သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္နဲ႔ လံုၿခံဳေရးေၾကာင့္ ျမန္မာႏိုင္ငံ ပညာေရးထိခိုက္မႈ ကုလစိုးရိမ္


စစ္ေတြၿမိဳ႕က စာသင္ေက်ာင္းတခုမွာ ေစာင့္ၾကပ္ေနတဲ့ လက္နက္ကုိင္ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ဇြန္ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါနဲ႔ လုံျခံဳေရး အေျခအေနေတြေၾကာင့္ ပညာသင္ၾကားေရးမွာ ထိခိုက္မႈေတြ ႀကံဳေနရတဲ့အေပၚ စိုးရိမ္ေၾကာင္း ကုလသမဂၢက ေျပာလိုက္ပါတယ္။

လြန္ခဲ့တဲ့ ၁ ႏွစ္ေက်ာ္ေလာက္ကစလို႔ ကိုဗစ္ကပ္ေရာဂါေၾကာင့္ စနစ္တက် ပညာသင္ယူခြင့္မရတဲ့ ကေလးငယ္ေတြနဲ႔ လူငယ္ေတြ ျမန္မာႏိုင္ငံမွာ ၁၂ သန္းေလာက္ ရွိေနတဲ့အေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရက သတင္းေထာက္ေတြကို ေျပာလိုက္တာပါ။

“ေမလကတည္းက ျမန္မာႏိုင္ငံတဝန္းက စာသင္ေက်ာင္းေတြအနီး လုံၿခံဳေရး စိုးရိမ္စရာ ျဖစ္ရပ္ေတြ တိုးလာတာ ေတြ႔ရၿပီး ပညာေရးအေဆာက္အအုံ အမ်ားအျပားမွာလည္း လုံၿခံဳေရးတပ္ဖဲြ႔ေတြ တပ္စဲြထားပါတယ္။ ပိုးအမ်ဳိးအစားသစ္ေတြနဲ႔ COVID-19 အတည္ျပဳလူနာေတြ တိုးလာေနတာေၾကာင့္ ျမန္မာႏုိင္ငံမွာ လူငယ္ေတြ ပညာသင္ယူေရး ေနာက္ထပ္ အခက္အခဲေတြ ႀကံဳရလိမ့္မယ္လို႔လည္း ခန္႔မွန္းထားပါတယ္။” လို႔ ျမန္မာႏိုင္ငံအေျခစိုက္ ကုလသမဂၢ တာဝန္ရွိသူေတြကို ကိုးကားၿပီး အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stéphane Dujarric က နယူးေယာက္ၿမိဳ႕ ကုလသမဂၢ႐ုံးခ်ဳပ္က အဂၤါေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုလိုက္တာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္တာကို ဆန္႔က်င္ အုံႂကြမႈေတြနဲ႔ လုံၿခံဳေရးတပ္ဖဲြ႔ေတြရဲ႕ ႏွိမ္နင္းမႈေတြအတြင္း ပညာေရးဝန္ထမ္းေတြ၊ အေဆာက္အအုံေတြ ပစ္မွတ္ထားခံရတဲ့အေပၚမွာ ကုလသမဂၢက မၾကာခဏ သတိေပးေနတာ ျဖစ္ပါတယ္။

ပညာေရး အေဆာက္အအုံေတြ တိုက္ခိုက္ခံရတာ၊ စာသင္ေက်ာင္းေတြမွာ လုံၿခံဳေရးတပ္ဖဲြ႔ေတြ တပ္စဲြထားတာေတြနဲ႔ ပတ္သက္လို႔ ၿပီးခဲ့တဲ့လထဲ ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖဲြ႔ (UNICEF) က သတင္းထုတ္ျပန္ခဲ့ရာမွာေတာ့ မွ်တမႈမရွိသလို က်င့္ဝတ္နဲ႔မညီဘူးဆိုၿပီး စစ္ေကာင္စီ ေျပာခြင့္ရက တုံ႔ျပန္ခဲ့တာပါ။

UNICEF ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ စစ္အာဏာသိမ္းၿပီး ၅ လေလာက္အတြင္း လုံၿခံဳေရးတပ္ဖဲြ႔ေတြ လက္ခ်က္နဲ႔ ေသဆုံးသူ ကေလးအရြယ္ ၆၀ ထက္မနည္းရွိေၾကာင္း ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ကိုဗစ်နဲ့ လုံခြုံရေးကြောင့် မြန်မာနိုင်ငံ ပညာရေးထိခိုက်မှု ကုလစိုးရိမ်

မြန်မာနိုင်ငံမှာ ကပ်ရောဂါနဲ့ လုံခြုံရေး အခြေအနေတွေကြောင့် ပညာသင်ကြားရေးမှာ ထိခိုက်မှုတွေ ကြုံနေရတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ကစလို့ ကိုဗစ်ကပ်ရောဂါကြောင့် စနစ်တကျ ပညာသင်ယူခွင့်မရတဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေ မြန်မာနိုင်ငံမှာ ၁၂ သန်းလောက် ရှိနေတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက သတင်းထောက်တွေကို ပြောလိုက်တာပါ။

“မေလကတည်းက မြန်မာနိုင်ငံတဝန်းက စာသင်ကျောင်းတွေအနီး လုံခြုံရေး စိုးရိမ်စရာ ဖြစ်ရပ်တွေ တိုးလာတာ တွေ့ရပြီး ပညာရေးအဆောက်အအုံ အများအပြားမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေ တပ်စွဲထားပါတယ်။ ပိုးအမျိုးအစားသစ်တွေနဲ့ COVID-19 အတည်ပြုလူနာတွေ တိုးလာနေတာကြောင့် မြန်မာနိုင်ငံမှာ လူငယ်တွေ ပညာသင်ယူရေး နောက်ထပ် အခက်အခဲတွေ ကြုံရလိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။” လို့ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေကို ကိုးကားပြီး အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင် အုံကြွမှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေအတွင်း ပညာရေးဝန်ထမ်းတွေ၊ အဆောက်အအုံတွေ ပစ်မှတ်ထားခံရတဲ့အပေါ်မှာ ကုလသမဂ္ဂက မကြာခဏ သတိပေးနေတာ ဖြစ်ပါတယ်။

ပညာရေး အဆောက်အအုံတွေ တိုက်ခိုက်ခံရတာ၊ စာသင်ကျောင်းတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ တပ်စွဲထားတာတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လထဲ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က သတင်းထုတ်ပြန်ခဲ့ရာမှာတော့ မျှတမှုမရှိသလို ကျင့်ဝတ်နဲ့မညီဘူးဆိုပြီး စစ်ကောင်စီ ပြောခွင့်ရက တုံ့ပြန်ခဲ့တာပါ။

UNICEF ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်းပြီး ၅ လလောက်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူ ကလေးအရွယ် ၆၀ ထက်မနည်းရှိကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG