(Zawgyi / Unicode)
ေဖေဖာ္ဝါရီလကစၿပီး စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံရဲ႕ အေတာ္ဆိုးဝါးလွတဲ့ အေျခအေနဟာ ျပည္တြင္းစစ္ျဖစ္မယ့္ အေနအထားကို ဦးတည္သြားႏိုိုင္သလို ေဒသတြင္းမွာလည္း လံုၿခံဳမႈမရွိဘဲ ျဖစ္လာႏိုင္တယ္လို႔ ကုလသမဂၢ လူ႔အခြင့္ေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet က အဂၤါေန႔မွာ သတိေပးလိုက္ပါတယ္။
အခုလပိုင္းေတြအတြင္း ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးျပႆနာကေန ဆိုးဝါးတဲ့ ဘက္ေပါင္းစံု လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ ျပႆနာအထိ ရင္ဆိုင္ေနရေၾကာင္း မစၥ Bachelet က လူ႔အခြင့္အေရးေကာင္စီမွာ ျမန္မာ့အေရးကို တင္ျပခဲ့တာပါ။
ေရရွည္ဖြံ႔ၿဖိဳးေရးအတြက္ ေမွ်ာ္လင့္ခ်က္ေတြဟာလည္း ႏိုင္ငံတလႊား အၾကမ္းဖက္မႈေတြနဲ႔ ဝမ္းနည္းစရာ ျဖစ္ရပ္ေတြေၾကာင့္ ပ်က္စီးခဲ့ရၿပီး က်႐ႈံးႏိုင္ငံ ဒါမွမဟုတ္ က်ယ္ျပန္႔တဲ့ ျပည္တြင္းစစ္ျဖစ္ဖို႔ ပိုမ်ားလာေနတာ ေတြ႔ရတယ္လို႔ ေျပာပါတယ္။ ဒါတင္မကေသးဘဲ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ ျမန္မာႏိုင္ငံတြင္း ႀကံဳလာရတဲ့ ဆိုးဝါးတဲ့ အေနအထားေတြက ေဒသတြင္း လံုၿခံဳေရးကိုပါ က်ယ္က်ယ္ျပန္႔ျပန္႔ အႀကီးအက်ယ္ ထိခိုက္ႏိုင္မယ့္ အေနအထား ရွင္းရွင္းႀကီး ေတြ႔ေနရတယ္လို႔လည္း ေျပာပါတယ္။
စစ္တပ္ဟာ အာဏာသိမ္းရာကေန ပံုစံခ်က္ခ်င္းေျပာင္းသြားၿပီး အရပ္သားျပည္သူကို တိုက္ခိုက္လာသလို ဒါကို တျဖည္းျဖည္း စနစ္တက်နဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ တိုးလုပ္လာေနတယ္လို႔လည္း မစၥ Bachelet က ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းတာကို လက္မခံတဲ့ ျပည္သူေတြက ေန႔စဥ္လိုလို ဆႏၵျပေနတာျဖစ္ၿပီး ဒါကို စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ၿဖိဳခြဲခဲ့တဲ့အတြက္ ေသဆံုးရတဲ့ျပည္သူက အခုအခ်ိန္အထိဆို ၉၀၀ ဝန္းက်င္ ရွိလာၿပီျဖစ္သလို ေနအိမ္ေတြကေန ထြက္ေျပးပုန္းေရွာင္ေနရသူက ၂ သိန္းေလာက္ ရွိလာေနတာပါ။
တရားလက္လြတ္ အဖမ္းခံေနရသူက ၅,၂၀၀ ေက်ာ္ရွိေနၿပီး ဒီအထဲမွာ သတင္းသမား ၉၀ ေက်ာ္ ပါေနသလို အပိတ္သိမ္းခံရတဲ့ သတင္းဌာနက ၈ ခုရွိေနတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ အဖမ္းခံရသူေတြ ေပ်ာက္ဆံုးတာ၊ ရက္ရက္စက္စက္ အႏွိပ္စက္ခံရတာ၊ ဖမ္းထားစဥ္ ေသဆံုးတာ၊ ဖမ္းမမိလို႔ က်န္မိသားစုကို ကေလးငယ္ပါမက်န္ ဖမ္းဆီးတာေတြ ရွိေနတယ္လို႔ ေျပာပါတယ္။
ဒီလုပ္ရပ္ေတြေၾကာင့္ ႏိုင္ငံတလႊားမွာ အခုဆို ျပည္သူေတြက ရရာလက္နက္ကိုင္စြဲၿပီး ေတာ္လွန္လာၾကသလို ေဒသကာကြယ္ေရးအဖြဲ႔ေတြ ဖြဲ႔စည္းၿပီး တြန္းလွန္လာေနၾကေၾကာင္းနဲ႔ ဒါကို စစ္တပ္က အင္အားကို လိုတာထက္ပိုသံုးၿပီး တုံ႔ျပန္ေနတာ ေတြ႔ရသလို အၾကမ္းဖက္မႈေတြ တိုးလာတဲ့ဒဏ္ကို ျပည္သူေတြ ဆိုးဆိုးဝါးဝါး ခံရႏိုင္တာေၾကာင့္ စိုးရိမ္ေၾကာင္းလည္း မစၥ Bachelet က ေျပာၾကားခဲ့ပါတယ္။
---------------------
(Unicode)
ဒေသလုံခြုံရေး ထိခိုက်စေမယ့် မြန်မာပြည်တွင်းစစ် ဖြစ်လာနိုင် (လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet)
ဖေဖော်ဝါရီလကစပြီး စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ အတော်ဆိုးဝါးလှတဲ့ အခြေအနေဟာ ပြည်တွင်းစစ်ဖြစ်မယ့် အနေအထားကို ဦးတည်သွားနိုင်သလို ဒေသတွင်းမှာလည်း လုံခြုံမှုမရှိဘဲ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။
အခုလပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာကနေ ဆိုးဝါးတဲ့ ဘက်ပေါင်းစုံ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာအထိ ရင်ဆိုင်နေရကြောင်း မစ္စ Bachelet က လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးကို တင်ပြခဲ့တာပါ။
ရေရှည်ဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်တွေဟာလည်း နိုင်ငံတလွှား အကြမ်းဖက်မှုတွေနဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်တွေကြောင့် ပျက်စီးခဲ့ရပြီး ကျရှုံးနိုင်ငံ ဒါမှမဟုတ် ကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ဖြစ်ဖို့ ပိုများလာနေတာ တွေ့ရတယ်လို့ ပြောပါတယ်။ ဒါတင်မကသေးဘဲ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံတွင်း ကြုံလာရတဲ့ ဆိုးဝါးတဲ့ အနေအထားတွေက ဒေသတွင်း လုံခြုံရေးကိုပါ ကျယ်ကျယ်ပြန့်ပြန့် အကြီးအကျယ် ထိခိုက်နိုင်မယ့် အနေအထား ရှင်းရှင်းကြီး တွေ့နေရတယ်လို့လည်း ပြောပါတယ်။
စစ်တပ်ဟာ အာဏာသိမ်းရာကနေ ပုံစံချက်ချင်းပြောင်းသွားပြီး အရပ်သားပြည်သူကို တိုက်ခိုက်လာသလို ဒါကို တဖြည်းဖြည်း စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုးလုပ်လာနေတယ်လို့လည်း မစ္စ Bachelet က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေက နေ့စဉ်လိုလို ဆန္ဒပြနေတာဖြစ်ပြီး ဒါကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အတွက် သေဆုံးရတဲ့ပြည်သူက အခုအချိန်အထိဆို ၉၀၀ ဝန်းကျင် ရှိလာပြီဖြစ်သလို နေအိမ်တွေကနေ ထွက်ပြေးပုန်းရှောင်နေရသူက ၂ သိန်းလောက် ရှိလာနေတာပါ။
တရားလက်လွတ် အဖမ်းခံနေရသူက ၅,၂၀၀ ကျော်ရှိနေပြီး ဒီအထဲမှာ သတင်းသမား ၉၀ ကျော် ပါနေသလို အပိတ်သိမ်းခံရတဲ့ သတင်းဌာနက ၈ ခုရှိနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အဖမ်းခံရသူတွေ ပျောက်ဆုံးတာ၊ ရက်ရက်စက်စက် အနှိပ်စက်ခံရတာ၊ ဖမ်းထားစဉ် သေဆုံးတာ၊ ဖမ်းမမိလို့ ကျန်မိသားစုကို ကလေးငယ်ပါမကျန် ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
ဒီလုပ်ရပ်တွေကြောင့် နိုင်ငံတလွှားမှာ အခုဆို ပြည်သူတွေက ရရာလက်နက်ကိုင်စွဲပြီး တော်လှန်လာကြသလို ဒေသကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး တွန်းလှန်လာနေကြကြောင်းနဲ့ ဒါကို စစ်တပ်က အင်အားကို လိုတာထက်ပိုသုံးပြီး တုံ့ပြန်နေတာ တွေ့ရသလို အကြမ်းဖက်မှုတွေ တိုးလာတဲ့ဒဏ်ကို ပြည်သူတွေ ဆိုးဆိုးဝါးဝါး ခံရနိုင်တာကြောင့် စိုးရိမ်ကြောင်းလည်း မစ္စ Bachelet က ပြောကြားခဲ့ပါတယ်။