သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မလိုအပ္လ်င္ အိမ္ျပင္မထြက္ဖို႔ မန္းနဲ႔ ပဲခူးမွာ အမိန္႔ထုတ္


ရန္ကုန္ၿမိဳ႔က Covid-19 ေရာဂါပိုးစစ္ေဆးခံေနသူတဦး၊ ေအာက္တိုဘာ ၇၊ ၂၀၂၀။

(Zawgyi/Unicode)
ေဒသတြင္း ကပ္ေရာဂါကူးစက္သူ တိုးလာေနလို႔ ဒီေန႔ ဇူလိုင္ ၂ရက္ကစၿပီး မႏၲေလးက ၿမိဳ႕နယ္ ၇ခုနဲ႔ ပဲခူးတိုင္းထဲက ၿမိဳ႕နယ္ ၂ခုကို Stay at Home သတ္မွတ္လိုက္တဲ့အတြက္ Stay at Home သတ္မွတ္လိုက္တဲ့ ၿမိဳ႕နယ္ေပါင္း ၂၀ ရွိသြားပါၿပီ။ ေနအိမ္ေတြထဲမွာေနဖို႔ ကန႔္သတ္လိုက္တဲ့ ၿမိဳ႕နယ္ေတြရဲ႕ ကပ္ေရာဂါကူးစက္မႈ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကို မစုျမတ္မြန္ ေျပာျပမွာပါ။

ဇူလိုင္လ ၂ ရက္ေန႔ကစၿပီး မႏၲေလးတိုင္းထဲက ခ်မ္းျမသာစည္၊ ခ်မ္းေအးသာစံ၊ ျပည္ႀကီးတံခြန္၊ မဟာေအာင္ေျမနဲ႔ ေအာင္ေျမသာဇံ အပါအဝင္ ပုသိမ္ႀကီး၊ အမရပူရ ၿမိဳ႕နယ္တို႔ကို Stay at Home သတ္မွတ္လိုက္ပါတယ္။ မႏၲေလးမွာ တပတ္တာကာလအတြင္း ဓာတ္ခြဲအတည္ျပဳလူနာ ၇၅၂ ဦးနဲ႔ ကိုဗစ္ေၾကာင့္ေသဆုံးသူ ၁၀ ဦး ရွိခဲ့ၿပီး အဲဒီထဲက တပတ္တာအတြင္း အတည္ျပဳလူနာ ၈၅ ဦးရွိထားတဲ့ ေအာင္ေျမသာဇံၿမိဳ႕နယ္မွာေတာ့ လူနာေတြကိုသီးသန႔္ထားဖို႔ ေနရာအခက္အခဲရွိေနတယ္လို႔ ကိုဗစ္တိုက္ဖ်က္ေရးမွာ ပါဝင္ကူညီေနတဲ့ ဓါတ္ေပါင္းစုလူမႈ ကူညီေရးအသင္း ဥကၠ႒က ဗြီအိုေအကိုေျပာပါတယ္။

"က်ေနာ္တို႔ ေအာင္ေျမသာဇံၿမိဳ႕နယ္မွာဆိုရင္ ကိုဗစ္သံသယလူနာေတြကို တိုင္းရင္းေဆးတကၠသိုလ္၊ သံဃာ့ေဆး႐ုံေတြမွာ ပို႔ေပးရတာေပါ့။ ကိုဗစ္လူနာေတြရဲ႕ အဓိကလိုအပ္ခ်က္ကေတာ့ ေလာေလာဆယ္ က်ေနာ္တို႔အသင္းကေနၿပီးေတာ့ ေအာက္ဆီဂ်င္ကူညီေပးရတာေတြ ရွိတယ္။ ထိေတြ႕လူနာက်ေတာ့ သူတို႔လမ္းၫႊန္တဲ့ ကိုဗစ္စစ္တဲ့ေနရာေတြကို ပို႔ေဆာင္ေပးရတာေပါ့။ အဲဒီကေနမွ Positive ဆိုရင္လည္း စစ္တဲ့ေနရာကေနမွ သူတို႔စီစဥ္ထားတဲ့ေဆး႐ုံကို ပို႔ေပးရတယ္။ တခ်ိဳ႕ၫႊန္ၾကားတဲ့ေဆး႐ုံက ျပည့္ေနၿပီဆိုရင္ အိမ္မွာပဲ သူတို႔ကို Home Quarantine ထားေပးရတယ္။ အကယ္၍ Negative ဆိုရင္ေတာ့ အိမ္တခါတည္း ပို႔ေပးရတာေပါ့။ ေနရာထိုင္ခင္းကေတာ့ ေလာေလာဆယ္ မလုံေလာက္ပါဘူး။ တခ်ိဳ႕ Positive လူနာေတာင္မွ ကိုယ့္အိမ္မွာပဲ Home Quarantine ျပန္ေနရတာရွိတယ္။"

အတည္ျပဳလူနာ တိုးလာေနေပမဲ့ ကပ္ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး စည္းမ်ဥ္းေတြကိုေတာ့ လိုက္နာမႈအားနည္းေနတယ္လို႔လည္း သူကဆက္ေျပာပါတယ္။

"ကိုဗစ္စစ္တဲ့ေနရာေတြ လိုက္ပို႔တဲ့အခါမွာ တခ်ိဳ႕လူေတြက အေၾကာက္တရားမရွိၾကဘူး ဆိုတာက က်ေနာ္တို႔ ေတြ႕ခဲ့ရတဲ့အေျခအေနေလး ေျပာျပမယ္။ စစ္တဲ့ေနရာတခုမွာဆိုရင္ ႐ုပ္ရွင္လက္မွတ္ တန္းစီၿပီးဝယ္ေနသလို၊ တဦးနဲ႔တဦး တင္နဲ႔ရင္နဲ႔ ထိၿပီးေတာ့ ေတြ႕ေနရတာေတြ က်ေနာ္ေတာ္ေတာ္ႀကီး စိတ္မေကာင္းျဖစ္ခဲ့တယ္။ ဒါက ဘာေၾကာင့္လဲဆိုရင္ အဲဒီစစ္တဲ့ေနရာက Guideline မေပးဘူး။ တဦးနဲ႔ တဦး အကြာအေဝးဘယ္ေလာက္ေနပါဆိုတာ မရွိဘူး။ ကိုဗစ္စစ္တဲ့လူေတြက အဲလိုႁပြတ္သိပ္ေနေတာ့ က်ေနာ္တို႔အေနနဲ႔ ပိုၿပီးေတာ့စိုးရိမ္တာေပါ့။ က်ေနာ္တို႔ေတြေတာင္မွ ကားေပၚကေန ေအာက္ကို သိပ္မဆင္းရဲဘူး။ လန႔္ေတာင္လန႔္တယ္။"

ဒီေန႔ကစၿပီး ပဲခူးတိုင္းမွာရွိတဲ့ သာယာဝတီနဲ႔ မင္းလွၿမိဳ႕နယ္တို႔ကိုလည္း Stay at Home သတ္မွတ္လိုက္ပါတယ္။ အခုရက္ပိုင္းထဲ အတည္ျပဳလူနာ ဦးေရအမ်ားဆုံးရွိေနတဲ့ ပဲခူးတိုင္းမွာ တပတ္တာအတြင္း လူဦးေရ ၁,၆၃၃ ဦးအထိ ကူးစက္ခံထားရၿပီး၊ ေသဆုံးသူ ၈ ဦး ရွိခဲ့ပါတယ္။ အဲဒီထဲက မင္းလွၿမိဳ႕နယ္မွာေတာ့ အတည္ျပဳလူနာဟာ ရက္သတၱပတ္ထဲ ၁၇၁ ဦးအထိ ရွိခဲ့ပါတယ္။

မင္းလွၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ကယ္ဆယ္ေရးပရဟိတ အဖြဲ႕ေတြ ပူးေပါင္းၿပီး ၿမိဳ႕နယ္၊ ေက်း႐ြာ၊ ရပ္ကြက္အလိုက္ အဖြဲ႕ခြဲ ေဆာင္႐ြက္ေပးေနတာပါ။ ေဒသတြင္း ကူးစက္သူဦးေရ ထပ္ၿပီးတိုးမလာေစဖို႔ ေဆာင္႐ြက္တဲ့ေနရာမွာ လိုအပ္ခ်က္ေတြရွိေနတယ္လို႔ စိန္ကန႔္လန႔္လူမႈ ကယ္ဆယ္ေရးအသင္း တာဝန္ရွိသူတဦးက ဗြီအိုေအကိုေျပာပါတယ္။

"က်ေနာ္တို႔ဆီမွာ ေလာေလာဆယ္ေတာ့ ေအာက္ဆီဂ်င္ျပတ္လတ္တဲ့ လူနာေတြမရွိေသးဘူး။ ဒါေပမဲ့ ေရွ႕မွာျဖစ္ခဲ့တဲ့ လက္ပံတန္းအေတြ႕အႀကဳံအရ အဲလိုျဖစ္လာမွာစိုးလို႔ က်ေနာ္တို႔က ေအာက္ဆီဂ်င္ကို ႀကိဳစုတဲ့သေဘာပဲ။ ကယ္ဆယ္ေရးပစၥည္းဆိုတာက PPE မေလာက္ငတာတို႔ေပါ့၊ အသင္းက လက္က်န္နဲ႔လုပ္ရတာတို႔။ အခုက ျဖစ္တဲ့လူဦးေရက မ်ားေနေတာ့ မေလာက္ငဘူးေပါ့။ အဲေတာ့ ပတ္ဝန္းက်င္ကလႉတာနဲ႔ပဲ က်ေနာ္တို႔ေတြ ရပ္တည္ေနရတာေပါ့။ ကူးတဲ့ႏႈန္းက ျမန္လည္းျမန္တယ္၊ ၿပီးေတာ့ Contact ေတြက မ်ားလည္းမ်ားေတာ့ တ႐ြာနဲ႔တ႐ြာကို Contact ျဖစ္မွာစိုးလို႔ ေပါင္းမသယ္ဘူး။ အဲေတာ့ တဦးခ်င္းသယ္တဲ့အခါက်ေတာ့ PPE ကုန္က်တာမ်ားတာေပါ့။ အဲအတြက္ကို PPE လိုတယ္ေပါ့။ ေအာက္ဆီဂ်င္ကေတာ့ ေက်း႐ြာေတြ၊ ၿမိဳ႕နယ္ေတြမွာ လိုက္ၿပီးအလႉခံတဲ့အတြက္ ေအာက္ဆီဂ်င္ကေတာ့ ျပည့္မယ္လို႔ထင္တာပဲ။ ေလာေလာဆယ္လိုအပ္ခ်က္ကေတာ့ အဓိက ကယ္ဆယ္ေရးပစၥည္းပဲ။"

ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း၊ ပဲခူးတိုင္းနဲ႔ ရွမ္းျပည္နယ္ အပါအဝင္ မႏၲေလးတိုင္းတို႔မွာရွိတဲ့ ၿမိဳ႕နယ္ ၂၀ ကို ေရာဂါကူးစက္မႈအေျခအေနေၾကာင့္ မလိုအပ္ရင္ အျပင္မထြက္ဖို႔ Stay at Home သတ္မွတ္ထားတာပါ။ ႏိုင္ငံတြင္း ကပ္ေရာဂါကူးစက္ခံရသူ တိုးလာတဲ့အထဲ ကာကြယ္ေဆးထိုးထားၿပီးသူေတြလည္း ပါဝင္ေနပါတယ္။ ကာကြယ္ေဆးေတြ ထပ္ၿပီးရရွိဖို႔အတြက္ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ကေန မွာယူထားတယ္လို႔ သိရၿပီး ဇူလိုင္လအတြင္း ကိုဗစ္ကာကြယ္ေဆးေတြ ျမန္မာႏိုင္ငံကိုေရာက္ရွိမယ္လို႔ စစ္ေကာင္စီပိုင္ သတင္းမီဒီယာကေနတဆင့္ ေဖာ္ျပထားပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇူလိုင္လ ၁ရက္၊ ည ၈နာရီ ထုတ္ျပန္ထားတဲ့စာရင္းအရ ျပည္တြင္းမွာ ဓာတ္ခြဲအတည္ျပဳလူနာသစ္ ၂,၀၇၀ ဦး ရွိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)
ဒေသတွင်း ကပ်ရောဂါကူးစက်သူ တိုးလာနေလို့ ဒီနေ့ ဇူလိုင် ၂ရက်ကစပြီး မန္တလေးက မြို့နယ် ၇ခုနဲ့ ပဲခူးတိုင်းထဲက မြို့နယ် ၂ခုကို Stay at Home သတ်မှတ်လိုက်တဲ့အတွက် Stay at Home သတ်မှတ်လိုက်တဲ့ မြို့နယ်ပေါင်း ၂၀ ရှိသွားပါပြီ။ နေအိမ်တွေထဲမှာနေဖို့ ကန့်သတ်လိုက်တဲ့ မြို့နယ်တွေရဲ့ ကပ်ရောဂါကူးစက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မစုမြတ်မွန် ပြောပြမှာပါ။

ဇူလိုင်လ ၂ ရက်နေ့ကစပြီး မန္တလေးတိုင်းထဲက ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေနဲ့ အောင်မြေသာဇံ အပါအဝင် ပုသိမ်ကြီး၊ အမရပူရ မြို့နယ်တို့ကို Stay at Home သတ်မှတ်လိုက်ပါတယ်။ မန္တလေးမှာ တပတ်တာကာလအတွင်း ဓာတ်ခွဲအတည်ပြုလူနာ ၇၅၂ ဦးနဲ့ ကိုဗစ်ကြောင့်သေဆုံးသူ ၁၀ ဦး ရှိခဲ့ပြီး အဲဒီထဲက တပတ်တာအတွင်း အတည်ပြုလူနာ ၈၅ ဦးရှိထားတဲ့ အောင်မြေသာဇံမြို့နယ်မှာတော့ လူနာတွေကိုသီးသန့်ထားဖို့ နေရာအခက်အခဲရှိနေတယ်လို့ ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်ကူညီနေတဲ့ ဓါတ်ပေါင်းစုလူမှု ကူညီရေးအသင်း ဥက္ကဋ္ဌက ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ အောင်မြေသာဇံမြို့နယ်မှာဆိုရင် ကိုဗစ်သံသယလူနာတွေကို တိုင်းရင်းဆေးတက္ကသိုလ်၊ သံဃာ့ဆေးရုံတွေမှာ ပို့ပေးရတာပေါ့။ ကိုဗစ်လူနာတွေရဲ့ အဓိကလိုအပ်ချက်ကတော့ လောလောဆယ် ကျနော်တို့အသင်းကနေပြီးတော့ အောက်ဆီဂျင်ကူညီပေးရတာတွေ ရှိတယ်။ ထိတွေ့လူနာကျတော့ သူတို့လမ်းညွှန်တဲ့ ကိုဗစ်စစ်တဲ့နေရာတွေကို ပို့ဆောင်ပေးရတာပေါ့။ အဲဒီကနေမှ Positive ဆိုရင်လည်း စစ်တဲ့နေရာကနေမှ သူတို့စီစဉ်ထားတဲ့ဆေးရုံကို ပို့ပေးရတယ်။ တချို့ညွှန်ကြားတဲ့ဆေးရုံက ပြည့်နေပြီဆိုရင် အိမ်မှာပဲ သူတို့ကို Home Quarantine ထားပေးရတယ်။ အကယ်၍ Negative ဆိုရင်တော့ အိမ်တခါတည်း ပို့ပေးရတာပေါ့။ နေရာထိုင်ခင်းကတော့ လောလောဆယ် မလုံလောက်ပါဘူး။ တချို့ Positive လူနာတောင်မှ ကိုယ့်အိမ်မှာပဲ Home Quarantine ပြန်နေရတာရှိတယ်။"

အတည်ပြုလူနာ တိုးလာနေပေမဲ့ ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်းတွေကိုတော့ လိုက်နာမှုအားနည်းနေတယ်လို့လည်း သူကဆက်ပြောပါတယ်။

"ကိုဗစ်စစ်တဲ့နေရာတွေ လိုက်ပို့တဲ့အခါမှာ တချို့လူတွေက အကြောက်တရားမရှိကြဘူး ဆိုတာက ကျနော်တို့ တွေ့ခဲ့ရတဲ့အခြေအနေလေး ပြောပြမယ်။ စစ်တဲ့နေရာတခုမှာဆိုရင် ရုပ်ရှင်လက်မှတ် တန်းစီပြီးဝယ်နေသလို၊ တဦးနဲ့တဦး တင်နဲ့ရင်နဲ့ ထိပြီးတော့ တွေ့နေရတာတွေ ကျနော်တော်တော်ကြီး စိတ်မကောင်းဖြစ်ခဲ့တယ်။ ဒါက ဘာကြောင့်လဲဆိုရင် အဲဒီစစ်တဲ့နေရာက Guideline မပေးဘူး။ တဦးနဲ့ တဦး အကွာအဝေးဘယ်လောက်နေပါဆိုတာ မရှိဘူး။ ကိုဗစ်စစ်တဲ့လူတွေက အဲလိုပြွတ်သိပ်နေတော့ ကျနော်တို့အနေနဲ့ ပိုပြီးတော့စိုးရိမ်တာပေါ့။ ကျနော်တို့တွေတောင်မှ ကားပေါ်ကနေ အောက်ကို သိပ်မဆင်းရဲဘူး။ လန့်တောင်လန့်တယ်။"

ဒီနေ့ကစပြီး ပဲခူးတိုင်းမှာရှိတဲ့ သာယာဝတီနဲ့ မင်းလှမြို့နယ်တို့ကိုလည်း Stay at Home သတ်မှတ်လိုက်ပါတယ်။ အခုရက်ပိုင်းထဲ အတည်ပြုလူနာ ဦးရေအများဆုံးရှိနေတဲ့ ပဲခူးတိုင်းမှာ တပတ်တာအတွင်း လူဦးရေ ၁,၆၃၃ ဦးအထိ ကူးစက်ခံထားရပြီး၊ သေဆုံးသူ ၈ ဦး ရှိခဲ့ပါတယ်။ အဲဒီထဲက မင်းလှမြို့နယ်မှာတော့ အတည်ပြုလူနာဟာ ရက်သတ္တပတ်ထဲ ၁၇၁ ဦးအထိ ရှိခဲ့ပါတယ်။

မင်းလှမြို့နယ်အတွင်းမှာရှိတဲ့ ကယ်ဆယ်ရေးပရဟိတ အဖွဲ့တွေ ပူးပေါင်းပြီး မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အလိုက် အဖွဲ့ခွဲ ဆောင်ရွက်ပေးနေတာပါ။ ဒေသတွင်း ကူးစက်သူဦးရေ ထပ်ပြီးတိုးမလာစေဖို့ ဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တွေရှိနေတယ်လို့ စိန်ကန့်လန့်လူမှု ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ဆီမှာ လောလောဆယ်တော့ အောက်ဆီဂျင်ပြတ်လတ်တဲ့ လူနာတွေမရှိသေးဘူး။ ဒါပေမဲ့ ရှေ့မှာဖြစ်ခဲ့တဲ့ လက်ပံတန်းအတွေ့အကြုံအရ အဲလိုဖြစ်လာမှာစိုးလို့ ကျနော်တို့က အောက်ဆီဂျင်ကို ကြိုစုတဲ့သဘောပဲ။ ကယ်ဆယ်ရေးပစ္စည်းဆိုတာက PPE မလောက်ငတာတို့ပေါ့၊ အသင်းက လက်ကျန်နဲ့လုပ်ရတာတို့။ အခုက ဖြစ်တဲ့လူဦးရေက များနေတော့ မလောက်ငဘူးပေါ့။ အဲတော့ ပတ်ဝန်းကျင်ကလှူတာနဲ့ပဲ ကျနော်တို့တွေ ရပ်တည်နေရတာပေါ့။ ကူးတဲ့နှုန်းက မြန်လည်းမြန်တယ်၊ ပြီးတော့ Contact တွေက များလည်းများတော့ တရွာနဲ့တရွာကို Contact ဖြစ်မှာစိုးလို့ ပေါင်းမသယ်ဘူး။ အဲတော့ တဦးချင်းသယ်တဲ့အခါကျတော့ PPE ကုန်ကျတာများတာပေါ့။ အဲအတွက်ကို PPE လိုတယ်ပေါ့။ အောက်ဆီဂျင်ကတော့ ကျေးရွာတွေ၊ မြို့နယ်တွေမှာ လိုက်ပြီးအလှူခံတဲ့အတွက် အောက်ဆီဂျင်ကတော့ ပြည့်မယ်လို့ထင်တာပဲ။ လောလောဆယ်လိုအပ်ချက်ကတော့ အဓိက ကယ်ဆယ်ရေးပစ္စည်းပဲ။"

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ် အပါအဝင် မန္တလေးတိုင်းတို့မှာရှိတဲ့ မြို့နယ် ၂၀ ကို ရောဂါကူးစက်မှုအခြေအနေကြောင့် မလိုအပ်ရင် အပြင်မထွက်ဖို့ Stay at Home သတ်မှတ်ထားတာပါ။ နိုင်ငံတွင်း ကပ်ရောဂါကူးစက်ခံရသူ တိုးလာတဲ့အထဲ ကာကွယ်ဆေးထိုးထားပြီးသူတွေလည်း ပါဝင်နေပါတယ်။ ကာကွယ်ဆေးတွေ ထပ်ပြီးရရှိဖို့အတွက် ရုရှားနဲ့ တရုတ်နိုင်ငံတို့ကနေ မှာယူထားတယ်လို့ သိရပြီး ဇူလိုင်လအတွင်း ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကိုရောက်ရှိမယ်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာကနေတဆင့် ဖော်ပြထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၁ရက်၊ ည ၈နာရီ ထုတ်ပြန်ထားတဲ့စာရင်းအရ ပြည်တွင်းမှာ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂,၀၇၀ ဦး ရှိထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG