သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းတပ်စစ်ပြေးဒုက္ခသည်များ ကျန်းမာရေးနဲ့စားဝတ်နေရေးခက်ခဲ


ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တချို့။ (ဓာတ်ပုံ - CJ)
ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တချို့။ (ဓာတ်ပုံ - CJ)

(Zawgyi/Unicode)

မင်းတပ်မြို့နယ်ထဲက စစ်ပြေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လွတ်လပ်စွာသယ်ယူခွင့်ပြုမယ်လို့ စစ်ကောင်စီတပ်နဲ့ ချင်းပြည်နယ် မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား သဘောတူထားပေမဲ့ ဒီသဘောတူချက်ကို စစ်ကောင်စီဘက်က လိုက်နာမှုမရှိဘူးလို့ မင်းတပ်ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေ စားရေး သောက်ရေး ခက်ခဲနေတဲ့အပြင် မိုးတွင်းကာလမှာဖြစ်ပွါးတဲ့ ရောဂါတွေကြောင့် ဒုက္ခသည် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ခုလိုမင်းတပ်ဖက်က ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွါးခဲ့တဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာ ဒေသခံမင်းတပ်ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား ဇွန်လ(၂၀) ရက်နေ့ကနေ ဇူလိုင်လ(၄)ရက်နေ့အထိ အပစ်အခတ်ရပ်ထားဖို့ သဘောတူခဲ့ကြပါတယ်။ ၁၄ ရက် အပစ်ရပ်ထားတဲ့ ကာလအတွင်း

ဒုက္ခရောက်နေသူတွေအတွက် စားနပ်ရိက္ခာသယ်ဆောင်ခွင့်ပေးမယ်ဆိုတဲ့ သဘောတူညီချက်ကို စစ်တပ်ဖက်က လိုက်နာခြင်း မရှိဘူးလို့

မင်းတပ်ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းတူမီးက ဗွီအိုအေကိုအခုလိုပြောပါတယ်။

"အပစ်ခတ်ရပ်စဲရေးလုပ်တဲ့နောက်ပိုင်းမှာ ပစ်ခတ်တာတော့နှစ်ဖက်မှာမရှိတော့ဘူးပေါ့နော်။ အဲဒီသဘောတူညီချက်ကို သူတို့ကမလိုက်နာဘူးလို့ပြောလို့ရမယ်။ အပြည့်ဝမလိုက်နာဘူးလို့ပြောလို့ရမယ်။ သူတို့ကစစ်ရှောင်တွေအတွက် စားနပ်ရိက္ခာကို လွတ်လွတ်လပ်လပ်သယ်ဆောင်ခွင့်ပေးတယ်ဆိုတဲ့ဟာသူတို့သဘောတူတယ်။ အနှောက်ယှက်ပေးတာ တားဆီးတာမလုပ်ဖို့ဆိုတဲ့ဟာပါတယ်။ ခုကျတော့လွတ်လွတ်လပ်လပ်သယ်လို့မရဘူး။ တချို့ကားတွေဆိုပြန်ဆုတ် ခိုင်းတယ်။ တချို့ကားတွေတော့ဖမ်းပြီးတော့သူတို့က ဒီဆန်တွေပေါ့။ တင်တဲ့ဟာတွေပစ္စည်းတွေဖမ်းပြီးတော့ သူတို့ ပြန်မပေးတဲ့ဟာတွေလဲရှိတာပေါ့။"

ပြီးခဲ့တဲ့ဇွန်လ(၂၀)ရက်နေ့က ယာယီအပစ်ရပ်သဘောတူညီချက်တွေထဲမှာ အပစ်အခတ်ရပ်စဲဖို့၊ တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံနေကြသူတွေဘေးကင်း လုံခြုံဖို့၊ စားနပ်ရိက္ခာတွေလွတ်လပ်စွာသယ်ယူခွင့်ပြုဖို့ မင်းတပ်ကာကွယ်ရေးအဖွဲ့ဖက်ကတောင်းဆိုခဲ့သလို စစ်ကောင်စီတပ်ဘက်ကလဲ စစ်တပ်ကို ပစ်ခတ်မှုမလုပ်ဖို့ မြို့အတွင်းမှာ လုံခြုံရေးအဖွဲ့တွေရဲ့စစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံဖို့ စတဲ့အချက်တွေ တောင်းဆို သဘောတူထားကြတယ်လို့ ဆလိုင်းတူမီးက ပြောပြပါတယ်။

ရိက္ခာသယ်ယူရာလမ်းကြောင်းတွေကို စစ်ကောင်စီတပ်ဘက်ကပိတ်ဆို့ထားတာကြောင့် ဒုက္ခသည်တွေ ယာယီခိုလှုံနေကြတဲ့ စခန်းတွေမှာ စားနပ်ရိက္ခာပြတ်တောက်နေပြီလို့ ဒုက္ခသည်တွေအတွက် အကူညီပေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

"အခုစားနပ်ရိက္ခာပြတ်တောက်နေတဲ့အတွက်ကြောင့်မို့လို့လေ။ ပြည်သူတွေကယ်ဆယ်တဲ့အဖွဲ့တွေလက်လှမ်းမမီတဲ့ ဒေသတွေ ကျွန်တော်တို့မှာမိုးတွင်းဖြစ်တော့ ဆန်တွေဘာတွေသွားပို့ဖို့ခက်ခဲတဲ့နေရာတွေဆိုလို့ရှိရင် ကျွန်တော်တို့ ကိုယ်တိုင်ကနေ အခုဆတ်လူးတွေပေါ့နော်။ ဆတ်လူးတွေဆိုတာက ခေါင်ရည်တွေဘာတွေချက်တဲ့ ဆတ်လူတွေ ဘာ တွေတို့ သူတို့ကကြိတ်ပြီးတော့ လက်နဲ့ ကျောက်ခဲနဲ့ကြိတ်ပြီးတော့ အဲဒီလိုမျိုး ထမင်းလုပ်စားရတာမျိုးရှိတယ်ခင်ဗျ။ ဆန်တွေဘာတွေမရှိတော့တဲ့အတွက်ကြောင့်။"

မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်နေ့လောက်ကစပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မြို့ပေါ်နဲ့ကျေးရွာတွေက လူပေါင်း သုံးသောင်းကျော်ဟာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

မေလ ၁၃ ရက်နေ့ညပိုင်းက စလို့ မင်းတပ်မြို့မှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကနေ လက်နက်ကြီး တွေနဲ့ အပြင်းအထန်ထိုးစစ်ဆင်ပစ်ခတ်မှုတွေကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ စခန်းနေရာအတည်တကျမရှိဘဲ ဘေးလွတ်ရာမှာပြောင်းရွှေ့ တိမ်းရှောင်နေရပါတယ်။ မိုးရာသီဖြစ်နေတာကြောင့် ဒုက္ခသည်တချို့ဟာလည်း မိုးတွင်းဖြစ်တတ်တဲ့ ရောဂါတွေဖြစ်နေကြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အတွက် သေဆုံးသူလည်း ၁၀ ယောက်ထက်မနည်းရှိနေပါပြီ။ ကလေးငယ်တွေ လူကြီးတွေသေဆုံးခဲ့ကြတယ်လို့ ဒုက္ခသည်တွေအတွက် အကူအညီပေးနေသူတယောက်က ပြောပါတယ်။

"လောလောဆယ်က မိုးရာသီမှာဆိုတော့လေ။ ရာသီပေါ်တုတ်ကွေးဖြစ်နေတာရယ်။ ငှက်ဖျားတွေဘာတွေလဲဖြစ်နေတာ တွေရှိတယ်။ အသက်အန္တရာယ်ထိခိုက်မှုရှိတယ်။ ဆေးကုသမှုအချိန်မီမရဘဲနဲ့လေ။ ဆုံးသွားတဲ့လသားကလေး တွေ ရှိတယ်။ ဥပမာ(၇)လသားရယ်။ နောက်ထပ်(၆)နှစ်သားလေးလဲရှိတယ်ပေါ့နော်။ နောက်ထပ်လူကြီးတွေလဲ နာတာ ရှည်ရောဂါခံနေရတဲ့လူတွေလဲရှိတယ်ဗျ။ စစ်ရှောင်ဦးရေဆုံးပါးတာက လောလောဆယ်ကျွန်တော်တို့ သိရသလောက် က တော့ (၁၀)ယောက်ဝန်းကျင်ရှိတယ်။ ရောဂါကုသဖို့ အဆင်မပြေတဲ့လူတွေအများကြီးရှိနေတယ်ပေါ့နော်။"

မိုးတွင်းကာလဖြစ်ပါွးတဲ့ရောဂါကြောင့် ဆေးဝါးကုသမှုတွေနဲ့ လက်လှမ်းမမီလို့ သေဆုံးခဲ့ရသူတွေထဲမှာ ကိုယ်ဝန် ဆောင်မိခင် တစ်ဦး၊ ကလေးတဦး၊ မွေးကင်းစ ကလေး နှစ်ဦးနဲ့ သက်ကြီးရွယ်အို သုံးဦးတို့ ပါဝင်နေတယ်လို့ သူက ပြောပြပါတယ်။

မင်းတပ်ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား လက်ရှိ ယာယီအပစ်ရပ်စဲပြီးနောက်ပိုင်း မင်းတပ် မြို့ကစစ်ရှောင်တချို့ နေရပ်ကိုပြန်တာရှိပေမဲ့အများစုက မပြန်နိုင်ကြဘူးလို့ မင်းတပ်ကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ဆလိုင်းတူမီးက ပြောပါတယ်။

စစ်ရှောင်တွေကနေရပ်ပြန်တဲ့သူတွရှိတယ်။ တချို့ကပြန်တယ်ဆိုတာက သူ့အိမ်ကခနပြန်ကြည့်တာတို့ ပစ္စည်းတွေ ပြန်ကြည့်တာတို့နော် အဲဒီလောက်ဘဲရှိတယ်။ ခန့်မှန်းခြေကတော့ထောင်ဂဏန်းတောင်မရှိလောက်ဘူး။ သုံးလေးရာ အဲဒီလောက်ဘဲရှိမှာ။

စစ်ကောင်စီဘက်ကတော့ မင်းတပ်မြို့ပေါ်ရှိ ကျောင်းတွေ၊ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်တွေကို အကန့် အသတ်နဲ့ လက်ခံမယ်လို့မေလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာထားပေမဲ့ ဒေသခံတွေ အများစုကတော့ စိုးရိမ်စိတ်နဲ့ နေရပ်ရင်းကို မပြန်နိုင်ကြသေးပါဘူး။

လက်ရှိ မင်းတပ်မြို့နယ်က ဒုက္ခသည် ၁ သောင်းကျော်ဟာ အနည်းဆုံးနေရာ ၁၈ ခုမှာ ခိုလှုံနေကြပါတယ်။ စစ်ကောင်စီက စားနပ်ရိက္ခာ၊ ဆေးဝါးတွေ သယ်ယူလို့မရအောင် လမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် ဒုက္ခသည်တွေဟာ ရိက္ခာနဲ့ဆေးဝါးပြတ်လပ်မှုရင်ဆိုင်နေကြရတဲ့အပြင် သေဆုံးတဲ့အထိမှာ ဖြစ်နေကြပါတယ်။

.............................................................................

တိုက်ရိုက် လင့်ခ်



(Unicode)



ဒုက်ခရောကျနသေူတှအေတှကျ စားနပျရိက်ခာသယျဆောငျခှင့ျပေးမယျဆိုတဲ့ သဘောတူညီခကြျကို စဈတပျဖကျက လိုကျနာခွငျး မရှိဘူးလို့














XS
SM
MD
LG