သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကူးစက္ျမန္ ကုိဗစ္အႏၱရာယ္ သတိထားဖုိ႔ ျမန္မာက်န္းမာေရးပညာရွင္ေတြ သတိေပး


စစ္အာဏာမသိမ္းမီက မႏၱေလးၿမိဳ႕ ဧရာဝတီ ကုိဗစ္စင္တာမွာ ကိုဗစ္လူနာေတြကို ကုသပေးေနတဲ့ျမင္ကြင္း။ (ဒီဇင္ဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

ကူးစက္ျမန္ ဗုိင္းရပ္စ္မ်ဳိးကဲြသစ္ေတြကုိ ေတြ႔ရွိထားၿပီး ကုိဗစ္ကပ္ေရာဂါ တတိယလႈိင္းနဲ႔ ရင္ဆုိင္ေနရတဲ့ ျမန္မာႏုိင္ငံမွာ ကူးစက္မႈနဲ႔ ေသဆုံးမႈေတြ တုိးလာေနတဲ့အတြက္ သြားလာလႈပ္ရွားမႈေတြကုိ အထူးသတိထားဖုိ႔ က်န္းမာေရး ပညာရွင္ေတြ သတိေပးေနပါတယ္။ ကူးစက္မႈေတြ တုိးမလာေအာင္ က်န္းမာေရး တာဝန္ရွိသူေတြ ႀကိဳးပမ္းေနတဲ့ တခ်ိန္တည္းမွာပဲ အမ်ားျပည္သူၾကား ေရာဂါပုိးအႏၱရာယ္ကုိ သတိထားဖုိ႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးက တုိက္တြန္းလုိက္ပါတယ္။ ေဒါက္တာသန္းႏုိင္စုိးကုိ ကုိဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

အခု ကိုဗစ္တတိယလႈိင္း အတက္ပုိင္း ႀကဳံေနရပုံကို ကူးစက္ေရာဂါ ကၽြမ္းက်င္သူလည္းျဖစ္တဲ့ ေဒါက္တာသန္းႏုိင္စုိးက အခုလိုေျပာပါတယ္။

“ကူးစက္ေရာဂါကို ေဖာ္ျပတဲ့ Epidemic Curve မွာ သုံးပုိင္းရွိတဲ့အခ်ိန္မွာ တတိယလႈိင္းမွာ ႀကဳံေနရတဲ့အခ်ိန္က တက္ေနတဲ့အခ်ိန္ကုိ ကေ်နာ္တို႔ ႀကဳံရတာေပါ့။ တက္ေနတဲ့အခ်ိန္မွာေတာ့ အရွိန္အဟုန္ ေကာင္းေကာင္းနဲ႔ကုိ ပိုးေတြ႔ႏႈန္းေတြေရာ ျဖစ္ပြားမႈႏႈန္းေတြေရာ၊ ျဖစ္ပြားမႈႏႈန္းမ်ားရင္ ေသဆုံးမႈႏႈန္းလည္း မ်ားတာေပါ့။ ဒီဟာ တက္လာတယ္ေပါ့။ ၿပီးခဲ့တဲ့အပတ္ကေတာင္ ၁၄ ရာခုိင္ႏႈန္းေလာက္ ပုိးေတြ႔တဲ့ အေနအထားကေန အခု ၂၀ ရာခိုင္ႏႈန္း ပတ္ခ်ာလည္ေလာက္ ပိုးေတြ႔တဲ့ရာခုိင္ႏႈန္း ျမင့္မားလာတယ္။ အေရးပါတာကေတာ့ မ်ဳိး႐ုိးဗီဇေျပာင္းသြားတာ အေရးပါဆုံးကိစၥလုိ႔ ေျပာရမွာပဲ။ တဖက္ကေတာ့ ကုိဗစ္ျဖစ္ပြားမႈ ေလ်ာ့က်လာတာနဲ႔အမွ် သတိေတြ ေလ်ာ့ပါးၿပီး ကာကြယ္ေရးနည္းလမ္းေတြ လုိက္နာမႈ အားနည္းတဲ့အခ်ိန္နဲ႔ ေတြ႔လုိက္တဲ့အခ်ိန္မွာ Cluster of Case ေတြေပါ့၊ ဒီေနရာေတြကေန ထြက္လာၿပီးေတာ့ ၿမိဳ႕နယ္အလုိက္ဆိုရင္လည္း Stay At Home ၿမိဳ႕နယ္ေပါင္း ၂၆ ၿမိဳ႕နယ္အထိ ျဖစ္လာၿပီပေ့ါ။ ေတာ္ေတာ္ႀကီးကို Data တက္လာတဲ့သေဘာ ရွိတာေပါ့။”

ကိုဝင္းမင္း - အခုလို က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္လာတာက ဘယ္လုိပုံ ဘယ္လိုနည္းနဲ႔ ကူးစက္လာခဲ့လို႔လဲဆရာ။

ေဒါက္တာသန္းႏုိင္စုိး - “အဓိကေတာ့ လူစုတဲ့ေနရာေပါ့၊ ေဈးတုိ႔ ဘဏ္တုိ႔ ႐ုံးတုိ႔ အဲဒီလိုေနရာမ်ဳိးေတြမွာ Cluster အလုိက္ ျဖစ္တာေပါ့။ လူေတြရဲ႕ Population Movement ေပါ့၊ တေနရာနဲ႔ တေနရာ ကူးလူးဆက္သြယ္ၿပီး သြားတဲ့လမ္းေၾကာင္းေတြေပါ့၊ ပထမဆုံးေတြ႔ရတဲ့ တြန္းဇံၿမိဳ႕နယ္ က်ီခါးၿမိဳ႕မွာ ေတြ႔ရတဲ့ အေနအထားကေနၿပီးေတာ့ သူနဲ႔ဆက္စပ္ရာ တီးတိန္၊ ဒီဘက္ကေန ကေလး၊ ဟိုဘက္က်ေတာ့လည္း တမူးၿပီးေတာ့ လမ္းေၾကာင္းက ကေလး၊ ကေလးကေန ဒီဘက္ ဆက္ဆင္းလာတဲ့အခါ မုံရြာ၊ အဲဒီကေန မႏၱေလး၊ မႏၱေလးကေန ေနျပည္ေတာ္၊ ရန္ကုန္၊ အခ်က္အခ်ာက်တဲ့ လမ္းေၾကာင္းတေလွ်ာက္ စီးဆင္းသြားတာ ေတြ႔ရတယ္။”

ကိုဝင္းမင္း - ဒီေနရာမွာ အခုလို တက္လာတဲ့ ကုိဗစ္လႈိင္း အရွိန္ကုိ ထိန္းႏုိင္ဖို႔ အေရးအႀကီးဆုံးဆုိရင္ ဆရာ အဓိက ဘာကို ေထာက္ျပခ်င္ပါလဲ။

ေဒါက္တာသန္းႏုိင္စုိး - “အဓိကေတာ့ Stay At Home လို႔ ေၾကညာၿပီးရင္ Stay At Home မွာ လုိက္နာရမယ့္ဟာေတြကုိ အတိအက် လုိက္နာဖုိ႔ လုိတာေပါ့။ တခုရွိတာက ဒီလိုမ်ဳိး Stay At Home လို႔ ေၾကညာရင္ အဲဒီၿမိဳ႕က လူေတြ Awareness ျဖစ္သြားတယ္။ သူ႔ရဲ႕ ေဒသဆုိင္ရာ တာဝန္ရွိတဲ့သူ အားလုံးကလည္း Awareness ျဖစ္သြားတဲ့အခါ ပုိၿပီး တင္းတင္းက်ပ္က်ပ္ လုပ္လာႏုိင္သမွ် တေယာက္နဲ႔တေယာက္ ထိေတြ႔မႈ နည္းသြားတာနဲ႔အမွ် ေရာဂါကူးစက္မႈလည္း က်လာမွာေပါ့။ ဒါေၾကာင့္ အဲဒီလို မိမိအိမ္မွာသာ ေနထုိင္ျခင္းကိုသာ တင္းတင္းက်ပ္က်ပ္ ဖိၿပီးေတာ့ လုပ္လိုက္မယ္ဆုိရင္ တအိမ္နဲ႔တအိမ္၊ တမိသားစုနဲ႔ တမိသားစု ကူးစက္စရာအေၾကာင္း မရွိေတာ့ဘူး။ ျဖစ္တဲ့ေနရာမွာပဲ ရပ္သြားမယ္။ ဒီလုိ Stay At Home ေၾကညာၿပီးတဲ့အခါမွာ ေလ်ာ့့က်သြားတဲ့ ၿမိဳ႕နယ္ေတြလည္း ထုတ္ျပစရာေတာ့ ရွိလာၿပီ။”

ကုိဝင္းမင္း - ဒီေနရာမွာ ဆရာတုိ႔ဘက္ကေရာ ဘာေတြ တုိးျမႇင့္ၿပီး လုပ္ေဆာင္ေပးေနလဲ။

ေဒါက္တာသန္းႏိုင္စုိး - “ထိန္းခ်ဳပ္တဲ့အပုိင္းကေတာ့ အဓိကေတာ့ Enabling Environment ဆုိၿပီး အခု Mask ကမ္ပိန္းေတြ တႏုိင္ငံလုံးမွာ တုိးခ်ဲ႕ေဆာင္ရြက္တယ္။ ဝန္ႀကီးဌာနကလည္း ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္းကပဲ Mask ၁၂ သန္း ျဖန္႔ၿပီးသြားၿပီ။ ေနာက္ထပ္ Mask ေတြ ထပ္ၿပီးျဖန္႔ဖို႔ လုပ္ထားတယ္။ တဖက္ကလည္း Sample ဆုိလည္း ၉,၀၀၀ ေက်ာ္၊ ၉,၅၀၀ ပတ္ဝန္းက်င္ေလာက္အထိ တုိးၿပီး စစ္လာႏုိင္တယ္။ ၿပီးေတာ့ Contact Tracing တုိ႔ Quarantine တုိ႔ Quarantine စင္တာဆုိ ရန္ကုန္မွာဆိုရင္ သိသိသာသာ တုိးတက္လာတာ ျမင္ႏုိင္တယ္။ အဲဒီလုိပဲ တျခား တိုင္းေဒသႀကီး ျပည္နယ္အသီးသီးမွာလည္း ျပင္ဆင္ေနတာေတြ အမ်ားႀကီးပဲ။”

ကုိဝင္းမင္း - ေနာက္တခုက ဒုတိယလႈိင္းတုန္းကလည္း အစုလုိက္ အၿပဳံလုိက္ ေနရတဲ့ ေနရာေတြ၊ လုပ္ငန္းမ်ဳိးေတြကေန ပုိကူးစက္ခဲ့တာမို႔ ဒီတေခါက္အတြက္ေရာ အဓိက ဘာမွာခ်င္လဲ။

ေဒါက္တာသန္းႏုိင္စုိး - “လုပ္ငန္းလမ္းညႊန္ေတြ ရွိပါတယ္။ ေထာင္မွာ လုိက္နာရမယ့္ဟာေတြ၊ အခ်ဳပ္မွာ လိုက္နာရမယ့္ဟာေတြ၊ ႐ုံးေတြ၊ ေဈးေတြ၊ ေက်ာင္းေတြ၊ ခရီးသြားတဲ့အခါ ကားစီးရင္ ဘယ္လုိစီးရမယ္၊ ကုန္စည္စီးဆင္းေရးမွာ ဘယ္လုိရွိတယ္၊ စသည္ အေျခခံစည္းမ်ဥ္းေတြေပါ့၊ လုပ္ငန္းလမ္းညႊန္ေတြရွိတယ္။ ဒါေတြကို လုိက္နာတဲ့ Institution က ေသခ်ာတယ္၊ ျဖစ္ပြားခဲ့ရင္ေတာင္ အနည္းဆုံး ခံစားရမယ္။ ေနာက္တခုက ႏုိင္ငံဝန္ထမ္းေတြ၊ ေစတနာ့ဝန္ထမ္းေတြကို ကာကြယ္ေဆး ထုိးေပးတဲ့ အပုိင္းေတြလည္း ရွိပါတယ္။ အဲဒီေတာ့ ကိုယ့္ကုိယ္ကုိလည္း စၿပီး ကာကြယ္သလုိ ကိုယ့္ရဲ႕ Institution ထဲမွာလည္း ဒီလုိ ကာကြယ္တဲ့အေလ့အထေတြ လုပ္ရင္ ဒီေရာဂါ ကြင္းဆက္က ျပတ္ေတာက္သြားမွာေပါ့။”

ကိုဝင္းမင္း - ေနာက္ဆုံး ေသဆုံးမႈေတြမွာ လိုက္ၿပီး မျပင္းထန္လာဖုိ႔ ဘာေတြျပင္ထားလဲ။

ေဒါက္တာသန္းႏုိင္စုိး - “ကုသေရးအပုိင္းကေတာ့ အေရးအႀကီးဆုံးကေတာ့ ေအာက္စီဂ်င္ကိုေတာ့ က်ေနာ္တိို႔ ေတာ္ေတာ္ႀကီးကို ႀကိဳးစားပမ္းစားနဲ႔ ေဆာင္ရြက္လ်က္ရွိတယ္။ ေနာက္တခုက လူနာခုတင္ေတြေပါ့၊ လိုအပ္ရင္ စင္တာႀကီးေတြ ျပန္ၿပီးေတာ့ ႀကိဳးပမ္းတာမ်ဳိးေပါ့ ေနာက္တခုက ေဆး႐ုံေတြမွာလည္း သြားၿပီးေတာ့ ၿပံဳေနတာမ်ဳိး မျဖစ္ေအာင္ ေရာဂါလကၡဏာအရ နည္းနည္း သက္ေသာင့္သက္သာရွိတဲ့ လူနာေတြဆုိ အနံ႔ေပ်ာက္စင္တာတုိ႔ ထားၿပီးတဲ့အခါ လုိအပ္လာတဲ့အခါ ေဆး႐ုံခ်က္ခ်င္း ပုိ႔ႏိုင္ေအာင္ေပါ့၊ ေဆး႐ုံမွာလည္း ICU ဘက္ေတြ၊ ေဒသအလုိက္ ျပင္ဆင္ေနတာ ရွိပါတယ္။ တေနရာနဲ႔ တေနရာေတာ့ မတူဘူးေပါ့။ ဒါေပမယ့္ Overall ၾကည့္ရင္ေတာ့ တုိးတက္မႈေတြ ရွိပါတယ္။”

ကိုဝင္းမင္း - ဟုတ္ကဲ့၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ေဒါက္တာသန္းႏုုိင္စုိးခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကူးစက်မြန် ကိုဗစ်အန္တရာယ် သတိထားဖို့ မြန်မာကျန်းမာရေးပညာရှင်တွေ သတိပေး

ကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲသစ်တွေကို တွေ့ရှိထားပြီး ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ တိုးလာနေတဲ့အတွက် သွားလာလှုပ်ရှားမှုတွေကို အထူးသတိထားဖို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေပါတယ်။ ကူးစက်မှုတွေ တိုးမလာအောင် ကျန်းမာရေး တာဝန်ရှိသူတွေ ကြိုးပမ်းနေတဲ့ တချိန်တည်းမှာပဲ အများပြည်သူကြား ရောဂါပိုးအန္တရာယ်ကို သတိထားဖို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက တိုက်တွန်းလိုက်ပါတယ်။ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အခု ကိုဗစ်တတိယလှိုင်း အတက်ပိုင်း ကြုံနေရပုံကို ကူးစက်ရောဂါ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဒေါက်တာသန်းနိုင်စိုးက အခုလိုပြောပါတယ်။

“ကူးစက်ရောဂါကို ဖော်ပြတဲ့ Epidemic Curve မှာ သုံးပိုင်းရှိတဲ့အချိန်မှာ တတိယလှိုင်းမှာ ကြုံနေရတဲ့အချိန်က တက်နေတဲ့အချိန်ကို ကျေနာ်တို့ ကြုံရတာပေါ့။ တက်နေတဲ့အချိန်မှာတော့ အရှိန်အဟုန် ကောင်းကောင်းနဲ့ကို ပိုးတွေ့နှုန်းတွေရော ဖြစ်ပွားမှုနှုန်းတွေရော၊ ဖြစ်ပွားမှုနှုန်းများရင် သေဆုံးမှုနှုန်းလည်း များတာပေါ့။ ဒီဟာ တက်လာတယ်ပေါ့။ ပြီးခဲ့တဲ့အပတ်ကတောင် ၁၄ ရာခိုင်နှုန်းလောက် ပိုးတွေ့တဲ့ အနေအထားကနေ အခု ၂၀ ရာခိုင်နှုန်း ပတ်ချာလည်လောက် ပိုးတွေ့တဲ့ရာခိုင်နှုန်း မြင့်မားလာတယ်။ အရေးပါတာကတော့ မျိုးရိုးဗီဇပြောင်းသွားတာ အရေးပါဆုံးကိစ္စလို့ ပြောရမှာပဲ။ တဖက်ကတော့ ကိုဗစ်ဖြစ်ပွားမှု လျော့ကျလာတာနဲ့အမျှ သတိတွေ လျော့ပါးပြီး ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာမှု အားနည်းတဲ့အချိန်နဲ့ တွေ့လိုက်တဲ့အချိန်မှာ Cluster of Case တွေပေါ့၊ ဒီနေရာတွေကနေ ထွက်လာပြီးတော့ မြို့နယ်အလိုက်ဆိုရင်လည်း Stay At Home မြို့နယ်ပေါင်း ၂၆ မြို့နယ်အထိ ဖြစ်လာပြီပေ့ါ။ တော်တော်ကြီးကို Data တက်လာတဲ့သဘော ရှိတာပေါ့။”

ကိုဝင်းမင်း - အခုလို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာက ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ကူးစက်လာခဲ့လို့လဲဆရာ။

ဒေါက်တာသန်းနိုင်စိုး - “အဓိကတော့ လူစုတဲ့နေရာပေါ့၊ ဈေးတို့ ဘဏ်တို့ ရုံးတို့ အဲဒီလိုနေရာမျိုးတွေမှာ Cluster အလိုက် ဖြစ်တာပေါ့။ လူတွေရဲ့ Population Movement ပေါ့၊ တနေရာနဲ့ တနေရာ ကူးလူးဆက်သွယ်ပြီး သွားတဲ့လမ်းကြောင်းတွေပေါ့၊ ပထမဆုံးတွေ့ရတဲ့ တွန်းဇံမြို့နယ် ကျီခါးမြို့မှာ တွေ့ရတဲ့ အနေအထားကနေပြီးတော့ သူနဲ့ဆက်စပ်ရာ တီးတိန်၊ ဒီဘက်ကနေ ကလေး၊ ဟိုဘက်ကျတော့လည်း တမူးပြီးတော့ လမ်းကြောင်းက ကလေး၊ ကလေးကနေ ဒီဘက် ဆက်ဆင်းလာတဲ့အခါ မုံရွာ၊ အဲဒီကနေ မန္တလေး၊ မန္တလေးကနေ နေပြည်တော်၊ ရန်ကုန်၊ အချက်အချာကျတဲ့ လမ်းကြောင်းတလျှောက် စီးဆင်းသွားတာ တွေ့ရတယ်။”

ကိုဝင်းမင်း - ဒီနေရာမှာ အခုလို တက်လာတဲ့ ကိုဗစ်လှိုင်း အရှိန်ကို ထိန်းနိုင်ဖို့ အရေးအကြီးဆုံးဆိုရင် ဆရာ အဓိက ဘာကို ထောက်ပြချင်ပါလဲ။

ဒေါက်တာသန်းနိုင်စိုး - “အဓိကတော့ Stay At Home လို့ ကြေညာပြီးရင် Stay At Home မှာ လိုက်နာရမယ့်ဟာတွေကို အတိအကျ လိုက်နာဖို့ လိုတာပေါ့။ တခုရှိတာက ဒီလိုမျိုး Stay At Home လို့ ကြေညာရင် အဲဒီမြို့က လူတွေ Awareness ဖြစ်သွားတယ်။ သူ့ရဲ့ ဒေသဆိုင်ရာ တာဝန်ရှိတဲ့သူ အားလုံးကလည်း Awareness ဖြစ်သွားတဲ့အခါ ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်လာနိုင်သမျှ တယောက်နဲ့တယောက် ထိတွေ့မှု နည်းသွားတာနဲ့အမျှ ရောဂါကူးစက်မှုလည်း ကျလာမှာပေါ့။ ဒါကြောင့် အဲဒီလို မိမိအိမ်မှာသာ နေထိုင်ခြင်းကိုသာ တင်းတင်းကျပ်ကျပ် ဖိပြီးတော့ လုပ်လိုက်မယ်ဆိုရင် တအိမ်နဲ့တအိမ်၊ တမိသားစုနဲ့ တမိသားစု ကူးစက်စရာအကြောင်း မရှိတော့ဘူး။ ဖြစ်တဲ့နေရာမှာပဲ ရပ်သွားမယ်။ ဒီလို Stay At Home ကြေညာပြီးတဲ့အခါမှာ လျော့ကျသွားတဲ့ မြို့နယ်တွေလည်း ထုတ်ပြစရာတော့ ရှိလာပြီ။”

ကိုဝင်းမင်း - ဒီနေရာမှာ ဆရာတို့ဘက်ကရော ဘာတွေ တိုးမြှင့်ပြီး လုပ်ဆောင်ပေးနေလဲ။

ဒေါက်တာသန်းနိုင်စိုး - “ထိန်းချုပ်တဲ့အပိုင်းကတော့ အဓိကတော့ Enabling Environment ဆိုပြီး အခု Mask ကမ်ပိန်းတွေ တနိုင်ငံလုံးမှာ တိုးချဲ့ဆောင်ရွက်တယ်။ ဝန်ကြီးဌာနကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ Mask ၁၂ သန်း ဖြန့်ပြီးသွားပြီ။ နောက်ထပ် Mask တွေ ထပ်ပြီးဖြန့်ဖို့ လုပ်ထားတယ်။ တဖက်ကလည်း Sample ဆိုလည်း ၉,၀၀၀ ကျော်၊ ၉,၅၀၀ ပတ်ဝန်းကျင်လောက်အထိ တိုးပြီး စစ်လာနိုင်တယ်။ ပြီးတော့ Contact Tracing တို့ Quarantine တို့ Quarantine စင်တာဆို ရန်ကုန်မှာဆိုရင် သိသိသာသာ တိုးတက်လာတာ မြင်နိုင်တယ်။ အဲဒီလိုပဲ တခြား တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှာလည်း ပြင်ဆင်နေတာတွေ အများကြီးပဲ။”

ကိုဝင်းမင်း - နောက်တခုက ဒုတိယလှိုင်းတုန်းကလည်း အစုလိုက် အပြုံလိုက် နေရတဲ့ နေရာတွေ၊ လုပ်ငန်းမျိုးတွေကနေ ပိုကူးစက်ခဲ့တာမို့ ဒီတခေါက်အတွက်ရော အဓိက ဘာမှာချင်လဲ။

ဒေါက်တာသန်းနိုင်စိုး - “လုပ်ငန်းလမ်းညွှန်တွေ ရှိပါတယ်။ ထောင်မှာ လိုက်နာရမယ့်ဟာတွေ၊ အချုပ်မှာ လိုက်နာရမယ့်ဟာတွေ၊ ရုံးတွေ၊ ဈေးတွေ၊ ကျောင်းတွေ၊ ခရီးသွားတဲ့အခါ ကားစီးရင် ဘယ်လိုစီးရမယ်၊ ကုန်စည်စီးဆင်းရေးမှာ ဘယ်လိုရှိတယ်၊ စသည် အခြေခံစည်းမျဉ်းတွေပေါ့၊ လုပ်ငန်းလမ်းညွှန်တွေရှိတယ်။ ဒါတွေကို လိုက်နာတဲ့ Institution က သေချာတယ်၊ ဖြစ်ပွားခဲ့ရင်တောင် အနည်းဆုံး ခံစားရမယ်။ နောက်တခုက နိုင်ငံဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကို ကာကွယ်ဆေး ထိုးပေးတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုလည်း စပြီး ကာကွယ်သလို ကိုယ့်ရဲ့ Institution ထဲမှာလည်း ဒီလို ကာကွယ်တဲ့အလေ့အထတွေ လုပ်ရင် ဒီရောဂါ ကွင်းဆက်က ပြတ်တောက်သွားမှာပေါ့။”

ကိုဝင်းမင်း - နောက်ဆုံး သေဆုံးမှုတွေမှာ လိုက်ပြီး မပြင်းထန်လာဖို့ ဘာတွေပြင်ထားလဲ။

ဒေါက်တာသန်းနိုင်စိုး - “ကုသရေးအပိုင်းကတော့ အရေးအကြီးဆုံးကတော့ အောက်စီဂျင်ကိုတော့ ကျနော်တို့ တော်တော်ကြီးကို ကြိုးစားပမ်းစားနဲ့ ဆောင်ရွက်လျက်ရှိတယ်။ နောက်တခုက လူနာခုတင်တွေပေါ့၊ လိုအပ်ရင် စင်တာကြီးတွေ ပြန်ပြီးတော့ ကြိုးပမ်းတာမျိုးပေါ့ နောက်တခုက ဆေးရုံတွေမှာလည်း သွားပြီးတော့ ပြုံနေတာမျိုး မဖြစ်အောင် ရောဂါလက္ခဏာအရ နည်းနည်း သက်သောင့်သက်သာရှိတဲ့ လူနာတွေဆို အနံ့ပျောက်စင်တာတို့ ထားပြီးတဲ့အခါ လိုအပ်လာတဲ့အခါ ဆေးရုံချက်ချင်း ပို့နိုင်အောင်ပေါ့၊ ဆေးရုံမှာလည်း ICU ဘက်တွေ၊ ဒေသအလိုက် ပြင်ဆင်နေတာ ရှိပါတယ်။ တနေရာနဲ့ တနေရာတော့ မတူဘူးပေါ့။ ဒါပေမယ့် Overall ကြည့်ရင်တော့ တိုးတက်မှုတွေ ရှိပါတယ်။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာသန်းနိုင်စိုးခင်ဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG