သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္၊ ျပင္သစ္၊ ဂ်ာမနီ ေခါင္းေဆာင္ ၃ ဦး ျမန္မာအပါအဝင္ ကမ႓ာ႔အေရး ေဆြးေႏြး


တ႐ုတ္သမၼတ Xi Jinping.

(Zawgyi / Unicode)

တ႐ုတ္သမၼတ Xi Jinping ဟာ ျပင္သစ္သမၼတ Emmanuel Macron၊ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Angela Merkel တုိ႔နဲ႔ မေန႔ တနလၤာေန႔က အင္တာနက္ အြန္လိုင္းကေန ထိပ္သီးေဆြးေႏြးပဲြတခု က်င္းပခဲ့ၿပီး ျမန္မာအပါအဝင္ ေဒသတြင္းကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

ကမာၻလုံးဆုိင္ရာ စိန္ေခၚမႈေတြကို ေသခ်ာ တုံ႔ျပန္ေဆာင္ရြက္သြားဖို႔ လုပ္တဲ့ေနရာမွာ ႏွစ္ဖက္စလုံးအေနနဲ႔ အဓိကအခန္းက႑ကေန ပါဝင္ႏုိင္ဖို႔အတြက္ ဥေရာပနဲ႔ တ႐ုတ္ႏုိင္ငံအေနနဲ႔ သေဘာတူညီမႈေတြ၊ ပူးေပါင္းေဆာင္ရြက္မႈေတြနဲ႔ တုိးခ်ဲ႔သြားဖိုု႔ တ႐ုတ္သမၼတ Xi က ေတာင္းဆုိလိုက္ပါတယ္။

ကမာၻႀကီးဟာ COVID-19 ကပ္ေရာဂါရဲ႕ ဂယက္႐ုိက္ခတ္မႈေတြကို ဆက္ၿပီး ခံေနရဆဲဆုိတာနဲ႔ ကမာၻလုံးဆုိင္ရာ စီးပြားေရး ျပန္နာလန္ထဖို႔ လုပ္ငန္းေတြဟာလည္း မေရမရာျဖစ္ေနဆဲ ဆုိတာကို တ႐ုတ္သမၼတက မွတ္ခ်က္ျပဳ ေျပာၾကားသြားခဲ့ၿပီး အဲဒီ ကမာၻလုံးဆုိင္ရာ စိန္ေခၚမႈေတြကို ရင္ဆုိင္ႏုိင္ဖို႔အတြက္ အျပန္အလွန္ ေလးစားမႈနဲ႔ ႐ုိးသားစြာ ပူးေပါင္းေဆာင္ရြက္မႈေတြ အရင္ကထက္ ပိုၿပီး လိုအပ္ေနတယ္လို႔လည္း ေျပာၾကားသြားပါတယ္။

တ႐ုတ္ႏုိင္ငံနဲ႔ EU အေနနဲ႔ ႏွစ္ဖက္ၾကား သေဘာမတူညီမႈေတြကို ဆက္ၿပီးေတာ့ ေသခ်ာကိုင္တြယ္ေျဖရွင္းၿပီး ပူးေပါင္းေဆာင္ရြက္မႈေတြနဲ႔ ႏွစ္ဖက္ ဆက္ဆံေရးေတြကို ပုံမွန္ ေရွ႕ဆက္တက္လွမ္းႏုိင္ဖို႔အတြက္ ဘုံရပ္တည္ခ်က္ေတြကို ဆက္လက္ရွာေဖြသြားသင့္တယ္လို႔ တ႐ုတ္သမၼတ Xi က ေျပာလိုက္ပါတယ္။ ဒါ့အျပင္ ဥေရာပသမဂၢအေနနဲ႔လည္း ႏုိင္ငံတကာကိစၥရပ္ေတြမွာ ဒီထက္မက ပိုၿပီးေတာ့ တက္ႂကြတဲ့ အခန္းက႑ကေန ပါဝင္ႏုိင္တယ္လို႔ သူ႔အေနနဲ႔ ေမွ်ာ္လင့္တယ္လို႔ တ႐ုတ္သမၼတ Xi က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

တရုတ်၊ ပြင်သစ်၊ ဂျာမနီ ခေါင်းဆောင် ၃ ဦး မြန်မာအပါအဝင် ကမ္ဘာ့အရေး ဆွေးနွေး

တရုတ်သမ္မတ Xi Jinping ဟာ ပြင်သစ်သမ္မတ Emmanuel Macron၊ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့နဲ့ မနေ့ တနင်္လာနေ့က အင်တာနက် အွန်လိုင်းကနေ ထိပ်သီးဆွေးနွေးပွဲတခု ကျင်းပခဲ့ပြီး မြန်မာအပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို သေချာ တုံ့ပြန်ဆောင်ရွက်သွားဖို့ လုပ်တဲ့နေရာမှာ နှစ်ဖက်စလုံးအနေနဲ့ အဓိကအခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့အတွက် ဥရောပနဲ့ တရုတ်နိုင်ငံအနေနဲ့ သဘောတူညီမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တိုးချဲ့သွားဖို့ တရုတ်သမ္မတ Xi က တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာကြီးဟာ COVID-19 ကပ်ရောဂါရဲ့ ဂယက်ရိုက်ခတ်မှုတွေကို ဆက်ပြီး ခံနေရဆဲဆိုတာနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်နာလန်ထဖို့ လုပ်ငန်းတွေဟာလည်း မရေမရာဖြစ်နေဆဲ ဆိုတာကို တရုတ်သမ္မတက မှတ်ချက်ပြု ပြောကြားသွားခဲ့ပြီး အဲဒီ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် အပြန်အလှန် လေးစားမှုနဲ့ ရိုးသားစွာ ပူးပေါင်းဆောင်ရွက်မှုတွေ အရင်ကထက် ပိုပြီး လိုအပ်နေတယ်လို့လည်း ပြောကြားသွားပါတယ်။

တရုတ်နိုင်ငံနဲ့ EU အနေနဲ့ နှစ်ဖက်ကြား သဘောမတူညီမှုတွေကို ဆက်ပြီးတော့ သေချာကိုင်တွယ်ဖြေရှင်းပြီး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နှစ်ဖက် ဆက်ဆံရေးတွေကို ပုံမှန် ရှေ့ဆက်တက်လှမ်းနိုင်ဖို့အတွက် ဘုံရပ်တည်ချက်တွေကို ဆက်လက်ရှာဖွေသွားသင့်တယ်လို့ တရုတ်သမ္မတ Xi က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂအနေနဲ့လည်း နိုင်ငံတကာကိစ္စရပ်တွေမှာ ဒီထက်မက ပိုပြီးတော့ တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့ တရုတ်သမ္မတ Xi က ပြောပါတယ်။

XS
SM
MD
LG