သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕နယ္ ကိုဗစ္အတည္ျပဳလူနာျမင့္တက္သလို ေသဆံုးမႈႏႈန္းမ်ားလာ


ကေလးျမိဳ့က ကိုဗစ္ကပ္ေဘးသင့္သူတဦးရဲ့ စ်ာပန (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ထဲမွာ ကိုဗစ္အတည္ျပဳလူနာအေရအတြက္ ျမင့္တက္ေနသလို ေသဆံုးသူလည္း မ်ားလာေနပါတယ္။ ကိုဗစ္ေရာဂါ ကူးသူ ဟုတ္ မဟုတ္ မစစ္ေဆးႏိုင္ခင္မွာ ေသဆံုးသူေတြလည္း အမ်ားအျပား႐ွိေနတယ္လို႔ ကပ္ေရာဂါတိုက္ဖ်က္ေရး ပရဟိတလုပ္ေနသူေတြက ေျပာပါတယ္။ ကေလးၿမိဳ႕ဘက္မွာ ျဖစ္ေနတဲ့ အေျခအေနနဲ႔ပါတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာ ေျပာျပပါမယ္။

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာ ကိုဗစ္အတည္ျပဳလူနာဦးေရဟာ ဇြန္လ ၂၂ရက္ကေန ၂၈ ရက္အထိ ၇ ရက္အတြင္း ၃၄၅ ဦး အထိရွိေနပါတယ္။ ဒါဟာ ဓာတ္ခြဲအတည္ျပဳႏိုင္တဲ့ စာရင္းျဖစ္ၿပီး၊ တကယ္တမ္း မစစ္ေဆးႏုိင္ဘဲ ေရာဂါပိုးကူးစက္ခံရသူ အေရအတြက္ဟာ ဒီထက္မကမ်ားႏိုင္တယ္လို႔ ကိုဗစ္လူနာေတြကို ကူညီေဆာင္႐ြက္ေပးသူေတြက ေျပာပါတယ္။ ကူးစက္သူအတည္ျပဳလူနာနဲ႔ ေရာဂါသံသယရွိသူေတြအျပင္ ေသဆုံးသူေတြ ေန႔စဥ္ရွိေနတဲ့ ကေလးၿမိဳ႕ရဲ႕ ကိုဗစ္အေျခအေနဟာ စိုးရိမ္စရာေကာင္းေနတယ္လို႔ ကိုဗစ္တိုက္ဖ်က္ရာမွာ ကူညီေဆာင္႐ြက္ေပးေနတဲ့ ေစတနာရွင္ လုပ္အားေပးတဦးက ဗြီအိုေအကိုေျပာပါတယ္။

"ဒီကေလးၿမိဳ႕ရဲ႕ ကိုဗစ္က အလြန္အမင္း တအားျမင့္လြန္းတယ္၊ ျမန္လြန္းတယ္။ ေသဆုံးႏႈန္းေတြဆိုရင္လည္း တအားျမင့္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တခ်ိဳ႕တေလက စစ္တမ္းမေကာက္လိုက္ရဘူး၊ သံသယနဲ႔ပဲ ေသသြားၾကတာ။ အဲဒီေသဆုံးႏႈန္းေတြျမင့္တာ ဘယ္ကေနၾကည့္ရင္သိသာသလဲဆို သခ်ႋဳင္းေျမကေနၾကည့္ရင္ သိသာတယ္။ ခ်င္းလူမ်ိဳးေတြဆိုရင္ သၿဂႋဳလ္ဖို႔အတြက္ အုတ္ဂူေတြႀကိဳလုပ္ထားတာ ရွိတယ္ေလ။ အဲဒါေတြဆိုရင္ေတာင္မွ ႏိုင္ေအာင္လုပ္ေနရတာ။ အုတ္ေတြ အဂၤေတေတြ စိုေနတုန္းတန္းလန္းႀကီးရွိေသးတယ္၊ ပ်ဥ္ျပားေတြကို မျဖဳတ္ႏိုင္တဲ့အခါက်ေတာ့ ဒီတိုင္းပဲပိတ္လိုက္ရတဲ့အတြက္ေၾကာင့္မို႔လို႔ အုတ္ဂူေစ်းႏႈန္းေတြေတာင္မွ တက္ရတဲ့အေနအထားထိ ေရာက္သြားတယ္။"

ကေလးၿမိဳ႕မွာ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂၀၀ ေလာက္႐ွိပါတယ္။ ဓါတ္ခဲြစစ္ေဆးအတည္ မျပဳႏိုင္ခင္ သံသယလူနာအျဖစ္ ေသဆံုးသြားသူေတြလည္း႐ွိပါတယ္။

ခုလိုအေျခအေနျဖစ္ေနေပမဲ့ က်န္းမာေရးဝန္ထမ္း လိုအပ္ခ်က္၊ ကိုဗစ္လူနာေတြ သံသယလူနာေတြကို သီးျခားခြဲထားႏုိင္ဖုိ႔ ေနရာ အခက္အခဲအျပင္ ေဆးပစၥည္းကိရိယာလည္း မလုံေလာက္တဲ့ လိုအပ္ခ်က္ေတြ႐ွိေနပါတယ္။ ဒီလိုအခက္အခဲေတြ ရွိေနေပမဲ့ ကပ္ေရာဂါကိုအတတ္ႏိုင္ဆုံး ထိန္းခ်ဳပ္ႏိုင္ဖို႔ ေဒသခံေတြပူးေပါင္းၿပီး ေဆာင္႐ြက္ေနတယ္လို႔ လုပ္အားေပးတဦးက ေျပာပါတယ္။

"လူနာေတြအတြက္ အဓိကလိုအပ္ခ်က္က ေအာက္ဆီဂ်င္ျဖစ္လာတယ္၊ ေနာက္တခုက ေဆးဝါးျဖစ္လာတယ္။ ေဆးဝါးကဝယ္ရတာလည္း တခ်ိဳ႕ေဆးဆိုင္ေတြက သူတို႔ကိုယ္တိုင္က ကူးစက္ခံရေတာ့ ပိတ္ၾကရတာေလ။ ေဆးဝါးျပတ္လတ္မႈေတြရွိတယ္။ ေဆးရွိရင္ေတာင္မွ ဆိုင္ေတြပိတ္ထားေတာ့ လူထုကေဆးဝယ္ဖို႔ အခက္အခဲေတြရွိတာေပါ့။ ဒီလိုအခ်ိန္မွာ က်ေနာ္တို႔ ႀကိဳးစားၿပီးေတာ့ ထိန္းၾကည့္မယ္။ ထိန္းၾကည့္လိုက္လို႔ ရရင္ရေပါ့ေနာ္၊ မရဘူးဆိုရင္ေတာ့ က်ေနာ္တို႔ၿမိဳ႕အတြက္က ဒါအစေလးပဲ ရွိေသးတာ။ ေနာက္ထပ္ အမ်ားႀကီးေသႏိုင္တယ္။ လူဦးေရ ေထာင္ဂဏန္းထိလည္း ေသသြားႏိုင္တဲ့အေျခအေနမ်ိဳးရွိတယ္။"

ကိုဗစ္လူနာေတြကို ကုသေပးႏိုင္ဖို႔ ကေလးၿမိဳ႕မွာ ကိုဗစ္စင္တာတခုကိုလည္း ကိုယ္ထူကိုယ္ထစနစ္နဲ႔ ဖြင့္လွစ္ထားပါတယ္။ ပရဟိတအသင္းေတြကလည္း လူနာေတြ အဓိကလိုအပ္ေနတဲ့ ေအာက္ဆီဂ်င္ဗူးေတြကို တျခားၿမိဳ႕ေတြအထိ သြားယူေပးေနရပါတယ္။

"အရင္ရက္ေတြကေတာ့ တအားခက္ခဲတယ္ဗ်။ မေန႔ကနဲ႔ ဒီေန႔ေတာ့ ဘယ္သူလာလာ မျပတ္ေအာင္ ထည့္ေပးႏိုင္တယ္ဗ်။ မနက္ျဖန္ တရက္အထိေလာက္ေတာ့ အဆင္ေျပမယ္ဗ်။ သန္ဘက္ခါေရာက္ရင္ နည္းနည္းျပန္ခက္ခဲသြားမယ္ ထင္တယ္ဗ်။ က်ေနာ္ မုံ႐ြာနဲ႔ မႏၲေလးကို ဘူးခြံေတြကုန္တာမွန္သမွ် အလွည့္က် တလွည့္စီတင္ၿပီး မျပတ္ေအာင္လုပ္ေနရတယ္။ က်ေနာ့္တေနရာတည္းကို တရက္ကို ေအာက္ဆီဂ်င္ဘူးႀကီး ၇၀ - ၈၀ ေလာက္ ကုန္တယ္ဗ်။ တျခားပရဟိတ အသင္းေတြကလည္း ျဖည့္ေပးေနတယ္ဆိုေတာ့ တရက္တရက္ ေအာက္ဆီဂ်င္လိုအပ္ခ်က္က နည္းတာေတာ့မဟုတ္ဘူးဗ်။"

ေရာဂါကူးစက္မႈအေျခအေနေၾကာင့္ မလိုအပ္ရင္ အျပင္မထြက္ဖို႔ Stay at Home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ ၁၁ ခုမွာ ကေလးၿမိဳ႕လည္း ပါဝင္ေနပါတယ္။ အခုလို Stay at Home ၿမိဳ႕နယ္ေတြထဲက တခ်ိဳ႕ေနရာေတြကို အသြားအလာကန္႔သတ္ထားၿပီး၊ အေျခခံပညာသင္ေက်ာင္းေတြကိုလည္း အကန္႔အသတ္မရွိ ပိတ္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကိုဗစ္ကပ္ေရာဂါကူးစက္သူ ျပန္ျမင့္တက္ေနတာမွာ ဇြန္လ ၂၈ ရက္ေန႔က အတည္ျပဳလူနာသစ္ ၁ ေထာင့္ ၂ ရာေက်ာ္အထိ႐ွိခဲ့ပါတယ္။ ရန္ကုန္တိုင္းထဲက Myanmar Convention Center၊ ႐ိုးမရိပ္သာ၊ နဲ႔ အင္းယားစင္တာတို႔မွာ ကိုဗစ္ကုသေရးစင္တာေတြ ဖြင့္လွစ္ထားပါတယ္။ အားကစားနဲ႔ ျပည္သူ႔က်န္းမာေရးဌာနက ဖြင့္လွစ္ထားတဲ့ ျပည္သူ႔ေဆး႐ံုေတြမွာလည္း ကိုဗစ္လူနာေတြကို လက္ခံကုသေပးေနတယ္လို႔ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။

ေက်ာင္းေတြျပန္ဖြင့္ေနခ်ိန္ ခုလို ကိုဗစ္ကပ္ေရာဂါျဖစ္သူေတြ ျပန္မ်ားလာတဲ့အတြက္ ေက်ာင္းသားေတြ၊ ေက်ာင္းသားမိဘေတြ သတိထားလိုက္နာသင့္တဲ့ အခ်က္ေတြကိုလည္း စစ္ေကာင္စီထုတ္ သတင္းစာေတြမွာ ေဖာ္ျပေနပါတယ္။ အဲဒီထဲမွာ ႏွာေခါင္းစည္း မ်က္ႏွာအကာေတြမပါရင္ ေက်ာင္းထဲ လံုးဝေပးမဝင္ဘူးဆိုတဲ့ သတိထားသင့္တဲ့ ေဆာင္ရန္ ေ႐ွာင္ရန္ေတြကို ေျပာထားေပမဲ့ တခ်ဳိ႕ေနရာေတြမွာ လိုက္နာမႈ အားနည္းတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

..................................................................................

တိုက္႐ိုက္ လင့္ခ္


ကလေးမြို့နယ် ကိုဗစ်အတည်ပြုလူနာမြင့်တက်သလို သေဆုံးမှုနှုန်းများလာ

(Unicode)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲမှာ ကိုဗစ်အတည်ပြုလူနာအရေအတွက် မြင့်တက်နေသလို သေဆုံးသူလည်း များလာနေပါတယ်။ ကိုဗစ်ရောဂါ ကူးသူ ဟုတ် မဟုတ် မစစ်ဆေးနိုင်ခင်မှာ သေဆုံးသူတွေလည်း အများအပြားရှိနေတယ်လို့ ကပ်ရောဂါတိုက်ဖျက်ရေး ပရဟိတလုပ်နေသူတွေက ပြောပါတယ်။ ကလေးမြို့ဘက်မှာ ဖြစ်နေတဲ့ အခြေအနေနဲ့ပါတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာ ပြောပြပါမယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကိုဗစ်အတည်ပြုလူနာဦးရေဟာ ဇွန်လ ၂၂ရက်ကနေ ၂၈ ရက်အထိ ၇ ရက်အတွင်း ၃၄၅ ဦး အထိရှိနေပါတယ်။ ဒါဟာ ဓာတ်ခွဲအတည်ပြုနိုင်တဲ့ စာရင်းဖြစ်ပြီး၊ တကယ်တမ်း မစစ်ဆေးနိုင်ဘဲ ရောဂါပိုးကူးစက်ခံရသူ အရေအတွက်ဟာ ဒီထက်မကများနိုင်တယ်လို့ ကိုဗစ်လူနာတွေကို ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။ ကူးစက်သူအတည်ပြုလူနာနဲ့ ရောဂါသံသယရှိသူတွေအပြင် သေဆုံးသူတွေ နေ့စဉ်ရှိနေတဲ့ ကလေးမြို့ရဲ့ ကိုဗစ်အခြေအနေဟာ စိုးရိမ်စရာကောင်းနေတယ်လို့ ကိုဗစ်တိုက်ဖျက်ရာမှာ ကူညီဆောင်ရွက်ပေးနေတဲ့ စေတနာရှင် လုပ်အားပေးတဦးက ဗွီအိုအေကိုပြောပါတယ်။

"ဒီကလေးမြို့ရဲ့ ကိုဗစ်က အလွန်အမင်း တအားမြင့်လွန်းတယ်၊ မြန်လွန်းတယ်။ သေဆုံးနှုန်းတွေဆိုရင်လည်း တအားမြင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့တလေက စစ်တမ်းမကောက်လိုက်ရဘူး၊ သံသယနဲ့ပဲ သေသွားကြတာ။ အဲဒီသေဆုံးနှုန်းတွေမြင့်တာ ဘယ်ကနေကြည့်ရင်သိသာသလဲဆို သင်္ချိုင်းမြေကနေကြည့်ရင် သိသာတယ်။ ချင်းလူမျိုးတွေဆိုရင် သင်္ဂြိုလ်ဖို့အတွက် အုတ်ဂူတွေကြိုလုပ်ထားတာ ရှိတယ်လေ။ အဲဒါတွေဆိုရင်တောင်မှ နိုင်အောင်လုပ်နေရတာ။ အုတ်တွေ အင်္ဂတေတွေ စိုနေတုန်းတန်းလန်းကြီးရှိသေးတယ်၊ ပျဉ်ပြားတွေကို မဖြုတ်နိုင်တဲ့အခါကျတော့ ဒီတိုင်းပဲပိတ်လိုက်ရတဲ့အတွက်ကြောင့်မို့လို့ အုတ်ဂူဈေးနှုန်းတွေတောင်မှ တက်ရတဲ့အနေအထားထိ ရောက်သွားတယ်။"

ကလေးမြို့မှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၂၀၀ လောက်ရှိပါတယ်။ ဓါတ်ခွဲစစ်ဆေးအတည် မပြုနိုင်ခင် သံသယလူနာအဖြစ် သေဆုံးသွားသူတွေလည်းရှိပါတယ်။

ခုလိုအခြေအနေဖြစ်နေပေမဲ့ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်၊ ကိုဗစ်လူနာတွေ သံသယလူနာတွေကို သီးခြားခွဲထားနိုင်ဖို့ နေရာ အခက်အခဲအပြင် ဆေးပစ္စည်းကိရိယာလည်း မလုံလောက်တဲ့ လိုအပ်ချက်တွေရှိနေပါတယ်။ ဒီလိုအခက်အခဲတွေ ရှိနေပေမဲ့ ကပ်ရောဂါကိုအတတ်နိုင်ဆုံး ထိန်းချုပ်နိုင်ဖို့ ဒေသခံတွေပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ လုပ်အားပေးတဦးက ပြောပါတယ်။

"လူနာတွေအတွက် အဓိကလိုအပ်ချက်က အောက်ဆီဂျင်ဖြစ်လာတယ်၊ နောက်တခုက ဆေးဝါးဖြစ်လာတယ်။ ဆေးဝါးကဝယ်ရတာလည်း တချို့ဆေးဆိုင်တွေက သူတို့ကိုယ်တိုင်က ကူးစက်ခံရတော့ ပိတ်ကြရတာလေ။ ဆေးဝါးပြတ်လတ်မှုတွေရှိတယ်။ ဆေးရှိရင်တောင်မှ ဆိုင်တွေပိတ်ထားတော့ လူထုကဆေးဝယ်ဖို့ အခက်အခဲတွေရှိတာပေါ့။ ဒီလိုအချိန်မှာ ကျနော်တို့ ကြိုးစားပြီးတော့ ထိန်းကြည့်မယ်။ ထိန်းကြည့်လိုက်လို့ ရရင်ရပေါ့နော်၊ မရဘူးဆိုရင်တော့ ကျနော်တို့မြို့အတွက်က ဒါအစလေးပဲ ရှိသေးတာ။ နောက်ထပ် အများကြီးသေနိုင်တယ်။ လူဦးရေ ထောင်ဂဏန်းထိလည်း သေသွားနိုင်တဲ့အခြေအနေမျိုးရှိတယ်။"

ကိုဗစ်လူနာတွေကို ကုသပေးနိုင်ဖို့ ကလေးမြို့မှာ ကိုဗစ်စင်တာတခုကိုလည်း ကိုယ်ထူကိုယ်ထစနစ်နဲ့ ဖွင့်လှစ်ထားပါတယ်။ ပရဟိတအသင်းတွေကလည်း လူနာတွေ အဓိကလိုအပ်နေတဲ့ အောက်ဆီဂျင်ဗူးတွေကို တခြားမြို့တွေအထိ သွားယူပေးနေရပါတယ်။

"အရင်ရက်တွေကတော့ တအားခက်ခဲတယ်ဗျ။ မနေ့ကနဲ့ ဒီနေ့တော့ ဘယ်သူလာလာ မပြတ်အောင် ထည့်ပေးနိုင်တယ်ဗျ။ မနက်ဖြန် တရက်အထိလောက်တော့ အဆင်ပြေမယ်ဗျ။ သန်ဘက်ခါရောက်ရင် နည်းနည်းပြန်ခက်ခဲသွားမယ် ထင်တယ်ဗျ။ ကျနော် မုံရွာနဲ့ မန္တလေးကို ဘူးခွံတွေကုန်တာမှန်သမျှ အလှည့်ကျ တလှည့်စီတင်ပြီး မပြတ်အောင်လုပ်နေရတယ်။ ကျနော့်တနေရာတည်းကို တရက်ကို အောက်ဆီဂျင်ဘူးကြီး ၇၀ - ၈၀ လောက် ကုန်တယ်ဗျ။ တခြားပရဟိတ အသင်းတွေကလည်း ဖြည့်ပေးနေတယ်ဆိုတော့ တရက်တရက် အောက်ဆီဂျင်လိုအပ်ချက်က နည်းတာတော့မဟုတ်ဘူးဗျ။"

ရောဂါကူးစက်မှုအခြေအနေကြောင့် မလိုအပ်ရင် အပြင်မထွက်ဖို့ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၁၁ ခုမှာ ကလေးမြို့လည်း ပါဝင်နေပါတယ်။ အခုလို Stay at Home မြို့နယ်တွေထဲက တချို့နေရာတွေကို အသွားအလာကန့်သတ်ထားပြီး၊ အခြေခံပညာသင်ကျောင်းတွေကိုလည်း အကန့်အသတ်မရှိ ပိတ်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကပ်ရောဂါကူးစက်သူ ပြန်မြင့်တက်နေတာမှာ ဇွန်လ ၂၈ ရက်နေ့က အတည်ပြုလူနာသစ် ၁ ထောင့် ၂ ရာကျော်အထိရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းထဲက Myanmar Convention Center၊ ရိုးမရိပ်သာ၊ နဲ့ အင်းယားစင်တာတို့မှာ ကိုဗစ်ကုသရေးစင်တာတွေ ဖွင့်လှစ်ထားပါတယ်။ အားကစားနဲ့ ပြည်သူ့ကျန်းမာရေးဌာနက ဖွင့်လှစ်ထားတဲ့ ပြည်သူ့ဆေးရုံတွေမှာလည်း ကိုဗစ်လူနာတွေကို လက်ခံကုသပေးနေတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ကျောင်းတွေပြန်ဖွင့်နေချိန် ခုလို ကိုဗစ်ကပ်ရောဂါဖြစ်သူတွေ ပြန်များလာတဲ့အတွက် ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ သတိထားလိုက်နာသင့်တဲ့ အချက်တွေကိုလည်း စစ်ကောင်စီထုတ် သတင်းစာတွေမှာ ဖော်ပြနေပါတယ်။ အဲဒီထဲမှာ နှာခေါင်းစည်း မျက်နှာအကာတွေမပါရင် ကျောင်းထဲ လုံးဝပေးမဝင်ဘူးဆိုတဲ့ သတိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်တွေကို ပြောထားပေမဲ့ တချို့နေရာတွေမှာ လိုက်နာမှု အားနည်းတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

XS
SM
MD
LG