သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ဘေးကြောင့် ရခိုင်မှာ ကျောင်းများအချိန်ခွဲသင်ရန် ညွန်ကြား


Students wait outside a school entrance in Sittwe, capital of western Rakhine State on June 1, 2021. - Schools in Myanmar opened on June 1 for the first time since the military seized power, but teachers and students are set to defy the junta's calls for
Students wait outside a school entrance in Sittwe, capital of western Rakhine State on June 1, 2021. - Schools in Myanmar opened on June 1 for the first time since the military seized power, but teachers and students are set to defy the junta's calls for

(Zawgyi/Unicode)

ကိုဗစ်အတည်ပြုလူနာတိုးနေတဲ့ ရခိုင်ပြည်နယ်မှာ ကျောင်းသူ ကျောင်းသားတွေကို အသုတ်လိုက်ခွဲပြီး အချိန်ခြားသင်ဖို့ ပညာရေးတာဝန်ရှိသူတွေ ညွန်ကြားထားပါတယ်။ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသူ ကျောင်းသားတွေကြားမှာပါ ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေ ရှိနေတာကြောင့် တဦးနဲ့ တဦး ခပ်ခွာခွာဖြစ်နေအောင် အတန်းပေါ်မူတည်ပြီး အလှည့်လိုက် အချိန်ခွဲတက်ရမယ့် စနစ်ကို လုပ်နေတာဖြစ်ပါတယ်။ ရခိုင်ကကျောင်းတွေမှာ ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းတွေလုပ်နေတာနဲ့ပါတ်သက်လို့ ရခိုင်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်း ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ တစ်နေ့ထက်တစ်နေ့ ကိုဗစ်ကူးစက်ခံရသူတွေ များလာနေသလို ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေအထိ ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေ ရှိပါတယ်။ ကိုဗစ်အတည်ပြုလူနာရှိတဲ့ အခြေခံပညာကျောင်းတွေကို လောလောဆယ် ပိတ်ထားတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှုးရုံးက ဒုတိယညွန်ကြားရေးမှူး(စီမံ) ဒေါက်တာ ထွန်းထွန်းသိန်းက ပြောပါတယ်။


“ ကျနော်တို့မှာတော့ လက်ရှိအားဖြင့် သင်ကြားရေးဝန်ထမ်း ၇ ဦး ကူးစက်ခံထား ရတာရှိပါ တယ်။ ကျောင်းသားကျောင်းသူကတော့ ၉ဦး စုစုပေါင်း ၁၆ ဦး positive ကူးစက် ထားတာ ရှိပါတယ်။ သံတွဲမြို့နယ် မောင်တောမြို့နယ် ကျောက်ဖြူနဲ့ ပေါက်တော မြို့တွေမှာကူးစက် ထား တာရှိပါ တယ်။ စစ်တွေမြို့နယ်မှာတော့ မူပြ အထကခွဲ အမြင့်ကျွန်းမှာ ဆရာမ တစ်ဦး positive လူနာ အဖြစ်ရှိပါတယ်။ ကူးစက်ခံထားရတဲ့ ဆရာဆရာမတွေကတော့ သက်ဆိုင်ရာ ဆေးရုံကြီးတွေမှာ ဆေးကုသခံယူလျက်ရှိပါတယ်။ သူတို့နဲ့ထိတွေခဲ့တယ်လို့ ယူဆရတဲ့ ကျောင်းသူ ကျောင်းသားတွေ ကျောင်းတွေမှာက သိတဲ့ အတိုင်းပဲလေ ထိတွေ့မှုတွေ ဖြစ်ခဲ့ကြ မှာပဲ။ သူတို့တွေကိုတော့ စောင့်ကြည့်အနေနဲ့ မိမိအိမ်မှာနေဖို့ ကလေးတွေကို တစ်ဦးနဲ့တစ်ဦး မထိတွေ့ဖို့ ထားခြင်းဖြစ်ပါတယ်။ positiveတွေ့တဲ့ ကျောင်းတွေကို တော့ လတ်တလော ယာယီပိတ်ထားတာရှိပါတယ်။”

ဆက်လက်ဖွင့်နေတဲ့ ကျောင်းတွေမှာတော့ ကျောင်းသူ ကျောင်းသားတွေကို တစ်ဦးနဲ့ တစ်ဦး ခြောက်ပေအကွာကနေ အတတ်နိုင်ဆုံး လူချင်း ခပ်ခွာခွာဖြစ်နေအောင် အပတ်စဉ်အလိုက် အဆိုင်းခွဲပြီး ကျောင်းတက်ဖို့ သက်ဆိုင်ရာ ပညာရေး ဌာနတွေကို ညွန်ကြားထားတယ်လို့လည်း ပြောပါတယ်။

“ ရခိုင်ပြည်နယ် စံမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွန်ချက်နဲ့အတူ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ မူဘောင်နဲ့ ကျနော်တို့ သင်ကြားဖို့အတွက် ဆောင်ရွတ်တဲ့ အခါမှာ တစ်ချို့သောကျောင်းတွေမှာ ကျောင်းသားတွေများတဲ့ အတွက် သင်ကြားဖို့ ကျောင်းသားအင် အားမဆန့်ဖြစ်တယ်။ ဖြစ်တဲ့အခါမှာ ကျနော်တို့ နှစ်သုတ်ခွဲတက်တဲ့ အခြေအနေလေး ဖြစ်လာ တယ်။ အခုဆိုရင် မြို့နယ် ပညာရေးမှူးတွေကို ကျနော်တို့ အနေနဲ့ ဖုန်းဖြင့်သော်လည်း ကောင်း ကျောင်းသားစိစစ်ဖို့ပေါ့နော်။ ဆိုလိုတာက ကျောင်းရဲ့ အခန်းအကျယ်ကို ၃၆ နဲ့ စားပြီး တော့ ကျောင်းသားဦးရေ ဝင်ဆန့်သာ ဆောင်ရွက်ဖို့ ဆောင်ရွက်တဲ့အခါ နှစ်သုတ် ဖြစ်ပါစေ၊ အပတ်ခြားဖြစ်ပါစေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့ အညီ ဆောင် ရွက်ဖို့ ကျောင်းမပိတ်သွားဖို့ အတွက် ကလေးတွေရဲ့ ပညာသင်ကြားမှု အဓွန့်ရှည်ဖို့အတွက် ကြိုးစားဆောင်ရွက်ကြဖို့အတွက် ကျနော်တို့ မြို့နယ်မှူးတွေ ခရိုင်မှူးတွေကို လမ်းညွန်ထား တာရှိပါတယ်။ စာထုတ်ထားတာလည်းရှိပါတယ်။”

အခြေခံပညာကျောင်းတွေ ဇွန်လမှာ ပြန်ဖွင့်ချိန်က ရခိုင်ပြည်နယ်မှာ ကျောင်းသား ရာနှုန်းပြည့်နီးပါး ကျောင်းပြန်တက်တယ်လို့ ပြည်နယ် ပညာရေးမှူးက ပြောကြားထားပါတယ်။ အခုကိုဗစ်ကပ်ရောဂါ တတိယလှိုင်း ရိုက်ခတ်နေပေမဲ့ ရခိုင်ပြည်နယ်ထဲက အခြေခံပညာကျောင်းတွေအားလုံးကိုတော့ ပိတ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။ ကိုဗစ်စည်းကမ်းနဲ့ အညီ ကျောင်းတက်နိုင်အောင် ဆောင်ရွက်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“ ဒီကိုဗစ်ကူးစက်မှုတွေကို ထိန်းချုပ်တဲ့ အနေနဲ့ ကျောင်းတွေကို အဆိုင်းနဲ့ တက်ခိုင်းမှာ ဖြစ်ပါတယ်။ မနက်ပိုင်း ညနေပိုင်း ဒီလို အဆိုင်းနဲ့ တက်တဲ့ ကျောင်းတွေမှာတော့ ပုံမှန် အားဖြင့် အနည်းဆုံး တစ်နာရီခြားပြီးတော့ တက်ရမှာ ဖြစ်ပါတယ်။ လတ်တလောမှာ တော့ ကျောင်း အနေအထား ဆရာတွေအနေအထား စာသင်ခန်းတွေရဲ့ အနေအထားတွေကို ကြည့်ပြီးတော့ တစ်ချို့ကျောင်းတွေဆိုရင် တစ်ပတ် ကျောင်းတက် ကျောင်းသားတွေက တစ်ပတ်နား။ ဆရာတွေတော့ မနားရပါဘူး။ သူ့အလှည့်နဲ့ သူ ကျောင်းတက်တဲ့ စနစ်ကို ကျင့်သုံးဖို့ ကျနော်တို့ ညွန်ကြားထားပါတယ်။ ကျောင်းတွေကို ဗြုန်းစားကြီး ပိတ်ဖို့ အစီအစဉ်မရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကုန်ခဲ့တဲ့ နှစ်ကပညာရေးမှာ တစ်နှစ်နောက်ကျထားတဲ့ အတွက် ကျောင်းသူ ကျောင်းသားတွေရဲ့ ပညာရေးနဲ့ ပတ်သတ်ပြီးတော့ မိမိသက်ဆိုင်ရာ အတန်းလိုက် အရည်အသွေးရှိအောင်လို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျနော်တို့ ကျောင်းတွေ ပိတ်လိုက်ပြီးတော့ အချိန်တန်ရင် အောင်စာရင်း ထုတ်ပေးလိုက်မယ် ဆိုလို့ရှိရင်တော့ ဒါပညာရေးပိုင်းမှာ ထိရောက်မှု မရှိဘူးလို့ အဲလိုမြင်ပါတယ်။”

ဇူလိုင်လ ၅ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါကူးစက်ခံရသူ ၅၀၀ ကျော်အထိရှိနေပြီး သေဆုံးသူကတော့ ၃ ယောက်ထက်မနည်းရှိပါတယ်။ ရခိုင်ပြည်နယ် ကိုဗစ်ကူးစက်မှုတွေ ထပ်မတိုးမ လာဖို့သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ အနေနဲ့ လုပ်ဆောင်နေတဲ့ အချိန်မှာ ပြည်သူလူထုတွေ အနေနဲ့လည်း ကျန်းမာရေး ဝန်ကြီးဌာနာက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာကြဖို့လည်း ရခိုင်အာဏာပိုင်တွေဘက်က တို်က်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်



(Unicode)


#MyanmarCovid #Covid19 #RakhineCovid #MyanmarEducation #VOABurmese










XS
SM
MD
LG