သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ရောဂါသည်မြန်မာ ၅ ဦး ထိုင်းနယ်စပ်ဆေးရုံမှ ထွက်ပြေး


ထိုင်းနိုင်ငံ စမုစခွန်ခရိုင် ငါးပုစွန်အလုပ်သမားတဦးအား ကိုဗစ်စစ်ဆေးရန် ချွဲသလိပ်နမူနာယူစဉ် (ဓာတ်ပုံ- Reuters)
ထိုင်းနိုင်ငံ စမုစခွန်ခရိုင် ငါးပုစွန်အလုပ်သမားတဦးအား ကိုဗစ်စစ်ဆေးရန် ချွဲသလိပ်နမူနာယူစဉ် (ဓာတ်ပုံ- Reuters)

ထိုင်းမြန်မာနယ်စပ် ကန်ချနာဘူရီပြည်နယ်ထဲက Dan Makham Tia ဆေးရုံမှာ ကိုဗစ်ကပ်ရောဂါနဲ ့ ဆေးဝါးကုသမှုခံယူနေသူ မြန်မာနိုင်ငံသားတွေ ထွက်ပြေးတာကြောင့် ထိုင်းအာဏာပိုင်တွေ လိုက်ရှာနေကြပါတယ်။ ၅ ယောက်ထွက်ပြေးတာမှာ ၁ ယောက်ကိုတော့ ပြန်လည်ရှာတွေ ့ခဲ့ပါတယ်။ သူတို ့ကို တွေ ့ရှိရင် အ ကြောင်းကြားဖို ့ သက်ဆိုင်ရာ ရဲစခန်းက ဓာတ်ပုံတွေနဲ ့ပါ ထုတ်ပြန်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ် Dan Makham Tia ဆေးရုံမှာ ကိုဗစ်ကုသပေးနေတဲ့ နေရာကနေ မြန်မာတွေ ထွက်ပြေးသွားကြတာပါ။ ၅ ယောက် ထွက်ပြေးခဲ့ပေမဲ့ ၁ ယောက်ကို ပြန်ရှာတေ့ွတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးကအခုလိုပြောပါတယ်။

“ ပြေးတာတော့ ၅ယောက် ပြေးချိန်သိချိန်မှာနယ်မြေခံရဲစခန်းကို အာဏာပိုင်တွေကို အကြောင်းကြားတော့ပြန်ရှာပေးတော့ တယောက်တွေ့တယ် ကျန်တဲ့ ၄ ယောက်ကတော့ရှာမတွေ့သေးဘူး။”

ဒီလိုလူတွေသိရင် အသိပေးဖို့အကြောင်းကြားပေးဖို့ သတိထားပေးဖို့မိန်းကလေး ၃ယောက် ယောက်ကျားလေး ၂ဦး အနက် ၄ ယောက်ကို ထိုင်းအာဏာပိုင်တွေ လိုက်လံ ရှာဖွေနေဆဲဖြစ်ပါတယ်။ ကိုဗစ်ကူးစက်ပြန့်ပွားမှုဖြစ်မှာကို စိုးရိမ်နေတဲ့အတွက် ပြည်သူများအနေနဲ့ တွေ့ရှိပါကရဲစခန်းကို ချက်ချင်းအကြောင်းကြားပေးကြပါလို့လည်း နယ်မြေခံ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။ ခုလိုသူတို့ထွက်ပြေးသွားကြတဲ့အတွက် သူတို့သွားရလမ်းတောက်လေ ျှာက် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားနိုင်တဲ့ အန္တရာယ်လည်း များပါတယ်။

“ဒီလိုထွက်ပြေးတဲ့အခါမှာ အန္တရယ်တွေကြီးတာပေါ့ သူတို့မှာကူးနေတယ်ဆိုတော့ သူတို့ ဘယ်သူတွေနဲ့သွားတွေ့လဲ အဲဒီမှာတောက်လျောက်လိုက်ရမှာ သူတို့ဘယ်လိုင်းကားစီးခဲ့လဲ လိုင်းကား သူတို့သွားခဲ့တဲ့အိမ်သူတို့ကွန်မြူနတီတွေ အကုန်လိုက်ရတော့မှာ မြန်မာတွေအနေနဲ့ဆိုလည်းသူတို့သွားခဲ့တဲ့နေရာတွေကိုအတိအကျပြောနိုင်မှာဖြစ်မှာသူတိုဆိုရင် ကိုဗစ်နဲ့ဥပဒေရှိတယ်ထွက်ပြေးတယ်ဆိုရင်ကိုဗစ်ကူးစက်တဲ့ဥပဒေရှိတယ် ဒီဥပဒေနဲ့ဖောက်ဖျက်လို့ဖမ်းလိုရတယ်အရေးယူလို့ရတယ် နောက်တခုကကူးစက်မူ့နဲပတ်သက်လို့အန္တရယ်ရှိတာပေါ့ “

သူတို့ဘာကြောင့် ထွက်ပြေးရသလဲဆိုတာ မသိရပါဘူး။ ထိုင်းနိုင်ငံမှာ ကူးစက်မူ့အများဆုံးပြည်နယ်တွေကတော့ ဘန်ကောက်၊ စမုတ်ဆာခွန်း၊ စမုတ်ပရာကန်၊ ချွန်ဘူရီ၊ ပထုံဌာနီ၊ နွံထဘူရီ၊ နခွန်ပထုံ၊ ပတ်ထနီ၊ အယုဒ္ဒယ၊ ချာချင်းဆောင်း စတဲ့ပြည်နယ်တွေဖြစ်ပြီး ဒီပြည်နယ်တွေထဲမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ မြန်မာရွေပြောင်းအလုပ်သမားတွေထဲမှာလည်း ကိုဗစ်ကပ်ရောဂါ ကူးစက်နေကြသူ စုစုပေါင်း ထောင်နဲ့ချီရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာနေစဉ် သောင်းဂဏန်းလောက် တိုးလာပြီး အခုဆိုရင် ကူးစက်သူ ၄ သိန်း ၂သောင်း ၆ထောင်ကျော်ရှိသလို ဒီနေ့၊ ဇူလိုင် ၂၀ ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာသစ် ၁၁၀၀၀ ကျော်ရှိနေပါတယ် သေဆုံးသူကတော့စုစုပေါင်း ၃၅၀၀ ကျော် ရှိလာပြီလို့ ထိုင်းကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

..............................................................................................










XS
SM
MD
LG