သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူဦးရေ ၂၀% ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ကုလကူညီမည်


မြန်မာနိုင်ငံလူဦးရေ ၂၀% အတွက် COVID-19 ရောဂါကာကွယ်ဆေးကို COVAX အစီအစဉ်ကနေတဆင့် ဒီနှစ်အတွင်းပေးနိုင်ဖို့ ခန့်မှန်းထားတယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ စိုးရိမ်ဖွယ် တိုးလာနေတာကို လေ ျှာ့ချသွားနိုင်ရေး အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့လည်း ကုလသမဂ္ဂကပြောပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနကလည်း လူဦးရေထက်ဝက်ကို ဒီနှစ်အတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ ခန့်မှန်းထားတယ်လို့ ဒီကနေ့ုထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ လူဦးရေ ၅၄ သန်းထဲက ၁.၆ သန်းလောက်ကိုပဲ ကာကွယ်ဆေးထိုးပေးရသေးတယ်လို့ သတင်းမှာဖော်ပြထားပြီး အားလုံးကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ကာကွယ်ဆေးတွေ မပြတ်တင်သွင်းနေတယ်လို့လည်း ဆိုပါတယ်။
ကြာသပတေးနေ့မှာ တရုတ်ထုတ်ကာကွယ်ဆေး ၇၅၀,၀၀၀ လောက်ရောက်ဖို့ရှိပြီး နောက်နှစ်ရက်အတွင်း ထပ်ရောက်လာဦးမယ်လို့လည်း စစ်ကောင်စီထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ကိုဗစ်တတိယလှိုင်းနဲ့ အပြင်းအထန် ရင်ဆိုင်နေရပြီး ကျန်းမာရေးဌာနက တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရကိုပဲ ကူးစက်သူနဲ့ သေဆုံးသူအရေအတွက်က နေ့စဉ်တိုးနေတာပါ။
ဒါပေမယ့်လည်း သဂြိုင်္လ်ရမယ့် သေဆုံးသူတွေ သုသာန်တွေမှာ စုပုံနေတာနဲ့အမ ျှ အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ စစ်ကောင်စီကထုတ်ပြန်တာထက် အများကြီး ပိုများမယ်လို့ ဆေးဘက်လုပ်သားတွေနဲ့ နာရေးကူညီမှုအဖွဲ့တွေက ခန့်မှန်းပါတယ်။
ဒါ့အပြင် ပုဂ္ဂလိက အောက်ဆီဂျင်စက်ရုံတွေကနေ အများပြည်သူကို အောက်ဆီဂျင်မပေးရဘူးလို့ စစ်ကောင်စီက ကန့်သတ်ထားတာကြောင့်လည်း အသက်ဆုံးရှုံးတာတွေ ပိုများရတယ်လို့ စစ်ကောင်စီကို ဝေဖန်သူတွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

+++



XS
SM
MD
LG