာယာဝတီ၊ မင္းလွ၊ လက္ပံတန္း၊ ရွမ္းျပည္နယ္မွာ လား႐ႈိး၊ ေလာက္ကိုင္၊ ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ မႏၲေလးၿမိဳ႕မွာေတာ့ ခ်မ္းျမသာစည္၊ ျပည္ႀကီးတံခြန္၊ မဟာေအာင္ေျမ၊ ေအာင္ေျမသာဇံနဲ႔ ပုသိမ္ႀကီးၿမိဳ႕နယ္တုိ႔ ျဖစ္ပါတယ္။

ဇူလိုင္လ ၃ ရက္ ဒီကေန႔ကစလို႔ စစ္ကိုင္းတိုင္း ဟုမၼလင္း၊ မႏၲေလးတိုင္း ျပင္ဦးလြင္နဲ႔ ရွမ္းျပည္နယ္ ေနာင္ခ်ိဳၿမိဳ႕ေတြကို Stay At Home သတ္မွတ္ပါတယ္။ မနက္ျဖန္ ဇူလိုင္လ ၄ ရက္ကစလို႔ ဧရာဝတီတိုင္း ပုသိမ္၊ ေျမာင္းျမ၊ သာေပါင္း အစရွိတဲ့ ၿမိဳ႕နယ္ေတြ ထပ္မံသတ္မွတ္လုိက္တာေၾကာင့္ ၿမိဳ႕နယ္ေပါင္း ၂၆ ခုအထိ ရွိသြားၿပီျဖစ္ပါတယ္။

ျမန္မာႏိုင္ငံတဝန္းလံုး အတိုင္းအတာနဲ႔ ဒီကေန႔ ဇူလိုင္လ ၃ ရက္ေန႔အထိ ထုတ္ျပန္တဲ့ စာရင္းအရ ပုိးဓာတ္ခြဲနမူနာေပါင္း ၂,၇၆၁,၉၈၃ ခုကို စစ္ေဆးခဲ့တာမွာ COVID-19 ပိုးကူးစက္သူေပါင္း ၁၆၃,၀၈၇ ဦးအထိ ရွိသြားၿပီျဖစ္ၿပီး COVID-19 ေၾကာင့္ အသက္ဆံုးရသူေပါင္းက ၃,၃၈၄ ဦးအထိ ရွိသြားၿပီျဖစ္ပါတယ္။

ကိုဗစ္ ဓာတ္ခြဲအတည္ျပဳ ၁,၈၇၇ ဦး တိုးလာ
please wait

No media source currently available

0:00 0:01:48 0:00
တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကိုဗစ် ဓာတ်ခွဲအတည်ပြု ၁,၈၇၇ ဦး တိုးလာ

COVID-19 တကျော့ပြန် ကူးစက်မှုနှုန်း မြင့်မားလာနေတဲ့ မြန်မာနိုင်ငံမှာ နေ့စဉ်ဆိုသလို ပိုးကူးစက်မှုတွေ့ရှိသူ ထောင်နဲ့ချီ ဆက်တိုက်တွေ့ရှိခဲ့ပြီး ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့မှာလည်း ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၉,၀၅၄ ဦးကို စစ်ဆေးခဲ့တာမှာ ပိုးတွေ့အတည်ပြုလူနာသစ် ၁,၈၇၇ ဦးအထိ ထပ်မံတွေ့ရှိပါတယ်။ ကိုဗစ်ကြောင့် အသက်ဆုံးခဲ့ရသူက ၂၀ ဦးရှိတယ်လို့လည်း ဒီကနေ့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

COVID-19 ကူးစက်မှုနှုန်း မြင့်မားလာနေတဲ့အတွက် မြန်မာနိုင်ငံတဝန်းက ပြည်နယ်နဲ့ တိုင်းတချို့က မြို့နယ်တွေက ပြည်သူတွေ မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့နဲ့ အသွားအလာ ကန့်သတ်မှုတွေလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက Stay At Home အမိန့်တွေ ဆက်တိုက် ထုတ်ပြန်နေပါတယ်။

လက်ရှိ Stay At Home ကြေညာထားတဲ့ မြို့နယ်တွေကတော့ ချင်းပြည်နယ်မှာ တွန်းဇံ၊ တမူး၊ ကလေး၊ တီးတိန်၊ ဖလမ်း၊ ထန်တလန်၊ ဟားခါး၊ ပဲခူးတိုင်းအတွင်းမှာတော့ သာယာဝတီ၊ မင်းလှ၊ လက်ပံတန်း၊ ရှမ်းပြည်နယ်မှာ လားရှိုး၊ လောက်ကိုင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန္တလေးမြို့မှာတော့ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာဇံနဲ့ ပုသိမ်ကြီးမြို့နယ်တို့ ဖြစ်ပါတယ်။

ဇူလိုင်လ ၃ ရက် ဒီကနေ့ကစလို့ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့တွေကို Stay At Home သတ်မှတ်ပါတယ်။ မနက်ဖြန် ဇူလိုင်လ ၄ ရက်ကစလို့ ဧရာဝတီတိုင်း ပုသိမ်၊ မြောင်းမြ၊ သာပေါင်း အစရှိတဲ့ မြို့နယ်တွေ ထပ်မံသတ်မှတ်လိုက်တာကြောင့် မြို့နယ်ပေါင်း ၂၆ ခုအထိ ရှိသွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်းလုံး အတိုင်းအတာနဲ့ ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့အထိ ထုတ်ပြန်တဲ့ စာရင်းအရ ပိုးဓာတ်ခွဲနမူနာပေါင်း ၂,၇၆၁,၉၈၃ ခုကို စစ်ဆေးခဲ့တာမှာ COVID-19 ပိုးကူးစက်သူပေါင်း ၁၆၃,၀၈၇ ဦးအထိ ရှိသွားပြီဖြစ်ပြီး COVID-19 ကြောင့် အသက်ဆုံးရသူပေါင်းက ၃,၃၈၄ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG