သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအိုလံပစ္ေကာ္မီတီကို ႏိုင္ငံတကာ သပိတ္ေမွာက္ဖို႔ ျမန္မာေရကူးသမား ေတာင္းဆို


ျမန္မာ့ ထိပ္တန္း ေရကူး အားကစားသမား ဦး၀င္းထက္ဦး

(Zawgyi/Unicode)

ျမန္မာ အိုလံပစ္ ေကာ္မတီဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈ စြပ္စြဲခံထားရတဲ႔ ျမန္မာ စစ္တပ္ အလိုက် ေဆာင္ရြက္မယ့္ အဖြဲ႔လို႔ ျမန္မာ့ ထိပ္တန္း ေရကူး အားကစား သမား ဦး၀င္းထက္ဦးက စြပ္စြဲလိုက္ၿပီး ႏုိင္ငံတကာက သပိတ္ေမွာက္ၾကဖို႔လည္း ေတာင္းဆိုလုိက္ပါတယ္။ ျမန္မာ အားကစားသမားေတြ လံုၿခံဳေရး စိုးရိမ္ရတာေၾကာင့္ ႏုိင္ငံတကာ အိုလံပစ္ ေကာ္မတီ အေနနဲ႔ ျမန္မာႏုိင္ငံကို စံုစမ္းေရး အဖြဲ႔ ေစလႊတ္ဖို႔လည္း ပန္ၾကားထားပါတယ္။ မသိဂၤ ီထိုက္ ေျပာျပေပးမွာပါ။

ၾသစေတးလ်မွာ ေနတဲ႔ ျမန္မာ့ ထိပ္တန္း ေရကူး အားကစားသမား အသက္ ၂၆ ႏွစ္ အရြယ္ ဦး၀င္းထက္ဦးက ျမန္မာ အိုလံပစ္ ေကာ္မတီေအာက္ကေန ဂ်ပန္ႏုိင္ငံ တုိက်ိဳ အုိလံပစ္ ပြဲေတာ္မွာ ပါ၀င္ ယွဥ္ၿပိဳင္ဖို႔ အစီအစဥ္ ရွိခဲ႔ပါတယ္။ ဒါေပမယ့္လည္း စစ္အာဏာသိမ္းၿပီးေနာက္ အစီအစဥ္ ေျပာင္းသြားပါၿပီ။

“တိုက်ိဳ အိုလံပစ္ ပြဲေတာ္မွာ ျမန္မာ အိုလံပစ္ ေကာ္မတီ ႀကီးၾကပ္မႈေအာက္ကေန ၀င္ မၿပိဳင္ဖို႔ က်ေနာ္ ဆံုးျဖတ္ပါတယ္။ ျမန္မာ အိုလံပစ္ ေကာ္မတီဟာဆိုရင္ လူမ်ိဳးတုန္း သတ္ျဖတ္မႈ က်ဴးလြန္တယ္လို႔ စြပ္စြဲခံရတဲ႔ ျမန္မာ စစ္တပ္ အုပ္ခ်ဳပ္ေရး အဖြဲ႔ အလိုက် လုပ္ေနတဲ႔ အိုလံပစ္ ေကာ္မတီ တခုလို႔ဘဲ က်ေနာ္ ယံုၾကည္ထားပါတယ္။”

အာဏာသိမ္းထားတဲ႔ စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရး ေကာင္စီက ႏုိင္ငံတကာ အားကစားပြဲေတြမွာ ျမန္မာ အိုလံပစ္ ေကာ္မတီကို ေစလႊတ္ ယွဥ္ၿပိဳင္ေစၿပီးေနာက္ သူတို႔ရဲ႕ တရား၀င္မႈအတြက္ အသံုးခ်လာမယ့္ အေရးကိုလည္း သူက စိုးရိမ္ေၾကာင္း ေျပာပါတယ္။

“လက္ရွိ အသိအမွတ္ျပဳထားတဲ႔ ျမန္မာ အိုလံပစ္ ေကာ္မတီကို ႏုိင္ငံတကာ အားကစားပြဲေတြကေန ခ်က္ခ်င္း ထုတ္ပယ္ပစ္သင့္တယ္လို႔ က်ေနာ္ ယူဆပါတယ္။ ေနာက္ ျမန္မာ အုိလံပစ္ ေကာ္မတီ၊ ေနာက္ ႏုိင္ငံတကာ ၿပိဳင္ပြဲေတြကို ေစလႊတ္တဲ႔ ျမန္မာ အဖြ႔ဲေတြကို ႏုိင္ငံတကာက သပိတ္ေမွာက္ ရမယ္လို႔ က်ေနာ္ ယံုၾကည္ပါတယ္။ ဘာေၾကာင့္လဲ ဆုိေတာ့ စစ္တပ္ အႀကီးအကဲေတြက ဒီအဖြဲ႔ေတြကို သံုးၿပီး သူတို႔ အုပ္ခ်ဳပ္မႈ တရား၀င္ ျဖစ္လာေအာင္ ၀ါဒျဖန္႔ အသံုးခ်မွာေၾကာင့္ ျဖစ္ပါတယ္။”

ေနာက္တခ်က္ကေတာ့ ျမန္မာ အားကစားသမားေတြရဲ႕ လံုၿခံဳေရး စိတ္မခ်ရတဲ႔ အေျခအေနေၾကာင့္ ႏုိင္ငံတကာ အိုလံပစ္ ေကာ္မတီဘက္က စံုစမ္းစစ္ေဆးေပးဖို႔လည္း ေတာင္းဆိုပါတယ္။

“ႏုိင္ငံတကာ အားကစားပြဲေတြ ဒါမွမဟုတ္လည္း အိုလံပစ္ အားကစားပြဲေတြမွာ ပါ၀င္ေပးဖို႔ ျမန္မာ အားကစားသမားေတြ အေပၚ ၿခိမ္းေျခာက္ အၾကပ္ကိုင္ခံေနရတဲ႔ အေပၚမွာ က်ေနာ္ စိုးရိမ္ပါတယ္။ ဒါေၾကာင့္ အနည္းဆံုးေတာ့ ႏုိင္ငံတကာ အိုလံပစ္ ေကာ္မတီ အေနနဲ႔ ျဖစ္ႏုိင္ရင္ ျမန္မာႏုိင္ငံကို စံုစမ္းေရး အဖြဲ႔ ေစလႊတ္ေပးဖို႔လည္း က်ေနာ္ ေမွ်ာ္လင့္ပါတယ္။”

ျမန္မာ စစ္တပ္ အာဏာသိမ္းတာကို ပြင့္ပြင့္လင္းလင္း ဆန္႔က်င္ ေျပာဆိုထားတဲ႔ အားကစား သမားေတြ ရွိေပမယ့္လည္း သူတို႔ လံုၿခံဳေရး စိုးရိမ္ခ်က္ေၾကာင့္ နာမည္ေတြ ထုတ္ေဖာ္ မေျပာလိုဘူးလို႔လည္း ေရကူး အားကစား သမား ဦး၀င္းထက္ဦးက ေျပာပါတယ္။

ျမန္မာ အားကစား သမားေတြလည္း လူမႈကြန္ရက္မွာ မေတြ႔ရေတာ့တဲ႔ အေၾကာင္းနဲ႔ သူတို႔ လံုၿခံဳေရး အတြက္ စိုးရိမ္စရာ ျဖစ္ေၾကာင္းလည္း ေထာက္ျပပါတယ္။

COVID -19 ကပ္ေဘးေရာဂါေၾကာင့္ တႏွစ္ ေနာက္ဆုတ္ က်င္းပရတဲ႔ ၂၀၂၁ တိုက်ိဳအိုလံပစ္ ပြဲေတာ္မွာ ျမန္မာကိုယ္စားျပဳ သြားေရာက္ ယွဥ္ၿပိဳင္မယ့္ အားကစား သမားေတြကိုေတာ့ မသိရေသးပါဘူး။ ၄ ႏွစ္ တႀကိမ္ က်င္းပတဲ႔ အိုလံပစ္ အားကစားပြဲေတာ္ေတြမွာ ေနာက္ဆံုး က်င္းပခဲ႔တဲ႔ ၂၀၁၆ ခုႏွစ္မွာေတာ့ ျမန္မာႏုိင္ငံက အားကစား သမား ၇ ဦး ၀င္ေရာက္ ယွဥ္ၿပိဳင္ခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

............

မြန်မာအိုလံပစ်ကော်မီတီကို နိုင်ငံတကာ သပိတ်မှောက်ဖို့ မြန်မာရေကူးသမား တောင်းဆို

(Unicode)

မြန်မာ အိုလံပစ် ကော်မတီဟာ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲခံထားရတဲ့ မြန်မာ စစ်တပ် အလိုကျ ဆောင်ရွက်မယ့် အဖွဲ့လို့ မြန်မာ့ ထိပ်တန်း ရေကူး အားကစား သမား ဦးဝင်းထက်ဦးက စွပ်စွဲလိုက်ပြီး နိုင်ငံတကာက သပိတ်မှောက်ကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။ မြန်မာ အားကစားသမားတွေ လုံခြုံရေး စိုးရိမ်ရတာကြောင့် နိုင်ငံတကာ အိုလံပစ် ကော်မတီ အနေနဲ့ မြန်မာနိုင်ငံကို စုံစမ်းရေး အဖွဲ့ စေလွှတ်ဖို့လည်း ပန်ကြားထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

သြစတေးလျမှာ နေတဲ့ မြန်မာ့ ထိပ်တန်း ရေကူး အားကစား သမား အသက် ၂၆ နှစ် အရွယ် ဦးဝင်းထက်ဦးက မြန်မာ အိုလံပစ် ကော်မတီအောက်ကနေ ဂျပန်နိုင်ငံ တိုကျို အိုလံပစ် ပွဲတော်မှာ ပါဝင် ယှဉ်ပြိုင်ဖို့ အစီအစဉ် ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက် အစီအစဉ် ပြောင်းသွားပါပြီ။

“တိုကျို အိုလံပစ် ပွဲတော်မှာ မြန်မာ အိုလံပစ် ကော်မတီ ကြီးကြပ်မှုအောက်ကနေ ဝင် မပြိုင်ဖို့ ကျနော် ဆုံးဖြတ်ပါတယ်။ မြန်မာ အိုလံပစ် ကော်မတီဟာဆိုရင် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ မြန်မာ စစ်တပ် အုပ်ချုပ်ရေး အဖွဲ့ အလိုကျ လုပ်နေတဲ့ အိုလံပစ် ကော်မတီ တခုလို့ဘဲ ကျနော် ယုံကြည်ထားပါတယ်။”

အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီက နိုင်ငံတကာ အားကစားပွဲတွေမှာ မြန်မာ အိုလံပစ် ကော်မတီကို စေလွှတ် ယှဉ်ပြိုင်စေပြီးနောက် သူတို့ရဲ့ တရားဝင်မှုအတွက် အသုံးချလာမယ့် အရေးကိုလည်း သူက စိုးရိမ်ကြောင်း ပြောပါတယ်။

“လက်ရှိ အသိအမှတ်ပြုထားတဲ့ မြန်မာ အိုလံပစ် ကော်မတီကို နိုင်ငံတကာ အားကစားပွဲတွေကနေ ချက်ချင်း ထုတ်ပယ်ပစ်သင့်တယ်လို့ ကျနော် ယူဆပါတယ်။ နောက် မြန်မာ အိုလံပစ် ကော်မတီ၊ နောက် နိုင်ငံတကာ ပြိုင်ပွဲတွေကို စေလွှတ်တဲ့ မြန်မာ အဖွ့ဲတွေကို နိုင်ငံတကာက သပိတ်မှောက် ရမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စစ်တပ် အကြီးအကဲတွေက ဒီအဖွဲ့တွေကို သုံးပြီး သူတို့ အုပ်ချုပ်မှု တရားဝင် ဖြစ်လာအောင် ဝါဒဖြန့် အသုံးချမှာကြောင့် ဖြစ်ပါတယ်။”

နောက်တချက်ကတော့ မြန်မာ အားကစားသမားတွေရဲ့ လုံခြုံရေး စိတ်မချရတဲ့ အခြေအနေကြောင့် နိုင်ငံတကာ အိုလံပစ် ကော်မတီဘက်က စုံစမ်းစစ်ဆေးပေးဖို့လည်း တောင်းဆိုပါတယ်။

“နိုင်ငံတကာ အားကစားပွဲတွေ ဒါမှမဟုတ်လည်း အိုလံပစ် အားကစားပွဲတွေမှာ ပါဝင်ပေးဖို့ မြန်မာ အားကစားသမားတွေ အပေါ် ခြိမ်းခြောက် အကြပ်ကိုင်ခံနေရတဲ့ အပေါ်မှာ ကျနော် စိုးရိမ်ပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ နိုင်ငံတကာ အိုလံပစ် ကော်မတီ အနေနဲ့ ဖြစ်နိုင်ရင် မြန်မာနိုင်ငံကို စုံစမ်းရေး အဖွဲ့ စေလွှတ်ပေးဖို့လည်း ကျနော် မျှော်လင့်ပါတယ်။”

မြန်မာ စစ်တပ် အာဏာသိမ်းတာကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင် ပြောဆိုထားတဲ့ အားကစား သမားတွေ ရှိပေမယ့်လည်း သူတို့ လုံခြုံရေး စိုးရိမ်ချက်ကြောင့် နာမည်တွေ ထုတ်ဖော် မပြောလိုဘူးလို့လည်း ရေကူး အားကစား သမား ဦးဝင်းထက်ဦးက ပြောပါတယ်။

မြန်မာ အားကစား သမားတွေလည်း လူမှုကွန်ရက်မှာ မတွေ့ရတော့တဲ့ အကြောင်းနဲ့ သူတို့ လုံခြုံရေး အတွက် စိုးရိမ်စရာ ဖြစ်ကြောင်းလည်း ထောက်ပြပါတယ်။

COVID -19 ကပ်ဘေးရောဂါကြောင့် တနှစ် နောက်ဆုတ် ကျင်းပရတဲ့ ၂၀၂၁ တိုကျိုအိုလံပစ် ပွဲတော်မှာ မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မယ့် အားကစား သမားတွေကိုတော့ မသိရသေးပါဘူး။ ၄ နှစ် တကြိမ် ကျင်းပတဲ့ အိုလံပစ် အားကစားပွဲတော်တွေမှာ နောက်ဆုံး ကျင်းပခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ မြန်မာနိုင်ငံက အားကစား သမား ၇ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG