သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေးနဲ့ ဆက်စပ်ကုန်စည်တွေ တင်ပို့ရေး APEC ဝန်ကြီးတွေ သဘောတူ


တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး။ (မေ ၄၊ ၂၀၂၁)
တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး။ (မေ ၄၊ ၂၀၂၁)

(Zawgyi / Unicode)

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ရဲ့ ကုန်သွယ်ရေးဝန်ကြီးတွေ COVID-19 ကာကွယ်ဆေးနဲ့ ဆက်စပ်ကုန်စည်စီးဆင်းမှု သွက်လက် မြန်ဆန်စေရေး စနေနေ့က သဘောတူခဲ့ကြပေမယ့် သွင်းကုန်ခွန် ဖယ်ရှားရေးမှာတော့ သဘောတူညီချက် မရခဲ့ကြပါဘူး။

APEC အဖွဲ့ဝင် ၂၁ နိုင်ငံအနေနဲ့ ကာကွယ်ဆေးနဲ့ ဆက်စပ် ဆေးပစ္စည်းတွေ နယ်စပ်ဖြတ်ကျော် သယ်ယူမှုမှာ လိုက်နာဆောင်ရွက်ဖွယ် လမ်းညွှန်ချက်တွေကို သဘောတူကြရေး အစည်းအဝေး လက်ခံကျင်းပတဲ့ နယူးဇီလန်နိုင်ငံက လိုလားခဲ့ကြောင်း သတင်းရင်းမြစ်တဦးက အစည်းအဝေး မတိုင်ခင်မှာ Reuters ကို ပြောဆိုထားတာပါ။

ကမ္ဘာတလွှား ရင်ဆိုင်နေရတဲ့ ကပ်ဘေးကြီးကို APEC အနေနဲ့ ဆက်စပ် တုံ့ပြန်ဆောင်ရွက်မှုကို ပြသနိုင်ရေးအတွက် သဘောတူညီချက်တခုရဖို့ လိုအပ်ကြောင်း နယူးဇီလန်က ယုံကြည်ထားတာပါ။ COVID-19 ကာကွယ်ဆေးနဲ့ ဆက်စပ် ကုန်ပစ္စည်းတွေကို လေကြောင်း၊ ရေကြောင်း၊ ဆိပ်ကမ်းတွေကနေ သယ်ယူပို့ဆောင်ရေး မြန်ဆန်အောင် ဆောင်ရွက်မယ်လို့ အစည်းအဝေးအပြီး ထုတ်တဲ့ ကြေညာချက်မှာ APEC ဝန်ကြီးတွေက ပြောဆိုထားပါတယ်။

COVID-19 ကာကွယ်ဆေးတွေနဲ့ ဆက်စပ်ကုန်စည်တွေကို နယ်စပ်မှာ အခွန်စည်းကြပ်မှုကို နိုင်ငံတခုချင်းစီက ပြန်လည်သုံးသပ်ရေး အထူးသဖြင့် တိုက်တွန်းကြောင်းနဲ့ ပြည်တွင်းလူထုအတွက် ဒီကုန်စည်တွေကို ဈေးလျှော့ပေးနိုင်ရေး သက်ဆိုင်ရာ နိုင်ငံတခုချင်းစီက စဉ်းစားသုံးသပ် ဆောင်ရွက်မယ့်အကြောင်းလည်း ကြေညာချက်က ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)






XS
SM
MD
LG