သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိန်းမတ်ကြောင့် ဥရောပ လက်ဝဲပါတီတွေ လူဝင်မှုဟန့်တားရေးကို ဆွေးနွေးမည်

ဆိုရှယ်ဒီမိုကရက် ခေါင်းဆောင် Mette Frederiksen (ဇွန်၊ ၀၆၊ ၂၀၁၇)
ဆိုရှယ်ဒီမိုကရက် ခေါင်းဆောင် Mette Frederiksen (ဇွန်၊ ၀၆၊ ၂၀၁၇)

ဒိန်းမတ် နိုင်ငံက ဆိုရှယ်ဒီမိုကရက်တွေ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာကြောင့် ဥရောပတိုက်က အဓိက လက်ဝဲပါတီတွေ အတွင်းမှာ တင်းကြပ်တဲ့ လူဝင်မှု ကြီးကြပ်ရေးမူဝါဒကို ကျင့်သုံးမလားဆိုပြီး ဆွေးနွေးငြင်းခုံလာကြပါတယ်။

ဒိန်းမတ် ဆိုရှယ်ဒီမိုကရက် လက်ဝဲပါတီက ပိုပြီးတင်းကြပ်တဲ့ လူဝင်မှု ကြီးကြပ်ရေး ကို လုပ်မယ်လို့ ပြောပြီး ပါလီမန် ရွေးကောက်ပွဲမှာ နေရာအများစု ရလာခဲ့တာပါ။ ဥပဒေပြု လွှတ်တော် နေရာ ၁၇၉ နေရာမှာ ၉၁ နေရာ ဆိုရှယ်ဒီမိုကရက်ဦးဆောင်တဲ့ မဟာမိတ်တွေက အနိုင်ရခဲ့တဲ့အတွက်လည်း အသက် ၄၁ နှစ်ပဲ ရှိသေးတဲ့ Mette Frederiksen ဟာ ဒိန်းမတ် သမိုင်းမှာ အသက် အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။

ဆိုရှယ်ဒီမိုကရက်ပါတီက အမတ် ၄၈ နေရာ အနိုင်ရပြီး ဒန်းနစ်ရှ် ပါလီမန် မှာ အများဆုံး နေရာယူထားနိုင်တဲ့ ပါတီ ဖြစ်လာခဲ့တာပါ။ ဆိုရှယ်ဒီမိုကရက်တွေ ဟာ လူဝင်မှု ကြီးကြပ်ရေးမူဝါဒအပေါ် ဂ ငယ်ကွေ့ ပြန်ကွေ့ပြီး သူတို့ရဲ့ ပြိုင်ဘက် လက်ယာစွန်း ပါတီ တွေလို ပိုပြီးတင်းကြပ်တဲ့ မူဝါဒတွေ လုပ်မယ်လို့ ပြောင်းလဲခဲ့တာပါ။

အဲဒီမူဝါဒတွေ ထဲမှာတော့ ကုလသမဂ္ဂက စီစဉ်ပေးတဲ့ ဒုက္ခသည်များ ပြောင်းရွှေ့ အခြေချနေထိုင်ရေးကို ဆန့်ကျင်သလို၊ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေကို သူတို့ရဲ့ မူရင်း နိုင်ငံကို ပြန်အောင် စည်းရုံးသိမ်းသွင်းတာတွေ ပါဝင်ပြီး အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ အပေါ် တင်းကြပ်တဲ့ အပြစ်ပေးမှုတွေကို လုပ်ဆောင်တာတွေ ဖြစ်ပါတယ်။

ဒိန်းမတ်ကြောင့် ဥရောပ လက်ဝဲပါတီတွေ လူဝင်မှုဟန့်တားရေးကို ဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG