သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အဓမၼလုပ္အားသံုး တ႐ုတ္ကုမၸဏီ ၅ ခု အေမရိကန္ တားျမစ္ကန္႔သတ္


[ Zawgyi ]

တ႐ုတ္ႏိုင္ငံ Xinjiang ျပည္နယ္မွာ အဓမၼလုပ္အားေပး ခိုင္းေစတယ္လို႔ စြပ္စြဲခံရတဲ့ တ႐ုပ္ကုမၸဏီ ၅ခုရဲ႕ ထုတ္ကုန္ပစၥည္းေတြ တင္သြင္းခြင့္ကို အေမရိကန္ ျပည္ေထာင္စုက တင္းၾကပ္ ကန႔္သတ္လိုက္ပါတယ္။ အဲဒီ ကုမၸဏီေတြဟာ Uyghurs မြတ္ဆလင္ေတြ၊ တျခားတိုင္းရင္းသားေတြနဲ႔ လူနည္းစု ဘာသာေရးအုပ္စုက လူေတြကို အဓမၼ လုပ္အားေစခိုင္းေနတဲ့ ကိစၥအေပၚ တ႐ုတ္အစိုးရက ခြင့္ျပဳထားတယ္လို႔ အေမရိကန္ သမၼတအိမ္ျဖဴေတာ္ကေန ၾကာသပေတးေန႔က ေျပာပါတယ္။

အေမရိကန္ ျပည္ေထာင္စုက ပိတ္ပင္လိုက္တဲ့ ကုမၸဏီေတြကေတာ့ Hoshine Silicon Industry Company, Xinjing daqo စြမ္းအင္ ကုမၸဏီ၊ Xinjiang East Hope Nonferrous ကုမၸဏီ ၊ Xinjiang GCL စြမ္းအင္သစ္ နည္းပညာကုမၸဏီ နဲ႔ Xinjiang ထုတ္လုပ္ေရးနဲ႔ ေဆာက္လုပ္ေရးကုမၸဏီတို႔ျဖစ္ၾကပါတယ္။

ဒါ့အျပင္ အေမရိကန္အစိုးရက Polysilicon ကုမၸဏီကိုလည္း ကေလးလုပ္သားေတြနဲ႔ အဓမၼလုပ္အားေပး ခိုင္းေစမႈေတြရွိတယ္လို႔ စြပ္စြဲၿပီး ထပ္တိုး စာရင္းထဲမွာ ထည့္လိုက္ပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Zhao Lijian ကေတာ့ သူတို႔ အစိုးရအေနနဲ႔ အေမရိကန္က ဒဏ္ခတ္လိုက္တဲ့ တ႐ုတ္ကုမၸဏီေတြရဲ႕ အက်ိဳးစီးပြားနဲ႔ အခြင့္အေရးအတြက္ လိုအပ္တာမွန္သမွ် ကာကြယ္ေပးသြားမယ္လို႔ ေျပာပါတယ္။

မၾကာေသးခင္က က်င္းပၿပီးစီးသြားတဲ့ G7 စက္မႈထိပ္သီး ၇ႏိုင္ငံ ေဆြးေႏြးပြဲမွာ တ႐ုတ္ႏိုင္ငံ Xinjian ျပည္နယ္အပါအဝင္ ကမာၻတဝွမ္းက အဓမၼ လုပ္အားေပးခိုင္းေစမႈေတြကို တညီတၫြတ္တည္း အကာအကြယ္ ေပးသြားၾကမယ္လို႔လည္း သေဘာတူထားေၾကာင္း အိမ္ျဖဴေတာ္ေၾကညာခ်က္မွာ ေရးသားထားပါတယ္။

[ Unicode ]

အဓမ္မလုပ်အားသုံး တရုတ်ကုမ္ပဏီ ၅ ခု အမေရိကန် တားမြစ်ကန့်သတ်

တရုတ်နိုင်ငံ Xinjiang ပြည်နယ်မှာ အဓမ္မလုပ်အားပေး ခိုင်းစေတယ်လို့ စွပ်စွဲခံရတဲ့ တရုပ်ကုမ္ပဏီ ၅ခုရဲ့ ထုတ်ကုန်ပစ္စည်းတွေ တင်သွင်းခွင့်ကို အမေရိကန် ပြည်ထောင်စုက တင်းကြပ် ကန့်သတ်လိုက်ပါတယ်။ အဲဒီ ကုမ္ပဏီတွေဟာ Uyghurs မွတ်ဆလင်တွေ၊ တခြားတိုင်းရင်းသားတွေနဲ့ လူနည်းစု ဘာသာရေးအုပ်စုက လူတွေကို အဓမ္မ လုပ်အားစေခိုင်းနေတဲ့ ကိစ္စအပေါ် တရုတ်အစိုးရက ခွင့်ပြုထားတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်ကနေ ကြာသပတေးနေ့က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုက ပိတ်ပင်လိုက်တဲ့ ကုမ္ပဏီတွေကတော့ Hoshine Silicon Industry Company, Xinjing daqo စွမ်းအင် ကုမ္ပဏီ၊ Xinjiang East Hope Nonferrous ကုမ္ပဏီ ၊ Xinjiang GCL စွမ်းအင်သစ် နည်းပညာကုမ္ပဏီ နဲ့ Xinjiang ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတို့ဖြစ်ကြပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရက Polysilicon ကုမ္ပဏီကိုလည်း ကလေးလုပ်သားတွေနဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေရှိတယ်လို့ စွပ်စွဲပြီး ထပ်တိုး စာရင်းထဲမှာ ထည့်လိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian ကတော့ သူတို့ အစိုးရအနေနဲ့ အမေရိကန်က ဒဏ်ခတ်လိုက်တဲ့ တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ အခွင့်အရေးအတွက် လိုအပ်တာမှန်သမျှ ကာကွယ်ပေးသွားမယ်လို့ ပြောပါတယ်။

မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ G7 စက်မှုထိပ်သီး ၇နိုင်ငံ ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံ Xinjian ပြည်နယ်အပါအဝင် ကမ္ဘာတဝှမ်းက အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေကို တညီတညွတ်တည်း အကာအကွယ် ပေးသွားကြမယ်လို့လည်း သဘောတူထားကြောင်း အိမ်ဖြူတော်ကြေညာချက်မှာ ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG