သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်တတိယလှိုင်း မပြင်းထန်ဖို့ ကာကွယ်ရေး


မွမ်ဘိုင်းမှာ ဒေသခံတွေကို COVID-19 ကူးစက်မှုရှိမရှိ စစ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (သြဂုတ် ၇၊ ၂၀၂၀)
မွမ်ဘိုင်းမှာ ဒေသခံတွေကို COVID-19 ကူးစက်မှုရှိမရှိ စစ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (သြဂုတ် ၇၊ ၂၀၂၀)
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ကိုဗစ်-19 တတိယလှိုင်း စတက်လာနေချိန်မှာ၊ ပြင်းထန်တဲ့ လှိုင်းတစ်ခု ဖြစ်မလာရေး ပြည်သူတွေပါ ဝိုင်းကာကွယ်ကြဖို့ အရေးကြီးနေပြီလို့၊ ကျန်းမာရေးတာဝန်ရှိသူတွေက အထူးသတိပေးလိုက်ပါတယ်။

အခု တတိယလှိုင်းက မြို့နယ်အတော်များများကို ပိုးတွေမူနှုန်း မြင့်မားစွာ အရှိန်အဟုန်နဲ့စတင်ရိုက်ခတ်လာတာကြောင့်၊ အထူးသတိထားပြီး Mask (ပါးစပ်နဲ့နှာခေါင်းစည်း) မဖြစ်မနေ တပ်ထားတာအပါအဝင်၊ ကာကွယ်ရေးစည်းကမ်းတွေကို အားလုံးက တိတိကျကျ ပိုလိုက်နာကြဖို့ လိုနေပါပြီ။ Mask တပ်ထားခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်တာနဲ့ သူတပါးကိုလည်း ကာကွယ်ပေးကာ၊ ဒီရောဂါကွင်းဆက်ကိုပါ ကူညီဖြတ်တောက်ပေးနိုင်ပါတယ်။ အကြောင်းက၊ ကိုဗစ် နောက်ဆုံးတွေ့ရှိချက်တွေအရ၊ Mask ကနေ ကာကွယ်ပေးနိုင်တဲ့ လေကတဆင့် (အသက်ရူလမ်းကြောင်းက) ကူးစက်တာက၊ လက်ကနေ ကူးစက်တာထက်၊ အဆပေါင်းများစွာ မြင့်မားမြန်ဆန်လွန်းနေလို့ပါ။

ဒါကြောင့် အရင်ထက် ကူးစက်မူမြန်လွန်းတဲ့ အိန္ဒိယက ဗီဇပြောင်းမျိုးကွဲသစ် နိုင်ငံထဲရောက်လာချိန်မှာ၊ အပြင်ထွက်ချိန်၊ လူစုလူဝေးထဲ မဖြစ်မနေရောက်ရချိန်နဲ့ အလုံပိတ်အခန်းထဲ သွားရချိန်တွေမှာ မဖြစ်မနေတပ်ဖို့ လိုသွားပါပြီ။ ဖြစ်နိုင်လျှင်တော့၊ လူစုလူဝေးနဲ့ အလုံပိတ်အခန်းတွေကို ရှောင်ကျဉ်သင့်ပါပြီ။ တချိန်ထဲမှာ လက်ဆေးတာနဲ့ ခပ်ခွာခွာနေတာပါ တွဲလုပ်သင့်ပါတယ်။

တကယ်တော့ ဒီ Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေဖို့က အားလုံးသိထားကြပြီးပေမယ့် လိုက်နာမူကတော့ အားနည်းနေပါသေးတယ်။ အခု အဖြစ်များလာနေတဲ့ Stay at Home (အိမ်မှာနေဖို့) သတ်မှတ်ထားတဲ့ မြို.တွေမှာ၊ ပိုးကူးစက်မူများလာတာနဲ့ သေဆုံးမူမြန်ဆန်တာကို မျက်မြင်တွေ့နေရတာအပြင်၊ စည်းကမ်းကြပ်မတ်မူလည်း ရှိလာတာကြောင့်၊ လိုက်နာမူ များလာပေမယ့်၊ အဖြစ်မများသေးတဲ့ ဒေသတွေမှာတော့၊ ကိုယ့်ဆီမှာမဖြစ်နိုင်ဘူး မှားယွင်းယူဆကာ လိုက်နာမူလည်း အားနည်းနေပါသေးတယ်။ ဒါ့အပြင် ဒီဒေသကလူတချို့အနေနဲ့၊ အခုနောက်ဆုံးဝင်လာတဲ့ အိန္ဒိယက ကိုဗစ်-19 ပိုးမျိုးကွဲသစ် (Delta) ရဲ့ အလွန်ကူးစက်မူနဲ့သေဆုံးမူ မြန်လွန်းစေတာကို၊ လက်တွေ့မျက်မြင် မတွေ့သေးတာကြောင့်လည်း၊ အခုလို ပေါ့လျော့နေနိုင်ပါတယ်။

တကယ်တော့ အခု Delta မျိုးကွဲသစ်က၊ အရင် ဒုတိယလှိုင်းမှာ ကူးစက်မူနဲ့သေဆုံးမူတွေ အများအပြား မြန်မြန်ဆန်ဆန် ဖြစ်သွားစေခဲ့တဲ့၊ ရခိုင်ကတဆင့်ဝင်လာတဲ့ မျိုးကွဲတွေထက်၊ အများကြီးပိုပြင်းထန်ခဲ့တာကို တွေ့ရှိထားပြီး၊ အိမ်နီးချင်း အိန္ဒိယမှာဆိုလည်း၊ ယူကြုံးမရ အတုံးအရုံးကို လက်တွေ့ကြုံခဲ့ရပြီးပါပြီ။ အခုလိုအခြေအနေမှာ Mask ရှားပါး၊ ဝယ်မရနိုင်တဲ့ဒေသတွေကိုလည်း၊ ဝိုင်းဝန်းပံ့ပိုးကူညီပို့ပေးဖို့ လိုနေပြီး၊ ဒေသအသီးသီးက ပြည်သူတွေအချင်းချင်းလည်း Mask တပ်ဖို့ အသိပေး သတိပေး၊ မရှိသူကိုလည်း ကူညီပေးဖို့၊ အထူးအရေးကြီးလာနေပါပြီ။

ဒါ့အပြင် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအတွေ့အကြုံအရ ကူးစက်မူအဓိက ဖြစ်စေခဲ့တဲ့ နေရာတွေကို အဓိကပစ်မှတ်ထားပြီး၊ ကာကွယ်ရေး ပညာပေးမူနဲ့အတူ ကြပ်မတ်မူတွေပါ ပိုလုပ်ဖို့ လိုအပ်လာနေပါတယ်။ ပထမလှိုင်းမှာတုန်းက ဘာသာရေးအခမ်းအနားက အဓိကဖြစ်ခဲ့သလို၊ ဒုတိယလှိုင်းမှာလည်း အများသွားလာတဲ့ ဘဏ်နဲ့ဈေးတွေကနေတဆင့် ဖြစ်ခဲ့တာမို့၊ ဒီနေရာတွေအပြင် နောက်ဆက်ဖြစ်လာစေနိုင်တဲ့ လူအများစုရုံးရာ ကျောင်းတွေ၊ ရုံးတွေ၊ စတာတွေမှာပါ အထူးပညာပေးတာ၊ အချင်းချင်း အသိပေး သတိပေးတာနဲ့ စည်းကမ်းတင်းကြပ်တာတွေပါ ပိုလုပ်ပေးဖို့ အရေးကြီးလာနေပါတယ်။ ဒီနေရာမှာ မိမိတစ်ဦးချင်းထက်၊ အများအတွက်ပါ ထည့်စဉ်းစားပေးရမယ့် အချိန်ကို ရောက်လာနေပါပြီ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ အခုအရှိန်နဲ့ ပို့တွေ့တာတက်လာစေတဲ့၊ အိန္ဒိယက ကိုဗစ်ပိုးမျိုးကွဲသစ်က၊ အရင်ထက် အလျှင်အမြန် ပိုအများကြီးကို ကူးစက်လွန်းစေတာအပြင်၊ ဆေးရုံရောက်သူနဲ့ ICU (အထူးကြပ်မတ်ကုသဆောင်) ရောက်ရသူကိုပါ ပိုများစေပြီး၊ သေဆုံးမူလည်း အများကြီး ပိုဖြစ်စေတာ တွေ့ရှိထားပြီးပြီမို့၊ သတိကြီးကြီးထားပြီး ပိုအထူးကာကွယ်ကြဖို့ အထူးအရေးကြီးနေပါပြီ။ သို့မှသာ အခု တတိယလှိုင်း အရှိန်အဟုန် မကြီးမားလာမှာ ဖြစ်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရနဲ့၊ အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနမွာ လေ့လာသင်ကြားခဲ့တဲ့၊ ကူးစက်ရောဂါဗေဒကျွမ်းကျင်သူ ဒေါက်တာသန်းနိုင်စိုးကို ဆက်သွယ်မေးထားပါတယ်။

== Unicode ===








XS
SM
MD
LG