ပြိုင်ကားတွေကို မိလ္လာအညစ်အကြေး စွမ်းအင်တွေသုံးပြီး မောင်းလို့ရအောင် စမ်းသစ်တီထွင်ထုတ်လုပ်နေပါတယ်။ ဒီကားတွေကို အသုံးမလိုတော့တဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားပြီး ၂၀၂၅ ခုနှစ်ထဲမှာ အပြီးသတ်ဖို့စီစဉ်ထားပါတယ်။ Reuters သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာပြောပြထားပါတယ်။
မြောက်ကိုရီးယား ပြည်သူတွေဟာ တရုတ်နှစ်သစ်ကူးနေ့ကို ဆန်မုန့်ပြားစွပ်ပြုတ်စားရင် ဆင်နွှဲကြတာပါ။ ဆန်မုန့်ပြားစွပ်ပြုတ်ဆိုတာက ရိုးရာအစားအစာထဲက တခုဖြစ်သလို လူကြိုက်အများဆုံး အစားအစာ တခုလဲဖြစ်ပါတယ်။ အေပီသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးထားပါတယ်။
Netflixက လူကြိုက်အများဆုံး Squid Gameရုပ်သံစီးရီးစ်စက်ရုပ်မလေးက ကြော်ငြာတွေနဲ့ အွန်လိုင်းပေါ်မှာ ရေပန်းစားနေပါတယ်။ မတ်လမှာကျင်းပမဲ့ အော်စကာဆုပေးပွဲ စကာတင်စာရင်းတွေ စတဲ့ နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာလောကက သတင်းအတိုအထွာတွေကို သက်တံရောင်သတင်းလွှာမှာ အလိမ္မာ တင်ဆက်ထားပါတယ်။
လေကြောင်းကုမ္ပဏီတွေက လျှပ်စစ်စွမ်းအင်သုံး လေယာဉ်အမျိုးအစား ရဟတ်ယာဉ် taxi သစ်တွေကို အများပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့ စမ်းသပ်နေကြပါတယ်။ ဒီရဟတ်ယာဉ် taxi တွေက မြေပြင်တက္ကစီကားတွေထက် အချိန်ကုန်သက်သာစေပါတယ်။ ဒီအကြောင်း အေပီသတင်းဆောင်းပါးကို အခြေခံပြီးအလိမ္မာပြောပြပေးပါမယ်။
လေဆိပ်ဆိုတာက စိတ်ဖိစီးမှု၊ စိုးရိမ်စရာတွေ များနိုင်တဲ့ နေရာဖြစ်ပေမဲ့ စိတ်သက်သာရာဖြစ်စေဖို့ မြောက်မက်ဆီဒိုးနီးယားနိုင်ငံက လေဆိပ်မှာ ခွေးလေး တကောင်ကတော့ လေယာဉ် မထွက်ခင် ခရီးသည်တွေကို စိတ်ကြည်နူးစေဖို့ ကူညီပေးနေပါတယ်။ ဒီအကြောင်း AP သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ခဲ့တဲ့ ဆူနာမီမုန်တိုင်း သဘာဝဘေးအန္တရာယ်ထဲ ကိုယ်တိုင် ကြုံတွေ့ခဲ့သူတွေနဲ့ အသက်ရှင်ကျန်သူတွေရဲ့ ဖြစ်ရပ်တွေကို ရုပ်ရှင် ဇာတ်လမ်းတွဲတခုမှာ မှတ်တမ်းတင် ရိုက်ကူးထားပါတယ်။ ဒီအကြောင်း Reuters သတင်းကို အခြေခံပြီး အလိမ္မာ ဆက်ပြောပြပေးထားပါတယ်။
ဩစတြေးလျနိုင်ငံ Perth မြို့မှာ အခြေခံလူတန်းစား ပရဟိတအဖွဲ့ ဖြစ်တဲ့ Feed It Forward ကုမ္ပဏီဟာ ရိက္ခာလိုအပ်သူတွေကို ကူညီပံ့ပိုးပေးနေပြီး သူတို့ရဲ့ အစားအသောက် သိုလှောင်ဘဏ်တွေကိုလဲ အရင်ကထက် ပိုပြီး လိုအပ်နေကြတာပါ။ ဒီအကြောင်း အေပီသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
ပေါ်တူဂီနိုင်ငံ Lisbon မြို့ မှာ ကျင်းပတဲ့ ပေါ်တူဂီဝက်ဘ် summit နည်းပညာဆိုင်ရာဆွေးနွေးပွဲမှာ မိတ်ဆက်ပြသထားတဲ့ နောက်ဆုံးပေါ် နည်းပညာတွေထဲ…. သူငယ်ချင်းလို စကားစမြည်ပြောဖော်ရမယ့် AI ဉာဏ်ရည်တု စက်ရုပ်လေးလဲ ပါပါတယ်။ ဒီအကြောင်း အေပီ သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
မြောက်ကိုရီးယားကနေ ထွက်ပြေးခိုလှုံသူတွေကို တရုတ်နယ်စပ်မှာ တိုးတက်တဲ့ နည်းပညာတွေနဲ့ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေတာမို့ ထွက်ပြေးခိုလှုံသူတွေဟာ တခြားနိုင်ငံတွေဆီ ခိုလှုံဖို့ အခက်တွေ့နေကြရပါတယ်။ ဒီလို ထွက်ပြေးဝင်ရောက်လာသူတွေကို တရုတ်ရဲတွေက ဖမ်းဆီးမိခဲ့မယ်ဆိုရင် သူတို့နေရပ်ပြန်ပို့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာအနီးမှာ ကျင်းပတဲ့ နိုင်ငံတကာ ကား ပြပွဲတစ်ခုမှာ ကားထုတ်လုပ်သူတွေဟာ နောက်ဆုံးပေါ်နည်းပညာသုံး ကားတွေကို ပြသထားပါတယ်။ GAIKINDO အင်ဒိုနီးရှားအပြည်ပြည်ဆိုင်ရာ ကားပြပွဲ (GIIAS) မှာ ကား ကုမ္ပဏီပေါင်း ၅၀ ကျော်က လျှပ်စစ်ကားတွေကို ပြသထားတာဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတဲ့ Samsung ကုမ္ပဏီ နည်းပညာမိတ်ဆက်ပွဲမှာ နောက်ဆုံးပေါ် AI ဉာဏ်ရည်တုနည်းပညာသုံးထားတဲ့ ပစ္စည်းတွေကို ပြသခဲ့ပါတယ်။ ဒီနည်းပညာမိတ်ဆက်ပွဲမှာ Galaxy စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်အသုံးပြုရတဲ့ လက်စွပ်နဲ့ စမတ်နာရီအသစ်တွေလဲ ပါဝင်ပါတယ်။ အေပီသတင်းဆောင်းပါးကို အလိမ္မာ ပြောထားပါတယ်။
တရုတ်ဟာ ကမ္ဘာ့ပေါ် အဝတ်အထည် ဝယ်ယူမှုနဲ့ ထုတ်လုပ်မှုမှာ အကြီးဆုံးဖြစ်ပြီး၊ တနှစ်ကို အဝတ်အထည်ပေါင်း တန်ချိန် ၂၆ သန်း စွန့်ပစ်ရပါတယ်။ ဆန်းသစ်တီထွင်လူငယ်ဒီဇိုင်နာတွေက ဒီအရေးကြီးတဲ့ အဝတ်ထည်စွန့်ပစ်မှု ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းနေကြပါတယ်။ အေပီသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာပြောပြပါမယ်။
တူရကီနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လမ်းဘေးခွေးအရေအတွက် ရာနဲ့ချီ သုတ်သင်ခံရဖို့ အလားအလာရှိတဲ့ ဥပဒေမူကြမ်းကို အတည်ပြုဖို့ တူရကီအစိုးရက စဉ်းစားနေပါတယ်။ ဒါက လမ်းဘေးခွေးတိုးပွားမှုထိန်းချုပ်ဖို့ တောင်းဆိုသူတွေ၊ ခွေးချစ်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကြားမှာ အကြီးအကျယ် သဘောထားကွဲလွဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲကြောင့် လူတော်တော်များများ ပိုလန်မှာ ရွှေရင်းနှီးမြှုပ်နှံဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီစစ်ပွဲဟာ အရှေ့ဘက်ခြမ်းနဲ့ ကီလိုမီတာ ရာနဲ့ချီ ဝေးပေမဲ့လဲ ရွှေရင်းနှီးမြှုပ်နှံသူတွေဟာ ဒီလိုမတည်မငြိမ်ဖြစ်နေချိန် သူတို့ရဲ့ အဖိုးတန်သတ္တုတွေကို လုံခြုံစိတ်ချချင်ကြတာကြောင့် ဖြစ်ပါတယ်။
ဆန်ဈေးတွေတက်လို့ ဆန်စပါးအသင်းချုပ်တာဝန်ရှိသူတွေနဲ့ ဆန်ပွဲရုံပိုင်ရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးတဲ့သတင်းတွေထွက်လာပါတယ်။ အဲဒီလို ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာဟာ ကုန်ဈေးနှုန်းတွေတက်တာ၊ စီးပွါးရေးကျဆင်းနေတာတွေရဲ့ အဖြေပါလား။
အွန်လိုင်း ငွေလိမ်လည်တာတွေ၊ သတင်းတု သတင်းမှား ဖြန့်တာတွေမှာ AI ဉာဏ်ရည်တုနည်းပညာတွေ၊ ဆိုရှယ်အကောင့်အတုတွေသုံးပြီး အမျိုးသမီးတွေအဖြစ် ဟန်ဆောင်ပြီး လှည့်ဖြားကြပါတယ်။ အေပီသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပါမယ်။
၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲလုပ်လို့ ရနိုင်ပါ့မလား။ ရွေးကောက်ပွဲရော လုပ်သင့်ပါရဲ့လား။ စစ်ကောင်စီဟာ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ရွေးကောက်ပွဲကို လုပ်မှာပါလဲ။
Apple ကုမ္ပဏီဟာ iPhone, iPad နဲ့ Mac ကွန်ပြူတာတို့မှာ သုံးနိုင်မယ့် AI ဉာဏ်ရည်တု နည်းပညာအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီအကြောင်း အေပီသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
AI ညဏ်ရည်တု နည်းပညာတွေ သုံးပြီးတော့ ကိုယ်ကြိုက်တဲ့ ရေမွှေး ရနံ့ကို ရွေးဝယ်လို့ ရပါလား။ ရေမွှေးထုတ်တဲ့ ကုမ္ပဏီတစ်ခုကတော့ ဝယ်ယူသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးစမ်းသပ်မှုတွေကို အခြေခံပြီး မတူညီတဲ့ ရေမွှေးရနံ့တွေကို ဝယ်ယူသူတိုင်းကို ထုတ်ပေးနေပါတယ်။ အေပီဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပါမယ်။
ရေလွှမ်းမိုးမှုကြောင့် လယ်ယာစိုက်သူတွေ ဆုံးရှုံးခဲ့ရတာတွေဟာ သဘာဝ ဘေးအန္တရာယ်တွေအတွက် ကင်ညာနိုင်ငံရဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းတာကို ဖော်ပြခဲ့သလို ရေရှည်တည်တံ့တဲ့ မြေယာစီမံခန့်ခွဲမှုနဲ့ ပိုကောင်းတဲ့ ကြိုတင် ခန့်မှန်းချက်တွေ လိုအပ်တယ်ဆိုတာကို အလေးပေး ဖော်ပြခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်