သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္လူ႔အခြင္႔အေရး HRW ေ၀ဖန္


၂၀၁၉ ႏို၀င္ဘာတုန္းက ေဟာင္ေကာင္ဆႏၵျပသူတဦးကို ရဲမ်ားက ဖမ္းဆီးစဥ္

(Zawgyi/Unicode)

တရုတ္အစုိးရကဟာ အမ်ားျပည္သူေတြ သြားလာလႈပ္ရွားမႈကုိ ေစာင့္ၾကည့္စနစ္ေတြ တပ္ဆင္ၿပီး လူထုကုိ ထိန္းခ်ဳပ္ႏုိင္ဖုိ႔ စီစဥ္ေနတယ္လုိ႔ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔က စြပ္စြဲ ေျပာၾကားလုိက္ပါတယ္။

ကမၻာ့တ၀ွမ္းက ႏုိင္ငံေပါင္း ၉၀ ေက်ာ္မွာ ျဖစ္ေပၚေနတဲ့ လူ႔အခြင့္အေရးအေျခအေနေတြအေၾကာင္း ထုတ္ျပန္ထားတဲ့ HRW ရဲ႕ ႏွစ္ပတ္လည္ အစီရင္ခံစာထဲမွာ တရုတ္ႏုိင္ငံရဲ႕ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြဟာ ထိန္ဆုံးကေန ပါ၀င္ေနတာပါ။ ဒီအေၾကာင္း ဗီြအုိေအသတင္းေထာက္ Lisa Schlein ဂ်နီဗာၿမိဳ႕ကေန သတင္းေပးပုိ႔ထားတာကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးမွာပါ။

တရုတ္ႏုိင္ငံ၊ Tiananmen ရင္ျပင္မွာ ၁၉၈၉ ခုႏွစ္က ျဖစ္ေပၚခဲ့တဲ့ ဒီမုိကေရစီအေရး ေတာင္းဆုိဆႏၵျပပြဲေတြကုိ အၾကမ္းဖက္ ၿဖိဳခြင္းခံခဲ့ရၿပီးတဲ့ေနာက္ တရုတ္ျပည္သူေတြဟာ အျပင္းထန္ဆုံး ဖိႏွိပ္ ခ်ဳပ္ခ်ယ္မႈေတြေအာက္မွာ လက္ရွိ ေနထုိင္ေနၾကရတယ္လုိ႔ HRW က ေျပာပါတယ္။ အဲဒီအထဲမွာ တရုတ္ႏုိင္ငံ အေနာက္ေျမာက္ပုိင္း Xianjiang ေဒသက Uighurs လူမ်ဳိးေတြဟာ အဖိႏွိပ္ခံရဆုံးျဖစ္တယ္လုိ႔ ဆုိပါတယ္။ Uighurs လူမ်ဳိး တသန္းေလာက္ကုိ တရုတ္အစုိးရက ပညာေပးစခန္းေတြသြင္းၿပီး သူတုိ႔ရဲ႕ မြတ္ဆလင္ ယဥ္ေက်းမႈနဲ႔ အေမြအႏွစ္ေတြ ပေပ်ာက္သြားေရးအတြက္ လုပ္ေဆာင္ေနတယ္လုိ႔ ဆုိပါတယ္။ အဲဒီလုိ စြပ္စြဲ ေျပာဆုိမႈေတြကုိေတာ့ တရုတ္အစုိးရက ျငင္းဆုိထားပါတယ္။

အရင္က တခါမွမႀကံဳဘူးတဲ့ အတုိင္းအတာနဲ႔ တရုတ္အစုိးရဟာ အမ်ားျပည္သူကုိ ေစာင့္ၾကည့္တဲ့စနစ္ကုိ တပ္ဆင္ထားတယ္လုိ႔ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔ရဲ႕ အမႈေဆာင္ညြန္ၾကားေရးမွဴး Kenneth Roth က ေျပာပါတယ္။ အဲဒီ စနစ္ဟာ မ်ားေသာအားျဖင့္ Uighurs ေတြရဲ႕ သြားလာလႈပ္ရွားမႈကုိ ေစာင့္ၾကည့္ဖုိ႔အတြက္ျဖစ္တယ္လုိ႔ ဆုိပါတယ္။ အဲဒီ ေစာင့္ၾကည့္တဲ့စနစ္ကုိ တႏုိင္ငံလုံးမွာ တပ္ဆင္ထားတာလုိ႔ သူက ေျပာပါတယ္။

“ဘယ္သူေတြ အဖမ္းခံရၿပီးၿပီးလဲ၊ မခံရေသးဘူးလဲဆုိတာ သိႏုိင္ဖုိ႔ အဲဒီလုိ ေစာင့္ၾကည့္ၿပီး အခ်က္အလက္စုေဆာင္းထားတာ ျဖစ္ပါတယ္။ ရဲေတြကလည္း သူတုိ႔မွာပါတဲ့ စက္ပစၥည္းတခုကေန မသကၤာတဲ့သူကုိ တားဆီး စစ္ေဆးၿပီး အဖမ္းခံရဘူးသလား၊ မခံရဖူးဘူးလားဆုိတာကုိ လမ္းေပၚမွာတင္ စစ္ေဆးၿပီး ခ်က္ခ်င္း ဖမ္းဆီး ထိန္းသိမ္းလုိက္လုိ႔ ရပါတယ္။ ေနာက္ၿပီးေတာ့ လူတေယာက္က သူဘယ္မွာေနတယ္လုိ႔ ေျပာလုိက္တာနဲ႔ အဲဒီလူ ေျပာတာမွန္မမွန္ ခ်က္ခ်င္း စစ္ေဆးႏုိင္ေအာင္ အိမ္တုိင္းမွာ Bar code ေတြ တပ္ထားပါတယ္။”

တရုတ္အစုိးရဟာ ျပည္တြင္းမွာရွိေနသူေတြ ေ၀ဖန္ေျပာဆုိခြင့္ကုိ ဆင္ဆာျဖတ္ေတာက္ထားၿပီးျဖစ္သလုိ အဲဒီအတုိင္း တကမၻာလုံးမွာ ပုံတူကူးၿပီး ဆင္ဆာျဖတ္ႏုိင္ဖုိ႔ သူ႔ရဲ႕ စီးပြားေရးၾသဇာသက္ေရာက္မႈကုိ အသုံးခ်ေနတယ္လုိ႔ ဆုိပါတယ္။

တရုတ္အစုိးရဟာ သူလုိခ်င္တဲ့ ပုံစံအတုိင္း ႏုိင္ငံျခားကုမၸဏီေတြ လုိက္နာေဆာင္ရြက္လာေအာင္ တကမၻာလုံးဆုိင္ရာ စီးပြားေရးမွာ ၁၆% ရွိတဲ့ သူ႔ႏုိင္ငံအတြင္း ကုန္ပစၥည္း တင္သြင္းခြင့္ ျပဳျခင္း မျပဳျခင္းနဲ႔ ထိန္းခ်ဳပ္ထားတယ္လုိ႔ Kenneth Roth က ေျပာပါတယ္။

“တရုတ္အစုိးရကုိ ေ၀ဖန္တဲ့၀န္ထမ္းေတြကုိ ဆင္ဆာျဖတ္ေတာက္ျခင္းမျပဳရင္ တရုတ္ႏုိင္ငံကုိ ကုန္ပစၥည္း တင္သြင္းခြင့္မျပဳဘူးဆုိတဲ့နည္းကုိ တရုတ္က သုံးေနတာပါ။ တနည္းအားျဖင့္ေတာ့ တရုတ္အစုိးရဟာ သူ႔ျပည္တြင္းက ျပည္သူေတြအေပၚ ျပဌာန္းထားတဲ့ ဆင္ဆာစနစ္ကုိ ႏုိင္ငံျခားတင္ပုိ႔ၿပီး တကမၻာလုံးက ဘယ္ေနရာေနျဖစ္ျဖစ္ သူ႔ကုိ ေ၀ဖန္ျခင္းမရွိေအာင္ ထိန္းခ်ဳပ္လာေနတာပါ။”

သိသာထင္ရွားတဲ့ ဥပမာတခုကေတာ့ - ေဟာင္ေကာင္မွာျဖစ္ေနတဲ့ ႏိုိင္ငံေရးမတည္ၿငိမ္မႈေတြနဲ႔ပတ္သက္လုိ႔ အေမရိကန္ေဒၚလာ တစ္ဘီလီယံ တန္ဖုိးရွိတဲ့ ကန္ထရုိက္ကုိ ဖ်က္သိမ္းပစ္မယ္ဆုိၿပီး တရုတ္အစုိးရက အေမရိကန္အေျခစုိက္ NBA အမ်ဳိးသား ဘတ္စ္ကက္ေဘာအသင္းကုိ ၿခိမ္းေျခာက္ခဲ့တဲ့ ကိစၥပါ။

ဒါ့အျပင္ တရုတ္အစုိးရဟာ သံတမန္ေရးနယ္ပယ္မွာလည္း သူမႏွစ္သက္တဲ့ကိစၥေတြ အစပ်ဳိး အေကာင္အထည္ေဖာ္ႏုိင္ျခင္း မရွိေအာင္ လုပ္ေဆာင္ေနတယ္လုိ႔လည္း Kenneth Roth က ေျပာပါတယ္။ ျမန္မာ၊ ဆီးရီးယားနဲ႔ ဗင္နီဇြဲလား စတဲ့ႏုိင္ငံေတြ ျဖစ္ေပၚေနတဲ့ အေျခအေနေတြကုိ ကုိင္တြယ္ေျဖရွင္းႏုိင္ျခင္းမရွိေအာင္ လုံၿခံဳေရးေကာင္စီမွာ ဗီတုိအာဏာသုံး ပယ္ခ်ေနတဲ့ သာဓကေတြ ရွိေၾကာင္းလည္း သူက ေျပာပါတယ္။

တရုတ္အစုိးရဟာ လူ႔အခြင့္အေရးနဲ႔ပတ္သက္လုိ႔ ကုလသမဂၢရဲ႕ ႀကိဳးစား ေဆာင္ရြက္မႈေတြ ေမွးမွိန္သြားေအာင္လည္း ေဆာင္ရြက္ေနတယ္လုိ႔ Kenneth Roth က စြပ္စြဲ ေျပာဆုိပါတယ္။ တရုတ္ဟာ ႏုိင္ငံတကာရဲ႕ဖိအားေတြမ်ားလာရင္ေတာ့ တုံ႔ျပန္တတ္တဲ့ အစဥ္အလာ ရွိေၾကာင္း၊ ႏုိင္ငံအမ်ားစုက လက္တြဲ ေဆာင္ရြက္ၿပီး တရုတ္ၾသဇာကုိ တြန္းလွန္ ေအာင္ျမင္ခဲ့တဲ့ သာဓကေတြ ရွိခဲ့ဘူးေၾကာင္း သူက ေျပာပါတယ္။

တရုတ္ႏုိင္ငံဟာ တကမၻာလုံးနဲ႔ စီးပြားအဆက္အသြယ္ ျဖတ္ေတာက္လုိ႔မရႏုိင္တဲ့အတြက္ ႏုိင္ငံတုိင္းကုိ လက္စားေျခလုိ႔ မရႏုိင္ေၾကာင္းလည္း HRW အႀကီးအကဲက ေျပာပါတယ္။

လက္ရွိ တရုတ္ႏုိင္ငံမွာ ျဖစ္ေပၚေနတဲ့ Coronavirus ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ ၿမိဳ႕တခ်ဳိ႕ကလူေတြ ၀င္ထြက္ သြားလာခြင့္ ပိတ္ပင္ထားတဲ့ လုပ္ရပ္ဟာ မလုိအပ္ဘဲ အားလုံးကုိ ၀ါးလုံးရွည္ရမ္းၿပီး သိမ္းက်ဳံးလုပ္ေဆာင္တဲ့ လုပ္ရပ္ျဖစ္ေၾကာင္း၊ ဒီ ဗုိင္းရပ္စ္ပုိး စတင္ျဖစ္ေပၚခါစက သတင္းမွန္ေတြ ထြက္မလာေအာင္ ထိန္းခ်ဳပ္ထားခဲ့သလုိ လူမႈကြန္ယက္ေတြမွာ ဒီကိစၥနဲ႔ပတ္သက္လုိ႔ ေ၀ဖန္သူေတြကုိလည္း ဖိႏွိပ္ထားခဲ့ေၾကာင္း HRW အႀကီးအကဲ Kenneth Roth က ေ၀ဖန္ ေျပာဆုိခဲ့ပါတယ္။

တ႐ုတ္လူ႔အခြင္႔အေရး HRW ေ၀ဖန္
please wait

No media source currently available

0:00 0:04:14 0:00
တိုက္႐ိုက္ လင့္ခ္


...................

တရုတ်လူ့အခွင့်အရေး HRW ဝေဖန်

(Unicode)

တရုတ်အစိုးရကဟာ အများပြည်သူတွေ သွားလာလှုပ်ရှားမှုကို စောင့်ကြည့်စနစ်တွေ တပ်ဆင်ပြီး လူထုကို ထိန်းချုပ်နိုင်ဖို့ စီစဉ်နေတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့တဝှမ်းက နိုင်ငံပေါင်း ၉၀ ကျော်မှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးအခြေအနေတွေအကြောင်း ထုတ်ပြန်ထားတဲ့ HRW ရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ထိန်ဆုံးကနေ ပါဝင်နေတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Lisa Schlein ဂျနီဗာမြို့ကနေ သတင်းပေးပို့ထားတာကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။

တရုတ်နိုင်ငံ၊ Tiananmen ရင်ပြင်မှာ ၁၉၈၉ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပြီးတဲ့နောက် တရုတ်ပြည်သူတွေဟာ အပြင်းထန်ဆုံး ဖိနှိပ် ချုပ်ချယ်မှုတွေအောက်မှာ လက်ရှိ နေထိုင်နေကြရတယ်လို့ HRW က ပြောပါတယ်။ အဲဒီအထဲမှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Xianjiang ဒေသက Uighurs လူမျိုးတွေဟာ အဖိနှိပ်ခံရဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ Uighurs လူမျိုး တသန်းလောက်ကို တရုတ်အစိုးရက ပညာပေးစခန်းတွေသွင်းပြီး သူတို့ရဲ့ မွတ်ဆလင် ယဉ်ကျေးမှုနဲ့ အမွေအနှစ်တွေ ပပျောက်သွားရေးအတွက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အဲဒီလို စွပ်စွဲ ပြောဆိုမှုတွေကိုတော့ တရုတ်အစိုးရက ငြင်းဆိုထားပါတယ်။

အရင်က တခါမှမကြုံဘူးတဲ့ အတိုင်းအတာနဲ့ တရုတ်အစိုးရဟာ အများပြည်သူကို စောင့်ကြည့်တဲ့စနစ်ကို တပ်ဆင်ထားတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Kenneth Roth က ပြောပါတယ်။ အဲဒီ စနစ်ဟာ များသောအားဖြင့် Uighurs တွေရဲ့ သွားလာလှုပ်ရှားမှုကို စောင့်ကြည့်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ စောင့်ကြည့်တဲ့စနစ်ကို တနိုင်ငံလုံးမှာ တပ်ဆင်ထားတာလို့ သူက ပြောပါတယ်။

“ဘယ်သူတွေ အဖမ်းခံရပြီးပြီးလဲ၊ မခံရသေးဘူးလဲဆိုတာ သိနိုင်ဖို့ အဲဒီလို စောင့်ကြည့်ပြီး အချက်အလက်စုဆောင်းထားတာ ဖြစ်ပါတယ်။ ရဲတွေကလည်း သူတို့မှာပါတဲ့ စက်ပစ္စည်းတခုကနေ မသင်္ကာတဲ့သူကို တားဆီး စစ်ဆေးပြီး အဖမ်းခံရဘူးသလား၊ မခံရဖူးဘူးလားဆိုတာကို လမ်းပေါ်မှာတင် စစ်ဆေးပြီး ချက်ချင်း ဖမ်းဆီး ထိန်းသိမ်းလိုက်လို့ ရပါတယ်။ နောက်ပြီးတော့ လူတယောက်က သူဘယ်မှာနေတယ်လို့ ပြောလိုက်တာနဲ့ အဲဒီလူ ပြောတာမှန်မမှန် ချက်ချင်း စစ်ဆေးနိုင်အောင် အိမ်တိုင်းမှာ Bar code တွေ တပ်ထားပါတယ်။”

တရုတ်အစိုးရဟာ ပြည်တွင်းမှာရှိနေသူတွေ ဝေဖန်ပြောဆိုခွင့်ကို ဆင်ဆာဖြတ်တောက်ထားပြီးဖြစ်သလို အဲဒီအတိုင်း တကမ္ဘာလုံးမှာ ပုံတူကူးပြီး ဆင်ဆာဖြတ်နိုင်ဖို့ သူ့ရဲ့ စီးပွားရေးသြဇာသက်ရောက်မှုကို အသုံးချနေတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရဟာ သူလိုချင်တဲ့ ပုံစံအတိုင်း နိုင်ငံခြားကုမ္ပဏီတွေ လိုက်နာဆောင်ရွက်လာအောင် တကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ ၁၆% ရှိတဲ့ သူ့နိုင်ငံအတွင်း ကုန်ပစ္စည်း တင်သွင်းခွင့် ပြုခြင်း မပြုခြင်းနဲ့ ထိန်းချုပ်ထားတယ်လို့ Kenneth Roth က ပြောပါတယ်။

“တရုတ်အစိုးရကို ဝေဖန်တဲ့ဝန်ထမ်းတွေကို ဆင်ဆာဖြတ်တောက်ခြင်းမပြုရင် တရုတ်နိုင်ငံကို ကုန်ပစ္စည်း တင်သွင်းခွင့်မပြုဘူးဆိုတဲ့နည်းကို တရုတ်က သုံးနေတာပါ။ တနည်းအားဖြင့်တော့ တရုတ်အစိုးရဟာ သူ့ပြည်တွင်းက ပြည်သူတွေအပေါ် ပြဌာန်းထားတဲ့ ဆင်ဆာစနစ်ကို နိုင်ငံခြားတင်ပို့ပြီး တကမ္ဘာလုံးက ဘယ်နေရာနေဖြစ်ဖြစ် သူ့ကို ဝေဖန်ခြင်းမရှိအောင် ထိန်းချုပ်လာနေတာပါ။”

သိသာထင်ရှားတဲ့ ဥပမာတခုကတော့ - ဟောင်ကောင်မှာဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ပတ်သက်လို့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိတဲ့ ကန်ထရိုက်ကို ဖျက်သိမ်းပစ်မယ်ဆိုပြီး တရုတ်အစိုးရက အမေရိကန်အခြေစိုက် NBA အမျိုးသား ဘတ်စ်ကက်ဘောအသင်းကို ခြိမ်းခြောက်ခဲ့တဲ့ ကိစ္စပါ။

ဒါ့အပြင် တရုတ်အစိုးရဟာ သံတမန်ရေးနယ်ပယ်မှာလည်း သူမနှစ်သက်တဲ့ကိစ္စတွေ အစပျိုး အကောင်အထည်ဖော်နိုင်ခြင်း မရှိအောင် လုပ်ဆောင်နေတယ်လို့လည်း Kenneth Roth က ပြောပါတယ်။ မြန်မာ၊ ဆီးရီးယားနဲ့ ဗင်နီဇွဲလား စတဲ့နိုင်ငံတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိအောင် လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံး ပယ်ချနေတဲ့ သာဓကတွေ ရှိကြောင်းလည်း သူက ပြောပါတယ်။

တရုတ်အစိုးရဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ကြိုးစား ဆောင်ရွက်မှုတွေ မှေးမှိန်သွားအောင်လည်း ဆောင်ရွက်နေတယ်လို့ Kenneth Roth က စွပ်စွဲ ပြောဆိုပါတယ်။ တရုတ်ဟာ နိုင်ငံတကာရဲ့ဖိအားတွေများလာရင်တော့ တုံ့ပြန်တတ်တဲ့ အစဉ်အလာ ရှိကြောင်း၊ နိုင်ငံအများစုက လက်တွဲ ဆောင်ရွက်ပြီး တရုတ်သြဇာကို တွန်းလှန် အောင်မြင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ဘူးကြောင်း သူက ပြောပါတယ်။

တရုတ်နိုင်ငံဟာ တကမ္ဘာလုံးနဲ့ စီးပွားအဆက်အသွယ် ဖြတ်တောက်လို့မရနိုင်တဲ့အတွက် နိုင်ငံတိုင်းကို လက်စားခြေလို့ မရနိုင်ကြောင်းလည်း HRW အကြီးအကဲက ပြောပါတယ်။

လက်ရှိ တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ Coronavirus ထိန်းချုပ်နိုင်ရေးအတွက် မြို့တချို့ကလူတွေ ဝင်ထွက် သွားလာခွင့် ပိတ်ပင်ထားတဲ့ လုပ်ရပ်ဟာ မလိုအပ်ဘဲ အားလုံးကို ဝါးလုံးရှည်ရမ်းပြီး သိမ်းကျုံးလုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ဒီ ဗိုင်းရပ်စ်ပိုး စတင်ဖြစ်ပေါ်ခါစက သတင်းမှန်တွေ ထွက်မလာအောင် ထိန်းချုပ်ထားခဲ့သလို လူမှုကွန်ယက်တွေမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဝေဖန်သူတွေကိုလည်း ဖိနှိပ်ထားခဲ့ကြောင်း HRW အကြီးအကဲ Kenneth Roth က ဝေဖန် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG