ျမန္မာႏိုင္ငံမွာ ကိုဗစ္လို႔ယူဆရတဲ့ လူနာေတြ မ်ားျပားေနခ်ိန္ လူမမာ႐ွိတဲ့ အိမ္ေတြအတြက္ ပရဟိတ္အကူအညီေပးသူတခ်ဳိ႕က အစားအေသာက္ ေဆးဝါးစတဲ့ လိုအပ္တာေတြကို ကူညီဝယ္ယူပိုေပး႔ေနၾကပါတယ္။ ကုိဗစ္ကပ္ေရာဂါျဖစ္ေနခ်ိန္ အကူအညီလိုအပ္ခ်က္ေတြ မ်ားျပားေနလို႔ ျပည္သူေတြကပဲ အခ်င္းခ်င္း ကူညီေနၾကတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ ကတင္ျပပါမယ္။
အခုရက္ပိုင္းေတြအတြင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕စာရင္းအရ ကိုဗစ္အတည္ျပဳလူနာ ၅ ေထာင္ထက္ မနည္း႐ွိသလို ေသဆံုးသူကလည္း ၂၀၀ ေက်ာ္႐ွိေနပါတယ္။ ကိုဗစ္အတည္ျပဳလူနာစာရင္းမဝင္ဘဲ ေသဆံုးေနသူေတြလည္း ဆက္လက္မ်ားျပားေနပါတယ္။ ရန္ကုန္ၿမိဳ႕မွာ ပရဟိတအကူအညီေပးေနသူေတြရဲ႕ ေျပာျပခ်က္အရ ရန္ကုန္တဝိုက္မွာ႐ွိတဲ့ သုႆန္ေတြမွာ မီးသၿဂိဳလ္ေနရတဲ့အေလာင္း တေန႔ကို ၁ ေထာင္ေက်ာ္ေလာက္႐ွိတယ္လို႔ ေျပာပါတယ္။ ကိုဗစ္ေရာဂါျဖစ္ေနသူေတြေရာ ကိုဗစ္ေရာဂါ လကၡဏာျပၿပီး ေနမေကာင္းျဖစ္ေနၾကသူေတြပါအမ်ားစုက ေနအိမ္ေတြမွာသာ ကိုယ့္နည္းကိုယ့္ဟန္ ကုသေနၾကရတဲ့ အေျခအေနပါ။
တမိသားစုလုံး ကိုဗစ္ကူးစက္ခံထားရလို႔ အစားအေသာက္နဲ႔ ေဆးဝါးလိုအပ္ေနသူေတြအတြက္ ရန္ကုန္၊ မႏၱေလးစတဲ့ၿမိဳ႕ေတြမွာ ေစတနာ႐ွင္တခ်ဳိ႕က ကူညီေစ်းဝယ္ၿပီး အိမ္လိုက္ပို႔ေပးေနၾကတာလည္း႐ွိပါတယ္။ အကူအညီလိုအပ္ေနတဲ့ အိမ္အေနနဲ႔ အိမ္ေ႐ွ႕မွာ အလံဝါေထာင္ထားၿပီး အမွတ္အသားျပဳထားမယ္ဆို ကူညီေပးေနသူေတြက ေနအိမ္ေတြဆီ ေဆးဝါးနဲ႔ အစားအေသာက္ လိုအပ္တဲ့အကူအညီကို ေပးဖို႔ေဆာင္႐ြက္ၾကတယ္လို႔ အရွင့္ေက်းကြၽန္မ်ားအဖြဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။
"က်ေနာ္တို႔လည္း ဒီလိုတႏိုင္တပိုင္ လိုက္လုပ္ေပးေနရတာပဲ။ မလုပ္ေပးဘဲ ကိုယ့္ျပည္သူအခ်င္းခ်င္း မကာကြယ္ရင္ ငတ္ၿပီးေသ႐ုံပဲရွိမွာေလ။ တခ်ိဳ႕ဆို အိမ္ထဲမွာ က်န္းမာေရးမေကာင္းလို႔ ေသသြားတဲ့သူေတြရွိတယ္။ အစားအေသာက္၊ ေဆးဝါးလိုလို႔ ေသသြားတယ္ဆိုတာေတြ အမ်ားႀကီးၾကားေနရတယ္။ ဒါေၾကာင့္မို႔ ကိုယ့္အခ်င္းခ်င္းမွမကူညီရင္ ဒီအစားအေသာက္နဲ႔ ေဆးဝါးအတြက္ အရႈံးေပးၿပီးေသသြားရသလို ျဖစ္ေနတယ္၊ လူတေယာက္ရဲ႕ တန္ဖိုးကေလ။ အဲလိုျဖစ္ေနလို႔ ပရဟိတအခ်င္းခ်င္းေတြ အကုန္လုံးတႏိုင္တပိုင္လိုက္ၿပီး လုပ္ေနရတာေပါ့ေနာ္။ ကိုယ့္ကိုယ္ကိုယ္လည္း မျဖစ္မေနေဆးေသာက္ၿပီး ထသြားေနရတာပဲ။ ဒီပရဟိတလုပ္တဲ့သူေတြက လုပ္ကိုလုပ္ေနမွ အဆင္ေျပမွာေလ။ ဒါမွ အခ်င္းခ်င္းကာကြယ္ၿပီးသား ျဖစ္မွာေပါ့။"
ခုလိုကူညီေနၾကသူေတြအျပင္၊ လူနာေတြအတြက္ လိုအပ္တဲ့ ေအာက္စီဂ်င္အိုး အကူအညီေပးႏိုင္ဖုိ႔ ႀကိဳးစားေနၾကသူေတြ၊ အေလာင္းေတြကို သၿဂိဳလ္ႏုိင္ဖုိ႔ ကူညီေနၾကသူေတြ မနားမေန အလုပ္လုပ္ေနၾကပါတယ္။ ခုလိုပရဟိတအကူအညီေပးေနၾကေပမဲ့လည္း က်န္းမာေရးေစာင့္ေ႐ွာက္မႈ မရလို႔ အမ်ားအျပားေသဆံုးေနၾကရပါတယ္။ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕ က အေျခအေနကို ကေလးၿမိဳ႕ကိုဗစ္တိုက္ဖ်က္ရာမွာ ပါဝင္ေဆာင္႐ြက္ေနတဲ့ ေစတနာ့ဝန္ထမ္း ကိုမင္းႏိုင္စိုးက ေျပာပါတယ္။
"ကေလးမွာ ေသဆုံးႏႈန္းျမင့္တဲ့ အေၾကာင္းရင္းက ကုစရာေနရာ မရွိတာပဲဗ်။ မရွိရတဲ့အေၾကာင္းရင္းက ေနရာမေလာက္တာရယ္၊ ကုသေပးမယ့္ က်န္းမာေရးဝန္ထမ္း အရင္းအျမစ္ မလုံေလာက္တာရယ္။ အဲလိုျဖစ္သြားေတာ့ ကိုယ့္အားနဲ႔ကိုယ္ ကိုယ့္ေဆးကိုယ္ေသာက္ၿပီး ေနၾကတယ္။ ဒီရက္ပိုင္းအတြင္းမွာေတာ့ ေသႏႈန္းက မက်ေသးပါဘူး။ ကိုဗစ္သံသယေပါ့ေနာ္ အဲလိုနဲ႔ေသတယ္လို႔ ယူဆရပါတယ္။ တန္းေနတာေပါ့ အေရအတြက္က ၂၀ ဝန္းက်င္မွာပဲ။"
ကိုဗစ္ကပ္ေရာဂါ ကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္တဲ့ေနရာမွာ တာဝန္႐ွိသူေတြသာမက၊ ႏိုင္ငံသူႏုိင္ငံသားအားလံုး အင္တိုက္အားတုိက္ ကူညီပါလို႔ စစ္ေကာင္စီက ေျပာၾကားထားပါတယ္။ ဒီလိုေျပာေနတဲ့ တခ်ိန္ထဲမွာပဲ ရန္ကုန္ၿမိဳ႕ ေျမာက္ဒဂံုၿမိဳ႕နယ္မွာ ပရဟိတအကူအညီေပးေနတဲ့ ဆရာဝန္ ၅ ေယာက္အပါအဝင္ ေစတနာ့ဝန္ထမ္းတခ်ဳိ႕ ဇူလိုင္လ ၁၉ ရက္ေန႔က ဖမ္းဆီးခံရပါတယ္။ ေဆးဝါးေတြနဲ႔ ေအာက္စီဂ်င္အိုးေတြကိုလည္း စစ္ေကာင္စီက သိမ္းဆည္းသြားခဲ့ပါတယ္။ သူတို႔ကို ဘာေၾကာင့္ ဖမ္းဆီးသြားသလဲ ဘယ္မွာ ဖမ္းဆီးထားသလဲဆိုတာ ႐ွင္း႐ွင္း မသိရေသးပါဘူး။
--------------------------------------------------------
ပရဟိတအဖွဲ့တွေကို အားကိုးနေရတဲ့ ကိုဗစ်လူနာများ
မြန်မာနိုင်ငံမှာ ကိုဗစ်လို့ယူဆရတဲ့ လူနာတွေ များပြားနေချိန် လူမမာရှိတဲ့ အိမ်တွေအတွက် ပရဟိတ်အကူအညီပေးသူတချို့က အစားအသောက် ဆေးဝါးစတဲ့ လိုအပ်တာတွေကို ကူညီဝယ်ယူပိုပေး့နေကြပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်နေချိန် အကူအညီလိုအပ်ချက်တွေ များပြားနေလို့ ပြည်သူတွေကပဲ အချင်းချင်း ကူညီနေကြတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကတင်ပြပါမယ်။
အခုရက်ပိုင်းတွေအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့စာရင်းအရ ကိုဗစ်အတည်ပြုလူနာ ၅ ထောင်ထက် မနည်းရှိသလို သေဆုံးသူကလည်း ၂၀၀ ကျော်ရှိနေပါတယ်။ ကိုဗစ်အတည်ပြုလူနာစာရင်းမဝင်ဘဲ သေဆုံးနေသူတွေလည်း ဆက်လက်များပြားနေပါတယ်။ ရန်ကုန်မြို့မှာ ပရဟိတအကူအညီပေးနေသူတွေရဲ့ ပြောပြချက်အရ ရန်ကုန်တဝိုက်မှာရှိတဲ့ သုဿန်တွေမှာ မီးသဂြိုလ်နေရတဲ့အလောင်း တနေ့ကို ၁ ထောင်ကျော်လောက်ရှိတယ်လို့ ပြောပါတယ်။ ကိုဗစ်ရောဂါဖြစ်နေသူတွေရော ကိုဗစ်ရောဂါ လက္ခဏာပြပြီး နေမကောင်းဖြစ်နေကြသူတွေပါအများစုက နေအိမ်တွေမှာသာ ကိုယ့်နည်းကိုယ့်ဟန် ကုသနေကြရတဲ့ အခြေအနေပါ။
တမိသားစုလုံး ကိုဗစ်ကူးစက်ခံထားရလို့ အစားအသောက်နဲ့ ဆေးဝါးလိုအပ်နေသူတွေအတွက် ရန်ကုန်၊ မန္တလေးစတဲ့မြို့တွေမှာ စေတနာရှင်တချို့က ကူညီဈေးဝယ်ပြီး အိမ်လိုက်ပို့ပေးနေကြတာလည်းရှိပါတယ်။ အကူအညီလိုအပ်နေတဲ့ အိမ်အနေနဲ့ အိမ်ရှေ့မှာ အလံဝါထောင်ထားပြီး အမှတ်အသားပြုထားမယ်ဆို ကူညီပေးနေသူတွေက နေအိမ်တွေဆီ ဆေးဝါးနဲ့ အစားအသောက် လိုအပ်တဲ့အကူအညီကို ပေးဖို့ဆောင်ရွက်ကြတယ်လို့ အရှင့်ကျေးကျွန်များအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ကျနော်တို့လည်း ဒီလိုတနိုင်တပိုင် လိုက်လုပ်ပေးနေရတာပဲ။ မလုပ်ပေးဘဲ ကိုယ့်ပြည်သူအချင်းချင်း မကာကွယ်ရင် ငတ်ပြီးသေရုံပဲရှိမှာလေ။ တချို့ဆို အိမ်ထဲမှာ ကျန်းမာရေးမကောင်းလို့ သေသွားတဲ့သူတွေရှိတယ်။ အစားအသောက်၊ ဆေးဝါးလိုလို့ သေသွားတယ်ဆိုတာတွေ အများကြီးကြားနေရတယ်။ ဒါကြောင့်မို့ ကိုယ့်အချင်းချင်းမှမကူညီရင် ဒီအစားအသောက်နဲ့ ဆေးဝါးအတွက် အရှုံးပေးပြီးသေသွားရသလို ဖြစ်နေတယ်၊ လူတယောက်ရဲ့ တန်ဖိုးကလေ။ အဲလိုဖြစ်နေလို့ ပရဟိတအချင်းချင်းတွေ အကုန်လုံးတနိုင်တပိုင်လိုက်ပြီး လုပ်နေရတာပေါ့နော်။ ကိုယ့်ကိုယ်ကိုယ်လည်း မဖြစ်မနေဆေးသောက်ပြီး ထသွားနေရတာပဲ။ ဒီပရဟိတလုပ်တဲ့သူတွေက လုပ်ကိုလုပ်နေမှ အဆင်ပြေမှာလေ။ ဒါမှ အချင်းချင်းကာကွယ်ပြီးသား ဖြစ်မှာပေါ့။"
ခုလိုကူညီနေကြသူတွေအပြင်၊ လူနာတွေအတွက် လိုအပ်တဲ့ အောက်စီဂျင်အိုး အကူအညီပေးနိုင်ဖို့ ကြိုးစားနေကြသူတွေ၊ အလောင်းတွေကို သဂြိုလ်နိုင်ဖို့ ကူညီနေကြသူတွေ မနားမနေ အလုပ်လုပ်နေကြပါတယ်။ ခုလိုပရဟိတအကူအညီပေးနေကြပေမဲ့လည်း ကျန်းမာရေးစောင့်ရှောက်မှု မရလို့ အများအပြားသေဆုံးနေကြရပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့ က အခြေအနေကို ကလေးမြို့ကိုဗစ်တိုက်ဖျက်ရာမှာ ပါဝင်ဆောင်ရွက်နေတဲ့ စေတနာ့ဝန်ထမ်း ကိုမင်းနိုင်စိုးက ပြောပါတယ်။
"ကလေးမှာ သေဆုံးနှုန်းမြင့်တဲ့ အကြောင်းရင်းက ကုစရာနေရာ မရှိတာပဲဗျ။ မရှိရတဲ့အကြောင်းရင်းက နေရာမလောက်တာရယ်၊ ကုသပေးမယ့် ကျန်းမာရေးဝန်ထမ်း အရင်းအမြစ် မလုံလောက်တာရယ်။ အဲလိုဖြစ်သွားတော့ ကိုယ့်အားနဲ့ကိုယ် ကိုယ့်ဆေးကိုယ်သောက်ပြီး နေကြတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ သေနှုန်းက မကျသေးပါဘူး။ ကိုဗစ်သံသယပေါ့နော် အဲလိုနဲ့သေတယ်လို့ ယူဆရပါတယ်။ တန်းနေတာပေါ့ အရေအတွက်က ၂၀ ဝန်းကျင်မှာပဲ။"
ကိုဗစ်ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်တဲ့နေရာမှာ တာဝန်ရှိသူတွေသာမက၊ နိုင်ငံသူနိုင်ငံသားအားလုံး အင်တိုက်အားတိုက် ကူညီပါလို့ စစ်ကောင်စီက ပြောကြားထားပါတယ်။ ဒီလိုပြောနေတဲ့ တချိန်ထဲမှာပဲ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာ ပရဟိတအကူအညီပေးနေတဲ့ ဆရာဝန် ၅ ယောက်အပါအဝင် စေတနာ့ဝန်ထမ်းတချို့ ဇူလိုင်လ ၁၉ ရက်နေ့က ဖမ်းဆီးခံရပါတယ်။ ဆေးဝါးတွေနဲ့ အောက်စီဂျင်အိုးတွေကိုလည်း စစ်ကောင်စီက သိမ်းဆည်းသွားခဲ့ပါတယ်။ သူတို့ကို ဘာကြောင့် ဖမ်းဆီးသွားသလဲ ဘယ်မှာ ဖမ်းဆီးထားသလဲဆိုတာ ရှင်းရှင်း မသိရသေးပါဘူး။