သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး Sinovac ရဲ႕ထိေရာက္မႈအေပၚသံသယ ျဖစ္ဖြယ္ရွိ


တ႐ုတ္ကာကြယ္ေဆး Sinovac Biotech

{{Zawgyi/Unicode}}

ကူးစက္ျမန္ ဗီဇေျပာင္း delta ကိုဗစ္ကပ္ေရာဂါ ဗိုင္းရပ္စ္ပိုးသစ္ဟာ အေရွ႕ေတာင္အာရွေဒသမွာ အလွ်င္အျမန္ပ်ံ႕ႏွံေနတဲ့အတြက္ ေဒသတြင္းႏိုင္ငံေတြက အသုံးျပဳေနၾကတဲ့ တ႐ုတ္ကာကြယ္ေဆး Sinovac Biotech ရဲ႕ အနိသင္နည္းမႈအေပၚမွာသံသယဝင္ၿပီး စိုးရိမ္ေနၾကပါတယ္။

ထိုင္း အပါအဝင္ ေဒသတြင္းက ႏိုင္ငံတခ်ဳိက အစိုးရေတြအေနက ေနာက္တႀကိမ္ထပ္မံ စြမ္းအားျဖည့္ ထိုးဖို႔အတြက္ တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆးအစား ၿဗိတိန္ႏိုင္ငံထုတ္ AstraZenecaကာကြယ္ေဆးကို အစားထိုး အသုံးျပဖို႔ ျပန္လည္သုံးသပ္ေနၾကပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ခ်ဳပ္WHO က အေရးေပၚအေနနဲ႔ အသုံးျပဳဖို႔ အသိမွတ္ျပဳထားတဲ့ ကိုဗစ္ကပ္ေရာဂါကာကြယ္ေဆး ၇ မ်ဳိးထဲမွာ တ႐ုတ္ Sinovac Biotech လည္းပါဝင္ပါတယ္။ အာနိသင္ ထိေရာက္မႈေတြကိုေတာ့ ဆက္လက္ေလ့လာေနဆဲျဖစ္ေပမယ္ တျခားကာကြယ္ေဆးေတြေလာက္ေတာ့ ဗိုင္းရပ္စ္ကို ကာကြယ္ႏိုင္စြမ္းနည္းေနတယ္လို႔ ရႈျမင္ေနၾကပါတယ္။

အင္ဒိုနီးရွားႏိုင္ငံမွာလည္း တ႐ုတ္ကာကြယ္ေဆး Sinovac Biotech အေပၚမွာ စိုးရိမ္မႈေတြရွိၿပီး ဂ်ကာတာၿမိဳ႕ေတာ္ရဲ႕ လူဦးေရ သုံပုံတပုံေလာက္က အဲဒီကာကြယ္ေဆးကို ထိုးမယ္မထိုးဘူးဆိုတာ မဆုံးျဖတ္ရေသးဘူးလို႔ စစ္တမ္းေတြမွာ ေဖာ္ျပေနၾကပါတယ္။

တ႐ုတ္ကာကြယ္ေဆး ၂ႀကိမ္အျပည့္ထိုးခဲ့တဲ့ အင္ဒိုနီးရွားဆရာဝန္ အနည္းဆုံး ၁ဝဦးဟာ ၿပီးခဲ့တဲ့လက ကိုဗစ္ကပ္ေရာဂါနဲ႔ပဲ ေသဆုံးခဲ့တယ္လို႔ အင္ဒိုနီးရွား က်န္မားေရးဆိုင္ရာအဖြဲ႔ က ထုတ္ျပန္ခဲ့ပါတယ္။

...........................................

{{Unicode}}

ကူးစက်မြန် ဗီဇပြောင်း delta ကိုဗစ်ကပ်ရောဂါ ဗိုင်းရပ်စ်ပိုးသစ်ဟာ အရှေ့တောင်အာရှဒေသမှာ အလျှင်အမြန်ပျံ့နှံနေတဲ့အတွက် ဒေသတွင်းနိုင်ငံတွေက အသုံးပြုနေကြတဲ့ တရုတ်ကာကွယ်ဆေး Sinovac Biotech ရဲ့ အနိသင်နည်းမှုအပေါ်မှာသံသယဝင်ပြီး စိုးရိမ်နေကြပါတယ်။

ထိုင်း အပါအဝင် ဒေသတွင်းက နိုင်ငံတချိုက အစိုးရတွေအနေက နောက်တကြိမ်ထပ်မံ စွမ်းအားဖြည့် ထိုးဖို့အတွက် တရုတ်နိုင်ငံထုတ် ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးအစား ဗြိတိန်နိုင်ငံထုတ် AstraZenecaကာကွယ်ဆေးကို အစားထိုး အသုံးပြဖို့ ပြန်လည်သုံးသပ်နေကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်WHO က အရေးပေါ်အနေနဲ့ အသုံးပြုဖို့ အသိမှတ်ပြုထားတဲ့ ကိုဗစ်ကပ်ရောဂါကာကွယ်ဆေး ၇ မျိုးထဲမှာ တရုတ် Sinovac Biotechလည်းပါဝင်ပါတယ်။ အာနိသင် ထိရောက်မှုတွေကိုတော့ ဆက်လက်လေ့လာနေဆဲဖြစ်ပေမယ် တခြားကာကွယ်ဆေးတွေလောက်တော့ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်စွမ်းနည်းနေတယ်လို့ ရှုမြင်နေကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာလည်း တရုတ်ကာကွယ်ဆေး Sinovac Biotech အပေါ်မှာ စိုးရိမ်မှုတွေရှိပြီး ဂျကာတာမြို့တော်ရဲ့ လူဦးရေ သုံပုံတပုံလောက်က အဲဒီကာကွယ်ဆေးကို ထိုးမယ်မထိုးဘူးဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ စစ်တမ်းတွေမှာ ဖော်ပြနေကြပါတယ်။

တရုတ်ကာကွယ်ဆေး ၂ကြိမ်အပြည့်ထိုးခဲ့တဲ့ အင်ဒိုနီးရှားဆရာဝန် အနည်းဆုံး ၁ဝဦးဟာ ပြီးခဲ့တဲ့လက ကိုဗစ်ကပ်ရောဂါနဲ့ပဲ သေဆုံးခဲ့တယ်လို့အင်ဒိုနီးရှား ကျန်မားရေးဆိုင်ရာအဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG