ကမာၻတလႊား ဒုကၡသည္ ျပႆနာပိုမို နက္ရႈိင္းလာေနၿပီး ေနရပ္စြန႔္ခြာရမႈအေျခအေနဟာ အျမင့္ဆုံး အေနအတားကို ေရာက္ရွိလာေနၿပီလို႔ ကုလသမဂၢ ကဆိုပါတယ္။ ရာသီဥတု အေျခအေနေၾကာင့္ လူေတြ ေနရပ္စြန႔္ခြာေနၾကရသလို ပဋိပကၡေတြ ႏွိပ္ကြပ္ ညႇဥ္းပန္းမႈေတြ ေၾကာင့္လည္း ေနရပ္စြန႔္ရသူေတြ အေရအတြက္ ဆက္လက္ မ်ားျပားလာဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။
ဒီလိုအေျခအေနမွာ ဒုကၡသည္ေတြ၊ ခိုလႈံခြင့္ ေတာင္းခံသူေတြကို ဖြံ႕ၿဖိဳးတဲ့ႏိုင္ငံေတြက မ်က္ႏွာလႊဲ ပစ္ပယ္ၾကတဲ့ အတြက္ ျပႆနာ ပိုဆိုးလာမွာကို ဒုကၡသည္အေရး ေဆာင္႐ြက္သူေတြ စိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္း VOA သတင္းေထာက္ Ardita Dunellari သတင္းေပးပို႔ထားတာကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးပါမယ္။
၂၀၁၉ ခုႏွစ္ အတြင္း မိမိတို႔ တိုင္းျပည္အသီးသီးမွာ ပဋိပကၡေတြနဲ႔ ဖိႏွိပ္ ခ်ဳပ္ခ်ယ္မႈေတြ ဆက္လက္ ျဖစ္ေပၚခဲ့တာေတြက ကိုယ့္အရပ္ေဒသ၊ တိုင္းျပည္ကို စြန႔္ခြာၿပီး တိုင္းတပါးကို ထြက္ေျပးေစဖို႔ ဖိအားေပးရာ ေရာက္ခဲ့တာေၾကာင့္ ကမာၻတဝွမ္း မႀကဳံဘူးတဲ့ အတိုင္းအတာနဲ႔ ဒုကၡသည္ ပဋိပကၡဟာ ႀကီးထြားလာခဲ့တယ္လို႔ UNHCR ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံးက ေျပာခြင့္ရ Joung-ah Ghedini-Williams က ေျပာပါတယ္။
"ေနရပ္စြန႔္ခြာသူ အေရအတြက္ သန္း ၇၀ ေက်ာ္ရွိေနၿပီး အဲဒီထဲက ၂၅ သန္းဟာ ဒုကၡသည္ေတြျဖစ္ပါတယ္။ ဆီးရီးယား နဲ႔ ဗင္နီဇြဲလားတို႔မွာ အေျခအေနက ပိုမိုဆိုး႐ြားလာတဲ့ အတြက္ အေရအတြက္ ပိုမ်ားလာတာ ေတြ႕ေနရပါတယ္။"
မိခင္ႏိုင္ငံကို ျပန္ၾကဖို႔ အေျခအေန မေပးေသးတာေၾကာင့္ ၂၀၁၉ ခုႏွစ္အတြင္း ဌာေနကို ျပန္ႏိုင္တဲ့ ဒုကၡသည္ အေရအတြက္ နည္းေနခဲ့တယ္ လို႔လည္း Joung-ah Ghedini-Williams က ေျပာပါတယ္။
အရင္ႏွစ္ေတြ တုန္းကလိုဘဲ ၂၀၁၉ ခုႏွစ္အတြင္းမွာလည္း အေရအတြက္ အမ်ားဆုံး ဒုကၡသည္ေတြဟာ ဆီးရီးယား ႏိုင္ငံသား၊ အာဖဂန္၊ ေတာင္ဆူဒန္၊ ႐ိုဟင္ဂ်ာနဲ႔ ဆိုမာလီ လူမ်ိဳးေတြ ျဖစ္တယ္လို႔ဆိုပါတယ္။
ဥတုရာသီ ေျပာင္းလဲမႈက လူေတြ တေနရာကေန တေနရာကို ေ႐ႊ႕ေျပာင္းရတဲ့ အဓိက အေၾကာင္းရင္း ျဖစ္လာမယ္လို႔ ကြၽမ္းက်င္သူေတြ ေထာက္ျပ ေျပာဆိုေနၾကပါတယ္။ သဘာဝ ေဘးအႏၲရာယ္ေၾကာင့္ လူေတြ အစုလိုက္အၿပဳံလိုက္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရတဲ့ အေျခအေနေတြကို ေတာင္ဆူဒန္နဲ႔ ဆိုမာလီယာ ႏိုင္ငံေတြမွာ ေတြ႕ေနရၿပီ ျဖစ္တယ္လို႔ Joung-ah Ghedini-Williams က ေျပာပါတယ္။
" အသက္ေမြးဝမ္းေက်ာင္းမႈ ခက္ခဲလို႔ ထြန္ယက္စိုက္ပ်ိဳးမႈ မလုပ္ႏိုင္လို႔ သာမက၊ ေရရွားပါတဲ့ ေဒသေတြမွာ စစ္တပ္ အဖြဲ႕အစည္းေတြ လက္နက္ကိုင္ေတြက လူထုကို ထိန္းခ်ဳပ္ဖို႔အတြက္ ေရအရင္းအးျမစ္ကို လက္နက္သဖြယ္ အသုံးခ်တဲ့ အတြက္လည္း လူေတြ ေနရပ္စြန႔္ခြာၾကရပါတယ္။"
ဒီအေတာအတြင္း အစဥ္အလာ အားျဖင့္ ဒုကၡသည္ေတြကို လက္ခံေလ့ရွိတဲ့ ႏိုင္ငံေတြနဲ႔ ဒုကၡသည္ေတြ အၾကား ပဋိပကၡေတြ ျဖစ္ေပၚလာေနတာကို လူ႔အခြင့္အေရး အဖြဲ႕ေတြက ေထာက္ျပၾကပါတယ္။ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြက ဒုကၡသည္ေတြကို အဓမၼ ေနရပ္ျပန္ပို႔မႈ အရွိန္ျမင့္လာတဲ့ကိစၥကို HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕က ဒုကၡသည္မ်ား အခြင့္အေရးဆိုင္ရာ တာဝန္ခံ Bill Frelick က ေထာက္ျပပါတယ္။
" ငြေၾကးအေထာက္အပံ့ နဲ႔ ျပန္လည္ေနရာခ်ထားေရး တိုက္႐ိုက္အေထာက္အပံ့ ေတြ မရွိပါဘူး။ ဥေရာပသမဂၢ၊ အေမရိကန္ျပ္ညေထာင္စု၊ ၾသစေၾတးလ် နဲ႔ ခ်မ္းသာတဲ့ႏိုင္ငံ အမ်ားအျပားက ဒုကၡသည္ေတြကို လက္ခံဖို႔ ျငင္းဆန္ၾကတယ္ဆိုတာ နမူနာ ျပသလိုက္တာလည္း ျဖစ္ပါတယ္။"
ဥေရာပသမဂၢနဲ႔ တျခား ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကလည္း ဒုကၡသည္ေတြ၊ ခိုလႈံခြင့္ေလွ်ာက္ထားသူေတြကို ဟန႔္တားႏိုင္မယ့္ မူဝါဒေတြ ခ်မွတ္လုပ္ေဆာင္ လာေနၾကပါတယ္။
အဲဒီလို ေပၚလစီေတြေၾကာင့္ ဒုကၡသည္ေတြ အလုံးအရင္းနဲ႔ ဝင္ေရာက္လာေနတဲ့ အေျခအေနေတြကို လက္ရွိ ရင္ဆိုင္ ေျဖရွင္းေနရတဲ့ တူရကီလို ႏိုင္ငံမ်ိဳးက သူတို႔ႏိုင္ငံထဲ ဒုကၡသည္ေတြ ဝင္မလာဖို႔ ဟန႔္တားမႈေတြ လုပ္ေဆာင္လာေန ေၾကာင္းလည္း Bill Frelick က ေျပာပါတယ္။ အဲဒီလို လုပ္ေဆာင္မႈေတြ ျဖစ္ေပၚေနတယ္ဆိုတာကို UNHCR အဖြဲ႕က Joung-ah Ghedini-Williams ကလည္း ေထာက္ခံပါတယ္။
" အခုအခ်ိန္ဟာ ဒုကၡသည္ေတြအတြက္ တကယ့္ကိုခက္ခဲတဲ့ အျခအေနလို႔ ထင္ပါတယ္။ ဒုကၡသညေတြကို လက္မခံခ်င္တဲ့ ခါးခါးသီးသီး အေျပာအဆိုေတြကို ၾကားေန ျမင္ေနရပါတယ္။"
ကိုယ့္ႏိုင္ငံသားေတြကို ဦးစားေပး အကာကြယ္ေပးရမယ္လို႔ အစိုးရေတြ ေျပာဆိုေနၾကတာေၾကာင့္ လူမ်ိဳးေရး၊ ႏိုင္ငံျခားသား မုန္းတီးေရးနဲ႔ အစၥလာမ္ဘာသာ ကိုးကြယ္သူေတြကို မုန္းတီးေရး စတဲ့ကိစၥေတြကို ႏိုင္ငံေရးအရ ရင္ဆိုင္ေျဖရွင္းဖို႔ ပ်က္ကြက္ေနတယ္လို႔ Bill Frelick က ျမင္ပါတယ္။ အဲဒါရဲ႕ ရလဒ္ကေတာ့ အေရးေပၚ အကူအညီ လိုအပ္ေနတဲ့ သူေတြကို အကူအညီေပးတာေတြ တျဖည္းျဖည္း ေလ်ာ့နည္းလာေနတယ္လို႔ သူက ေျပာပါတယ္။
" ေနရပ္စြန႔္ခြါပိုင္ခြင့္၊ ခိုလႈံမႈရယူပိုင္ခြင့္ တို႔ဟာ လူသားတို႔ရဲ႕ ေနာက္ဆုံးရပိုင္ခြင့္ေတြ ျဖစ္ပါတယ္။ တျခားအရာေတြ အားလုံး ဆုံးရႈံးၿပီး မ်ိဳးတုံးသတ္ျဖတ္ခံရေတာ့မယ့္ အခ်ိန္ ရွင္မလား ေသမလားဆိုတာေတာင္ မေသခ်ာ ျဖစ္လာတဲ့အခ်ိန္ ေတြမွာ ဒီအခြင့္အေရးေတြ လိုအပ္ပါတယ္။"
ဒုကၡသည္ေတြကို ကူညီ ပံံ့ပိုးေပးၾကဖို႔ စီးပြားေရး လုပ္ငန္းေတြနဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္းေပါင္း ၇၇၀ တို႔က ဒီဇင္ဘာ လလယ္မွာ UNHCR က ဦးေဆာင္ က်င္းပခဲ့တဲ့ ဒုကၡသည္မ်ားဆိုင္ရာ ညီလာခံမွာ ဆုံးျဖတ္ခ်က္ခ်တာနဲ႔ ၂၀၁၉ ခုႏွစ္ကို အဆုံးသတ္ခဲ့ပါတယ္။ အကူအညီ ေပးမယ္ဆိုတဲ့ အဲဒီ ကတိ ကဝတ္ေတြဟာ အၿပီးသတ္ မွတ္ေက်ာက္တင္ထားတာမ်ိဳး မဟုတ္ေပမယ့္လည္း အဲဒီလို ကတိျပဳလိုက္ျခင္းက ဒုကၡသည္ေတြကို ႏိုင္ငံတကာက ကူညီဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ အသစ္ေတြ ျပန္ေပးရာ ေရာက္ေစတယ္လို႔ UNHCR က ေမွ်ာ္လင့္ေနပါတယ္။
(Unicode)
ကမ္ဘာတလွှား ဒုက္ခသည်ပြဿနာ ပိုမိုကြီးထွား
ကမ္ဘာတလွှား ဒုက္ခသည်ပြဿနာပိုမို နက်ရှိုင်းလာနေပြီး နေရပ်စွန့်ခွာရမှုအခြေအနေဟာ အမြင့်ဆုံး အနေအတားကို ရောက်ရှိလာနေပြီလို့ ကုလသမဂ္ဂ ကဆိုပါတယ်။ ရာသီဥတု အခြေအနေကြောင့် လူတွေ နေရပ်စွန့်ခွာနေကြရသလို ပဋိပက္ခတွေ နှိပ်ကွပ် ညှဉ်းပန်းမှုတွေ ကြောင့်လည်း နေရပ်စွန့်ရသူတွေ အရေအတွက် ဆက်လက် များပြားလာဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေမှာ ဒုက္ခသည်တွေ၊ ခိုလှုံခွင့် တောင်းခံသူတွေကို ဖွံ့ဖြိုးတဲ့နိုင်ငံတွေက မျက်နှာလွှဲ ပစ်ပယ်ကြတဲ့ အတွက် ပြဿနာ ပိုဆိုးလာမှာကို ဒုက္ခသည်အရေး ဆောင်ရွက်သူတွေ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Ardita Dunellari သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
၂၀၁၉ ခုနှစ် အတွင်း မိမိတို့ တိုင်းပြည်အသီးသီးမှာ ပဋိပက္ခတွေနဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေ ဆက်လက် ဖြစ်ပေါ်ခဲ့တာတွေက ကိုယ့်အရပ်ဒေသ၊ တိုင်းပြည်ကို စွန့်ခွာပြီး တိုင်းတပါးကို ထွက်ပြေးစေဖို့ ဖိအားပေးရာ ရောက်ခဲ့တာကြောင့် ကမ္ဘာတဝှမ်း မကြုံဘူးတဲ့ အတိုင်းအတာနဲ့ ဒုက္ခသည် ပဋိပက္ခဟာ ကြီးထွားလာခဲ့တယ်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ပြောခွင့်ရ Joung-ah Ghedini-Williams က ပြောပါတယ်။
"နေရပ်စွန့်ခွာသူ အရေအတွက် သန်း ၇၀ ကျော်ရှိနေပြီး အဲဒီထဲက ၂၅ သန်းဟာ ဒုက္ခသည်တွေဖြစ်ပါတယ်။ ဆီးရီးယား နဲ့ ဗင်နီဇွဲလားတို့မှာ အခြေအနေက ပိုမိုဆိုးရွားလာတဲ့ အတွက် အရေအတွက် ပိုများလာတာ တွေ့နေရပါတယ်။"
မိခင်နိုင်ငံကို ပြန်ကြဖို့ အခြေအနေ မပေးသေးတာကြောင့် ၂၀၁၉ ခုနှစ်အတွင်း ဌာနေကို ပြန်နိုင်တဲ့ ဒုက္ခသည် အရေအတွက် နည်းနေခဲ့တယ် လို့လည်း Joung-ah Ghedini-Williams က ပြောပါတယ်။
အရင်နှစ်တွေ တုန်းကလိုဘဲ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း အရေအတွက် အများဆုံး ဒုက္ခသည်တွေဟာ ဆီးရီးယား နိုင်ငံသား၊ အာဖဂန်၊ တောင်ဆူဒန်၊ ရိုဟင်ဂျာနဲ့ ဆိုမာလီ လူမျိုးတွေ ဖြစ်တယ်လို့ဆိုပါတယ်။
ဥတုရာသီ ပြောင်းလဲမှုက လူတွေ တနေရာကနေ တနေရာကို ရွှေ့ပြောင်းရတဲ့ အဓိက အကြောင်းရင်း ဖြစ်လာမယ်လို့ ကျွမ်းကျင်သူတွေ ထောက်ပြ ပြောဆိုနေကြပါတယ်။ သဘာဝ ဘေးအန္တရာယ်ကြောင့် လူတွေ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အခြေအနေတွေကို တောင်ဆူဒန်နဲ့ ဆိုမာလီယာ နိုင်ငံတွေမှာ တွေ့နေရပြီ ဖြစ်တယ်လို့ Joung-ah Ghedini-Williams က ပြောပါတယ်။
" အသက်မွေးဝမ်းကျောင်းမှု ခက်ခဲလို့ ထွန်ယက်စိုက်ပျိုးမှု မလုပ်နိုင်လို့ သာမက၊ ရေရှားပါတဲ့ ဒေသတွေမှာ စစ်တပ် အဖွဲ့အစည်းတွေ လက်နက်ကိုင်တွေက လူထုကို ထိန်းချုပ်ဖို့အတွက် ရေအရင်းအးမြစ်ကို လက်နက်သဖွယ် အသုံးချတဲ့ အတွက်လည်း လူတွေ နေရပ်စွန့်ခွာကြရပါတယ်။"
ဒီအတောအတွင်း အစဉ်အလာ အားဖြင့် ဒုက္ခသည်တွေကို လက်ခံလေ့ရှိတဲ့ နိုင်ငံတွေနဲ့ ဒုက္ခသည်တွေ အကြား ပဋိပက္ခတွေ ဖြစ်ပေါ်လာနေတာကို လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြကြပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဒုက္ခသည်တွေကို အဓမ္မ နေရပ်ပြန်ပို့မှု အရှိန်မြင့်လာတဲ့ကိစ္စကို HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဒုက္ခသည်များ အခွင့်အရေးဆိုင်ရာ တာဝန်ခံ Bill Frelick က ထောက်ပြပါတယ်။
" ငွကြေးအထောက်အပံ့ နဲ့ ပြန်လည်နေရာချထားရေး တိုက်ရိုက်အထောက်အပံ့ တွေ မရှိပါဘူး။ ဥရောပသမဂ္ဂ၊ အမေရိကန်ြပ်ညထောင်စု၊ သြစတြေးလျ နဲ့ ချမ်းသာတဲ့နိုင်ငံ အများအပြားက ဒုက္ခသည်တွေကို လက်ခံဖို့ ငြင်းဆန်ကြတယ်ဆိုတာ နမူနာ ပြသလိုက်တာလည်း ဖြစ်ပါတယ်။"
ဥရောပသမဂ္ဂနဲ့ တခြား ဖွံ့ဖြိုးပြီး နိုင်ငံတော်တော်များများကလည်း ဒုက္ခသည်တွေ၊ ခိုလှုံခွင့်လျှောက်ထားသူတွေကို ဟန့်တားနိုင်မယ့် မူဝါဒတွေ ချမှတ်လုပ်ဆောင်လာနေကြပါတယ်။
အဲဒီလို ပေါ်လစီတွေကြောင့် ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနေတဲ့ အခြေအနေတွေကို လက်ရှိ ရင်ဆိုင် ဖြေရှင်းနေရတဲ့ တူရကီလို နိုင်ငံမျိုးက သူတို့နိုင်ငံထဲ ဒုက္ခသည်တွေ ဝင်မလာဖို့ ဟန့်တားမှုတွေ လုပ်ဆောင်လာနေ ကြောင်းလည်း Bill Frelick က ပြောပါတယ်။ အဲဒီလို လုပ်ဆောင်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို UNHCR အဖွဲ့က Joung-ah Ghedini-Williams ကလည်း ထောက်ခံပါတယ်။
" အခုအချိန်ဟာ ဒုက္ခသည်တွေအတွက် တကယ့်ကိုခက်ခဲတဲ့ အခြအနေလို့ ထင်ပါတယ်။ ဒုက္ခသညတွေကို လက်မခံချင်တဲ့ ခါးခါးသီးသီး အပြောအဆိုတွေကို ကြားနေ မြင်နေရပါတယ်။"
ကိုယ့်နိုင်ငံသားတွေကို ဦးစားပေး အကာကွယ်ပေးရမယ်လို့ အစိုးရတွေ ပြောဆိုနေကြတာကြောင့် လူမျိုးရေး၊ နိုင်ငံခြားသား မုန်းတီးရေးနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေကို မုန်းတီးရေး စတဲ့ကိစ္စတွေကို နိုင်ငံရေးအရ ရင်ဆိုင်ဖြေရှင်းဖို့ ပျက်ကွက်နေတယ်လို့ Bill Frelick က မြင်ပါတယ်။ အဲဒါရဲ့ ရလဒ်ကတော့ အရေးပေါ် အကူအညီ လိုအပ်နေတဲ့ သူတွေကို အကူအညီပေးတာတွေ တဖြည်းဖြည်း လျော့နည်းလာနေတယ်လို့ သူက ပြောပါတယ်။
" နေရပ်စွန့်ခွါပိုင်ခွင့်၊ ခိုလှုံမှုရယူပိုင်ခွင့် တို့ဟာ လူသားတို့ရဲ့ နောက်ဆုံးရပိုင်ခွင့်တွေ ဖြစ်ပါတယ်။ တခြားအရာတွေ အားလုံး ဆုံးရှုံးပြီး မျိုးတုံးသတ်ဖြတ်ခံရတော့မယ့် အချိန် ရှင်မလား သေမလားဆိုတာတောင် မသေချာ ဖြစ်လာတဲ့အချိန် တွေမှာ ဒီအခွင့်အရေးတွေ လိုအပ်ပါတယ်။"
ဒုက္ခသည်တွေကို ကူညီ ပံံ့ပိုးပေးကြဖို့ စီးပွားရေး လုပ်ငန်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၇၇၀ တို့က ဒီဇင်ဘာ လလယ်မှာ UNHCR က ဦးဆောင် ကျင်းပခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာ ညီလာခံမှာ ဆုံးဖြတ်ချက်ချတာနဲ့ ၂၀၁၉ ခုနှစ်ကို အဆုံးသတ်ခဲ့ပါတယ်။ အကူအညီ ပေးမယ်ဆိုတဲ့ အဲဒီ ကတိ ကဝတ်တွေဟာ အပြီးသတ် မှတ်ကျောက်တင်ထားတာမျိုး မဟုတ်ပေမယ့်လည်း အဲဒီလို ကတိပြုလိုက်ခြင်းက ဒုက္ခသည်တွေကို နိုင်ငံတကာက ကူညီဖို့အတွက် မျှော်လင့်ချက် အသစ်တွေ ပြန်ပေးရာ ရောက်စေတယ်လို့ UNHCR က မျှော်လင့်နေပါတယ်။