သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္ မင္းတပ္မွာ ကုလအကူအညီေတြျဖန႔္ေဝ


ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ ေတြ႔ရတဲ့ UNHCR ယာဥ္တန္း။ (ဇူလိုင္ ၁၉၊ ၂၀၂၁)

[Zawgyi/Unicode]

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕ေပၚက စစ္ေဘးဒုကၡသည္ေတြအတြက္ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး UNHCR က ေထာက္ပံ့ေပးတဲ့ ပစၥည္းေတြ ဒီေန႔စတင္ျဖန႔္ေဝေပးပါတယ္။ မင္းတပ္ၿမိဳ႕ေပၚက ဒုကၡသည္စခန္းမွာ ခိုလႈံေနၾကသူေတြ အကူအညီရၾကေပမဲ့ ေနရပ္ျပန္သြားတဲ့ ဒုကၡသည္ေတြ ၿမိဳ႕အျပင္ ေက်း႐ြာေတြမွာ ခိုလႈံေနၾကတဲ့ ဒုကၡသည္ေတြေတာ့ အကူအညီ မရၾကပါဘူး။ ဒီအေၾကာင္း အျပည့္အစုံ ရန္ကုန္က လာတဲ့သတင္း ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရံုး UNHCR က ကိုဗစ္ကာကြယ္ တားဆီးေရး ပစၥည္းေတြနဲ႔ အသံုးအေဆာင္ပစၥည္းေတြကို ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕ေပၚက စစ္ေဘးဒုကၡသည္ေတြကို ဒီကေန႔ ဇူလိုင္ ၂၀ ရက္မွာ စတင္ ေဝေပးခဲ့ပါတယ္။

ၿမိဳ႕ေပၚမွာရွိတဲ့ စစ္ေဘးဒုကၡသည္ေတြအျပင္ အပစ္ခတ္ရပ္ထားခ်ိန္ ေနရပ္ကို ျပန္သြားတဲ့ စစ္ေဘး ဒုကၡသည္ေတြကိုပါ အကူအညီေတြေပးဖုိ႔ UNHCR ကအစပိုင္းမွာ စီစဥ္ခဲ့ေပမဲ့ ေဒသခံအာဏာပိုင္ေတြ ခြင့္ျပဳခ်က္မရတာေၾကာင့္ စခန္းမွာ ခိုလႈံေနၾကတဲ့ ဒုကၡသည္ေတြကိုပဲ အကူအညီေပးႏိုင္ခဲ့တယ္လို႔ မင္းတပ္ၿမိဳ႕ ဒုကၡသည္စခန္းက ဆရာေတာ္ တဦးက အခုလိုေျပာပါတယ္။

“မေန႔က သူတို႔ ေရာက္လာၿပီးေတာ့မွ မနက္ျဖန္ကို က်ေနာ္တို႔ လာခဲ့မယ္ဆိုၿပီးေတာ့မွ ေျပာတဲ့အခါမွာေတာ့ ေဆြးေႏြးၾကၿပီးေတာ့မွ ဆံုးျဖတ္ခ်က္ေတြ ခ်ၿပီးေတာ့မွ ဘုရားေက်ာင္း ဘုန္းႀကီးေက်ာင္း စခန္းမွာေပါ့... လက္ရွိ ရွိေနတဲ့သူေတြကို ပထမရက္မွာေပးမယ္ ဒုတိယရက္မွာ စခန္းမွာ နာမည္သြင္းၿပီးမွ အိမ္ေတြကို ျပန္သြားတဲ့ မိသားစုေတြကို ထပ္ေပးမယ္လို႔ မေန႔ကေျပာတယ္။ လာေျပာၿပီးေတာ့မွ က်ေနာ္တို႔ဘက္ကလည္း ျပင္ဆင္ဖို႔ လုပ္ထားတယ္။ ဒီေန႔ သတင္းျပန္ထြက္လာတာက ဘုရားေက်ာင္း၀ိုင္း သာသနာ၀ိုင္း ဘုန္းႀကီးေက်ာင္း၀ိုင္း လက္ရွိစခန္းမွာ ေနထိုင္တဲ့သူေတြကိုပဲ ေပးရမယ္။ အိမ္မွာ ျပန္ေရာက္ေနတဲ့ မိသားစုေတြကို မေပးရဘူးလို႔ ျပန္လာတယ္ဆိုၿပီးေတာ့မွ သူတို႔က ေျပာျပတယ္။ သူတို႔ကလည္း စိတ္မေကာင္းဘူးေပါ့။ အားလံုးကို ေပးခ်င္တာ။ ဒါေပမဲ့ အားလံုကို မေပးျဖစ္ဘူး လက္ရွိ စခန္းမွာ ရွိတဲ့သူကိုပဲ ေပးရမယ္လို႔ လမ္းညႊန္ခ်က္ ရွိတာနဲ႔ စိတ္မေကာင္းဘူးေလ အဲ့ဒီလိုပဲ ေျပာတယ္။ တျခားဘာမွ မေျပာဘူး။ သူတို႔ေတြဆႏၵမွာေတာ့ ၿမိဳ႕ေပၚေရာ၊ ၿမိဳ႕ျပင္မွာ ရွိတဲ့သူေတြကိုေကာ တျခားစခန္းမွာ ရွိတဲ့သူေတြေကာ ေပးခ်င္တဲ့ စိတ္ဓာတ္ေတာ့ ရွိတယ္။ သို႔ေသာ္ျငားလည္း တာ၀န္ရွိ ပုဂၢိဳလ္မ်ားရဲ႕ ခြင့္ျပဳခ်က္ လံုၿခံဳေရးအရ ခြင့္ျပဳခ်က္ မရွိတဲ့အတြက္ေၾကာင့္မို႔လို႔ မသြားႏိုင္တဲ့ သေဘာေတာ့ ရွိတယ္။”

COVID-19 ကာကြယ္ေရးအတြက္ တကိုယ္ေရသုံး အကာအကြယ္ ပစၥည္းကိရိယာေတြအပါအဝင္၊ အစားအစာမဟုတ္သည့္ ပစၥည္းမ်ားအနက္က တာေပၚလင္စေတြ၊ ျခင္ေထာင္၊ ဖ်ာ၊ ေစာင္ေတြနဲ႔၊ မီးဖိုေခ်ာင္သုံးပစၥည္းေတြ၊ ေနေရာင္ျခည္စြမ္းအင္သုံး မီးအိမ္ေတြကို ကူညီ ေထာက္ပံ့ျဖန႔္ျဖဴးသြားမယ့္အေၾကာင္း UNHCR က မေန႔က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။ အိမ္ေထာင္စု ၁,၀၀၀၊ လူဦးေရ ၅,၀၀၀ အထိကို အကူအညီေပးႏုိင္မယ္လို႔ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

အခုလ ဇူလိုင္ ပထမအပတ္တုန္းကလည္း ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္းက ဒုကၡသည္ေတြအတြက္ အသံုးအေဆာင္ပစၥည္းတခ်ဳိ႕ ကူညီေထာက္ပံ့ခဲ့ပါတယ္။ အဲဒီတုန္းကလည္း ၿမိဳ႕ျပင္မွာ ခိုလံႈေနၾကတဲ့ ဒုကၡသည္ေတြအတြက္ ကူညီေထာက္ပံ့ေရး ပစၥည္းေတြေပးဖို႔ ၾကက္ေျခနီအသင္းက ႀကိဳးစားခဲ့ေပမ့ဲ စစ္ေကာင္စီဘက္က လံုၿခံဳေရး အေျခအေနေၾကာင့္ တားျမစ္ခဲ့တယ္လို႔ ဒုကၡသည္ စခန္းက တာ၀န္ရွိသူေတြက ေျပာပါတယ္။

မင္းတပ္ၿမိဳ႕ေပၚမွာ ျပည္တြင္းဒုကၡသည္ IDP စခန္း ၁၀ ခုဖြင့္လွစ္ထားၿပီး အိမ္ေထာင္စု ၁,၀၀၀ နီးပါး လာေရာက္ခိုလံႈခဲ့ၾကပါတယ္။ ခ်င္းျပည္ကာကြယ္ေရးအဖြဲ႕ CDF နဲ႔ စစ္ေကာင္စီတို႔ ၂ ဘက္ အပစ္ရပ္ၿပီးေနာက္ပိုင္းမွာ တခ်ဳိ႕က မိမိတုိ႔ ေနရပ္ရွိရာကို ေလာေလာဆယ္ ျပန္သြားၾကတဲ့အတြက္ ၿမိဳ႕ေပၚစခန္းေတြမွာ အိမ္ေထာင္စု ၅၀၀ နီးပါးသာ က်န္ပါတယ္။ မင္းတပ္ၿမိဳ႕ျပင္မွာ ပုန္းေအာင္း ခိုလႈံေနၾကတဲ့ ဒုကၡသည္ ေသာင္းဂဏန္းေလာက္႐ွိေနၿပီး သူ႔တို႕အတြက္ အကူအညီ အလြန္အမင္းလိုအပ္ေနပါတယ္။ ဒါနဲ႔ပတ္သက္လို႔ မင္းတပ္ၿမိဳ႕က ဖာသာ တဦးက စိတ္မေကာင္းေၾကာင္း ခုလိုေျပာပါတယ္။

“အကူအညီေပးႏိုင္တဲ့သူေတြကို သူတို႔အကူညီေပးခဲ့မယ္ အကူညီေပးတာကိုလည္း စစ္ေကာင္စီကလည္း ခြင့္ျပဳခဲ့မယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ၀မ္းသာရမွာေပါ့။ ဒါေပမဲ့လည္း ေက်းရြာေတြမွာ နယ္စြန္နယ္ဖ်ားေတြမွာ ဒုကၡေရာက္ေနတဲ့ သူေတြအထိ အကူအညီက မေရာက္ႏိုင္ေသးတာကိုေတာ့ က်ေနာ္တို႔ ယူက်ံဳးမရ ၀မ္းနည္းမိပါတယ္။”

မင္းတပ္ၿမိဳ႕ကို ကူညီဖို႔ ေထာက္ပံ့ေရး ပစၥည္းေတြဟာ မေန႔ ဇူလိုင္ ၁၉ ရက္က မင္းတပ္ၿမိဳ႕ေပၚကို ေရာက္ရွိလာၿပီးေနာက္ စတင္ျဖန္႔ေ၀ ေပးေနတာျဖစ္ပါတယ္။ မင္းတပ္ၿမိဳ႕ျ့ပင္မွာ႐ွိေနတဲ့ ေသာင္းခ်ီတဲ့ ဒုကၡသည္ေတြကို ကုလသမဂၢရဲ႕ အကူအညီေတြ ရ႐ွိႏုိင္ဖုိ႔ ဒုကၡသည္ေတြက ေမ ွ်ာ္လင့္ေနၾကပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈ စိုးရိမ္စရာ ေကာင္းေနခ်ိန္မွာ ကုလသမဂၢက ကိုဗစ္ထိန္းခ်ဳပ္ေရးအတြက္ လိုအပ္ေနတဲ့ ေအာက္စီဂ်င္နဲ႔တျခားပစၥည္းကိရိယာေတြ ရ႐ွိေရးအတြက္ ႀကိဳးစားေပးေနတယ္လို႔ ကုလသမဂၢက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ချင်းပြည်နယ် မင်းတပ်မှာ ကုလအကူအညီတွေဖြန့်ဝေ

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထောက်ပံ့ပေးတဲ့ ပစ္စည်းတွေ ဒီနေ့စတင်ဖြန့်ဝေပေးပါတယ်။ မင်းတပ်မြို့ပေါ်က ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူတွေ အကူအညီရကြပေမဲ့ နေရပ်ပြန်သွားတဲ့ ဒုက္ခသည်တွေ မြို့အပြင် ကျေးရွာတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေတော့ အကူအညီ မရကြပါဘူး။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်း ကိုငြိမ်းချမ်းပြောပြပါမယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ကိုဗစ်ကာကွယ် တားဆီးရေး ပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ချင်းပြည်နယ် မင်းတပ်မြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေကို ဒီကနေ့ ဇူလိုင် ၂၀ ရက်မှာ စတင် ဝေပေးခဲ့ပါတယ်။

မြို့ပေါ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအပြင် အပစ်ခတ်ရပ်ထားချိန် နေရပ်ကို ပြန်သွားတဲ့ စစ်ဘေး ဒုက္ခသည်တွေကိုပါ အကူအညီတွေပေးဖို့ UNHCR ကအစပိုင်းမှာ စီစဉ်ခဲ့ပေမဲ့ ဒေသခံအာဏာပိုင်တွေ ခွင့်ပြုချက်မရတာကြောင့် စခန်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကိုပဲ အကူအညီပေးနိုင်ခဲ့တယ်လို့ မင်းတပ်မြို့ ဒုက္ခသည်စခန်းက ဆရာတော် တဦးက အခုလိုပြောပါတယ်။

“မနေ့က သူတို့ ရောက်လာပြီးတော့မှ မနက်ဖြန်ကို ကျနော်တို့ လာခဲ့မယ်ဆိုပြီးတော့မှ ပြောတဲ့အခါမှာတော့ ဆွေးနွေးကြပြီးတော့မှ ဆုံးဖြတ်ချက်တွေ ချပြီးတော့မှ ဘုရားကျောင်း ဘုန်းကြီးကျောင်း စခန်းမှာပေါ့... လက်ရှိ ရှိနေတဲ့သူတွေကို ပထမရက်မှာပေးမယ် ဒုတိယရက်မှာ စခန်းမှာ နာမည်သွင်းပြီးမှ အိမ်တွေကို ပြန်သွားတဲ့ မိသားစုတွေကို ထပ်ပေးမယ်လို့ မနေ့ကပြောတယ်။ လာပြောပြီးတော့မှ ကျနော်တို့ဘက်ကလည်း ပြင်ဆင်ဖို့ လုပ်ထားတယ်။ ဒီနေ့ သတင်းပြန်ထွက်လာတာက ဘုရားကျောင်းဝိုင်း သာသနာဝိုင်း ဘုန်းကြီးကျောင်းဝိုင်း လက်ရှိစခန်းမှာ နေထိုင်တဲ့သူတွေကိုပဲ ပေးရမယ်။ အိမ်မှာ ပြန်ရောက်နေတဲ့ မိသားစုတွေကို မပေးရဘူးလို့ ပြန်လာတယ်ဆိုပြီးတော့မှ သူတို့က ပြောပြတယ်။ သူတို့ကလည်း စိတ်မကောင်းဘူးပေါ့။ အားလုံးကို ပေးချင်တာ။ ဒါပေမဲ့ အားလုံကို မပေးဖြစ်ဘူး လက်ရှိ စခန်းမှာ ရှိတဲ့သူကိုပဲ ပေးရမယ်လို့ လမ်းညွှန်ချက် ရှိတာနဲ့ စိတ်မကောင်းဘူးလေ အဲ့ဒီလိုပဲ ပြောတယ်။ တခြားဘာမှ မပြောဘူး။ သူတို့တွေဆန္ဒမှာတော့ မြို့ပေါ်ရော၊ မြို့ပြင်မှာ ရှိတဲ့သူတွေကိုကော တခြားစခန်းမှာ ရှိတဲ့သူတွေကော ပေးချင်တဲ့ စိတ်ဓာတ်တော့ ရှိတယ်။ သို့သော်ငြားလည်း တာဝန်ရှိ ပုဂ္ဂိုလ်များရဲ့ ခွင့်ပြုချက် လုံခြုံရေးအရ ခွင့်ပြုချက် မရှိတဲ့အတွက်ကြောင့်မို့လို့ မသွားနိုင်တဲ့ သဘောတော့ ရှိတယ်။”

COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာတွေအပါအဝင်၊ အစားအစာမဟုတ်သည့် ပစ္စည်းများအနက်က တာပေါ်လင်စတွေ၊ ခြင်ထောင်၊ ဖျာ၊ စောင်တွေနဲ့၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်တွေကို ကူညီ ထောက်ပံ့ဖြန့်ဖြူးသွားမယ့်အကြောင်း UNHCR က မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အိမ်ထောင်စု ၁,၀၀၀၊ လူဦးရေ ၅,၀၀၀ အထိကို အကူအညီပေးနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အခုလ ဇူလိုင် ပထမအပတ်တုန်းကလည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဒုက္ခသည်တွေအတွက် အသုံးအဆောင်ပစ္စည်းတချို့ ကူညီထောက်ပံ့ခဲ့ပါတယ်။ အဲဒီတုန်းကလည်း မြို့ပြင်မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေပေးဖို့ ကြက်ခြေနီအသင်းက ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီဘက်က လုံခြုံရေး အခြေအနေကြောင့် တားမြစ်ခဲ့တယ်လို့ ဒုက္ခသည် စခန်းက တာဝန်ရှိသူတွေက ပြောပါတယ်။

မင်းတပ်မြို့ပေါ်မှာ ပြည်တွင်းဒုက္ခသည် IDP စခန်း ၁၀ ခုဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၁,၀၀၀ နီးပါး လာရောက်ခိုလှုံခဲ့ကြပါတယ်။ ချင်းပြည်ကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတို့ ၂ ဘက် အပစ်ရပ်ပြီးနောက်ပိုင်းမှာ တချို့က မိမိတို့ နေရပ်ရှိရာကို လောလောဆယ် ပြန်သွားကြတဲ့အတွက် မြို့ပေါ်စခန်းတွေမှာ အိမ်ထောင်စု ၅၀၀ နီးပါးသာ ကျန်ပါတယ်။ မင်းတပ်မြို့ပြင်မှာ ပုန်းအောင်း ခိုလှုံနေကြတဲ့ ဒုက္ခသည် သောင်းဂဏန်းလောက်ရှိနေပြီး သူ့တို့အတွက် အကူအညီ အလွန်အမင်းလိုအပ်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ မင်းတပ်မြို့က ဖာသာ တဦးက စိတ်မကောင်းကြောင်း ခုလိုပြောပါတယ်။

“အကူအညီပေးနိုင်တဲ့သူတွေကို သူတို့အကူညီပေးခဲ့မယ် အကူညီပေးတာကိုလည်း စစ်ကောင်စီကလည်း ခွင့်ပြုခဲ့မယ်ဆိုရင်တော့ ကျနော်တို့ ဝမ်းသာရမှာပေါ့။ ဒါပေမဲ့လည်း ကျေးရွာတွေမှာ နယ်စွန်နယ်ဖျားတွေမှာ ဒုက္ခရောက်နေတဲ့ သူတွေအထိ အကူအညီက မရောက်နိုင်သေးတာကိုတော့ ကျနော်တို့ ယူကျုံးမရ ဝမ်းနည်းမိပါတယ်။”

မင်းတပ်မြို့ကို ကူညီဖို့ ထောက်ပံ့ရေး ပစ္စည်းတွေဟာ မနေ့ ဇူလိုင် ၁၉ ရက်က မင်းတပ်မြို့ပေါ်ကို ရောက်ရှိလာပြီးနောက် စတင်ဖြန့်ေ၀ ပေးနေတာဖြစ်ပါတယ်။ မင်းတပ်မြို့ြ့ပင်မှာရှိနေတဲ့ သောင်းချီတဲ့ ဒုက္ခသည်တွေကို ကုလသမဂ္ဂရဲ့ အကူအညီတွေ ရရှိနိုင်ဖို့ ဒုက္ခသည်တွေက မေ ျှာ်လင့်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်ပျံ့နှံ့မှု စိုးရိမ်စရာ ကောင်းနေချိန်မှာ ကုလသမဂ္ဂက ကိုဗစ်ထိန်းချုပ်ရေးအတွက် လိုအပ်နေတဲ့ အောက်စီဂျင်နဲ့တခြားပစ္စည်းကိရိယာတွေ ရရှိရေးအတွက် ကြိုးစားပေးနေတယ်လို့ ကုလသမဂ္ဂက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG