သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မပေါ့ဆသင့်တဲ့ ရခိုင် ကိုဗစ်အခြေအနေ


စစ်တွေမြို့က ငွေထုတ်စက်ရှေ့ တန်းစီနေသူများ။
စစ်တွေမြို့က ငွေထုတ်စက်ရှေ့ တန်းစီနေသူများ။
တိုက်ရိုက် လင့်ခ်


[ Zawgyi ]

ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေ တိုးနေတဲ့ ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေနဲ့ ဘဏ်တွေမှာပါ ကူးစက်သူတွေရှိနေပါတယ်။ ကိုဗစ်ကြောင့် သေဆုံးသူတွေ ရှိနေပေမဲ့လဲ ရခိုင်ပြည်နယ်အတွင်း ပြည်သူလူထုကြား နှာခေါင်းစည်း အကာကွယ် မတပ်တာလို ကိုဗစ်စည်းကမ်းချက်တွေကို သိပ်ပြီး အလေးထားကြသေး ပါဘူး။ အာဏာပိုင်တွေဖက်ကတော့ ကိုဗစ်-၁၉ ကူးစက်ခံမှုနဲ့ ပတ်သတ်ပြီး ဆိုးဆိုးရွားရွားမဖြစ်လာဖို့စောင့်ကြည့်နေ တယ်လို့ပြောပါတယ်။ ရခိုင်ပြည်နယ်ကလာတဲ့ သတင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါမယ်။

ကိုဗစ်အတည်ပြုလူနာတိုးနေတဲ့ ရခိုင်ပြည်နယ်ထဲက သံတွဲ တောင်ကုတ် မောင်တောနဲ့ စစ်တွေမြို့နယ်တွေမှာ ကပ်ရောဂါ ကူးစက်သူတွေ ရှိနေပါတယ်။ ဇွန်လ ၂၈ ရက် တနင်္လာနေ့ မနက်ပိုင်းမှာလည်း စစ်တွေဆေးရုံမှာ ပိုးတွေ့လူနာတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ပြည်နယ်ကုသရေးဦးစီးဌာနမှူးး ဒေါက်တာ ကြည်လွင် ကပြောပါတယ်။

“လူနာက အသက် ၃၅နှစ်ရှိတဲ့ အမျိုးသမီးပါ။ သူက နဂိုကတည်းက ဆီးချို ရောဂါရှိပါတယ်။ မနေ့ကလာတော့ သူက အသက်ရှူလို့ မဝဖြစ်လာတယ်။ အာဆီဂျင်တွေ ကျလာလို့ ကျနော်တို့ စစ်လိုက်တော့ ပိုးတွေ့တယ် ဒီနေ့မနက်မှာတော့ ဆုံးသွားပါပြီ။”

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးခံရသူအများဆုံးဟာ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်က ပြန်လာတဲ့ ကုန်သည်တွေဖြစ်ပြီး စစ်တွေမြို့မှာ အများဆုံး ကူးစက်ခံနေရတာလည်းဖြစ်တယ်လို့လည်း ဒေါက်တာ ကြည်လွင်က ပြောပါတယ်။

“ ရခိုင်ပြည်နယ်မှာ ဒီနေ့အထိ ပိုးတွေ့တဲ့ လူနာ ၁၁၉ဦးရှိပါတယ်။ အများဆုံးကတော့ စစ်တွေ မှာ ဖြစ်ပါတယ်။ ကျန်တာတွေ ကတော့ သံတွဲ မောင်တော တောင်ကုတ်မှာ ဖြစ်ပါတယ်။ စစ်တွေမှာ လူ ၈၀တွေ့ပါတယ်။ အဲဒီထဲမှာ ၇၅ယောက်က ဒီနယ်စပ်ကုန် သွယ်ရေးကနေ လာတဲ့ လှေသမား သင်္ဘောသား တွေမှာ တွေ့တာဖြစ်ပါတယ်။ မောင်တောမှာတော့ ခိုးဝင်တဲ့ သူတွေမှာ တွေ့တာရှိတယ် နောက် ဒေသခံတွေမှာ တွေ့တာလည်းရှိပါတယ်။ တောင်ကုတ်နဲ့ သံတွဲမှာ တွေ့တာကတော့ ဒေသခံတွေ ဖြစ်ပါတယ်။”

ဇွန်လ ၁၅ရက်နေ့ကလည်း သံတွဲမြို့နယ် ငပလီမြို့ ဂျိတ်တော ကျေးရွာအတွင်းက စာသင်ကျောင်းတစ်ခုမှာ ကျောင်းဆရာမတစ်ဦး ကိုဗစ်ကူးစက်ခဲ့သလို ဇွန်လ ၁၇ ရက်နေ့ကလည်း မောင်တောမြို့ မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ရောဂါပိုးစစ်ဆေးတေ့ွရှိခဲ့ပါတယ်။

အခုလို ပြည်တွင်းကူးစက်မှုတွေ ရှိလာပေမယ့်လည်း ရခိုင်ပြည်နယ်အတွင်းက ဘဏ်တွေ ကျောင်းတွေ နဲ့ အလုပ်ရုံတွေကို ပိတ်ဖို့အထိ မလိုအပ်သေးဘူးလို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီ ပြောခွင့်ရ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦလှသိန်းကပြောပါတယ်။

“ လောလောဆယ်တော့ မလိုသေးပါဘူး တကယ်လို့ လိုလာရင် ပိတ်ဖို့က သူ့ဒေသ အာဏာ ပိုင်ပေါ့ ကျနော်တို့ ပြောမယ်ဆိုရင် ရခိုင်ပြည်နယ် စီမံအုအ်ချုပ်မှု ကောင်စီမှာ ပိတ်ဖို့ လုပ်ပိုင်ခွင့်ရှိပါတယ်။ ကျနော်တို့ဟာ ပိတ်ဖို့ မပိတ်ဖို့ ဆိုတာကို အခြေခံအားဖြင့် ပိတ်သင့်ပြီလား ပိတ်ဖို့ လိုပြီလားဆိုတာ အမြဲတမ်း စောင့်ကြည့်နေပါတယ်။ အမြဲတမ်း စောင့်ကြည့်နေတယ်လို့ ပြောလိုပါတယ်။ အကုန်ကြောက်ပြီးတော့ lockdon သာချလိုက်ရင် အကုန်လုံးအခက်အခဲ ဖြစ်သွားနိုင်တဲ့ဘ အတွက် ကျနော်တို့သည် အလုပ်ရုံတွေ အလုပ်ဌာနတွေ ကျောင်းတွေမှာ ဆိုးဆိုးရွာရွာ မဖြစ်လာဖို့ အတွက် စည်းနဲ့ ကမ်းနဲ့ ဖြစ်အောင် ပြည်နယ် ကောင်စီကော ပြည်နယ် ကိုဗစ်-၁၉ ထိမ်းချုပ်ရေး ကာကွယ် တုံ့ပြန်ရေးအဖွဲ့အနေနဲ့ မျက်ခြည်မပြတ် သတိရှိရှိ ဆောင်ရွက်နေ တယ်လို့ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ ဒီကနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၁၀၀ ကျော်ရှိတယ်လို့ ပြည်နယ် ကျန်းမာရေးတာဝန်ရှိသူကပြောပါတယ်။ ဒါပေမဲ့လည်း ပြည်သူ လူထုကြား ပုံမှန်သွားလာလှုပ်ရှားနေကြတာကို တွေ့ရသလို ကျောင်းတွေ ဘဏ်တွေနဲ့ ဈေး တွေမှာလည်း လူတော်တော်များများက နှာခေါင်းစည်း မတပ်တာကို တွေ့ရသလို ကိုဗစ်စည်းကမ်းတင်းကြပ် ထားတာမျိုးလည်း မတွေ့ရသေးပါဘူး။ တယောက်နဲ့တယောက် ခပ်ခွာခွာ နေရမယ့် စည်းကမ်းတွေကိုလည်း အများစုက မလိုက်နာတာ မတွေ့ရပါဘူး။

[ Unicode ]











XS
SM
MD
LG