သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း လူ႔အခြင္႔အေရး ခ်ိဳးေဖာက္မႈ Myanmar Witness အဖဲြ႔ စံုစမ္းမည္


ရန္ကုန္ၿမိဳ႕မွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပသူတဦးကုိ ဖမ္းဆီးေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ဝင္မ်ား။ (မတ္ ၂၊ ၂၀၂၁)

(Zawgyi / Unicode)

ၿဗိတိန္အစိုးရရဲ႕ ေထာက္ပံ့မႈနဲ႔ ဖြဲ႔စည္းထားတဲ့ Myanmar Witness အဖြဲ႔က ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္တဲ့ သက္ေသေတြကို စံုစမ္းစစ္ေဆးဖို႔ ဇူလိုင္လ ၅ ရက္ တနလၤာေန႔မွာ စတင္လုပ္ေဆာင္ေနပါၿပီ။

ျမန္မာႏိုင္ငံမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး စစ္တပ္အာဏာသိမ္းတာ ၅ လေက်ာ္လာတဲ့ေနာက္ ႏိုင္ငံ့အေျခေန သိသိသာသာ ဆိုးဝါးလာခ်ိန္မွာ အခုလို စံုစမ္းစစ္ေဆးမႈေတြ လုပ္လာတာ ျဖစ္ပါတယ္။

ၿဗိတိသွ်အစိုးရ ရန္ပံုေငြေထာက္ပံ့တဲ့ စီမံကိန္းတခုျဖစ္တဲ့ Myanmar Witness က သူတို႔ဟာ ျမန္မာႏိုင္ငံမွာ ႏိုင္ငံတကာ ရာဇဝတ္မႈေတြ က်ဴးလြန္တယ္လို႔ သံသယရွိတာေတြကို စံုစမ္းေနတဲ့ ကုလသမဂၢရဲ႕ သီးျခားလြတ္လပ္တဲ့ စံုစမ္းေရးယႏၲရား IIMM နဲ႔ အခ်က္အလက္ေတြ မွ်ေဝမွာျဖစ္ေၾကာင္း ေျပာၾကားခ်က္ကို ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။ အခုလို စံုစမ္းစစ္ေဆးမႈ စတင္လုပ္ေဆာင္တာနဲ႔ ပတ္သက္ၿပီး ျမန္မာစစ္တပ္ေျပာခြင့္ရဆီက တုံ႔ျပန္ခ်က္ရဖို႔ ႐ိုက္တာက ဆက္သြယ္ေပမယ့္ မရေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာစစ္တပ္အေပၚ အေနာက္ႏိုင္ငံေတြက အေရးယူဒဏ္ခတ္မႈေတြ တိုးလုပ္လာေနခ်ိန္မွာ အခုလို စံုစမ္းစစ္ေဆးမႈ လုပ္လာတဲ့ Myanmar Witness အဖြဲ႔က သူတို႔ဟာ ျမန္မာႏိုင္ငံတြင္းက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ျဖစ္ႏိုင္တဲ့ ျဖစ္ရပ္ေတြအတြက္ သီးျခားလြတ္လပ္စြာ အခ်က္လက္ေတြ စုေဆာင္း ထိန္းသိမ္းၿပီး စီစဥ္ေဆာင္ရြက္တာ၊ စံုစမ္းစစ္ေဆးတာ၊ မွန္မမွန္ စိစစ္တာနဲ႔ ျပန္လွန္သံုးသပ္တာေတြ လုပ္ေဆာင္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

ဒီျဖစ္ရပ္မ်ိဳးေတြကို သူတို႔ဆီတင္သြင္းဖို႔ အားေပးမွာျဖစ္သလို လူမႈမီဒီယာေတြမွာ ျမန္မာႏိုင္ငံသားေတြ တင္ၾကတဲ့ သတ္ျဖတ္မႈ၊ တိုက္ခိုက္မႈနဲ႔ တျခားက်ဴးလြန္မႈဆိုင္ရာ ႐ုပ္ပံုေတြ၊ ဗီြဒီယိုေတြကို ျဖစ္ရပ္မွန္ဟုတ္မဟုတ္ သီးျခားလြတ္လပ္တဲ့ စံုစမ္းမႈေတြ လုပ္မွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာစစ္တပ္ရဲ႕ လက္တုံ႔ျပန္မႈေတြ၊ လူေနရပ္ကြက္တို႔ ဘာသာေရး အေဆာက္အဦးတို႔ကို ပစ္ခတ္တာေတြအျပင္ ဆႏၵျပျပည္သူေတြကို အသက္ေသဆံုးမႈ မျဖစ္ေစသည့္တိုင္ ထိခိုက္ေစလိုတဲ့ ရည္ရြယ္ခ်က္နဲ႔ လုပ္တယ္ဆိုတာကို ျပေနတဲ့ ေသခ်ာတဲ့ သက္ေသအေထာက္ထားေတြ ရထားၿပီလို႔လည္း ေျပာပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရဲက ရက္စက္တဲ့လုပ္ရပ္ေတြ လုပ္ခဲ့တယ္ဆိုၿပီး အေနာက္ႏိုင္ငံေတြနဲ႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ႐ႈတ္ခ်ေနေပမယ့္ ျမန္မာစစ္ေကာင္စီကေတာ့ အမ်ိဳးသားလံုၿခံဳေရးကို ၿခိမ္းေျခာက္လာရင္ လိုအပ္မွ အင္အားသံုးတာျဖစ္ေၾကာင္း တုံ႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု Myanmar Witness အဖွဲ့ စုံစမ်းမည်

ဗြိတိန်အစိုးရရဲ့ ထောက်ပံ့မှုနဲ့ ဖွဲ့စည်းထားတဲ့ Myanmar Witness အဖွဲ့က မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ သက်သေတွေကို စုံစမ်းစစ်ဆေးဖို့ ဇူလိုင်လ ၅ ရက် တနင်္လာနေ့မှာ စတင်လုပ်ဆောင်နေပါပြီ။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းတာ ၅ လကျော်လာတဲ့နောက် နိုင်ငံ့အခြေနေ သိသိသာသာ ဆိုးဝါးလာချိန်မှာ အခုလို စုံစမ်းစစ်ဆေးမှုတွေ လုပ်လာတာ ဖြစ်ပါတယ်။

ဗြိတိသျှအစိုးရ ရန်ပုံငွေထောက်ပံ့တဲ့ စီမံကိန်းတခုဖြစ်တဲ့ Myanmar Witness က သူတို့ဟာ မြန်မာနိုင်ငံမှာ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ သံသယရှိတာတွေကို စုံစမ်းနေတဲ့ ကုလသမဂ္ဂရဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးယန္တရား IIMM နဲ့ အချက်အလက်တွေ မျှဝေမှာဖြစ်ကြောင်း ပြောကြားချက်ကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အခုလို စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ပြောခွင့်ရဆီက တုံ့ပြန်ချက်ရဖို့ ရိုက်တာက ဆက်သွယ်ပေမယ့် မရကြောင်းလည်း ပြောပါတယ်။

မြန်မာစစ်တပ်အပေါ် အနောက်နိုင်ငံတွေက အရေးယူဒဏ်ခတ်မှုတွေ တိုးလုပ်လာနေချိန်မှာ အခုလို စုံစမ်းစစ်ဆေးမှု လုပ်လာတဲ့ Myanmar Witness အဖွဲ့က သူတို့ဟာ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေအတွက် သီးခြားလွတ်လပ်စွာ အချက်လက်တွေ စုဆောင်း ထိန်းသိမ်းပြီး စီစဉ်ဆောင်ရွက်တာ၊ စုံစမ်းစစ်ဆေးတာ၊ မှန်မမှန် စိစစ်တာနဲ့ ပြန်လှန်သုံးသပ်တာတွေ လုပ်ဆောင်မှာဖြစ်ကြောင်း ပြောပါတယ်။

ဒီဖြစ်ရပ်မျိုးတွေကို သူတို့ဆီတင်သွင်းဖို့ အားပေးမှာဖြစ်သလို လူမှုမီဒီယာတွေမှာ မြန်မာနိုင်ငံသားတွေ တင်ကြတဲ့ သတ်ဖြတ်မှု၊ တိုက်ခိုက်မှုနဲ့ တခြားကျူးလွန်မှုဆိုင်ရာ ရုပ်ပုံတွေ၊ ဗွီဒီယိုတွေကို ဖြစ်ရပ်မှန်ဟုတ်မဟုတ် သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေ လုပ်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်တုံ့ပြန်မှုတွေ၊ လူနေရပ်ကွက်တို့ ဘာသာရေး အဆောက်အဦးတို့ကို ပစ်ခတ်တာတွေအပြင် ဆန္ဒပြပြည်သူတွေကို အသက်သေဆုံးမှု မဖြစ်စေသည့်တိုင် ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကို ပြနေတဲ့ သေချာတဲ့ သက်သေအထောက်ထားတွေ ရထားပြီလို့လည်း ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ရဲက ရက်စက်တဲ့လုပ်ရပ်တွေ လုပ်ခဲ့တယ်ဆိုပြီး အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ရှုတ်ချနေပေမယ့် မြန်မာစစ်ကောင်စီကတော့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာရင် လိုအပ်မှ အင်အားသုံးတာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

XS
SM
MD
LG