သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္စစ္ဒုကၡသည္ေတြ ကိုဗစ္ကူးစက္မယ့္အႏၲရာယ္စိုးရိမ္


ယာယီတဲထိုးေနထိုင္ေနၾကတဲ့ မင္းတပ္ စစ္ေဘးေရွာင္တခ်ိဳ ့ (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ တေက်ာ့ျပန္ ကိုဗစ္ေရာဂါ ကူးစက္မႈေတြ ျမင့္တက္လာခ်ိန္မွာပဲ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕ကေန မေကြးတိုင္း ေယာၿမိဳ႕နယ္ထဲကို တိမ္းေရွာင္လာတဲ့ စစ္ေဘးဒုကၡသည္ေတြၾကားမွာ ကိုဗစ္ကပ္ေရာဂါကူးစက္မယ့္ စိုးရိမ္မႈေတြ ႐ွိေနၾကပါတယ္။ စစ္ေဘးဒုကၡသည္စခန္း တာ၀န္ရွိသူေတြကေတာ့ တတ္ႏိုင္ သေလာက္ ကာကြယ္ ျပင္ဆင္ထားတယ္လို႔ ေျပာပါတယ္။ ဒီအေၾကာင္း အျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ကိုသိန္းထိုက္ဦး ေျပာျပပါမယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ခ်င္းျပည္နယ္မွာ မင္းတပ္ CDF နဲ႔ စစ္ေကာင္စီတပ္ေတြ အျပန္အလွန္ တိုက္ပြဲေတြျဖစ္ၿပီးတဲ့ေနာက္ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕ကေန မေကြးတိုင္းထဲက ေယာၿမိဳ႕နယ္ကို ထြက္ေျပးတိမ္းေ႐ွာင္ ၾကတဲ့ စစ္ေဘး ဒုကၡသည္ေတြ ေထာင္နဲ႔ခ်ီရွိခဲ့ပါတယ္။

အခု ဇြန္လထဲမွာပဲ ျမန္မာႏိုင္ငံတ၀ွမ္း တေက်ာ့ျပန္ ကိုဗစ္ကူးစက္မႈ ျမင့္တက္လာခ်ိန္မွာ စစ္ပြဲေၾကာင့္ တိမ္းေရွာင္ ခိုလႈံေနရတဲ့ ဒုကၡသည္စခန္းေတြမွာပါ ကိုဗစ္ကပ္ေရာဂါ ပ်ံ႔ႏွံ႔ ကူးစက္မွာကို ဒုကၡသည္ေတြ စိုးရိမ္ေနၾကပါတယ္။ ေယာၿမိဳ႕နယ္ထဲက စစ္ေဘးဒုကၡသည္ စခန္းတခုမွာ ခိုလံႈေနရသူတေယာက္က သူတုိ႔ စိုးရိမ္မႈကို ခုလိုေျပာျပပါတယ္။

“စစ္ေဘးေရွာင္စခန္းမွာ ဆရာ၀န္ရွိတယ္။ ဆရာ၀န္ရွိတဲ့အခါက်ေတာ့ ေဒသခံေတြေပါ့ေလ နယ္ေျမေဒသခံေတြက စစ္ေဘးေရွာင္စခန္းမွာ ေဆးခန္းလာျပတာမ်ိဳးရွိတယ္။ ေနာက္တခုက အထဲက IDP Camp မွာ ရွိေနတဲ့ IDP ေတြက အျပင္ထြက္လို႔မရေပမယ့္ အျပင္ကေန ေဆးခန္းလာလာျပတဲ့ လူနာေတြက ရွိေနတဲ့အခါက်ေတာ့ သူတို႔ေတြကေနတဆင့္ IDP Camp မွာရွိေနတဲ့ လူေတြကို ကူးမွာ အေၾကာက္ဆံုး ျဖစ္လာၿပီေပါ့ေလ။ သူတို႔ဆီကေနတဆင့္ IDP Camp မွာရွိတဲ့ လူတေယာက္သာ ကူးသြားခဲ့မယ္ဆိုရင္ တေယာက္မွ က်န္မွာ မဟုတ္ဘူးေပါ့ေနာ္။ ဒီမွာက စစ္ေဘးေရွာင္စခန္းမွာရွိေနတာက သက္ႀကီးရြယ္အိုနဲ႔ ကေလးေတြရွိတယ္။ သက္ႀကီးရြယ္အိုနဲ႔ ကေလးေတြက ပိုမ်ားေနတဲ့အခါမွာ တေယာက္ကူးၿပီဆုိရင္ေတာ့ ေတာက္ေလွ်ာက္ အကုန္လြတ္မွာ မဟုတ္ဘူးေပါ့ေနာ္။ အဲ့ဒါေတာ့ နည္းနည္းစိုးရိမ္ရတဲ့အပိုင္းေပါ့။ တခုရွိလာျပန္တာကလည္း Covid 19 နဲ႔ ဆိုင္တဲ့ အသိပညာ ဗဟုသုတ မရွိဘူးေပါ့ေနာ္။ စစ္ေဘးေရွာင္ေတြမွာ ေကာင္းေကာင္း မရွိတဲ့အခါက်ေတာ့ လိုက္နာမႈအားနည္းတယ္။ ေနာက္တခုက အဲ့လိုမ်ိဳး ျဖစ္ေနတဲ့ၾကားထဲက တကယ္လို႔သာ အျပင္ကေန ေ ဆးခန္းလာျပတဲ့ လူနာေတြဆီကေန ကူးၿပီဆုိရင္ သြားၿပီေပါ့ ကြ်န္ေတာ္တို႔ စခန္းတခုလံုးက ကူးႏိုင္စရာ အေၾကာင္းရွိတယ္။”

ကိုဗစ္အႏၱရာယ္ကာကြယ္တဲ့အေနနဲ႔ ဒုကၡသည္ စခန္းအ၀င္အထြက္ကို တင္းၾကပ္ထားပါတယ္။ တကယ္လို႔ ကပ္ေရာဂါ ကူးစက္လာရင္ေတာ့ ကုသဖို႔ ေပးႏိုင္ဖုိ႔ အခက္အခဲ႐ွိတယ္လို႔ စခန္းတာ၀န္ခံတဦးက အခုလိုေျပာပါတယ္။

“ကြ်န္ေတာ္တို႔က စိုးရိမ္စိတ္ေတာ့ရွိတာေပါ့။ ကူးစက္လာရင္ ကြ်န္ေတာ္တို႔လည္း ဘာမွ မတတ္ႏိုင္ဘူး။ ဒီမွာ ေဆးလည္းမရွိ ဆရာ၀န္လည္း မရွိဆိုေတာ့။ သတ္သတ္ခြဲထားဖို႔ပဲရွိတာ ကြာရတင္းသေဘာမ်ိဳး သတ္သတ္ ခြဲထားဖုိ႔ပဲေနရာရွိတာ။ ကြ်န္ေတာ္တို႔ ဒီမွာ ဟန္းဂ်ဲလ္ဘူးေလးရွိတယ္။ ႏွာေခါင္းစည္းေတြရွိတယ္။ ရြာထဲကို သြားရင္ ႏွာေခါင္းစည္းနဲ႔သြား ျပန္လာရင္ လက္ေဆး ရြာထဲကိုလည္း အမ်ားႀကီးမသြားဖို႔ ၁ ေဆာင္ကို ၁ ေယာက္စီ သြားဖို႔ ေျပာထားတယ္။ အဲ့လိုပဲ ရြာထဲကလာရင္လည္း ႏွာေခါင္းစည္းေတြနဲ႔ ဒီထဲကို ၀င္လာရင္ ဆပ္ျပာနဲ႔ေဆးဖို႔ ဒါပဲရွိတာ ကိုယ့္အစီစဥ္နဲ႔ ကိုယ္ဒါပဲရွိတာေလ။”

စစ္ပြဲေတြေၾကာင့္ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕ကေန မေကြးတိုင္း ေယာၿမိဳ႕နယ္ထဲက ယာယီစခန္း ၁၀ ခုမွာ လာေရာက္ခိုလႈံေနသူ ဒုကၡသည္ ၃ ေထာင္ေက်ာ္ရွိပါတယ္။ ကိုဗစ္ကာကြယ္တဲ့အေနနဲ႔ ယာယီခိုလံႈေရးစခန္းေတြထဲ အဝင္အထြက္ တင္းၾကပ္ထားတဲ့အတြက္ စခန္းအတြင္း တကိုယ္ေရးသံုး ပစၥည္းေတြအပါအဝင္ လိုအပ္တာေတြ ၀ယ္ယူဖို႔ အခက္ႀကံဳေနၾကပါတယ္။

က်န္းမာေရး ၀န္ႀကီးဌာနကေတာ့ ဇြန္ ၁ ရက္ကေန ၂၈ ရက္အထိ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ အသီးသီးကို ႏွာေခါင္းစည္း ၁၂ သန္းေက်ာ္ ျဖန္႔ေ၀ထားတယ္လို႔ ေျပာၾကားထားပါတယ။္ က်န္းမာေရး ၀န္ႀကီးဌာနက ျဖန္႔ေ၀ထားတဲ့ ႏွာေခါင္းစည္းေတြဟာ ေယာၿမိဳ႕နယ္ထဲက ဒုကၡသည္ စခန္းေတြဆီ မေရာက္တာေၾကာင့္ ကိုယ့္အစီအစဥ္နဲ႔ ကိုယ္၀ယ္ယူ ေနရတဲ့အတြက္ အကူအညီေတြလိုအပ္ေနတယ္လို႔ ဒုကၡသည္ေတြက ေျပာပါတယ္။

ႏိုင္ငံတ၀ွမ္းလံုးမွာ ကိုဗစ္ကူးစက္တာေတြ ျမင့္တက္လာေနတာမွာ ဇြန္ ၂၇ ရက္ ညကေန ၂၈ ရက္ညအထိ ဓါတ္ခဲြနမူနာ ၆၅၀၀ ေက်ာ္ စစ္ေဆးခဲ့တဲ့ထဲက ၁၂၂၅ ဦး ကိုဗစ္ကပ္ေရာဂါပိုးေတြ႕ရွိခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈ စတင္ျဖစ္ေပၚတဲ့အခ်ိန္က စၿပီး ဒီေန႔အထိ ကူးစက္သူကေတာ့ ၁ သိန္း ၅ ေသာင္း ၄ ေထာင္ေက်ာ္ရွိၿပီး ေသဆံုးသူ စုစုေပါင္း ၃၃၀၉ ဦးရွိပါတယ္။

..................................................................................

တိုက္႐ိုက္ လင့္ခ္


မင်းတပ်စစ်ဒုက္ခသည်တွေ ကိုဗစ်ကူးစက်မယ့်အန္တရာယ်စိုးရိမ်

(Unicode)

မြန်မာနိုင်ငံမှာ တကျော့ပြန် ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်တက်လာချိန်မှာပဲ ချင်းပြည်နယ် မင်းတပ်မြို့ကနေ မကွေးတိုင်း ယောမြို့နယ်ထဲကို တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကြားမှာ ကိုဗစ်ကပ်ရောဂါကူးစက်မယ့် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ရှိသူတွေကတော့ တတ်နိုင် သလောက် ကာကွယ် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မင်းတပ် CDF နဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် ချင်းပြည်နယ် မင်းတပ်မြို့ကနေ မကွေးတိုင်းထဲက ယောမြို့နယ်ကို ထွက်ပြေးတိမ်းရှောင် ကြတဲ့ စစ်ဘေး ဒုက္ခသည်တွေ ထောင်နဲ့ချီရှိခဲ့ပါတယ်။

အခု ဇွန်လထဲမှာပဲ မြန်မာနိုင်ငံတဝှမ်း တကျော့ပြန် ကိုဗစ်ကူးစက်မှု မြင့်တက်လာချိန်မှာ စစ်ပွဲကြောင့် တိမ်းရှောင် ခိုလှုံနေရတဲ့ ဒုက္ခသည်စခန်းတွေမှာပါ ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့ ကူးစက်မှာကို ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။ ယောမြို့နယ်ထဲက စစ်ဘေးဒုက္ခသည် စခန်းတခုမှာ ခိုလှုံနေရသူတယောက်က သူတို့ စိုးရိမ်မှုကို ခုလိုပြောပြပါတယ်။

“စစ်ဘေးရှောင်စခန်းမှာ ဆရာဝန်ရှိတယ်။ ဆရာဝန်ရှိတဲ့အခါကျတော့ ဒေသခံတွေပေါ့လေ နယ်မြေဒေသခံတွေက စစ်ဘေးရှောင်စခန်းမှာ ဆေးခန်းလာပြတာမျိုးရှိတယ်။ နောက်တခုက အထဲက IDP Camp မှာ ရှိနေတဲ့ IDP တွေက အပြင်ထွက်လို့မရပေမယ့် အပြင်ကနေ ဆေးခန်းလာလာပြတဲ့ လူနာတွေက ရှိနေတဲ့အခါကျတော့ သူတို့တွေကနေတဆင့် IDP Camp မှာရှိနေတဲ့ လူတွေကို ကူးမှာ အကြောက်ဆုံး ဖြစ်လာပြီပေါ့လေ။ သူတို့ဆီကနေတဆင့် IDP Camp မှာရှိတဲ့ လူတယောက်သာ ကူးသွားခဲ့မယ်ဆိုရင် တယောက်မှ ကျန်မှာ မဟုတ်ဘူးပေါ့နော်။ ဒီမှာက စစ်ဘေးရှောင်စခန်းမှာရှိနေတာက သက်ကြီးရွယ်အိုနဲ့ ကလေးတွေရှိတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေက ပိုများနေတဲ့အခါမှာ တယောက်ကူးပြီဆိုရင်တော့ တောက်လျှောက် အကုန်လွတ်မှာ မဟုတ်ဘူးပေါ့နော်။ အဲ့ဒါတော့ နည်းနည်းစိုးရိမ်ရတဲ့အပိုင်းပေါ့။ တခုရှိလာပြန်တာကလည်း Covid 19 နဲ့ ဆိုင်တဲ့ အသိပညာ ဗဟုသုတ မရှိဘူးပေါ့နော်။ စစ်ဘေးရှောင်တွေမှာ ကောင်းကောင်း မရှိတဲ့အခါကျတော့ လိုက်နာမှုအားနည်းတယ်။ နောက်တခုက အဲ့လိုမျိုး ဖြစ်နေတဲ့ကြားထဲက တကယ်လို့သာ အပြင်ကနေ ေ ဆးခန်းလာပြတဲ့ လူနာတွေဆီကနေ ကူးပြီဆိုရင် သွားပြီပေါ့ ကျွန်တော်တို့ စခန်းတခုလုံးက ကူးနိုင်စရာ အကြောင်းရှိတယ်။”

ကိုဗစ်အန္တရာယ်ကာကွယ်တဲ့အနေနဲ့ ဒုက္ခသည် စခန်းအဝင်အထွက်ကို တင်းကြပ်ထားပါတယ်။ တကယ်လို့ ကပ်ရောဂါ ကူးစက်လာရင်တော့ ကုသဖို့ ပေးနိုင်ဖို့ အခက်အခဲရှိတယ်လို့ စခန်းတာဝန်ခံတဦးက အခုလိုပြောပါတယ်။

“ကျွန်တော်တို့က စိုးရိမ်စိတ်တော့ရှိတာပေါ့။ ကူးစက်လာရင် ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။ ဒီမှာ ဆေးလည်းမရှိ ဆရာဝန်လည်း မရှိဆိုတော့။ သတ်သတ်ခွဲထားဖို့ပဲရှိတာ ကွာရတင်းသဘောမျိုး သတ်သတ် ခွဲထားဖို့ပဲနေရာရှိတာ။ ကျွန်တော်တို့ ဒီမှာ ဟန်းဂျဲလ်ဘူးလေးရှိတယ်။ နှာခေါင်းစည်းတွေရှိတယ်။ ရွာထဲကို သွားရင် နှာခေါင်းစည်းနဲ့သွား ပြန်လာရင် လက်ဆေး ရွာထဲကိုလည်း အများကြီးမသွားဖို့ ၁ ဆောင်ကို ၁ ယောက်စီ သွားဖို့ ပြောထားတယ်။ အဲ့လိုပဲ ရွာထဲကလာရင်လည်း နှာခေါင်းစည်းတွေနဲ့ ဒီထဲကို ဝင်လာရင် ဆပ်ပြာနဲ့ဆေးဖို့ ဒါပဲရှိတာ ကိုယ့်အစီစဉ်နဲ့ ကိုယ်ဒါပဲရှိတာလေ။”

စစ်ပွဲတွေကြောင့် ချင်းပြည်နယ် မင်းတပ်မြို့ကနေ မကွေးတိုင်း ယောမြို့နယ်ထဲက ယာယီစခန်း ၁၀ ခုမှာ လာရောက်ခိုလှုံနေသူ ဒုက္ခသည် ၃ ထောင်ကျော်ရှိပါတယ်။ ကိုဗစ်ကာကွယ်တဲ့အနေနဲ့ ယာယီခိုလှုံရေးစခန်းတွေထဲ အဝင်အထွက် တင်းကြပ်ထားတဲ့အတွက် စခန်းအတွင်း တကိုယ်ရေးသုံး ပစ္စည်းတွေအပါအဝင် လိုအပ်တာတွေ ဝယ်ယူဖို့ အခက်ကြုံနေကြပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဇွန် ၁ ရက်ကနေ ၂၈ ရက်အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးကို နှာခေါင်းစည်း ၁၂ သန်းကျော် ဖြန့်ဝေထားတယ်လို့ ပြောကြားထားပါတယ။် ကျန်းမာရေး ဝန်ကြီးဌာနက ဖြန့်ဝေထားတဲ့ နှာခေါင်းစည်းတွေဟာ ယောမြို့နယ်ထဲက ဒုက္ခသည် စခန်းတွေဆီ မရောက်တာကြောင့် ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဝယ်ယူ နေရတဲ့အတွက် အကူအညီတွေလိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

နိုင်ငံတဝှမ်းလုံးမှာ ကိုဗစ်ကူးစက်တာတွေ မြင့်တက်လာနေတာမှာ ဇွန် ၂၇ ရက် ညကနေ ၂၈ ရက်ညအထိ ဓါတ်ခွဲနမူနာ ၆၅၀၀ ကျော် စစ်ဆေးခဲ့တဲ့ထဲက ၁၂၂၅ ဦး ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု စတင်ဖြစ်ပေါ်တဲ့အချိန်က စပြီး ဒီနေ့အထိ ကူးစက်သူကတော့ ၁ သိန်း ၅ သောင်း ၄ ထောင်ကျော်ရှိပြီး သေဆုံးသူ စုစုပေါင်း ၃၃၀၉ ဦးရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG