သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၀ီဂါ မူဆလင္ေတြ အေပၚ ျပစ္မႈက်ဴးလြန္သူေတြကို ႏိုင္ငံတကာ အေရးယူဖို႔ HRW ေတာင္းဆို


(Zawgyi/Unicode)

တရုတ္ႏုိင္ငံ အေနာက္ပိုင္း Xinjiang ေဒသတြင္းက Uyghurs ေတြ၊ ေနာက္ တျခား တာခ္႔ အႏြယ္၀င္ မူဆလင္ေတြ အေပၚမွာ တရုတ္ အစိုးရက လူသားမ်ိဳးႏြယ္အေပၚ ဆန္႔က်င္ က်ဴးလြန္တဲ႔ ရာဇ၀တ္မႈ က်ဴးလြန္ေနေၾကာင္း လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး အဖြဲ႔ HRW က ေျပာဆိုပါတယ္။

က်ယ္က်ယ္ျပန္႔ျပန္႔၊ စနစ္တက် လုပ္ေနတဲ႔ အစုလိုက္ အၿပံဳလိုက္ ထိန္းသိမ္းမႈ၊ ႏွိပ္စက္ ညွဥ္းပန္းမႈ၊ ယဥ္ေက်းမႈ ထံုးတမ္း စဥ္လာေတြကို ခ်ိဳးႏွိမ္မႈေတြ၊ တျခား ႏွိ္ပ္ကြပ္မႈ ဆိုင္ရာ မူ၀ါဒေတြ အတြက္ တရုတ္ ေခါင္းေဆာင္ပိုင္းမွာ တာ၀န္ရွိေၾကာင္း တနလာၤေန႔က ထုတ္တဲ႔ HRW ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ဒီလုပ္ရပ္ေတြ အတြက္ တာ၀န္ရွိသူေတြကို ျပည္၀င္ခြင့္ တားျမစ္ခ်က္၊ ခရီးသြားလာခြင့္ တားျမစ္ခ်က္၊ သီးသန္႔ ပစ္မွတ္ထား ဒဏ္ခတ္ ပိတ္ဆို႔မႈေတြ အပါအ၀င္ ႏုိင္ငံတကာက ပူးေပါင္း အေရးယူဖို႔လည္း HRW က ေတာင္းဆိုထားပါတယ္။

တာခ္႔ အႏြယ္၀င္ မူဆလင္ေတြရဲ႕ ဘ၀၊ ကိုးကြယ္ယံုၾကည္မႈ၊ ထံုးတမ္း စဥ္လာေတြကို တရုတ္ အာဏာပိုင္ေတြက စနစ္တက် ႏွိပ္ကြက္ေနေၾကာင္း HRW အဖြဲ႔ႀကီးရဲ႕ တရုတ္ဆိုင္ရာ ညႊန္ၾကားေရးမွဴး Sophie Richardson က ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။ အသက္ေမြး၀မ္းေက်ာင္း အလုပ္ေတြကို ေလ႔က်င္သင္တန္းေပးၿပီး အေတြးအေခၚ အစြန္းေရာက္မႈကို ေခ်ဖ်က္ေနတာလို႔ တရုတ္ အစိုးရရဲ႕ ေျပာဆုိခ်က္က တကယ္တန္း ျဖစ္ေနတဲ႔ လူသားမ်ိဳးႏြယ္ အေပၚ ဆန္႔က်င္ က်ဴးလြန္တဲ႔ ရာဇ၀တ္မႈေတြကို မဖံုးကြယ္ႏုိင္ဘူးလို႔လည္း ေျပာဆိုထားပါတယ္။

တာခ္႔ အႏြယ္၀င္ မူဆလင္ေတြ အေပၚ တရုတ္ အစိုးရရဲ႕ ဖိႏွိပ္ ႏွိပ္ကြပ္မႈက အသစ္ မဟုတ္ဘဲ အရင္ကတည္းက ရွိလာခဲ႔ၿပီး ဒီဘက္ႏွစ္ပိုင္းေတြမ်ာ အလြန္အက်ဴး အဆင့္ကို ေရာက္လာခဲ႔တာ ျဖစ္ေၾကာင္းလည္း HRW က ေျပာပါတယ္။ အေမရိကန္နဲ႔ တျခားႏုိင္ငံေတြကေတာ့ တရုတ္ အစိုးရဟာ Xinjiang ေဒသမွာ လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္ေနတယ္လို႔ ေျပာဆိုထားပါတယ္။

တရုတ္အစိုးရဟာ လူမ်ိဳးတုန္း သတ္ျဖတ္မႈ၊ လူသားမ်ိဳးႏြယ္ အေပၚ ဆန္႔က်င္က်ဴးလြန္တဲ႔ ရာဇ၀တ္မႈေတြ လုပ္ေနတယ္ဆိုတဲ႔ စြပ္စြဲခ်က္ေတြကို တရုတ္ အာဏာရ ကြန္ျမဴနစ္ ပါတီ ေျပာခြင့္ရက တနလာၤေန႔မွာ ျငင္းဆိုပါတယ္။ တရုတ္ အစိုးရဟာ Xinjiang ေဒသတခုလံုး လံုၿခံဳေရး ရွင္းလင္းမႈ ေဆာင္ရြက္ေနမႈေၾကာင့္ လူတသန္းေက်ာ္ ထိန္းသိမ္းခံေနရေၾကင္း အခြင့္အေရး လႈပ္ရွားမႈ အဖြဲ႔ေတြက ေထာက္ျပၾကပါတယ္။ တရုတ္ အစိုးရဘက္ကေတာ့ Xinjiang ေဒသတြင္းကို ႏုိင္ငံတကာ ေလ႔လာသူေတြ ၀င္ေရာက္ခြင့္ မေပးပါဘူး။

တိုက္႐ိုက္ လင့္ခ္


..............

ဝီဂါ မူဆလင်တွေ အပေါ် ပြစ်မှုကျူးလွန်သူတွေကို နိုင်ငံတကာ အရေးယူဖို့ HRW တောင်းဆို
(Unicode)

တရုတ်နိုင်ငံ အနောက်ပိုင်း Xinjiang ဒေသတွင်းက Uyghurs တွေ၊ နောက် တခြား တာခ့် အနွယ်ဝင် မူဆလင်တွေ အပေါ်မှာ တရုတ် အစိုးရက လူသားမျိုးနွယ်အပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က ပြောဆိုပါတယ်။

ကျယ်ကျယ်ပြန့်ပြန့်၊ စနစ်တကျ လုပ်နေတဲ့ အစုလိုက် အပြုံလိုက် ထိန်းသိမ်းမှု၊ နှိပ်စက် ညှဉ်းပန်းမှု၊ ယဉ်ကျေးမှု ထုံးတမ်း စဉ်လာတွေကို ချိုးနှိမ်မှုတွေ၊ တခြား နှိပ်ကွပ်မှု ဆိုင်ရာ မူဝါဒတွေ အတွက် တရုတ် ခေါင်းဆောင်ပိုင်းမှာ တာဝန်ရှိကြောင်း တနလာၤနေ့က ထုတ်တဲ့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်တွေ အတွက် တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့် တားမြစ်ချက်၊ ခရီးသွားလာခွင့် တားမြစ်ချက်၊ သီးသန့် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေ အပါအဝင် နိုင်ငံတကာက ပူးပေါင်း အရေးယူဖို့လည်း HRW က တောင်းဆိုထားပါတယ်။

တာခ့် အနွယ်ဝင် မူဆလင်တွေရဲ့ ဘဝ၊ ကိုးကွယ်ယုံကြည်မှု၊ ထုံးတမ်း စဉ်လာတွေကို တရုတ် အာဏာပိုင်တွေက စနစ်တကျ နှိပ်ကွက်နေကြောင်း HRW အဖွဲ့ကြီးရဲ့ တရုတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Sophie Richardson က ကြေညာချက်မှာ ပြောဆိုထားပါတယ်။ အသက်မွေးဝမ်းကျောင်း အလုပ်တွေကို လေ့ကျင်သင်တန်းပေးပြီး အတွေးအခေါ် အစွန်းရောက်မှုကို ချေဖျက်နေတာလို့ တရုတ် အစိုးရရဲ့ ပြောဆိုချက်က တကယ်တန်း ဖြစ်နေတဲ့ လူသားမျိုးနွယ် အပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မဖုံးကွယ်နိုင်ဘူးလို့လည်း ပြောဆိုထားပါတယ်။

တာခ့် အနွယ်ဝင် မူဆလင်တွေ အပေါ် တရုတ် အစိုးရရဲ့ ဖိနှိပ် နှိပ်ကွပ်မှုက အသစ် မဟုတ်ဘဲ အရင်ကတည်းက ရှိလာခဲ့ပြီး ဒီဘက်နှစ်ပိုင်းတွေမျာ အလွန်အကျူး အဆင့်ကို ရောက်လာခဲ့တာ ဖြစ်ကြောင်းလည်း HRW က ပြောပါတယ်။ အမေရိကန်နဲ့ တခြားနိုင်ငံတွေကတော့ တရုတ် အစိုးရဟာ Xinjiang ဒေသမှာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ ပြောဆိုထားပါတယ်။

တရုတ်အစိုးရဟာ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ် အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရုတ် အာဏာရ ကွန်မြူနစ် ပါတီ ပြောခွင့်ရက တနလာၤနေ့မှာ ငြင်းဆိုပါတယ်။ တရုတ် အစိုးရဟာ Xinjiang ဒေသတခုလုံး လုံခြုံရေး ရှင်းလင်းမှု ဆောင်ရွက်နေမှုကြောင့် လူတသန်းကျော် ထိန်းသိမ်းခံနေရကြေင်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက ထောက်ပြကြပါတယ်။ တရုတ် အစိုးရဘက်ကတော့ Xinjiang ဒေသတွင်းကို နိုင်ငံတကာ လေ့လာသူတွေ ဝင်ရောက်ခွင့် မပေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG