သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏုိင္ငံ ဂြမ္က်ဳိးၿမိဳ႕မွာ ကုိဗစ္ကန္႔သတ္ခ်က္ေတြ တုိးျမႇင့္


ဂြမ္က်ဳိးၿမိဳ႕မွာ ေဒသခံေတြကို ကို႐ိုနာဗုိင္းရပ္စ္ စစ္ေဆးဖုိ႔ Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ေမ ၃၀၊ ၂၀၂၁)

(Zawgyi / Unicode)

တ႐ုတ္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ဂြမ္က်ိဳးခ႐ုိင္ထဲက လူဦးေရ ၁၃ သန္းေက်ာ္ေနထိုင္တဲ့ ဂြမ္က်ိဳးၿမိဳ႕မွာ ေမလကုန္ပိုင္းကစၿပီး COVID-19 ကူးစက္မႈေတြ တုိးလာတာေၾကာင့္ ေရာဂါထိန္းခ်ဳပ္ဖုိ႔ ကန္႔သတ္တဲ့ အစီအစဥ္ေတြကုိ တုိးျမႇင့္လုိက္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ စေနေန႔က COVID-19 ကူးစက္သူ အတည္ျပဳလူနာ ၂၄ ေယာက္ ရွိခဲ့တဲ့အထဲမွာ ၁၁ ေယာက္က ဂြမ္က်ိဳးခ႐ုိင္က ျဖစ္ပါတယ္။

ေရာဂါကူးစက္မႈေတြ တုိးလာေနတာေၾကာင့္ အာဏာပုိင္ေတြ ဒီသီတင္းပတ္ အေစာပုိင္းကစလုိ႔ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားတာကုိ အခု ေနာက္ထပ္ စီးပြားေရးလုပ္ငန္းေတြနဲ႔ လူမႈေရးဆိုင္ရာေတြမွာပါ ကန္႔သတ္မႈ ထပ္တိုးလိုက္တာ ျဖစ္ပါတယ္။

ေျမေအာက္ရထားဘူတာ႐ုံ တဒါဇင္ေလာက္ကို ပိတ္ထားလိုက္သလို ဂြမ္က်ိဳးၿမိဳ႕ နမ္ရွားရပ္ကြက္ထဲက စားေသာက္ဆိုင္ေတြအတြက္ ဆိုင္ထဲထိုင္စားခြင့္ ပိတ္လိုက္ၿပီး ေလ့က်င့္ခန္းလုပ္တဲ့ အားကစား႐ုံေတြလို လူအမ်ားလာေရာက္တဲ့ ေနရာေတြကိုေတာ့ ယာယီပိတ္ထားလိုက္ပါတယ္။ ဒါ့အျပင္ နမ္ရွား၊ ေဟဒူနဲ႔ ကံုဟြာ ရပ္ကြက္ေန ေဒသခံေတြနဲ႔ အဲဒီေဒသကို ျဖတ္သြားတဲ့လူတိုင္း COVID-19 ပိုးရွိမရွိ စမ္းသပ္စစ္ေဆးဖို႔ အမိန္႔ထုတ္လိုက္တာပါ။

တ႐ုတ္ႏုိင္ငံမွာ Sinovac Biotech ထုတ္ COVID-19 ကာကြယ္ေဆးကို အသက္ ၁၈ ႏွစ္နဲ႔အထက္ကိုပဲ ထိုးေပးဖုိ႔ သတ္မွတ္ထားရာကေန အခု အသက္ ၃ ႏွစ္ကေန ၁၇ ႏွစ္ၾကား လူငယ္ေတြအတြက္ပါ အေရးေပၚသံုးခြင့္ ျပဳလိုက္ၿပီလို႔ ေသာၾကာေန႔က အစိုးရ႐ုပ္သံက ေၾကညာပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ကူးစက္္မႈ ေစာင့္ၾကည့္မွတ္တမ္းတင္တဲ့ အေမရိကန္ Johns Hopkins တကၠသိုလ္ စစ္တမ္းအရဆိုရင္ စေနေန႔အထိ ကမာၻတလႊား ဒီေရာဂါ အကူးစက္ခံရသူက ၁၇၂ သန္းေက်ာ္ ရွိေနပါတယ္။ ဒီအထဲမွာ အေမရိကန္က ၃၃ သန္းေက်ာ္နဲ႔ အမ်ားဆံုးျဖစ္ၿပီး အိႏၵိယက ၂၉ သန္းနီးပါးနဲ႔ ဒုတိယအမ်ားဆံုး ကူးစက္ခံေနရတာပါ။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

တရုတ်နိုင်ငံ ဂွမ်ကျိုးမြို့မှာ ကိုဗစ်ကန့်သတ်ချက်တွေ တိုးမြှင့်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဂွမ်ကျိုးခရိုင်ထဲက လူဦးရေ ၁၃ သန်းကျော်နေထိုင်တဲ့ ဂွမ်ကျိုးမြို့မှာ မေလကုန်ပိုင်းကစပြီး COVID-19 ကူးစက်မှုတွေ တိုးလာတာကြောင့် ရောဂါထိန်းချုပ်ဖို့ ကန့်သတ်တဲ့ အစီအစဉ်တွေကို တိုးမြှင့်လိုက်ပါတယ်။

တရုတ်နိုင်ငံမှာ စနေနေ့က COVID-19 ကူးစက်သူ အတည်ပြုလူနာ ၂၄ ယောက် ရှိခဲ့တဲ့အထဲမှာ ၁၁ ယောက်က ဂွမ်ကျိုးခရိုင်က ဖြစ်ပါတယ်။

ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် အာဏာပိုင်တွေ ဒီသီတင်းပတ် အစောပိုင်းကစလို့ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာကို အခု နောက်ထပ် စီးပွားရေးလုပ်ငန်းတွေနဲ့ လူမှုရေးဆိုင်ရာတွေမှာပါ ကန့်သတ်မှု ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

မြေအောက်ရထားဘူတာရုံ တဒါဇင်လောက်ကို ပိတ်ထားလိုက်သလို ဂွမ်ကျိုးမြို့ နမ်ရှားရပ်ကွက်ထဲက စားသောက်ဆိုင်တွေအတွက် ဆိုင်ထဲထိုင်စားခွင့် ပိတ်လိုက်ပြီး လေ့ကျင့်ခန်းလုပ်တဲ့ အားကစားရုံတွေလို လူအများလာရောက်တဲ့ နေရာတွေကိုတော့ ယာယီပိတ်ထားလိုက်ပါတယ်။ ဒါ့အပြင် နမ်ရှား၊ ဟေဒူနဲ့ ကုံဟွာ ရပ်ကွက်နေ ဒေသခံတွေနဲ့ အဲဒီဒေသကို ဖြတ်သွားတဲ့လူတိုင်း COVID-19 ပိုးရှိမရှိ စမ်းသပ်စစ်ဆေးဖို့ အမိန့်ထုတ်လိုက်တာပါ။

တရုတ်နိုင်ငံမှာ Sinovac Biotech ထုတ် COVID-19 ကာကွယ်ဆေးကို အသက် ၁၈ နှစ်နဲ့အထက်ကိုပဲ ထိုးပေးဖို့ သတ်မှတ်ထားရာကနေ အခု အသက် ၃ နှစ်ကနေ ၁၇ နှစ်ကြား လူငယ်တွေအတွက်ပါ အရေးပေါ်သုံးခွင့် ပြုလိုက်ပြီလို့ သောကြာနေ့က အစိုးရရုပ်သံက ကြေညာပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စောင့်ကြည့်မှတ်တမ်းတင်တဲ့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းအရဆိုရင် စနေနေ့အထိ ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူက ၁၇၂ သန်းကျော် ရှိနေပါတယ်။ ဒီအထဲမှာ အမေရိကန်က ၃၃ သန်းကျော်နဲ့ အများဆုံးဖြစ်ပြီး အိန္ဒိယက ၂၉ သန်းနီးပါးနဲ့ ဒုတိယအများဆုံး ကူးစက်ခံနေရတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG