သုံးရလွယ်ကူစေသည့် Link များ

ဒိန်းမတ်သတင်းစာကို တိုက်ခိုက်ဖို့ ကြံစည်သူများ အဖမ်းခံရ


ဒိန်းမတ်သတင်းစာကို တိုက်ခိုက်ဖို့ ကြံစည်သူများ အဖမ်းခံရ
ဒိန်းမတ်သတင်းစာကို တိုက်ခိုက်ဖို့ ကြံစည်သူများ အဖမ်းခံရ

ကိုပင်ဟေဂင်မြို့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ မလုပ်ခင် အချိန်ပိုင်းမှာပဲ ဒီအစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့ပြီး လူတွေ အစုလိုက် အပြုံလိုက် သေကျေအောင်လုပ်ဖို့ ရည်ရွယ်ခဲ့တဲ့ လူ ၅ ယောက်ကိုလည်း ဖမ်းဆီးလိုက်ကြောင်း ဒိန်းမတ်နဲ့ ဆွီဒင်ရဲတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်သွေးကြွ အုပ်စုတခုရဲ့ အဖွဲ့ဝင်တွေက ဒိန်းမတ် သတင်းစာတစောင်ဖြစ်တဲ့ Jyllands-Posten သတင်းစာတိုက် အဆောက်အဦးထဲကို အတင်းအကျပ် ဝင်ရောက်ပြီး ရသလောက် လူတွေကို သတ်ဖြတ်ဖို့ ပြင်ဆင်ထားတာလို့လည်း ဒိန်းမတ် ထောက်လှမ်းရေးဌာနက ပြောပါတယ်။

မူဆလင်တွေ ကိုးကွယ်ရာ တမန်တော် မိုဟာမက်ကို လှောင်ပြောင်ထားတဲ့ ကာတွန်းကို ၂၀၀၅ ခုနှစ်တုန်းက ပုံနှိပ်ဖော်ပြခဲ့တဲ့အတွက် ဒီသတင်းစာတိုက်ကို မူဆလင်တွေက အမျက်ဒေါသ ထွက်နေကြတာပါ။

သံသယရှိသူတွေထဲက ၄ ယောက်ကိုတော့ ကိုပင်ဟေဂင်မြို့ အနီးမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်တယောက်ကိုတော့ ဆွီဒင်နိုင်ငံမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က စက်သေနတ်တွေ၊ အသံတိတ် ကိရိယာတွေ၊ ကျည်ဆံတွေနဲ့ လူတွေကို လက်ထိပ်ခတ် ချည်နှောင်ရာမှာ သုံးနိုင်တဲ့ ပလတ်စတစ်ကြိုးတွေကို သိမ်းဆည်းရမိတယ်လို့လည်း ဒိန်းမတ် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲဖြစ်သူ ဂျက်ကော့ဘ် ရှာ့ဖ် (Jakob Scharf) ကပြောပါတယ်။

တိုက်ခိုက်မှုတွေကို ဒီတပတ်အတွင်းလောက်မှာ လုပ်ဆောင်ဖို့ ရည်ရွယ်ထားပုံ ရတယ်လို့လည်း သူက ပြောဆိုခဲ့တာပါ။

ဝီကီလိခ်စ် (WikiLeaks) ဝက်ဘ်ဆိုက်ဒ်က ဖွင့်ချခဲ့တဲ့ အမေရိကန် သံတမန် ကြေးနန်းစာ တစောင်မှာတော့ တမန်တော် မိုဟာမက် ကာတွန်းရုပ်ပုံကို ပုံနှိပ်ဖော်ပြခဲ့တာကို ဆန့်ကျင်တဲ့ အနေနဲ့ ဒမက်စကတ်မြို့မှာရှိတဲ့ ဥရောပ သံရုံးတွေကို တိုက်ခိုက်မှုတွေနဲ့ ဆန္ဒပြပွဲတွေ ဖြစ်အောင် ဆီးရီးယားနိုင်ငံက အားပေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ ပြုလုပ်ကာနီးမှာ ဗလီဝတ်ကျောင်းတွေက ဘာသာရေး ဆရာတွေ အနေနဲ့ ပြင်းထန်တဲ့ တရားတွေ ဟောပြောကြဖို့ ဆီးရီးယား ဝန်ကြီးချုပ် နာဂျီ အယ်လ်-အိုတာရီ (Naji al-Otari) က ပြောဆိုခဲ့တဲ့အကြောင်း အမေရိကန်သံရုံး ယာယီတာဝန်ခံကို ကိုးကားပြီး ကြေးနန်းစာထဲမှာ ဖော်ပြထားတာပါ။

XS
SM
MD
LG