[Zawgyi/Unicode]
ကိုဗစ္ကူးစက္သူ၊ ေသဆုံးသူေတြ တိုးလာေနတဲ့ ရခိုင္ျပည္နယ္တစ္ခုလုံးမွာ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔ ဒီေန႔ ဇူလိုင္လ ၂၀ ရက္ေန႔ က စတင္ၿပီး stay at home မလိုအပ္ရင္ အိမ္ျပင္မထြက္ၾကဖို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕က ဒီကေန႔ ထုတ္ျပန္လိုက္ပါတယ္။ က်န္းမာေရးဌာနကေရာ၊ ျပည္နယ္အစိုးရကပါ ရခိုင္ျပည္နယ္မွာ stay at home မထုတ္ျပန္ခ်ိန္မွာ AA အဖြဲ႕က ဘာေၾကာင့္ထုတ္ျပန္ရတာပါလဲ။ ေဒသခံေတြဘက္ကေရာ ဒါကို ဘယ္ေလာက္ လိုက္နာမလဲဆိုတာ ရန္ကုန္ကလာတဲ့ သတင္းကို ကိုေအာင္ျမတ္သူ ေျပာျပပါမယ္။
ရခိုင္ျပည္နယ္မွာ ကိုဗစ္ေရာဂါကို ထိထိေရာက္ေရာက္ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ မျဖစ္မေနလိုက္နာဖုိ႔ဆိုၿပီး ရခိုင္တိုင္းရင္းသားလက္နက္ကိုင္ AA အဖြဲ႔က စည္းကမ္းခ်က္ေတြကို ဒီေန႔ ဇူလိုင္လ ၂၀ ရက္ေန႔မွာ ထုတ္ျပန္ပါတယ္။ AA ရဲ႕ အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ဆိုင္တဲ့ ULA ရဲ႕ ထုတ္ျပန္ခ်က္မွာ လိုက္နာရမယ့္ အခ်က္ေပါင္း ၂၀ ေက်ာ္ပါဝင္ၿပီး အဓိကအခ်က္က ရခိုင္တစ္ျပည္နယ္လံုးကို ဒီကေန႔က စတင္ၿပီး သီတင္းနွစ္ပတ္ၾကာ Stay at home ေနၾကဖုိ႔ ေျပာၾကားထားပါတယ္။ မလိုက္နာရင္ အေရးယူမယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ လက္ရွိအခ်ိန္မွာ ရခိုင္ျပည္သူေတြအေနနဲ႔ ကိုဗစ္စည္းကမ္းခ်က္ေတြကို လိုက္နာတာအားနည္းေနသလို ကိုဗစ္ကူးစက္မႈေတြကို တားဆီးႏိုင္ဖို႔အတြက္ ဒီထုတ္ျပန္ခ်က္ကို ထုတ္ရတာျဖစ္တယ္လို႔လည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။
“ဒီလိုထုတ္ျပန္ရတဲ့ အဓိက အေၾကာင္းအရင္းကေတာ့ ကိုဗစ္-၁၉ တတိယလႈိင္းေပါ့ေနာ္။ အလ်င္အျမန္ကူးစက္ ပ်ံ႕ႏွံ႔လာမႈကို က်ေနာ္တို႔ ကာကြယ္တားဆီးႏိုင္ဖို႔ အတြက္ျဖစ္ပါတယ္။ အဓိကကေတာ့ ရခိုင္ျပည္သူေတြ အားလံုး ကိုဗစ္-၁၉ စည္းကမ္းေတြအတိုင္း ပူးေပါင္း ေဆာင္ရြက္ လိုက္နာေနထိုင္ၾကဖို႔က အထူးအေရးႀကီးပါတယ္။ ဒါေၾကာင့္မလို႔ ရခိုင္ျပည္သူ အားလံုးကို က်ေနာ္တို႔ ULA အေနနဲ႔ တိုက္တြန္းခ်င္တာကေတာ့ အိမ္ထဲမွာ ေနၾကပါ။ နွာေခါင္း စည္းေတြ တပ္ၾကပါ။ လက္မၾကာမၾကာေဆးပါ၊ က်န္းမာေရးဌာနေတြက ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို လိုက္နာပါ။ က်ေနာ္တို႔အားလံုး စည္းစည္းရံုးရံုး၊ စည္းကမ္းရွိရွိ လိုက္နာ ေဆာင္ရြက္ၾကမယ္ဆိုရင္ ဒီကိုဗစ္တတိယလိႈင္းကို ေက်ာ္ျဖတ္ႏိုင္မွာ ျဖစ္ပါတယ္။”
ရခိုင္ျပည္သူေတြအေနနဲ႔ အိမ္ထဲက အိမ္ျပင္မထြက္ဖို႔ က်န္းမာေရး ဌာနက သတ္မွတ္ထားတဲ့ စည္းကမ္းေတြကို လိုက္နာၾကဖို႔ တစ္ရြာနဲ႔ တစ္ရြာ ခရီးသြားခြင့္မေပးဖို႔နဲ႔ အေျခခံစားေသာက္ကုန္ေတြကို ေစ်းတင္မေရာင္းဖို႔လည္း AA ရဲ႕ ထုတ္ျပန္ခ်က္မွာ ပါဝင္တာပါ။
ဒီကေန႔ ထုတ္ျပန္တဲ့ စည္းကမ္းခ်က္ေတြကို မလိုက္နာဘူးဆိုရင္ သက္ဆိုင္ရာ ULA ေဒသႏၱရ အုပ္ခ်ဳပ္ေရး အဖြဲ႔က လိုအပ္သလို အေရးယူသြားမွာ ျဖစ္တယ္လို႔လည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။
“ဒီေန႔ ထုတ္ျပန္ခ်က္နဲ႔ အတူ လူတိုင္း သိရွိနားလည္ထားၿပီးေတာ့ မျဖစ္မေန လိုက္နာရမယ့္ စည္းကမ္းခ်က္ ၂၄ ခ်က္ကိုလည္း က်ေနာ္တို႔ ထုန္ျပန္ထားၿပီးျဖစ္ပါတယ္။ ဒီစည္းကမ္းခ်က္ ေတြကို မလိုက္နာတဲ့ သူေတြကိုေတာ့ စည္းကမ္းခ်က္ေတြကို လိုက္နာ လုပ္ေဆာင္လာေအာင္ က်ေနာ္တို႔ ULA ရဲ႕ ေဒသႏၱရ အုပ္ခ်ဳပ္ေရး အဖြဲ႔ေတြက သင့္ေတာ္တဲ့ ပညာေပး အျပစ္ေပး နည္းလမ္းေတြ အားလံုးကို သံုးၿပီးေတာ့ က်ေနာ္တို႔ လိုအပ္သလို ႀကီးၾကပ္လုပ္ ေဆာင္သြားမွာျဖစ္ပါတယ္။”
ရခိုင္ျပည္နယ္မွာ စစ္တပ္နဲ႔ AA ၾကား တိုက္ပြဲေတြ ျပင္းထန္ခဲ့တဲ့ ရခိုင္ျပည္နယ္မွာ ၂၀၂၀ ခုနွစ္ စတင္ဘာလ အကုန္ပိုင္းေလာက္ကတည္းက တိုက္ပြဲေတြ ရပ္တန္႔ေနပါတယ္။ လက္နက္ကိုင္ AA အဖြဲ႔ကေတာ့ ေက်းလက္ေဒသေတြမွာ ULA ေဒသႏၱရ အုပ္ခ်ဳပ္ေရးဆိုၿပီး အဖြဲ႔ေတြ ဖြဲ႔စည္းၿပီး ျပည္သူေတြရဲ႕ အခက္အခဲတခ်ဳိ ႔ကို ေျဖရွင္း ေပးေနတာေတြရွိတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။
ရခိုင္ျပည္နယ္ရဲ႕ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တည္ရွိရာ အမ္းၿမိဳ႕နယ္ထဲမွာေတာင္ ရခိုင္လက္ကိုင္ AA အဖြဲ႔ကေန ၉၀% ရာခိုင္ႏႈန္းေလာက္ အုပ္ခ်ဳပ္ေရးပိုင္းေတြမွာ လုပ္ေဆာင္ ေနၿပီး ျပည္သူေတြဘက္ကလည္း ယံုၾကည္အားကိုးေနၾကတယ္လို႔လည္း အမ္းေဒသခံ တက္ၾကြလႈပ္ရွားသူတစ္ဦးျဖစ္တဲ့ ကိုမ်ိဳးလြင္ကေျပာပါတယ္။
“အမ္းၿမိဳ႕နယ္ တစ္နယ္လံုး အတိုင္းအတာနဲ႔ က်ေနာ္တို႔ ေတြ႔ရတာကေတာ့ ရခိုင္တပ္ေတာ္က လႊမ္းမိုးထားတာ ၉၀ ရာခိုင္ႏႈန္းေလာက္ရွိတယ္ေပါ့ေနာ္။ ေနာက္တစ္ခုက အမွုဆယ္မွု ေလာက္ျဖစ္တဲ့ ေနရာမွာ ၉ မႈေလာက္က ရခိုင့္တပ္ေတာ္ရဲ႕ တရားစီရင္ေရး ေအာက္ကို ေရာက္သြားတာရွိတယ္ေပါ့ေနာ္။ ဒါေတြကေတာ့ အမ္းၿမိဳ႕မွာ ၉၀% ေလာက္ ရခိုင့္တပ္ေတာ္က လြမ္းမိုးၿပီးေတာ့ ရခိုင့္တပ္ေတာ္ရဲ႕ စီမံခန္႔ခြဲမႈေအာက္မွာ ရခိုင္ျပည္သူေတြ ရွိေနတယ္ဆိုတာကို က်ေနာ္တို႔ ေတြ႔ရတယ္။ အားလံုးက အမႈတစ္ခုခုျဖစ္ၿပီဆိုရင္ ရခိုင့္တပ္ေတာ္ကို အကူအညီ ေတာင္းၿပီး ေျဖရွင္းၾကတာမ်ားတယ္။ အမ္းကေတာ့ ရခိုင္ျပည္နယ္ရဲ႕ အေနာက္ပိုင္း တိုင္း စစ္ဌာနခ်ဳပ္ တည္ရွိေနတဲ့ ၿမိဳ႕မွာေတာင္ ၉၀ % ေလာက္ ရခိုင့္တပ္ေတာ္က ေနၿပီးေတာ့ ျပည္သူနဲ႔ အတူ တသားတည္း ျပည္သူ ေတြ ၾကားမွာ အုပ္ခ်ဳပ္ေရးေကာ တရားစီရင္ေရးေတြပါ အားလံုးက ျပည့္စံုုေနတဲ့ အေန အထား မွာ ရွိတယ္ဆိုေတာ့ က်န္တဲ့ ၿမိဳ႕နယ္ေတြမွာေတာ့ ေျပာစရာမလိုေလာက္ေအာင္အထိ ျဖစ္ေနလိမ့္မယ္လို႔ က်ေနာ္ျမင္ပါတယ္။”
ရခိုင္ျပည္နယ္အတြင္းမွာ ကိုဗစ္ကူးစက္မႈေတြနဲ႔ ပတ္သတ္ၿပီး ရခိုင္ျပည္နယ္ ေကာင္စီဘက္ကလည္း စည္းကမ္းတင္းၾကပ္ထားၿပီး မလိုက္နာသူေတြကို ဖမ္းဆီးလုပ္ေဆာင္ေနေတြလည္း ရွိေနတာပါ။ ျပည္သူေတြရဲ႕ စားဝတ္ေနေရးကို ထည့္တြက္တဲ့အတြက္ ရခိုင္ျပည္နယ္မွာ ေလာေလာတယ္ Stay at home မသတ္မွတ္ဘူးလို႔ ျပည္နယ္ေကာင္စီဘက္က ေျပာၾကားထာပါတယ္။ ဒီလိုအေျခအေနမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္က အခုလို ထုတ္ျပန္လိုက္တာနဲ႔ ပတ္သတ္ၿပီး ေမးျမန္းဖို႔ ရခိုင္ျပည္နယ္ေကာင္စီေျပာခြင့္ရသူေတြကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရရွိခဲ့ပါဘူး။ ရခိုင္ျပည္နယ္အတြင္းမွာ မေန႔ကအထိ ကိုဗစ္ကူးစက္ခံရသူ ၁,၅၀၀ ေက်ာ္အထိရွိေနၿပီး ေသဆံုးသူ ၅၀ ေက်ာ္အထိရွိတယ္လို႔ ရခိုင္ျပည္နယ္က်န္းမာေရးဦးစီးဌာနရဲ႕ စာရင္းမွာ ေဖာ္ျပထားပါတယ္။
[Unicode Version]
ရခိုင်တပြည်လုံး မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ AA ထုတ်ပြန်သတိပေး
ကိုဗစ်ကူးစက်သူ၊ သေဆုံးသူတွေ တိုးလာနေတဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့ က စတင်ပြီး stay at home မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ကျန်းမာရေးဌာနကရော၊ ပြည်နယ်အစိုးရကပါ ရခိုင်ပြည်နယ်မှာ stay at home မထုတ်ပြန်ချိန်မှာ AA အဖွဲ့က ဘာကြောင့်ထုတ်ပြန်ရတာပါလဲ။ ဒေသခံတွေဘက်ကရော ဒါကို ဘယ်လောက် လိုက်နာမလဲဆိုတာ ရန်ကုန်ကလာတဲ့ သတင်းကို ကိုအောင်မြတ်သူ ပြောပြပါမယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါကို ထိထိရောက်ရောက်ကြိုတင်ကာကွယ်တဲ့အနေနဲ့ မဖြစ်မနေလိုက်နာဖို့ဆိုပြီး ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲ့က စည်းကမ်းချက်တွေကို ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ AA ရဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တဲ့ ULA ရဲ့ ထုတ်ပြန်ချက်မှာ လိုက်နာရမယ့် အချက်ပေါင်း ၂၀ ကျော်ပါဝင်ပြီး အဓိကအချက်က ရခိုင်တစ်ပြည်နယ်လုံးကို ဒီကနေ့က စတင်ပြီး သီတင်းနှစ်ပတ်ကြာ Stay at home နေကြဖို့ ပြောကြားထားပါတယ်။ မလိုက်နာရင် အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ ရခိုင်ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာတာအားနည်းနေသလို ကိုဗစ်ကူးစက်မှုတွေကို တားဆီးနိုင်ဖို့အတွက် ဒီထုတ်ပြန်ချက်ကို ထုတ်ရတာဖြစ်တယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“ဒီလိုထုတ်ပြန်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ကိုဗစ်-၁၉ တတိယလှိုင်းပေါ့နော်။ အလျင်အမြန်ကူးစက် ပျံ့နှံ့လာမှုကို ကျနော်တို့ ကာကွယ်တားဆီးနိုင်ဖို့ အတွက်ဖြစ်ပါတယ်။ အဓိကကတော့ ရခိုင်ပြည်သူတွေ အားလုံး ကိုဗစ်-၁၉ စည်းကမ်းတွေအတိုင်း ပူးပေါင်း ဆောင်ရွက် လိုက်နာနေထိုင်ကြဖို့က အထူးအရေးကြီးပါတယ်။ ဒါကြောင့်မလို့ ရခိုင်ပြည်သူ အားလုံးကို ကျနော်တို့ ULA အနေနဲ့ တိုက်တွန်းချင်တာကတော့ အိမ်ထဲမှာ နေကြပါ။ နှာခေါင်း စည်းတွေ တပ်ကြပါ။ လက်မကြာမကြာဆေးပါ၊ ကျန်းမာရေးဌာနတွေက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပါ။ ကျနော်တို့အားလုံး စည်းစည်းရုံးရုံး၊ စည်းကမ်းရှိရှိ လိုက်နာ ဆောင်ရွက်ကြမယ်ဆိုရင် ဒီကိုဗစ်တတိယလှိုင်းကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။”
ရခိုင်ပြည်သူတွေအနေနဲ့ အိမ်ထဲက အိမ်ပြင်မထွက်ဖို့ ကျန်းမာရေး ဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့ တစ်ရွာနဲ့ တစ်ရွာ ခရီးသွားခွင့်မပေးဖို့နဲ့ အခြေခံစားသောက်ကုန်တွေကို ဈေးတင်မရောင်းဖို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တာပါ။
ဒီကနေ့ ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကို မလိုက်နာဘူးဆိုရင် သက်ဆိုင်ရာ ULA ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့က လိုအပ်သလို အရေးယူသွားမှာ ဖြစ်တယ်လို့လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။
“ဒီနေ့ ထုတ်ပြန်ချက်နဲ့ အတူ လူတိုင်း သိရှိနားလည်ထားပြီးတော့ မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းချက် ၂၄ ချက်ကိုလည်း ကျနော်တို့ ထုန်ပြန်ထားပြီးဖြစ်ပါတယ်။ ဒီစည်းကမ်းချက် တွေကို မလိုက်နာတဲ့ သူတွေကိုတော့ စည်းကမ်းချက်တွေကို လိုက်နာ လုပ်ဆောင်လာအောင် ကျနော်တို့ ULA ရဲ့ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့တွေက သင့်တော်တဲ့ ပညာပေး အပြစ်ပေး နည်းလမ်းတွေ အားလုံးကို သုံးပြီးတော့ ကျနော်တို့ လိုအပ်သလို ကြီးကြပ်လုပ် ဆောင်သွားမှာဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ AA ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ၂၀၂၀ ခုနှစ် စတင်ဘာလ အကုန်ပိုင်းလောက်ကတည်းက တိုက်ပွဲတွေ ရပ်တန့်နေပါတယ်။ လက်နက်ကိုင် AA အဖွဲ့ကတော့ ကျေးလက်ဒေသတွေမှာ ULA ဒေသန္တရ အုပ်ချုပ်ရေးဆိုပြီး အဖွဲ့တွေ ဖွဲ့စည်းပြီး ပြည်သူတွေရဲ့ အခက်အခဲတချို့ကို ဖြေရှင်း ပေးနေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်ရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ထဲမှာတောင် ရခိုင်လက်ကိုင် AA အဖွဲ့ကနေ ၉၀% ရာခိုင်နှုန်းလောက် အုပ်ချုပ်ရေးပိုင်းတွေမှာ လုပ်ဆောင် နေပြီး ပြည်သူတွေဘက်ကလည်း ယုံကြည်အားကိုးနေကြတယ်လို့လည်း အမ်းဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုမျိုးလွင်ကပြောပါတယ်။
“အမ်းမြို့နယ် တစ်နယ်လုံး အတိုင်းအတာနဲ့ ကျနော်တို့ တွေ့ရတာကတော့ ရခိုင်တပ်တော်က လွှမ်းမိုးထားတာ ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်ပေါ့နော်။ နောက်တစ်ခုက အမှုဆယ်မှု လောက်ဖြစ်တဲ့ နေရာမှာ ၉ မှုလောက်က ရခိုင့်တပ်တော်ရဲ့ တရားစီရင်ရေး အောက်ကို ရောက်သွားတာရှိတယ်ပေါ့နော်။ ဒါတွေကတော့ အမ်းမြို့မှာ ၉၀% လောက် ရခိုင့်တပ်တော်က လွမ်းမိုးပြီးတော့ ရခိုင့်တပ်တော်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရခိုင်ပြည်သူတွေ ရှိနေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ အားလုံးက အမှုတစ်ခုခုဖြစ်ပြီဆိုရင် ရခိုင့်တပ်တော်ကို အကူအညီ တောင်းပြီး ဖြေရှင်းကြတာများတယ်။ အမ်းကတော့ ရခိုင်ပြည်နယ်ရဲ့ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် တည်ရှိနေတဲ့ မြို့မှာတောင် ၉၀ % လောက် ရခိုင့်တပ်တော်က နေပြီးတော့ ပြည်သူနဲ့ အတူ တသားတည်း ပြည်သူ တွေ ကြားမှာ အုပ်ချုပ်ရေးကော တရားစီရင်ရေးတွေပါ အားလုံးက ပြည့်စုံနေတဲ့ အနေ အထား မှာ ရှိတယ်ဆိုတော့ ကျန်တဲ့ မြို့နယ်တွေမှာတော့ ပြောစရာမလိုလောက်အောင်အထိ ဖြစ်နေလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။”
ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ကူးစက်မှုတွေနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ် ကောင်စီဘက်ကလည်း စည်းကမ်းတင်းကြပ်ထားပြီး မလိုက်နာသူတွေကို ဖမ်းဆီးလုပ်ဆောင်နေတွေလည်း ရှိနေတာပါ။ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ထည့်တွက်တဲ့အတွက် ရခိုင်ပြည်နယ်မှာ လောလောတယ် Stay at home မသတ်မှတ်ဘူးလို့ ပြည်နယ်ကောင်စီဘက်က ပြောကြားထာပါတယ်။ ဒီလိုအခြေအနေမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က အခုလို ထုတ်ပြန်လိုက်တာနဲ့ ပတ်သတ်ပြီး မေးမြန်းဖို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူတွေကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ်အတွင်းမှာ မနေ့ကအထိ ကိုဗစ်ကူးစက်ခံရသူ ၁,၅၀၀ ကျော်အထိရှိနေပြီး သေဆုံးသူ ၅၀ ကျော်အထိရှိတယ်လို့ ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။