သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖာပြန္ေဒသ စစ္ေဘးဒုကၡသည္ ၄၀၀၀ေက်ာ္ ေနထိုင္စားေသာက္မႈခက္ခဲ


ထုိင္းျမန္မာနယ္စပ္မွာခိုလႈံေနတဲ့ စစ္ေဘးေရွာင္ကရင္ရြာသြားမ်ား၊ ဧၿပီ ၂၇၊ ၂၀၂၁။

(Zawgyi/ Unicode)

ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္မြာ မတ္လက ျဖစ္ခဲ့တဲ့ တိုက္ပြဲေၾကာင့္ ၿမိဳင္ႀကီးငူနဲ႔ ကေမာင္းကို ထြက္ေျပး ခိုလႈံေနၾကတဲ့ စစ္ေျပး ဒုကၡသည္ (၄၀၀၀) ေက်ာ္ဟာ ခုခ်ိန္ထိ ေနရပ္ မျပန္နိုင္ၾကေသးပါဘူး။ ၃ လေက်ာ္ၾကာလာၿပီျဖစ္တဲ့အတြက္ ေနေရးထိုင္ေရး အခက္အခဲေတြလည္း ရင္ဆိုင္ေနရတဲ့ အေျခအေနကို ဗီအိုေအသတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ဖာပြန္ခရိုင္မွာ ဧၿပီလက ကရင္လက္နက္ကိုင္ KNU တပ္ေတြနဲ႔ ျမန္မာစစ္တပ္တို႔ၾကား ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲ ေတြေၾကာင့္ ဖာပြန္ၿမိဳ႕နယ္အတြင္းက ရြာသား (၅၀၀၀) ေက်ာ္ဟာ လွိုင္းဘြဲၿမိဳ႕နယ္ ၿမိဳင္ႀကီးငူဒုကၡသည္စခန္းနဲ႔ ဖာပြန္ၿမိဳ႕ နယ္အုန္းေတာေက်းရြာဘက္မွာ ထြက္ေျပး ခိုလႈံေနၾကပါတယ္။ လွိုင္းဘြဲၿမိဳ႕နယ္ ၿမိဳင္ႀကီးငူ ဒုကၡသည္စခန္းေရာက္ ဒုကၡသည္ (၄၀၀၀)ေက်ာ္ဟာ ေရရွည္ေနထိုင္ဖုိ႔ အခက္ခဲရွိေနတယ္လို႔ ၿမိဳင္ႀကီးငူ ဒုကၡသည္စခန္းက က်န္းမာေရးတာဝန္ခံဆရာမ ေနာ္သဇင္က အခုလိုေျပာပါတယ္။

"ဧၿပီ(၉)ကေန (၆)လပိုင္းအထိက အေနာတို႔စာရင္းလုပ္ထားတာကေတာ့ ရြာေပါင္း(၉၀) အိမ္ေျခကေတာ့(၉၈၃) လူဦးေရက ေတာ့ (၄၇၈၀)ေပါ့။ လက္ရွိမွာကေတာ့ သူတို႔ကဒီမွာ ေနဖို႔အတြက္ေပါ့ေနာ္။ ပိုအေရးႀကီးတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔က သူမ်ားအိမ္မွာကပ္ သူတို႔ေဆြမ်ိဳးအိမ္မွာမွီခိုေနရတယ္ဆိုေတာ့ေလ။ ေရရွည္မွာဆိုရင္ ဘယ္ႏွစ္လဆိုတာေျပာမတတ္ေသးဘူးေလ။ အဲတာေၾကာင့္။ ဆိုေတာ့သူတို႔ကအခက္ခဲက အဲဒီေနဖို႔အတြက္ တခုက ေတာ္ေတာ္ႀကီးအခက္ခဲျဖစ္တာေပါ့။"

ၿမိဳင္ႀကီးငူေဒသနဲ႔သံလြင္ျမစ္တခုျခားေနတဲ့ ဖာပြန္ၿမိဳ႕နယ္အုန္းေတာေက်းရြာဘက္မွာလဲ စစ္ေျပးဒုကၡသည္ (၁၀၀၀)ေက်ာ္ ေရာက္ရွိေနတာပါ။ သူတို႔ေတြအတြက္ အစားအေသာက္သာေပးနိုင္ၿပီး ေနထိုင္ဖို႔ ေနရာ မစီစဥ္ေပးနိုင္ဘူးလို႔ ဒုကၡသည္ေတြကို အကူညီေပး ေနတဲ့ အုန္းေတာရြာ ေဆြျမတ္မ်ိဳးႂကြယ္ေက်ာင္းက ဆရာေတာ္ဦးသီရိဓမၼကအခုလိုမိန္႔ၾကားပါတယ္။

"ထြက္ေျပးလာတဲ့စစ္ေရွာင္ေပမဲ့ ဦးဇင္းတို႔ေနရာမေပးနိုင္ဘူး။ ဒီအစားအေသာက္ေတြဘဲေပးနိုင္တယ္။ ဒီမွာက နဲနဲဘဲေနရာ ေပးနိုင္တယ္။ မေပးနိုင္တာကမ်ားတယ္။ သူတို႔နီးစပ္ရာအိမ္ေတြ သူတို႔အသိေတြ ေဆြမ်ိဳးေတြ အဲတာေတြကို သြားေနခိုင္း ၿပီးေတာ့ ဦးဇင္းတို႔က အလႉရွင္ရွိတဲ့အခါမွာ ဦးဇင္းတို႔က ေဝေပးတာေပါ့။ ဒီအစားအေသာက္ ဒီအဝတ္အထည္၊ တာလပတ္ တို႔ကအစေပါ့။"

ေဒသတြင္းမွာ တိုက္ပြဲအေျခအေန မတည္ၿငိမ္ေသးတာေၾကာင့္ ဒုကၡသည္ေတြ ေနရပ္ရင္းကိုမျပန္နိုင္ၾကေသးဘူးလို႔ ၿမိဳင္ႀကီး ငူစခန္း အတြင္းေရးမွဴး ဦးေစာထြန္းက ေျပာပါတယ္။

"အခုေလာေလာဆယ္ကေတာ့ျပန္မျဖစ္လို႔သူတို႔မျပန္ခ်င္တာအဲဒီလို။ အခုကတိုက္ပြဲျဖစ္ေနတာဘဲ သူတို႔ဘယ္ျပန္ရဲမလဲ။"

တခ်ိဳ႕လည္း ေနရပ္ျပန္နိုင္ဖို႔ အေျခအေန သြားျပန္ၾကည့္ၾကေပမယ့္ လုံျခဳံေရးအရ စိုးရိမ္စရာ ျဖစ္ေနေသးတာေၾကာင့္ ေနရပ္မျပန္နိုင္ေသးဘူလို႔လဲ အုန္းေတာရြာ ေဆြျမတ္မ်ိဳးႂကြယ္ေက်ာင္းက ဆရာေတာ္ဦးသီရိဓမၼကအခုလိုမိန္႔ၾကားပါတယ္။
"သူတို႔အိမ္ကိုခဏျပန္ၾကည့္တယ္။ ေနလို႔ကေတာ့နဲနဲအခက္ခဲရွိေနပါတယ္။ ဟိုမွာကလဲအေျခအေနက ဒီေလာက္မေကာင္းဘူး ေလ။ အဲဒီမွာဟိုၾကားညႇပ္တာတို႔ ေနာက္ၿပီးေတာ့ဟို တဖက္နဲ႔တဖက္ေထာင္ထားတဲ့ မိုင္းေတြရြာသားေတြက မသိေတာ့ ထိခိုက္ဒဏ္ရာရမႈကလဲရွိတာေပါ့။ ဒီအုန္းေတာမွာတယာက္ သူ႔ၿခံထဲသြားတာ မိုင္းနင္းမိလို႔ေျခေထာက္တဖက္ျပတ္တယ္။"

ဖာပြန္ၿမိဳ႕နယ္ဘက္က ေက်းရြာေတြမွာ ေျမျမဳပ္မိုင္းအႏၲရာယ္အျပင္ ျမန္မာစစ္တပ္နဲ႕KNU ေတြ တိုက္ပြဲ ျပန္လည္ျဖစ္ပြားမွာကို စိုးရိမ္ ေၾကာက္ရြံ့ေနေသးတဲ့အတြက္ ေနရပ္ကို ျပန္မရဲၾကေသးဘူးလို႔ ဒုကၡသည္ေတြကလည္း ေျပာပါတယ္။

ဒါ့အျပင္ လက္ရွိျမန္မာနိုင္ငံအႏွံ့မွာကူးစက္မႈမ်ားျပားေနတဲ့ COVID-19 ေရာဂါကူးစက္မွာ စိုးရိမ္ေနရတယ္လို႔လဲ ၿမိဳင္ႀကီးငူဒုကၡသည္စခန္းက က်န္းမာေရးတာဝန္ခံ ဆရာမေနာ္သဇင္က ေျပာပါတယ္။ ထိုင္းနိုင္ငံဖက္က ျပန္လာသူေတြကို သီးျခားခြဲ ကြာရန္တင္းလုပ္တဲ့ အစီအစဥ္ ေလာေလာဆယ္ အေသအခ်ာမရွိတာေၾကာင့္ ပိုၿပီး စိုးရိမ္စရာျဖစ္ေနတယ္လို႔ သူကေျပာပါ တယ္။

"ခါတိုင္းဆိုလို႔ရွိရင္ ၂၀ သုံးလပိုင္းကေနၿပီးေတာ့ အေနာတို႔ Quarantine ထားတာက ဟို (၂၁) တလပိုင္းအထိေလ။ အေနာတို႔ Quarantine ထား။ ျမဝတီကျပန္လာလာ။ ခိုးလမ္းကျပန္လာလာ၊ မဲသေဝါဘက္ဘဲျပန္လာလာ၊ ဆိုေတာ့ အကုန္ လုံးမိတယ္ေလ။ Quarantine ထားထားတယ္ဆိုေတာ့ေလ။ အဲဒီလို။ အခုက်ေတာ့ သူတို႔ကလဲ ေသေသခ်ာခ်ာလဲဘာမွမေျပာဘူး။ ေနာက္ၿပီးေတာ့ လူ ဆရာမအင္အားကလဲနဲတယ္ေလ။ နဲတယ္ဆိုေတာ့အေနာတို႔က စိုးရိမ္တယ္ေပါ့။"

ျမန္မာစစ္တပ္နဲ႕ KNU တပ္မဟာ (၅) တပ္ေတြၾကား မတ္လနဲ႔ဧၿပီလမွာ တိုက္ပြဲေတြ ျဖစ္ပြားခဲ့တာေၾကာင့္ ဖာပြန္ၿမိဳ႕ နယ္က ေဒသခံ ၅ ေထာင္ေလာက္ စစ္ေျပးဒုကၡသည္ေတြ ျဖစ္ေနၾကတာပါ။ စစ္တပ္ဖက္က ေလယာဥ္ေတြနဲ႔ ဗုံးၾကဲတိုက္ခိုက္ခဲ့ၿပီး ေနာက္ပိုင္း ထိုင္းနယ္စပ္ဖက္ ထြက္ေျပးတိမ္း ေရွာင္ေနၾကရတဲ့ ျပည္တြင္းဒုကၡသည္ကလည္း ေသာင္းနဲ႔ခ်ီ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

ကရင်ပြည်နယ် ဖာပွန်မြို့နယ်မွာ မတ်လက ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် မြိုင်ကြီးငူနဲ့ ကမမောင်းကို ထွက်ပြေး ခိုလှုံနေကြတဲ့ စစ်ပြေး ဒုက္ခသည် (၄၀၀၀) ကျော်ဟာ ခုချိန်ထိ နေရပ် မပြန်နိုင်ကြသေးပါဘူး။ ၃ လကျော်ကြာလာပြီဖြစ်တဲ့အတွက် နေရေးထိုင်ရေး အခက်အခဲတွေလည်း ရင်ဆိုင်နေရတဲ့ အခြေအနေကို ဗီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ဧပြီလက ကရင်လက်နက်ကိုင် KNU တပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တွေကြောင့် ဖာပွန်မြို့နယ်အတွင်းက ရွာသား (၅၀၀၀) ကျော်ဟာ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒုက္ခသည်စခန်းနဲ့ ဖာပွန်မြို့ နယ်အုန်းတောကျေးရွာဘက်မှာ ထွက်ပြေး ခိုလှုံနေကြပါတယ်။ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ ဒုက္ခသည်စခန်းရောက် ဒုက္ခသည် (၄၀၀၀)ကျော်ဟာ ရေရှည်နေထိုင်ဖို့ အခက်ခဲရှိနေတယ်လို့ မြိုင်ကြီးငူ ဒုက္ခသည်စခန်းက ကျန်းမာရေးတာဝန်ခံဆရာမ နော်သဇင် က အခုလိုပြောပါတယ်။

"ဧပြီ(၉)ကနေ (၆)လပိုင်းအထိက အနောတို့စာရင်းလုပ်ထားတာကတော့ ရွာပေါင်း(၉၀) အိမ်ခြေကတော့(၉၈၃) လူဦးရေက တော့ (၄၇၈၀)ပေါ့။ လက်ရှိမှာကတော့ သူတို့ကဒီ နေဖို့အတွက်ပေါ့နော် ပိုအရေးကြီးတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူများအိမ်မှာကပ် သူတို့ဆွေမျိုးအိမ်မှာမှီခိုနေရတယ်ဆိုတော့လေ။ ရေရှည်မှာဆိုရင် ဘယ်နှစ်လဆိုတာပြောမတတ်သေး ဘူး လေ။ အဲတာကြောင့်။ ဆိုတော့သူတို့ကအခက်ခဲက အဲဒီနေဖို့အတွက်တခုက တော်တော်ကြီးအခက်ခဲဖြစ်တာပေါ့။"

မြိုင်ကြီးငူဒေသနဲ့သံလွင်မြစ်တခုခြားနေတဲ့ဖာပွန်မြို့နယ်အုန်းတောကျေးရွာဘက်မှာလဲ စစ်ပြေးဒုက္ခသည် (၁၀၀၀)ကျော် ရောက်ရှိနေတာပါ။ သူတို့တွေအတွက် အစားအသောက်သာပေးနိုင်ပြီး နေထိုင်ဖို့ နေရာ မစီစဉ်ပေးနိုင်ဘူးလို့ ဒုက္ခသည်တွေကို အကူညီပေး နေတဲ့ အုန်းတောရွာ ဆွေမြတ်မျိုးကြွယ်ကျောင်းက ဆရာတော်ဦးသီရိဓမ္မကအခုလိုမိန့်ကြားပါတယ်။

"ထွက်ပြေးလာတဲ့စစ်ရှောင်ပေမဲ့ ဦးဇင်းတို့နေရာမပေးနိုင်ဘူး။ ဒီအစားအသောက်တွေဘဲပေးနိုင်တယ်။ ဒီမှာက နဲနဲဘဲနေရာ ပေးနိုင်တယ်။ မပေးနိုင်တာကများတယ်။ သူတို့နီးစပ်ရာအိမ်တွေ သူတို့အသိတွေ ဆွေမျိုးတွေ အဲတာတွေကို သွားနေခိုင်း ပြီးတော့ ဦးဇင်းတို့က အလှူရှင်ရှိတဲ့အခါမှာ ဦးဇင်းတို့က ဝေပေးတာပေါ့။ ဒီအစားအသောက် ဒီအဝတ်အထည် တာလပတ် တို့ကအစပေါ့။"

ဒေသတွင်းမှာ တိုက်ပွဲအခြေအနေ မတည်ငြိမ်သေးတာကြောင့် ဒုက္ခသည်တွေ နေရပ်ရင်းကိုမပြန်နိုင်ကြသေးဘူးလို့ မြိုင်ကြီး ငူစခန်း အတွင်းရေးမှူးဦးစောထွန်းက ပြောပါတယ်။

"အခုလောလောဆယ်ကတော့ပြန်မဖြစ်လို့သူတို့မပြန်ချင်တာအဲဒီလို။ အခုကတိုက်ပွဲဖြစ်နေတာဘဲ သူတို့ဘယ်ပြန်ရဲမလဲ။"

တချို့လည်း နေရပ်ပြန်နိုင်ဖို့ အခြေအနေ သွားပြန်ကြည့်ကြပေမဲ့ လုံခြုံရေးအရစိုးရိမ်စရာ ဖြစ်နေသေးတာကြောင့် နေရပ် မပြန်နိုင်သေးဘူလို့လဲ အုန်းတောရွာ ဆွေမြတ်မျိုးကြွယ်ကျောင်းက ဆရာတော်ဦးသီရိဓမ္မကအခုလိုမိန့်ကြားပါတယ်။
"သူတို့အိမ်ကိုခဏပြန်ကြည့်တယ်။ နေလို့ကတော့နဲနဲအခက်ခဲရှိနေပါတယ်။ ဟိုမှာကလဲအခြေအနေက ဒီလောက်မကောင်းဘူး လေ။ အဲဒီမှာဟိုကြားညှပ်တာတို့ နောက်ပြီးတော့ဟို တဖက်နဲ့တဖက်ထောင်ထားတဲ့ မိုင်းတွေရွာသားတွေက မသိတော့ ထိခိုက်ဒဏ်ရာရမှုကလဲရှိတာပေါ့။ ဒီအုန်းတောမှာတယာက် သူ့ခြံထဲသွားတာ မိုင်းနင်းမိလို့ခြေထောက်တဖက်ပြတ်တယ်။"

ဖာပွန်မြို့နယ်ဘက်က ကျေးရွာတွေမှာ မြေမြုပ်မိုင်းအန္တရာယ်အပြင် မြန်မာစစ်တပ်နဲ့KNU တွေ တိုက်ပွဲ ပြန်လည်ဖြစ်ပွားမှာကို စိုးရိမ် ကြောက်ရွံ့နေသေးတဲ့အတွက် နေရပ်ကို ပြန်မရဲကြသေးဘူးလို့ ဒုက္ခသည်တွေကလည်း ပြောပါတယ်။

ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံအနှံ့မှာကူးစက်မှုများပြားနေတဲ့ COVID-19 ရောဂါကူးစက်မှာ စိုးရိမ်နေရတယ်လို့လဲ မြိုင်ကြီးငူ ဒုက္ခ သည်စခန်းက ကျန်းမာရေးတာဝန်ခံ ဆရာမနော်သဇင်က အခုလိုပြောပါတယ်။ ထိုင်းနိုင်ငံဖက်က ပြန်လာသူတွေကို သီးခြားခွဲ ကွာရန်တင်းလုပ်တဲ့ အစီအစဉ် လောလောဆယ် အသေအချာမရှိတာကြောင့် ပိုပြီး စိုးရိမ်စရာဖြစ်နေတယ်လို့ သူကပြောပါ တယ်။

"ခါတိုင်းဆိုလို့ရှိရင် ၂၀ သုံးလပိုင်းကနေပြီးတော့ အနောတို့ Quarantine ထားတာက ဟို (၂၁) တလပိုင်းအထိလေ။ အနောတို့ Quarantine ထား။ မြဝတီကပြန်လာလာ။ ခိုးလမ်းကပြန်လာလာ မဲသဝေါဘက်ဘဲပြန်လာလာ ဆိုအနောတို့က အကုန် လုံးမိ တယ်လေ။ Quarantine ထားထားတယ်ဆိုတော့လေ အဲဒီလို။ အခုကျတော့ သူတို့ကလဲ သေသေချာချာလဲဘာမှမပြောဘူး။ နောက်ပြီးတော့ လူ ဆရာမအင်အားကလဲနဲတယ်လေ။ နဲတယ်ဆိုတော့အနောတို့က စိုးရိမ်တယ်ပေါ့။"

မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ (၅) တပ်တွေကြား မတ်လနဲ့ဧပြီလမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဖာပွန်မြို့ နယ်က ဒေသခံ ၅ ထောင်လောက် စစ်ပြေးဒုက္ခသည်တွေ ဖြစ်နေကြတာပါ။ စစ်တပ်ဖက်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ထိုင်းနယ်စပ်ဖက် ထွက်ပြေးတိမ်း ရှောင်နေကြရတဲ့ ပြည်တွင်းဒုက္ခသည်ကလည်း သောင်းနဲ့ချီ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG