သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတမန်ဝန်ထမ်းနေအိမ်တွေ ဝင်ရောက်ရှာဖွေမှု ဂျပန်အစိုးရကန့်ကွက်ခဲ့


Japan's Chief Cabinet Secretary Katsunobu Kato
Japan's Chief Cabinet Secretary Katsunobu Kato

Zawgyi/Unicode

ရန်ကုန်မြို့မှာရှိတဲ့ ဂျပန်သံရုံး သံတမန်ဝန်ထမ်းတွေနဲ့ ဂျပန်လူမှုကူညီရေးရုံး ဝန်ထမ်းတွေ တည်ရှိရာခြံဝင်းထဲ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဧပြီလက အတင်းအကြပ် ဝင်ရောက်ရှာဖွေတာခဲ့တဲ့ကိစ္စကို ဂျပန်အစိုးရကကန့်ကွက်ခဲ့သလို အလားတူလုပ်ရပ်တွေထပ်ပေါ်ပေါက်မလာအောင် ဟန့်တားပေးဖို့ တောင်းဆိုခဲ့တဲ့အကြောင်း ဂျပန်အစိုးရပြောခွင့်ရသူက ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဝန်ထမ်းတွေထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ပေမယ့်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အင်အားသုံးခဲ့တဲ့ အဲဒီလုပ်ရပ်တွေဟာ ဂျပန်နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက်အန္တရာယ်ရှိစေသလို သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာသဘောတူညီချက်ကိုချိုးဖောက်တာဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Katsunobu Kato က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
အဲဒီသဘောတူညီချက်က သံရုံးပိုင် ပရဝုဏ်တွေထဲမှာ သံတမန်တွေကို ဖမ်းဆီးထိန်းသိမ်းတာမျိုးမလုပ်နိုင်အောင် တားမြစ်ထားတာဖြစ်ပါတယ်။ ဧပြီလ ၁၇ ရက်နေ့ညက ရန်ကုန်ဂျပန်သံရုံးထဲမှာ ပေါ်ပေါက်ခဲ့တဲ့ အဲဒီဖြစ်ရပ်အတွက် မြန်မာစစ်ကောင်စီဘက်က တောင်းပန်ခဲ့တယ်လို့လည်း မစ္စတာ Kato ကပြောပါတယ်။ အဲဒီဝင်းထဲမှာ ဂျပန်သံရုံးဝန်ထမ်းတဦးရဲ့ နေအိမ်နဲ့အတူ လူမှုကူညီရေးအဖွဲ့တခုဖြစ်တဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာပူေးပါင်းဆောင်ရွက်ရေးအေဂျင်စီ ဝန်ထမ်းတဦးရဲ့နေအိမ်လည်း ရှိနေတာပါ။

Unicode



#MyanmarMilitaryCoup #MyanmarDiplomacy #MyanmarJapan #VOABurmese

XS
SM
MD
LG