သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိန်းမတ်နိုင်ငံမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်သစ် အာဏာရ


 Mette Frederiksen
Mette Frederiksen

Denmark နိုင်ငံရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Social Democrats ပါတီခေါင်းဆောင်ဟာ အသက်အငယ်ဆုံး နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ အမျိုးသမီးဝန်ကြီးချုပ်လည်းဖြစ်မယ့် အသက် ၄၁ နှစ်အရွယ် ပါတီခေါင်းဆောင် Mette Frederiksen က နိုင်ငံကို လမ်းကြောင်းသစ်ဆီသွားစေချင်တဲ့အတွက် မဲဆန္ဒရှင်တွေက သူတို့ပါတီကိုမဲပေးခဲ့ကြတာဖြစ်တယ်လို့ အောင်ပွဲခံ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

သူတို့ပါတီအနေနဲ့ ညွှန့်ပေါင်း မဟုတ်ဘဲ တပါတီထဲ အစိုးရဖွဲ့နိုင်ဖို့ ကြိုးစားသွားမယ့် တချိန်ထဲမှာ ဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ကိစ္စတွေအတွက် လက်ယျာယိမ်းပါတီတွေရဲ့ ထောက်ခံမှုကို ရယူမှာဖြစ်သလို လူမှုဖူလုံရေးကိစ္စတွေအတွက် လက်ဝဲယိမ်းပါတီတွေရဲ့ ထောက်ခံမှုရအောင် လုပ်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အထွေထွေရွေးကောက်ပွဲမှာ Social Democrats ပါတီက မဲစုစုပေါင်း ၂၆% လောက်နဲ့ တခြားနိုင်ငံရေးပါတီတွေ အားလုံးထက် အသာရပြီး အမတ် 179 နေရာရှိတဲ့ ပါလီမာန်မှာ အမတ်နေရာ ၉၁ နေရာ ရရှိခဲ့တာပါ။ ခုလို အတိုက်အခံ Social Democrats ပါတီက အနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ် Lars Lokke Rasmussen ကရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ပြီး ရာထူးကနေ နုတ်ထွက်မယ်လို့ ဒီကနေ့ ကြေညာပါတယ်။

အစိုးရသစ်မဖွဲ့နိုင်ခင်အထိ သူ့အစိုးရက အိမ်စောင့်အစိုးရအဖြစ်ဆက် တာဝန်ယူသွားမယ်လို့ ဝန်ကြီးချုပ် Rasmussen ကပြောခဲ့သလို Social Democrats ပါတီအနေနဲ့ သူ့ရဲ့ Liberal ပါတီနဲ့ ညွှန့်ပေါင်းအစိုးရဖွဲဖို့လည်း အကြံပြုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG