သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းက တရုတ်ကို ပြန်ပို့တဲ့ ဝှီဂါတွေရဲ့ နောက်ဆုံး အခြေအနေ


လွန်ခဲ့တဲ့အပတ်အတွင်း ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို ပြန်ပို့ခဲ့တဲ့ ဝှီဂါ လူမျိုးစုနွယ်ဝင်တွေဟာ IS စစ်သွေးကြွတွေနဲ့ သွားရောက်ပူးပေါင်းဖို့အတွက် အခုအခါမှာ တူရကီ၊ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေကို သွားနေကြတယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

အမေရိကန်အပါအဝင် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးဖွဲ့တွေက အခုလို နေရပ်ရင်း ပြန်အပို့ခံရတဲ့ ဝှီဂါလူမျိုးစုတွေအနေနဲ့ ဖိနှိပ်မှုတွေ ရင်ဆိုင်ရမှာကို စိုးရိမ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့ကြတဲ့အပေါ် တရုတ်နိုင်ငံက ချေပပြောဆိုခဲ့ပါတယ်။ နိုင်ငံကူးလက်မှတ်အတုကိုင်ဆောင်ပြီး သွားလာတာဟာ တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ရာဇဝတ်မှုမျိုးဖြစ်ပြီး တရားမဝင်နေထိုင်တာနဲ့ လူမှောင်ခိုကူးမှုတိုက်ဖျက်ရေးဆောင်ရွက်တဲ့အနေနဲ့ တရုတ်နိုင်ငံကို ထိုင်းနိုင်ငံကနေ ပြန်လည်ပို့ဆောင်တာဟာ လုပ်ရိုးလုပ်စဉ်အတိုင်း နိုင်ငံချင်းပူးပေါင်းဆောင်ရွက်တာသာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hua Chunying က ပြောပါတယ်။

အခုလိုနေရပ် ပြန်ပို့ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ပြစ်တင်ဝေဖန်မှုအပေါ် တရားဝင် ဆန့်ကျင်ကန့်ကွက်ပြီးပြီလို့လည်းတရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံကို ပြန်ပို့ခံရတဲ့ ဝှီဂါလူမျိုး ၁၀၉ ဦးထဲက ၁၃ ဦးဟာ အကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ ဆက်နွယ် ပတ်သက်ခဲ့ပြီးနောက် အခုအခါမှာ တရုတ်နိုင်ငံကနေ ထွက်ပြေးသွားကြတယ်လို့ နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ပြောပါတယ်။ ရုပ်မြင်သံကြား သတင်းတခုမှာတော့ လေယာဉ်ပျံအတွင်း အစောင့်အကြပ်ရဲတွေနဲ့အတူ ခေါင်းစွပ်စွပ်ထားတဲ့ ဝှီဂါတွေကို တွေ့ရပါတယ်။

XS
SM
MD
LG