သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ ေျမာက္ဦးစစ္ေဘးဒုကၡသည္စခန္း ကိုဗစ္ကူးစက္မႈရွိေန


Covid-19 ကာကြယ္ေရးအသိပညာေပး နံရံေဆးေရးပန္းခ်ီကို ေတြ႔ရစဥ္။

Zawgyi/Unicode

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေျမာက္ဦးၿမိဳ႕နယ္ အတြင္းက ဒုကၡသည္ ၄၀၀၀ ေလာက္ရွိတဲ့ စစ္ေဘးဒုကၡသည္ စခန္းတစ္ခုမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္ေနသူတခ်ိဳ႕ကို ေဆးစစ္ ေတြ႕ရွိခဲ့ပါတယ္။ ကိုဗစ္ေရာဂါ ျဖစ္ေနသူတေယာက္ကို ေတ့ြရွိခဲ့ၿပီးေနာက္ စဥ္းေဘာကိုင္း စစ္ေဘးဒုကၡသည္စခန္းထဲမွာ ရွိေနသူေတြကို အလ်ဥ္းသင့္သလို စစ္ခဲ့ရာက ေနာက္ထပ္ ကူးစက္ေနသူေတြ ေတြ႕ရွိခဲ့တာပါ။ ရခိုင္ျပည္နယ္ထဲက တျခား စစ္ေဘးဒုကၡသည္ စခန္းေတြ မွာလည္း ကိုဗစ္-၁၉ ကူးစက္မႈေတြ ရွိလာမွာကို စိုးရိမ္ေနၾကတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္း ကိုေအာင္ျမတ္သူ တင္ျပေပးပါမယ္။

ရခိုင္ေျမာက္ပိုင္း ေျမာက္ဦးၿမိဳ႕နယ္အတြင္းက စဥ္းေဘာကိုင္း စစ္ေဘးဒုကၡသည္စခန္းမွာ ကိုဗစ္ကပ္ေရာဂါကူးစက္ေနပါတယ္။ ဒီကေန႔ ဇူလိုင္လ ၁၉ရက္ေန႔အထိ ကိုဗစ္အတည္ျပဳလူနာ ၇ ဦးအထိရွိေနတယ္လို႔ စခန္းတာဝန္ခံ ဦးညီပုကေျပာပါတယ္။

“၁၄ ရက္ေန႔က မိန္းမတေယာက္က ပိုးေတြ႔တယ္။ သူ႔ကို ၁၅ ရက္ေန႔ မနက္ပိုင္းက ေျမာက္ဦးေဆးရံုကို ေခၚသြားၿပီးေတာ့ ေဆးစစ္တယ။ေဆးစစ္ၿပီးေတာ့ သူ႔ကို ပိုးေတြ႔တယ္ဆိုၿပီးေတာ့ ဆရာဝန္ႀကီးက အတည္ျပဳတယ္။ သူ႔ကို ေျမာက္ဦးမွာ ေဆးရံုမွာ ထားၿပီးေတာ့ ေနာက္ေန႔က်ေတာ့ ျမိဳ႕နယ္က်န္းမာေရးအဖြဲ႔ကလာၿပီးေတာ့ ေဆးစစ္ခ်က္ယူတယ္။ လူ ၁၂၀ ေလာက္ကို စစ္တယ္။ အဲဒီအခ်ိန္မွာ ေျခာက္ေယာက္ေတြ႔တယ္။ မိန္းမ၅ ေယာက္၊ ေယာက်ာ္းက တေယာက္ေပါ့။”

အဲဒီစဥ္းေဘာကိုင္း စစ္ေရွာင္စခန္းမွာ လူဦးေရ ၄,၀၀၀ ေက်ာ္ေလာက္ ေနထိုင္ၾက ၿပီး အဲဒီထဲက လူဦးေရ ၁၀၀ ေက်ာ္ေလာက္ကို စစ္ေဆးတဲ့အခါမွာ ၇ ဦးအထိ ကိုဗစ္ကူးစက္ခံထားရတာျဖစ္တယ္လို႔လည္း ဦးညီပုက ေျပာပါတယ္။

“ကမ့္ပ္ထဲမွာ လူဦးေရက ၃,၉၀၁ ေယာက္ရွိတယ္။ အဲဒီထဲက လူ ၁၂၀ ကို စစ္သြားတာက ပထမဆံုး ပိုးေတြ႔တဲ့ မိန္းမရဲ႕ အိမ္နီးနားပတ္ဝန္းက်င္ကို စစ္တယ္။ အဲဒီထဲက ေျခာက္ေယာက္က ေတြ႔တာ။ အကုန္လံုးကိုေတာ့ မစစ္ဘူး။ သူတို႔က အဲလူ ၁၂၀ ကို စစ္ၿပီးေတာ့ ၆ ေယာက္ေတြ႔တာပဲ။ ေနာက္ထပ္လည္း လာၿပီးေတာ့ မစစ္ေတာ့ဘူး။”

ကိုဗစ္အတည္ျပဳလူနာတဦးကေတာ့ ေျမာက္ဦးေဆးရံုမွာ ေဆးကုသမွု ခံယူေနၿပီး က်န္တဲ့ ေျခာက္ဦးကိုိေတာ့ စခန္းအတြင္းမွာရွိတဲ့ စာသင္ေဆာင္တစ္မွာ သီးျခားခဲြထားတယ္လို႔လည္း ဦးညီပုကေျပာပါတယ္။

“ပိုးေတြ႔လူနာ ေျခာက္ေယာက္ကိုက်ေတာ့ စစ္ေဘးေရွာင္စခန္းထဲမွာ ကေလးေတြ စာသင္တဲ့ စာသင္ေက်ာင္းတခုရွိတယ္။ အဲဒီထဲမွာပဲ ထားတယ္။ အခုလက္ရွိကအခ်ိန္ကေတာ့ လူနာေတြက သက္သာပါတယ္။ သူတို႔က သိပ္ၿပီး ဆိုးဆိုးရြား ရြားျဖစ္တဲ့ အေနအထားေတာ့မရွိဘူး။ က်န္းမာေရးဌာနာကေတာ့ က်န္းမာေရးဝန္ထမ္းနွစ္ ေယာက္ကို စဥ္ေဘာကိုင္းရြာထဲမွာ ထားတယ္။ သူတို႔က တေန႔ကိုနွစ္ႀကိမ္ေလာက္ လာၾကည့္ေပးတယ္။”

ေျမာက္ဦးၿမိဳ႕နယ္ဘက္မွာ ကိုဗစ္ကူးစက္မႈေၾကာင့္ ေက်းရြာခ်င္းဆက္လမ္းေတြကို ပိတ္ထားသလို ၿမိဳ႕အဝင္အထြက္ေတြကုိုလည္း အသြားအလာကန္႔သတ္တာမ်ိဳးေတြ လုပ္ထားပါတယ္။ကိုဗစ္ကူးစက္ျဖစ္ပြားမႈ႐ွိေနတဲ့ စဥ္းေဘာကိုင္းစစ္ေဘးဒုကၡသည္စခန္းကိုလည္း အဝင္အထြက္ တင္းၾကပ္ ပိတ္ပင္ထားတာမို႔ စခန္းတြင္း စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ဦးညီပုက ေျပာပါတယ္။

“အခုက်ေနာ္တို႔ ခစန္းကို lockdown ခ်ထားတယ္ဆိုေတာ့ အနီးအနားရြာေတြကလည္း lockdown ခ်ထားတယ္။ အဲတာေၾကာင့္ က်ေနာ္တို႔မွာ စားဝတ္ေနေရးေတြက ေတာ္ေတာ္ေလး အခက္အခဲျဖစ္ေနတယ္။ အခုဆိုရင္ ICRC တို႔က ေပးထားတဲ့ ဆန္ရိကၡာေတြကလည္း ကုန္သေလာက္ရွိသြားၿပီ။ က်ေနာ္တို႔ဆီမွာ လမ္းေၾကာင္းေတြကလည္း မရဆိုုေတာ့ ေတာ္ေတာ္လည္း အခက္အခဲျဖစ္တယ္။ က်ေနာ္တို႔ စခန္းကိုသြားမယ့္ လမ္းလည္း ပိတ္ထားေတာ့ ပစၥည္းေတြ သယ္ဖို႔ ေတာ္ေတာ္အခက္အခဲျဖစ္ေနတယ္။”

လက္ရွိအခ်ိန္ထိ ရခိုင္ျပည္နယ္အတြင္းမွာ စစ္ေဘးဒုကၡသည္တစ္သိန္းနီးပါး စစ္ေဘးဒုကၡ သည္ စခန္းေတြမွာ ေနထိုင္ၾကရပါတယ္။ ျပည္တြင္း ကိုဗစ္ကူးစက္မႈေတြ တိုးေနတာေၾကာင့္ ဒုကၡသည္စခန္းေတြထဲမွာ ပ်ံ႕ႏွံ႔ ကူးစက္လာမွာကို စစ္ေဘးဒုကၡသည္ေတြ စိုုးရိမ္ေနၾက တာပါ။ ေျမာက္ဦးၿမို႕နယ္အတြင္းက ပီပင္ရင္း စစ္ေရွာင္စခန္းမွာ လက္႐ွိကိုဗစ္အတည္ျပဳလူနာ မေတ႔ြေသးေပမဲ့ စိုးရိမ္ေနရတယ္လို႔ စခန္းတာဝန္ခံ ဦးေရႊသိန္းက ေျပာပါတယ္။

“အခုကေတာ့ က်န္းမာေနတယ္။ ဒါေပမယ့္ ပတ္ဝန္းက်င္အနီးနားက ၿမိဳ႕ေတြမွာ ရခိုင္ျပည္နယ္အနွံ႔မွာ ကူးစက္မႈေတြရွိ ေနတာဆိုေတာ့ စိုးရိမ္တာေပါ့။ ေလာေလာဆယ္ေတာ့ က်န္းမာေရးမေကာင္းတဲ့သူ၊ နွာေစးေျခာင္းဆိုး ေရာဂါကူးစက္ခံရသူေတာ့ မရွိဘူး။”

ရခိုင္ျပည္နယ္အတြင္းက စစ္ေဘးဒုကၡသည္းစခန္ေတြမွာ ကိုဗစ္ကူးစက္မႈေတြနဲ႔ ပတ္သက္ၿပီး ေမးျမန္းဖို႔ ရခိုင္ျပည္နယ္ေကာင္စီဘက္ကို ဗြီအိုေအက ဆက္သြယ္ခဲ့ ေပမယ့္ ဖုန္းလက္ခံေျဖဆိုခဲ့ျခင္းမရွိပါဘူး။ ျပည္နယ္က်န္းမာေရးဌာနစာရင္းအရ လက္ရွိအခ်ိန္ထိ ရခိုင္ျပည္နယ္မွာ ကိုဗစ္အတည္ျပဳလူနာ ၁,၃၀၀ ေက်ာ္၊ ေသဆံုးသူ ၄၆ ဦးထက္မနည္း ႐ွိပါတယ္။ ဒါေၾကာင့္ ရခိုင္ျပည္နယ္အတြင္းမွာ ကိုဗစ္စည္းကမ္းေတြ တင္းၾကပ္ထားတာျဖစ္သလို စည္းကမ္းမလုိုက္နာသူေတြကို အာဏာပို္င္ေတြဘက္က ဖမ္းဆီးတရားစြဲမႈေတြကို စတင္လုပ္ေဆာင္ေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္


=====

Unicode

ရခိုင် မြောက်ဦးစစ်ဘေးဒုက္ခသည်စခန်း ကိုဗစ်ကူးစက်မှုရှိနေ

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ် အတွင်းက ဒုက္ခသည် ၄၀၀၀ လောက်ရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းတစ်ခုမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်နေသူတချို့ကို ဆေးစစ် တွေ့ရှိခဲ့ပါတယ်။ ကိုဗစ်ရောဂါ ဖြစ်နေသူတယောက်ကို တေ့ွရှိခဲ့ပြီးနောက် စဉ်းဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းထဲမှာ ရှိနေသူတွေကို အလျဉ်းသင့်သလို စစ်ခဲ့ရာက နောက်ထပ် ကူးစက်နေသူတွေ တွေ့ရှိခဲ့တာပါ။ ရခိုင်ပြည်နယ်ထဲက တခြား စစ်ဘေးဒုက္ခသည် စခန်းတွေ မှာလည်း ကိုဗစ်-၁၉ ကူးစက်မှုတွေ ရှိလာမှာကို စိုးရိမ်နေကြတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်း ကိုအောင်မြတ်သူ တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်းက စဉ်းဘောကိုင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ကိုဗစ်ကပ်ရောဂါကူးစက်နေပါတယ်။ ဒီကနေ့ ဇူလိုင်လ ၁၉ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၇ ဦးအထိရှိနေတယ်လို့ စခန်းတာဝန်ခံ ဦးညီပုကပြောပါတယ်။

“၁၄ရက်နေ့က မိန်းမတယောက်က ပိုးတွေ့တယ်။ သူ့ကို ၁၅ ရက်နေ့ မနက်ပိုင်းက မြောက်ဦးဆေးရုံကို ခေါ်သွားပြီးတော့ ဆေးစစ်တယ။ဆေးစစ်ပြီးတော့ သူ့ကို ပိုးတွေ့တယ်ဆိုပြီးတော့ ဆရာဝန်ကြီးက အတည်ပြုတယ်။ သူ့ကို မြောက်ဦးမှာ ဆေးရုံမှာ ထားပြီးတော့ နောက်နေ့ကျတော့ မြို့နယ်ကျန်းမာရေးအဖွဲ့ကလာပြီးတော့ ဆေးစစ်ချက်ယူတယ်။ လူ ၁၂၀ လောက်ကို စစ်တယ်။ အဲဒီအချိန်မှာ ခြောက်ယောက်တွေ့တယ်။ မိန်းမ၅ ယောက်၊ ယောကျာ်းက တယောက်ပေါ့။”

အဲဒီစဉ်းဘောကိုင်း စစ်ရှောင်စခန်းမှာ လူဦးရေ ၄,၀၀၀ ကျော်လောက် နေထိုင်ကြ ပြီး အဲဒီထဲက လူဦးရေ ၁၀၀ ကျော်လောက်ကို စစ်ဆေးတဲ့အခါမှာ ၇ ဦးအထိ ကိုဗစ်ကူးစက်ခံထားရတာဖြစ်တယ်လို့လည်း ဦးညီပုက ပြောပါတယ်။

“ကမ့်ပ်ထဲမှာ လူဦးရေက ၃,၉၀၁ ယောက်ရှိတယ်။ အဲဒီထဲက လူ ၁၂၀ ကို စစ်သွားတာက ပထမဆုံး ပိုးတွေ့တဲ့ မိန်းမရဲ့ အိမ်နီးနားပတ်ဝန်းကျင်ကို စစ်တယ်။ အဲဒီထဲက ခြောက်ယောက်က တွေ့တာ။ အကုန်လုံးကိုတော့ မစစ်ဘူး။ သူတို့က အဲလူ ၁၂၀ ကို စစ်ပြီးတော့ ၆ ယောက်တွေ့တာပဲ။ နောက်ထပ်လည်း လာပြီးတော့ မစစ်တော့ဘူး။”

ကိုဗစ်အတည်ပြုလူနာတဦးကတော့ မြောက်ဦးဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ကျန်တဲ့ ခြောက်ဦးကိုတော့ စခန်းအတွင်းမှာရှိတဲ့ စာသင်ဆောင်တစ်မှာ သီးခြားခွဲထားတယ်လို့လည်း ဦးညီပုကပြောပါတယ်။

“ပိုးတွေ့လူနာ ခြောက်ယောက်ကိုကျတော့ စစ်ဘေးရှောင်စခန်းထဲမှာ ကလေးတွေ စာသင်တဲ့ စာသင်ကျောင်းတခုရှိတယ်။ အဲဒီထဲမှာပဲ ထားတယ်။ အခုလက်ရှိကအချိန်ကတော့ လူနာတွေက သက်သာပါတယ်။ သူတို့က သိပ်ပြီး ဆိုးဆိုးရွား ရွားဖြစ်တဲ့ အနေအထားတော့မရှိဘူး။ ကျန်းမာရေးဌာနာကတော့ ကျန်းမာရေးဝန်ထမ်းနှစ် ယောက်ကို စဉ်ဘောကိုင်းရွာထဲမှာ ထားတယ်။ သူတို့က တနေ့ကိုနှစ်ကြိမ်လောက် လာကြည့်ပေးတယ်။”

မြောက်ဦးမြို့နယ်ဘက်မှာ ကိုဗစ်ကူးစက်မှုကြောင့် ကျေးရွာချင်းဆက်လမ်းတွေကို ပိတ်ထားသလို မြို့အဝင်အထွက်တွေကိုလည်း အသွားအလာကန့်သတ်တာမျိုးတွေ လုပ်ထားပါတယ်။ကိုဗစ်ကူးစက်ဖြစ်ပွားမှုရှိနေတဲ့ စဉ်းဘောကိုင်းစစ်ဘေးဒုက္ခသည်စခန်းကိုလည်း အဝင်အထွက် တင်းကြပ် ပိတ်ပင်ထားတာမို့ စခန်းတွင်း စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဦးညီပုက ပြောပါတယ်။

“အခုကျနော်တို့ ခစန်းကို lockdown ချထားတယ်ဆိုတော့ အနီးအနားရွာတွေကလည်း lockdown ချထားတယ်။ အဲတာကြောင့် ကျနော်တို့မှာ စားဝတ်နေရေးတွေက တော်တော်လေး အခက်အခဲဖြစ်နေတယ်။ အခုဆိုရင် ICRC တို့က ပေးထားတဲ့ ဆန်ရိက္ခာတွေကလည်း ကုန်သလောက်ရှိသွားပြီ။ ကျနော်တို့ဆီမှာ လမ်းကြောင်းတွေကလည်း မရဆိုတော့ တော်တော်လည်း အခက်အခဲဖြစ်တယ်။ ကျနော်တို့ စခန်းကိုသွားမယ့် လမ်းလည်း ပိတ်ထားတော့ ပစ္စည်းတွေ သယ်ဖို့ တော်တော်အခက်အခဲဖြစ်နေတယ်။”

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်တစ်သိန်းနီးပါး စစ်ဘေးဒုက္ခ သည် စခန်းတွေမှာ နေထိုင်ကြရပါတယ်။ ပြည်တွင်း ကိုဗစ်ကူးစက်မှုတွေ တိုးနေတာကြောင့် ဒုက္ခသည်စခန်းတွေထဲမှာ ပျံ့နှံ့ ကူးစက်လာမှာကို စစ်ဘေးဒုက္ခသည်တွေ စိုးရိမ်နေကြ တာပါ။ မြောက်ဦးမြို့နယ်အတွင်းက ပီပင်ရင်း စစ်ရှောင်စခန်းမှာ လက်ရှိကိုဗစ်အတည်ပြုလူနာ မတေ့ွသေးပေမဲ့ စိုးရိမ်နေရတယ်လို့ စခန်းတာဝန်ခံ ဦးရွှေသိန်းက ပြောပါတယ်။

“အခုကတော့ ကျန်းမာနေတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်အနီးနားက မြို့တွေမှာ ရခိုင်ပြည်နယ်အနှံ့မှာ ကူးစက်မှုတွေရှိ နေတာဆိုတော့ စိုးရိမ်တာပေါ့။ လောလောဆယ်တော့ ကျန်းမာရေးမကောင်းတဲ့သူ၊ နှာစေးခြောင်းဆိုး ရောဂါကူးစက်ခံရသူတော့ မရှိဘူး။”

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်းစခန်တွေမှာ ကိုဗစ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ရခိုင်ပြည်နယ်ကောင်စီဘက်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပါဘူး။ ပြည်နယ်ကျန်းမာရေးဌာနစာရင်းအရ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁,၃၀၀ ကျော်၊ သေဆုံးသူ ၄၆ ဦးထက်မနည်း ရှိပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်စည်းကမ်းတွေ တင်းကြပ်ထားတာဖြစ်သလို စည်းကမ်းမလိုက်နာသူတွေကို အာဏာပိုင်တွေဘက်က ဖမ်းဆီးတရားစွဲမှုတွေကို စတင်လုပ်ဆောင်နေပါပြီ။

Rakhine #RakhineIDP #Covid19 #MyanmarCovid #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG