သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္တြင္း ကပ္ေဘးကန္႔သတ္ခ်က္တင္းၾကပ္


ရခုိင္ျပည္နယ္အတြင္း ကိုဗစ္ကူးစက္မႈထိန္းခ်ဳပ္ေရး စည္းကမ္းကန္႔သတ္ခ်က္မ်ားခ်မွတ္ေဆာင္ရြက္စဥ္။

Zawgyi/Unicode

ကိုဗစ္ကပ္ေရာဂါ ကူးစက္သူမ်ားလာေနတဲ့ ရခိုင္ျပည္နယ္ထဲမွာ ကိုဗစ္စည္းကမ္းေတြကို တင္းၾကပ္ေနတာမွာ နွာေခါင္းစည္းမတပ္သူေတြကို အေရးယူသြားမယ္လို႔ ျပည္နယ္တာဝန္႐ွိသူေတြက ေျပာလိုက္ပါတယ္။ စားေသာက္ဆိုင္ေတြကိုလည္း ကိုဗစ္စည္းကမ္းနဲ႔ အညီ ဖြင့္လွစ္ဖို႔ ညြန္ၾကားထားပါတယ္။ ရခိုင္ျပည္နယ္ထဲက ၿမိဳ႕နယ္ ၁၀ ခုမွာ ကိုဗစ္အတည္ျပဳလူနာေတြ႐ွိေနတာမို႔ စည္းကမ္းခ်က္ ေတြ ထုတ္ျပန္ ၾကတ္မတ္လိုက္တဲ့အေၾကာင္း ရခိုင္ကလာတဲ့သတင္း ကိုသိန္းထိုက္ဦး ေျပာျပပါမယ္။

ရခိုင္ျပည္နယ္ထဲက ၿမိဳ႕နယ္ ၁၀ ခုမွာ ဂ်ဴလိုင္လ ၄ ရက္ေန႔အထိ ကိုဗစ္-၁၉ အတည္ျပဳလူနာ စုစု ေပါင္း ၄၀၀ ေက်ာ္႐ွိေနပါတယ္။စစ္ေတြၿမိဳ႕ေတာ္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္သူ အမ်ားဆံုးရွိတယ္လို႔ ျပည္နယ္ကုသေရး ဦးစီးဌာနမွဴးေဒါက္တာၾကည္လြင္က ဒီေန႔ သတင္း ေထာက္ေတြကို ေတ႔ြဆံုေျပာၾကားခဲ့ေျပာပါတယ္။“၂၀၂၁ခု မွာ က်ေနာ္တို႔ ေမလ ၁၂ ရက္ေန႔ကေနစၿပီးေတာ့ ရခိုင္ျပည္နယ္မွာ ပထဆံုး ကိုဗစ္ေတြ႔ရွိလူနာ စစ္ေတြမွာ ေတြ႔ရွိခဲ့ပါတယ္။ မေန႔က အထိကိုဗစ္ျဖစ္ပြားမွု လုူနာ စုစုေပါင္း ၄၁၀ ရွိပါတယ္ခင္မ်ာ။ ၿမိဳ႕နယ္ ၁၀ ခုုမွာ ျဖစ္ေနတာပါခင္မ်ာ။ ကူးစက္မွုအမ်ားဆံုး ပိုးေတြ႔တဲ့ လူေတြကေတာ့ စစ္ေတြ၊ ေမာင္ေတာ အမ်ားဆံုးျဖစ္ပါတယ္။ တတိယကေတာ့ ဘူးသီးေတာင္နဲ႔ သံတြဲ ျဖစ္ပါတယ္။ က်န္တဲ့ ၿမိဳ႕နယ္မွာေတာ့ မ်ားေသာအားျဖင့္ ဆယ္ေယာက္ ေအာက္ေတြမွာပဲ ေတြ႔ပါတယ္။ မေန႔ကအထိ ေမာင္ေတာမွာ ၁၇၉ ေယာက္ စစ္ေတြမွာ ၁၀၆ ေယာက္ရွိပါတယ္။”

ခုလို အတည္ျပဳနာေတြ တိုးလာေနတာေၾကာင့္ ရခိုင္ျပည္နယ္မွာ ကိုဗစ္-၁၉ ကူးစက္မွု အသိပညာေပး လုပ္ငန္းေတြ တိုးျမွင့္ လုပ္ေဆာင္ေနသလို နွာေခါင္းစည္းမတပ္သူေတြကို အေရးယူ ဒဏ္ခတ္သြားမယ္လို႔ ရခိုင္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီေျပာခြင့္ရ ရခိုင္ျပည္နယ္ ဥပေဒခ်ုပ္ ဦးလွသိန္းကေျပာပါတယ္။

“Maskေတြကို အလကားေပးႏိုင္ေအာင္လုပ္မယ္။ ၅ ရက္ေလာက္ ေပးၿပီးရင္ေတာ့ mask မတပ္တဲ့သူေတြကို အေရးယူတဲ့ အေနအထားေလးေတြလုပ္ဖို႔လည္း စီမံထားပါတယ္။ အေရးယူတဲ့အခါမွာ မလုိအပ္ဘဲနဲ႔ဒဏ္ေငြရိုက္တာ၊ ဥပေဒနဲ႔မညီတဲ့အလုပ္ေတြကိုေတာ့ မလုပ္ပါဘူး။ သို႔ေသာ္ ဘာလုပ္မလဲဆိုေတာ့ mask မတပ္တဲ့သူေတြကို mask ေပးၿပီး ေတာ့ ပိုက္ဆံေပးခိုင္းမွာပါ။ ပိုက္ဆံေပးခိုင္းတယ္ဆိုတာကေတာ့ mask တခုကို တရာေပးရလို႔ သူတို႔ကို တရာေပးခိုင္းမွာမဟုတ္ဘူး။ က်ေနာ္တို႔က mask ငါးခုေလာက္ေပးမယ္။ ပိုက္ဆံ ႏွစ္ေထာင္ျဖစ္ျဖစ္ဒဏ္ရိုက္မယ္။ ဒဏ္ရိုက္တယ္ဆုိတာကလည္း ဥပေဒမွာပါတဲ့ အတိုင္း တရားရံုးမွာ ဒဏ္ရိုက္သလို မဟုတ္ပါဘူး။ တျခားသူေတြ mask မပါဘဲ သြားလာေနတာမ်ိဳး မျဖစ္ေအာင္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။”

ရခိုင္ျပည္နယ္တြင္းက စားေသာက္ဆိုင္ေတြကိုလည္း က်န္မာေရးနဲ႔ အားစာကားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ကိုဗစ္စည္းကမ္းေတြနဲ႔ အညီေဆာင္ရြက္ဖို႔နဲ႔ ပါဆယ္စနစ္ေတြနဲ႔ ေရာင္းခ်ဖို႔ ညြန္ၾကားထားတယ္လို႔လည္း ရခိုင္ျပည္နယ္ စီမံအုပ္ခ်ုပ္ေရးေကာင္စီေျပာခြင့္ရ ရခိုင္ျပည္နယ္ ဥပေဒခ်ုပ္ ဦးလွသိန္းကေျပာပါတယ္။

“ေစ်းဆိုင္ေတြနဲ႔ပတ္သက္ၿပီး ဘယ္လို စီမံခဲ့သလိုဆိုေတာ့ အစားအေသာက္ေရာင္းတဲ့ဆိုင္ေတြမွာ ထိုင္စားမယ္ဆိုရင္ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ အတိုင္း စားသံုးသူကိုတဦးနဲ႔ တဦး အကာအကြယ္ေတြ လုပ္ၾကရမွာ ျဖစ္ပါတယ္။ အရင္တုန္းကလို စားပြဲမွာ လြတ္လြတ္လပ္လပ္စားတဲ့ စနစ္မဟုတ္ဘဲနဲ႔ စားသံုးသူ အခ်င္းခ်င္း မထိစပ္ႏိုင္ေအာင္ တေယာက္နဲ႔ တေယာက္ သေဘာေျပာရရင္ေတာ့ စားသံုးသူ အကြာအေဝးေတြ ရေအာင္လုပ္ေပးဖို႔ က်ေနာ္တို႔က အခုစီမံထားပါတယ္။ အဲဒီလို မလုပ္ ႏိုင္ဘူးဆိုရင္ေတာ့ ပါဆယ္စနစ္နဲ႔ ေရာင္းႏိုင္ေအာင္ လုပ္ပါဆိုၿပီးေတာ့ အခု ညြန္ၾကားခ်က္ေတြ ထုုတ္ထားတာပါတယ္။ မေန႔က အသိေပးၿပီးသားျဖစ္တဲ့အတြက္ သက္ဆိုင္ရာ ဌာနေတြ အစံုပါတဲ့အခါမွာ ဌာနေတြကေတာ့ သက္ဆိုင္ရာ စားေသာက္ဆိုင္ေတြကို အေၾကာင္းၾကားၿပီး ျဖစ္ပါလိမ့္မယ္။ က်ေနာ္တို႔ လက္ရွိအဲလို ေဆာင္ရြက္ထားပါတယ္။”

ရခိုင္ျပည္နယ္အတြင္းကစစ္ေတြ၊ ေတာင္ကုတ္၊ သံတြဲ၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပံု၊ ေက်ာက္ျဖဴနဲ႔ ဂြၿမိဳ႕နယ္ေတြမွာ ဂ်ဴလိုင္ ၄ ရက္ေန႔ အထိ ကိုဗစ္-၁၉ ကူစက္ခံ ထားရသူ ၄၁၁ ဦးရွိခဲ့ၿပီး ေသဆံုးသူ ၃ ဦးနဲ႔ ေနျပန္ေကာင္းသြားသူ ၉၅ ေယာက္ ရွိတယ္လို႔ ျပည္နယ္က်န္းမာေရးဌာနရဲ႕ စာရင္းမွာ ေဖာ္ျပထားပါတယ္။

ကိုဗစ္တတိယလႈိင္းရဲ႕႐ုိက္ခတ္မႈခံေနရတဲ့ ရခိုင္ျပည္နယ္မွာ အေျခအေနကို အၿမဲမျပတ္ေစာင့္ၾကည့္ ေနၿပီး အေျခအေနအလိုက္ ကိုဗစ္ စည္းကမ္းတင္းၾကပ္မႈေတြ လုပ္သြားမယ္လို႔ အာဏာပိုင္ေတြဘက္က သတင္းေထာက္ေတြကိုေျပာပါတယ္။ ျပည္သူေတြအေနနဲ႔ လည္း က်န္းမာေရးဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ ကိုဗစ္ စည္းကမ္းေတြကို လိုက္နာၾကဖုိ႔ ရခိုင္ျပည္နယ္ေကာင္စီတာဝန္႐ွိသူေတြက တိုက္တြန္းေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

ရခိုင်ပြည်နယ်တွင်း ကပ်ဘေးကန့်သတ်ချက်တင်းကြပ်

ကိုဗစ်ကပ်ရောဂါ ကူးစက်သူများလာနေတဲ့ ရခိုင်ပြည်နယ်ထဲမှာ ကိုဗစ်စည်းကမ်းတွေကို တင်းကြပ်နေတာမှာ နှာခေါင်းစည်းမတပ်သူတွေကို အရေးယူသွားမယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ စားသောက်ဆိုင်တွေကိုလည်း ကိုဗစ်စည်းကမ်းနဲ့ အညီ ဖွင့်လှစ်ဖို့ ညွန်ကြားထားပါတယ်။ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၀ ခုမှာ ကိုဗစ်အတည်ပြုလူနာတွေရှိနေတာမို့ စည်းကမ်းချက် တွေ ထုတ်ပြန် ကြတ်မတ်လိုက်တဲ့အကြောင်း ရခိုင်ကလာတဲ့သတင်း ကိုသိန်းထိုက်ဦး ပြောပြပါမယ်။

ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၀ ခုမှာ ဂျူလိုင်လ ၄ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစု ပေါင်း ၄၀၀ ကျော်ရှိနေပါတယ်။စစ်တွေမြို့တော်နဲ့ မောင်တောမြို့နယ်တွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူ အများဆုံးရှိတယ်လို့ ပြည်နယ်ကုသရေး ဦးစီးဌာနမှူးဒေါက်တာကြည်လွင်က ဒီနေ့ သတင်း ထောက်တွေကို တေ့ွဆုံပြောကြားခဲ့ပြောပါတယ်။“၂၀၂၁ခု မှာ ကျနော်တို့ မေလ ၁၂ ရက်နေ့ကနေစပြီးတော့ ရခိုင်ပြည်နယ်မှာ ပထဆုံး ကိုဗစ်တွေ့ရှိလူနာ စစ်တွေမှာ တွေ့ရှိခဲ့ပါတယ်။ မနေ့က အထိကိုဗစ်ဖြစ်ပွားမှု လုူနာ စုစုပေါင်း ၄၁၀ ရှိပါတယ်ခင်မျာ။ မြို့နယ် ၁၀ ခုမှာ ဖြစ်နေတာပါခင်မျာ။ ကူးစက်မှုအများဆုံး ပိုးတွေ့တဲ့ လူတွေကတော့ စစ်တွေ၊ မောင်တော အများဆုံးဖြစ်ပါတယ်။ တတိယကတော့ ဘူးသီးတောင်နဲ့ သံတွဲ ဖြစ်ပါတယ်။ ကျန်တဲ့ မြို့နယ်မှာတော့ များသောအားဖြင့် ဆယ်ယောက် အောက်တွေမှာပဲ တွေ့ပါတယ်။ မနေ့ကအထိ မောင်တောမှာ ၁၇၉ ယောက် စစ်တွေမှာ ၁၀၆ ယောက်ရှိပါတယ်။”

ခုလို အတည်ပြုနာတွေ တိုးလာနေတာကြောင့် ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှု အသိပညာပေး လုပ်ငန်းတွေ တိုးမြှင့် လုပ်ဆောင်နေသလို နှာခေါင်းစည်းမတပ်သူတွေကို အရေးယူ ဒဏ်ခတ်သွားမယ်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကပြောပါတယ်။

“Maskတွေကို အလကားပေးနိုင်အောင်လုပ်မယ်။ ၅ ရက်လောက် ပေးပြီးရင်တော့ mask မတပ်တဲ့သူတွေကို အရေးယူတဲ့ အနေအထားလေးတွေလုပ်ဖို့လည်း စီမံထားပါတယ်။ အရေးယူတဲ့အခါမှာ မလိုအပ်ဘဲနဲ့ဒဏ်ငွေရိုက်တာ၊ ဥပဒေနဲ့မညီတဲ့အလုပ်တွေကိုတော့ မလုပ်ပါဘူး။ သို့သော် ဘာလုပ်မလဲဆိုတော့ mask မတပ်တဲ့သူတွေကို mask ပေးပြီး တော့ ပိုက်ဆံပေးခိုင်းမှာပါ။ ပိုက်ဆံပေးခိုင်းတယ်ဆိုတာကတော့ mask တခုကို တရာပေးရလို့ သူတို့ကို တရာပေးခိုင်းမှာမဟုတ်ဘူး။ ကျနော်တို့က mask ငါးခုလောက်ပေးမယ်။ ပိုက်ဆံ နှစ်ထောင်ဖြစ်ဖြစ်ဒဏ်ရိုက်မယ်။ ဒဏ်ရိုက်တယ်ဆိုတာကလည်း ဥပဒေမှာပါတဲ့ အတိုင်း တရားရုံးမှာ ဒဏ်ရိုက်သလို မဟုတ်ပါဘူး။ တခြားသူတွေ mask မပါဘဲ သွားလာနေတာမျိုး မဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက စားသောက်ဆိုင်တွေကိုလည်း ကျန်မာရေးနဲ့ အားစာကားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းတွေနဲ့ အညီဆောင်ရွက်ဖို့နဲ့ ပါဆယ်စနစ်တွေနဲ့ ရောင်းချဖို့ ညွန်ကြားထားတယ်လို့လည်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီပြောခွင့်ရ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကပြောပါတယ်။

“ဈေးဆိုင်တွေနဲ့ပတ်သက်ပြီး ဘယ်လို စီမံခဲ့သလိုဆိုတော့ အစားအသောက်ရောင်းတဲ့ဆိုင်တွေမှာ ထိုင်စားမယ်ဆိုရင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အတိုင်း စားသုံးသူကိုတဦးနဲ့ တဦး အကာအကွယ်တွေ လုပ်ကြရမှာ ဖြစ်ပါတယ်။ အရင်တုန်းကလို စားပွဲမှာ လွတ်လွတ်လပ်လပ်စားတဲ့ စနစ်မဟုတ်ဘဲနဲ့ စားသုံးသူ အချင်းချင်း မထိစပ်နိုင်အောင် တယောက်နဲ့ တယောက် သဘောပြောရရင်တော့ စားသုံးသူ အကွာအဝေးတွေ ရအောင်လုပ်ပေးဖို့ ကျနော်တို့က အခုစီမံထားပါတယ်။ အဲဒီလို မလုပ် နိုင်ဘူးဆိုရင်တော့ ပါဆယ်စနစ်နဲ့ ရောင်းနိုင်အောင် လုပ်ပါဆိုပြီးတော့ အခု ညွန်ကြားချက်တွေ ထုတ်ထားတာပါတယ်။ မနေ့က အသိပေးပြီးသားဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဌာနတွေ အစုံပါတဲ့အခါမှာ ဌာနတွေကတော့ သက်ဆိုင်ရာ စားသောက်ဆိုင်တွေကို အကြောင်းကြားပြီး ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ လက်ရှိအဲလို ဆောင်ရွက်ထားပါတယ်။”

ရခိုင်ပြည်နယ်အတွင်းကစစ်တွေ၊ တောင်ကုတ်၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူနဲ့ ဂွမြို့နယ်တွေမှာ ဂျူလိုင် ၄ ရက်နေ့ အထိ ကိုဗစ်-၁၉ ကူစက်ခံ ထားရသူ ၄၁၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၃ ဦးနဲ့ နေပြန်ကောင်းသွားသူ ၉၅ ယောက် ရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ကိုဗစ်တတိယလှိုင်းရဲ့ရိုက်ခတ်မှုခံနေရတဲ့ ရခိုင်ပြည်နယ်မှာ အခြေအနေကို အမြဲမပြတ်စောင့်ကြည့် နေပြီး အခြေအနေအလိုက် ကိုဗစ် စည်းကမ်းတင်းကြပ်မှုတွေ လုပ်သွားမယ်လို့ အာဏာပိုင်တွေဘက်က သတင်းထောက်တွေကိုပြောပါတယ်။ ပြည်သူတွေအနေနဲ့ လည်း ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ကိုဗစ် စည်းကမ်းတွေကို လိုက်နာကြဖို့ ရခိုင်ပြည်နယ်ကောင်စီတာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။

#Covid19 #RakhineCovid #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG