သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုက်ိဳအိုလံပစ္ ပရိသတ္အတြက္ ကိုဗစ္တင္းၾကပ္မႈ ခ်မွတ္ဖို႔ ဂ်ပန္အာဏာပိုင္ေတြ စဥ္းစား


(Zawgyi/Unicode)

ဂ်ပန္ႏုိင္ငံ တိုက်ိဳမွာ က်င္းပမယ့္ အိုလံပစ္ အားကစားပြဲေတြကို လာေရာက္ အားေပးလိုသူေတြ အေနနဲ႔ COVID-19 ကာကြယ္ေဆး ထိုးထားၿပီးသား အေထာက္အထား ဒါမွမဟုတ္လည္း COVID-19 ကင္းရွင္းေၾကာင္း အေထာက္အထားေတြ ျပသဖို႔ လုိအပ္လာႏုိင္ေၾကာင္း ဂ်ပန္ သတင္းစာ တေစာင္က ေဖာ္ျပပါတယ္။

တေယာက္နဲ႔ တေယာက္ လက္၀ါးခ်င္းရိုက္ High-five လုပ္တာေတြ၊ ေအာ္ဟစ္ အားေပးတာေတြနဲ႔ စားေသာက္တာေတြလို ကိစၥေတြ အပါအ၀င္ ေနာက္ထပ္ တားျမစ္ခ်က္ေတြ ခ်မွတ္ဖို႔လည္း ဂ်ပန္ အစုိးရ တာ၀န္ရွိသူေတြက စဥ္းစားသံုးသပ္ေနေၾကာင္း Yomiuri Shimbun သတင္းစာက တနလာၤေန႔မွာ ေဖာ္ျပခဲ႔တာပါ။

ဂ်ပန္ႏုိင္ငံမွာ COVID-19 ကာကြယ္ေဆးထိုးႏႈန္းက ေႏွးေကြးေနၿပီး ကူးစက္မႈ အသစ္ေတြလည္း ျဖစ္ေနတာေၾကာင့္ အိုလံပစ္ ပြဲေတာ္ က်င္းပမယ့္ ကိစၥကို လူထုၾကား ဆန္႔က်င္လာေနၾကခ်ိန္မွာ တားျမစ္ကန္႔သတ္ခ်က္သစ္ေတြ ခ်မွတ္မယ္ဆိုတဲ႔ သတင္းေတြေၾကာင့္ က်င္းပဖို႔ ျပင္ဆင္ေနတဲ႔ အိုလံပစ္ အားကစားပြဲေတြ အေပၚမွာ ပိုၿပီး မေက်မနပ္ ျဖစ္လာႏုိင္တယ္လို႔လည္း သံုးသပ္သူေတြက ေျပာပါတယ္။ တိုက်ိဳၿမဳိ႕ေတာ္ အပါအ၀င္ ႏုိင္ငံတြင္းက ေဒသတခ်ိဳ႕မွာပါ ေမလ ကုန္ပိုင္းထိ အေရးေပၚ အေျခအေန ေၾကညာထားတာကေန အုိလံပစ္ ပြဲေတာ္ ဖြင့္ပြဲ အခမ္းအနားေတြ မတိုင္ခင္ တလေလာက္ အလို လာမယ့္ ဇြန္လ ၂၀ ရက္ေန႔ထိ ထပ္တိုးထားပါတယ္။

"ေဟာ့ကိုင္းဒိုး၊ တိုက်ိဳ၊ အိုက္ခ်ီ၊ က်ိဳတို၊ အုိဆာကာ ၊ ဟိုဂို၊ အိုကာယားမား ၊ ဟီရိုရွီးမားနဲ႔ ဖူကူးကား ေဒသေတြကို လာမယ့္ ဇြန္လ ၂၀ ရက္ေန႔ အထိ အေရးေပၚ အေျခအေန တိုးျမွင့္ေၾကာင္း" ဂ်ပန္ ၀န္ႀကီးခ်ဳပ္ Yoshihide Suga က ေမလ ၂၈ ရက္ေန႔က ေၾကညာခဲ႔တာပါ။

ျပည္ပ ပြဲၾကည့္ ပရိသတ္ေတြကိုေတာ့ တုိက်ဳိ အိုလံပစ္မွာ လာေရာက္ ၾကည့္ရႈခြင့္ ပိတ္ပင္ထားၿပီး ျဖစ္ပါတယ္။ ကိုရိုနာ ဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ တိုက်ိဳ အိုလံပစ္ ပြဲေတာ္ကို တႏွစ္ ဆိုင္းငံ႔ခဲ႔ၿပီးေနာက္ ျပန္လည္ က်င္းပဖို႔ စီစဥ္ထားတာပါ။ Nikkei သတင္းစာက တနလာၤေန႔မွာ ထုတ္ျပန္လိုက္တဲ႔ လူထု သေဘာထား စစ္တမ္းမွာေတာ့ အိုလံပစ္ ပြဲေတာ္ကို ထပ္ၿပီး ဆိုင္းငံ႔ဖို႔ ဒါမွမဟုတ္လည္း ဖ်က္သိမ္းဖို႔ လိုလားသူက ၆၀ ရာခိုင္ႏႈန္းေက်ာ္ ရွိၿပီး စီစဥ္ထားတဲ႔ အတိုင္း က်င္းပဖို႔ သေဘာထား ေပးသူက ၃၄ ရာခိုင္ႏႈန္းဘဲ ရွိပါတယ္။

တိုက်ိဳ အိုလံပစ္ အားကစားပြဲေတာ္ အတြက္ အဓိက ပံ႔ပိုးသူ Asahi Shimbun သတင္းစာက ၿပီးခဲ႔တဲ႔ သီတင္းပတ္ အယ္ဒီတာ႔ အာေဘာ္မွာ COVID-19 ျပႆနာ ဆိုးလာေနတာေၾကာင့္ အိုလံပစ္ ပြဲေတာ္ ဖ်က္သိမ္းဖို႔ ေတာင္းဆိုထားတာပါ။ ဆရာ၀န္ ၆၀၀၀ ေက်ာ္ေလာက္ ပါ၀င္တဲ႔ တိုက်ိဳဆရာ၀န္မ်ား အသင္းကလည္း အိုလံပစ္ပြဲေတာ္ ဖ်က္သိမ္းေရး အိုလံပစ္ ေကာ္မတီကို စည္းရံုး ေျပာဆိုဖို႔ ၀န္ႀကီးခ်ဳပ္ကို ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

တိုကျိုအိုလံပစ် ပရိသတ်အတွက် ကိုဗစ်တင်းကြပ်မှု ချမှတ်ဖို့ ဂျပန်အာဏာပိုင်တွေ စဉ်းစား

(Unicode)

ဂျပန်နိုင်ငံ တိုကျိုမှာ ကျင်းပမယ့် အိုလံပစ် အားကစားပွဲတွေကို လာရောက် အားပေးလိုသူတွေ အနေနဲ့ COVID-19 ကာကွယ်ဆေး ထိုးထားပြီးသား အထောက်အထား ဒါမှမဟုတ်လည်း COVID-19 ကင်းရှင်းကြောင်း အထောက်အထားတွေ ပြသဖို့ လိုအပ်လာနိုင်ကြောင်း ဂျပန် သတင်းစာ တစောင်က ဖော်ပြပါတယ်။

တယောက်နဲ့ တယောက် လက်ဝါးချင်းရိုက် High-five လုပ်တာတွေ၊ အော်ဟစ် အားပေးတာတွေနဲ့ စားသောက်တာတွေလို ကိစ္စတွေ အပါအဝင် နောက်ထပ် တားမြစ်ချက်တွေ ချမှတ်ဖို့လည်း ဂျပန် အစိုးရ တာဝန်ရှိသူတွေက စဉ်းစားသုံးသပ်နေကြောင်း Yomiuri Shimbun သတင်းစာက တနလာၤနေ့မှာ ဖော်ပြခဲ့တာပါ။

ဂျပန်နိုင်ငံမှာ COVID-19 ကာကွယ်ဆေးထိုးနှုန်းက နှေးကွေးနေပြီး ကူးစက်မှု အသစ်တွေလည်း ဖြစ်နေတာကြောင့် အိုလံပစ် ပွဲတော် ကျင်းပမယ့် ကိစ္စကို လူထုကြား ဆန့်ကျင်လာနေကြချိန်မှာ တားမြစ်ကန့်သတ်ချက်သစ်တွေ ချမှတ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ကျင်းပဖို့ ပြင်ဆင်နေတဲ့ အိုလံပစ် အားကစားပွဲတွေ အပေါ်မှာ ပိုပြီး မကျေမနပ် ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်သူတွေက ပြောပါတယ်။ တိုကျိုမြို့တော် အပါအဝင် နိုင်ငံတွင်းက ဒေသတချို့မှာပါ မေလ ကုန်ပိုင်းထိ အရေးပေါ် အခြေအနေ ကြေညာထားတာကနေ အိုလံပစ် ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွေ မတိုင်ခင် တလလောက် အလို လာမယ့် ဇွန်လ ၂၀ ရက်နေ့ထိ ထပ်တိုးထားပါတယ်။

"ဟော့ကိုင်းဒိုး၊ တိုကျို၊ အိုက်ချီ၊ ကျိုတို၊ အိုဆာကာ ၊ ဟိုဂို၊ အိုကာယားမား ၊ ဟီရိုရှီးမားနဲ့ ဖူကူးကား ဒေသတွေကို လာမယ့် ဇွန်လ ၂၀ ရက်နေ့ အထိ အရေးပေါ် အခြေအနေ တိုးမြှင့်ကြောင်း" ဂျပန် ဝန်ကြီးချုပ် Yoshihide Suga က မေလ ၂၈ ရက်နေ့က ကြေညာခဲ့တာပါ။

ပြည်ပ ပွဲကြည့် ပရိသတ်တွေကိုတော့ တိုကျို အိုလံပစ်မှာ လာရောက် ကြည့်ရှုခွင့် ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဘေးကြောင့် တိုကျို အိုလံပစ် ပွဲတော်ကို တနှစ် ဆိုင်းငံ့ခဲ့ပြီးနောက် ပြန်လည် ကျင်းပဖို့ စီစဉ်ထားတာပါ။ Nikkei သတင်းစာက တနလာၤနေ့မှာ ထုတ်ပြန်လိုက်တဲ့ လူထု သဘောထား စစ်တမ်းမှာတော့ အိုလံပစ် ပွဲတော်ကို ထပ်ပြီး ဆိုင်းငံ့ဖို့ ဒါမှမဟုတ်လည်း ဖျက်သိမ်းဖို့ လိုလားသူက ၆၀ ရာခိုင်နှုန်းကျော် ရှိပြီး စီစဉ်ထားတဲ့ အတိုင်း ကျင်းပဖို့ သဘောထား ပေးသူက ၃၄ ရာခိုင်နှုန်းဘဲ ရှိပါတယ်။

တိုကျို အိုလံပစ် အားကစားပွဲတော် အတွက် အဓိက ပံ့ပိုးသူ Asahi Shimbun သတင်းစာက ပြီးခဲ့တဲ့ သီတင်းပတ် အယ်ဒီတာ့ အာဘော်မှာ COVID-19 ပြဿနာ ဆိုးလာနေတာကြောင့် အိုလံပစ် ပွဲတော် ဖျက်သိမ်းဖို့ တောင်းဆိုထားတာပါ။ ဆရာဝန် ၆၀၀၀ ကျော်လောက် ပါဝင်တဲ့ တိုကျိုဆရာဝန်များ အသင်းကလည်း အိုလံပစ်ပွဲတော် ဖျက်သိမ်းရေး အိုလံပစ် ကော်မတီကို စည်းရုံး ပြောဆိုဖို့ ဝန်ကြီးချုပ်ကို တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG