သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကပ္ေဘးလြန္စီးပြားေရး ႀကိဳးပမ္းမႈ ပတ္ဝန္းက်င္ထိခိုက္မႈနည္းေစဖို႔ သေဘာတူ


ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕က ကိုဗစ္ကာလ ျမင္ကြင္း။ (ဒီဇင္ဘာ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါလြန္ကာလ စီးပြါးေရးျပန္လည္နာလန္ထူဖို႔ ႀကိဳးပမ္းတဲ့ေနရာမွာ သဘာ၀ပတ္၀န္းက်င္ကို ထိခိုက္မႈနည္းၿပီး ဖန္လုံအိမ္ဓာတ္ေငြ႔ထုတ္လႊတ္မႈေလ်ာ့ခ်ႏုိင္မယ့္ စည္းမ်ဥ္းစည္းကမ္းေတြ၊ လမ္းညႊန္ခ်က္ေတြအတုိင္း လုပ္ကိုင္ဖို႔ ႏုိင္ငံ ၃၈ ခုကေခါင္းေဆာင္ေတြ တနလၤာေန႔က သေဘာတူညီခဲ့ၾကပါတယ္။

"ဥတုရာသီေျပာင္းလဲမႈ အက်ပ္အတည္းဟာ သဘာ၀ပတ္၀န္းက်င္အေရး သက္သက္မဟုတ္ပဲ စီးပြါးေရး၊ လူမႈအသိုင္းအ၀န္း၊ လုံၿခဳံေရးနဲ႔ လူ႔အခြင့္အေရးနဲ႔ပါ သက္ဆုိင္တဲ့ ကိစၥျဖစ္တယ္ဆိုတာ ေခါင္းေဆာင္ေတြ သေဘာတူခဲ့ၾကပါတယ္။ COVID-19 ကပ္ေရာဂါကိုလည္း သဘာ၀ပတ္၀န္းက်င္ကုိ မထိခုိက္တဲ့ နည္းလမ္းမ်ိဳးနဲ႔ ေက်ာ္လႊားရမယ္ဆိုတာကိုလည္း သေဘာေပါက္ၾကပါတယ္။" လို႔ ေတာင္ကိုရီးယားသမၼတ မြန္းေဂ်းအင္းက ေျပာဆိုသြားပါတယ္။

၂၀၃၀ အေရာက္မွာ ဖန္လုံအိမ္ဓာတ္ေငြ႔ေလ်ာ့ခ်ေရး ကမၻာ့ရည္မွန္းခ်က္ျပည့္မွီႏုိင္ေအာင္ပူးေပါင္းေဆာင္ရြက္ဖို႔ေဆြးေႏြးၾကတဲ့ P4G ညီလာခံမွာ ခုလိုသေဘာတူညီမႈ ရခဲ့ၾကတာပါ။ ဒီထဲမွာ အေမရိကန္ျပည္ေထာင္စု၊ တရုတ္နဲ႔ အျခားစီးပါြးေရးအင္အားႀကီးႏုိင္ငံက အစိုးရေခါင္းေဆာင္တခ်ိဳ႕လည္း ပါ၀င္ပါတယ္။ ၂ ရက္တာက်င္းပတဲ့ ညီလာခံကို ေတာင္ကိုရီးယားႏုိင္ငံက အိမ္ရွင္အျဖစ္လက္ခံ က်င္းပၿပီး ကပ္ေရာဂါေၾကာင့္ အစီအစဥ္အမ်ားစုကို အြန္လိုိင္းကေနပဲ က်င္းပခ့ဲပါတယ္။

ညီလာခံတက္ေရာက္လာၾကတဲ့ အျပည္ျပည္ဆုိင္ရာ အဖြဲ႔အစည္းအေတာ္မ်ားမ်ားကလည္း ေရရွည္ခံတဲ့ ဖြံ႔ၿဖိဳးတိုးတက္မႈရေရးနဲ႔ ဥတုရာသီေျပာင္းလဲေဖာက္ျပန္မႈ တားဆီးေရးကိစၥမွာ ျပည္သူနဲ႔ပုဂၢလိက မိတ္ဖက္လက္တြဲေဆာင္ရြက္နုိ္င္ေအာင္ အားေပးတုိက္တြန္းသြားမယ္လို႔ ေျပာပါတယ္။ သဘာ၀ပတ္၀န္းက်င္ကို မထိခိုက္ေစတဲ့နည္းနဲ႔ ကပ္ေရာဂါကို ေက်ာ္လႊားတာက ၂၀၁၅ ခုႏွစ္မွာ သေဘာတူခဲ့တဲ့ ဥတုရာသီဆုိင္ရာ ပါရီသေဘာတူစာခ်ဳပ္နဲ႔ ကုလသမဂၢရဲ ႔ ေရရွည္ခံတ့ဲ ဖြံ႔ၿဖိဳးတိုးတက္ေရး ရည္မွန္းခ်က္ျပည္႔မွီေအာင္ေဆာင္ရြက္ေပးရာလည္း ေရာက္ႏုိင္တယ္လို႔ ညီလာခံထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကပ်ဘေးလွန်စီးပွားရေး ကြိုးပမ်းမှု ပတ်ဝန်းကျင်ထိခိုက်မှုနည်းစေဖို့ သဘောတူ

COVID-19 ကပ်ရောဂါလွန်ကာလ စီးပွါးရေးပြန်လည်နာလန်ထူဖို့ ကြိုးပမ်းတဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချနိုင်မယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လမ်းညွှန်ချက်တွေအတိုင်း လုပ်ကိုင်ဖို့ နိုင်ငံ ၃၈ ခုကခေါင်းဆောင်တွေ တနင်္လာနေ့က သဘောတူညီခဲ့ကြပါတယ်။

"ဥတုရာသီပြောင်းလဲမှု အကျပ်အတည်းဟာ သဘာဝပတ်ဝန်းကျင်အရေး သက်သက်မဟုတ်ပဲ စီးပွါးရေး၊ လူမှုအသိုင်းအဝန်း၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးနဲ့ပါ သက်ဆိုင်တဲ့ ကိစ္စဖြစ်တယ်ဆိုတာ ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။ COVID-19 ကပ်ရောဂါကိုလည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့ နည်းလမ်းမျိုးနဲ့ ကျော်လွှားရမယ်ဆိုတာကိုလည်း သဘောပေါက်ကြပါတယ်။" လို့ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းက ပြောဆိုသွားပါတယ်။

၂၀၃၀ အရောက်မှာ ဖန်လုံအိမ်ဓာတ်ငွေ့လျော့ချရေး ကမ္ဘာ့ရည်မှန်းချက်ပြည့်မှီနိုင်အောင်ပူးေပါင်းဆောင်ရွက်ဖို့ဆွေးနွေးကြတဲ့ P4G ညီလာခံမှာ ခုလိုသဘောတူညီမှု ရခဲ့ကြတာပါ။ ဒီထဲမှာ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ အခြားစီးပါွးရေးအင်အားကြီးနိုင်ငံက အစိုးရခေါင်းဆောင်တချို့လည်း ပါဝင်ပါတယ်။ ၂ ရက်တာကျင်းပတဲ့ ညီလာခံကို တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပပြီး ကပ်ရောဂါကြောင့် အစီအစဉ်အများစုကို အွန်လိုင်းကနေပဲ ကျင်းပခဲ့ပါတယ်။

ညီလာခံတက်ရောက်လာကြတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းအတော်များများကလည်း ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုရရေးနဲ့ ဥတုရာသီပြောင်းလဲဖောက်ပြန်မှု တားဆီးရေးကိစ္စမှာ ပြည်သူနဲ့ပုဂ္ဂလိက မိတ်ဖက်လက်တွဲဆောင်ရွက်နိုင်အောင် အားပေးတိုက်တွန်းသွားမယ်လို့ ပြောပါတယ်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့နည်းနဲ့ ကပ်ရောဂါကို ကျော်လွှားတာက ၂၀၁၅ ခုနှစ်မှာ သဘောတူခဲ့တဲ့ ဥတုရာသီဆိုင်ရာ ပါရီသဘောတူစာချုပ်နဲ့ ကုလသမဂ္ဂရဲ့ ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပြည့်မှီအောင်ဆောင်ရွက်ပေးရာလည်း ရောက်နိုင်တယ်လို့ ညီလာခံထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

XS
SM
MD
LG