သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရွ႕ေတာင္အာရွေဒသ ကပ္ေဘးကန္႔သတ္ခ်က္ေတြ တိုးျမွင့္


ၾသစေၾတးလ်ႏိုင္ငံ Melbourne ၿမိဳ႕က ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၃၊ ၂၀၂၁)

[Zawgyi/Unicode]

အေရွ ႔ေတာင္အာရွႏုိင္ငံတခ်ိဳ ႔မွာ ကပ္ေရာဂါ ကန္႔သတ္ခ်က္ေတြ ခ်မွတ္ၿပီး စက္႐ုံအလုပ္႐ုံေတြပိတ္တာ၊ ကာကြယ္ေဆးေတြ အရွိန္ျမွင့္ထိုးေပးတာေတြ ရွိေပမဲ့လည္း ကိုဗစ္ပိုးကူးစက္မႈ တရွိန္ထိုးတက္လာေနပါတယ္။ ၾသစေၾတးလ်ႏုိင္ငံ၊ ဒုတိယအႀကီးဆုံးၿမိဳ ႔ျဖစ္တဲ့ မဲလ္ဘုန္းမွာလည္း ၇ ရက္ၾကာ ကန္႔သတ္ခ်က္ထုတ္ျပန္ထားပါတယ္။

“ေရွ ႔မွာ ရင္ဆုိင္ရမယ့္ စိန္ေခၚခ်က္ေတြ သိပ္ကိုႀကီးမားပါတယ္။ စိုးရိမ္ရမယ့္ေနရာအေတာ္မ်ားမ်ားကို ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ေတြ႔ထားပါတယ္။ လူအို႐ုံေတြမွာလည္း အလြန္စိုးရိ္မ္စရာေကာင္းတဲ့ႏႈန္းနဲ႔ ကူးစက္ေနတာ ေတြ႔ရပါတယ္။" လို႔ ဗစ္တိုးရီးယားျပည္နယ္ယာယီ၀န္ႀကီးခ်ဳပ္ James Merlio က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။ ဗစ္တိုးရီးယားျပည္နယ္မွာ ကိုဗစ္ေၾကာင့္ေသဆုံးသူ ၈၀၀ ေက်ာ္ရွိၿပီး အမ်ားစုက လူအို႐ုံေတြကျဖစ္ပါတယ္။

တခါ လူဦးေရအခ်ိဳးအစားနဲ႔ တြက္ရင္ မေလးရွားႏိုင္ငံက ပိုးကူးသူဟာ အိႏၵိယက ပိုးကူးသူထက္ပိုမ်ားလာေနၿပီး ထုိင္း၊ ဗီယက္နမ္၊ ကေမၻာဒီးယား၊ လာအိုနဲ႔ အေရွ ႔တီေမာမွာလည္း ၿပီးခဲ့တဲ့လထက္စာရင္ ပိုးကူးသူထက္ ၂ ဆေက်ာ္တိုးလာပါတယ္။ ထိုင္းႏုိင္ငံမွာ ပထမလႈိင္းပိုးကူးစက္ခဲ့တဲ့ အခ်ိန္ကထက္စာရင္ၿပီးခဲ့တဲ့ ၂ လအတြင္း ကိုဗစ္ေၾကာင့္ေသဆုံးသူ ၁၀ ဆတိုးလာပါတယ္။

ဗီယက္နမ္ႏုိ္င္ငံမွာေတာ့ အိႏၵိယနဲ႔ ၿဗိတိန္မွာေတြ႔ရတဲ့ ဗီဇေျပာင္းပိုး ၂ မိ်ဳးေပါင္းစပ္ေနတဲ့ ကူးစက္ျမန္ ကိုဗစ္ပိုးသစ္တမ်ိဳးေတြ႔ထားတယ္လို႔ အစိုးရတာ၀န္ရွိသူေတြက ဒီရုံးပိတ္ရက္မွာပဲေၾကျငာခဲ့ပါတယ္။ ဒီပိုးက ေလထဲကေန အလ်င္အျမန္ကူးစက္ပ်ံ ႔ႏွံ႔ေနတာေၾကာင့္ တာ၀န္ရွိသူေတြ စိုးရိမ္ေနတာပါ။

လူဦးေရ ၉၈ သန္းေက်ာ္ရွိတဲ့ ဗီယက္နမ္မွာ ေသဆုံးသူ ၅၀ နီးပါးသာရွိၿပီး ကပ္ေရာဂါကိုေအာင္ျမင္စြာထိန္းခ်ဳပ္ႏုိင္ခဲ့ေပမဲ့ ခုေတာ့ စီးပါြးေရးၿမိဳ႕ေတာ္ဟိုခ်ီမင္းမွာ ကန္႔သတ္ခ်က္ေတြ ဒီကေန႔ပဲ ခ်မွတ္လိုက္ပါတယ္။ ဂ်ပန္ႏုိင္ငံမွာေတာ့ ကိုဗစ္ေရာဂါေၾကာင့္ အေရးေပၚလူနာစံခ်ိန္တင္တိုးလာေနတဲ့ၾကားက အိုလံပစ္အားကစားပြဲလုပ္ဖို႔ အစိုးရက ျပင္ဆင္ေနပါတယ္။ အားကစားပြဲအတြက္ ေဆး၀န္ထမ္း ၈၀ ရာခိုင္ႏႈန္းကို အဆင္သင့္လုပ္ထားတယ္လို႔ အိုလံပစ္ပြဲ ထိပ္တန္းအရာရွိတဦးက ရိုက္တာသတင္းကို ဒီကေန႔ေျပာပါတယ္။ ဂ်ပန္မွာ ပိုးကူးစက္မႈက်ဆင္းလာတယ္ဆိုေပမဲ့ ကာကြယ္ေဆးထိုးထားသူက ၂.၄ ရာခုိင္ႏႈန္းပဲ ရွိေသးတယ္လို႔ ရိုက္တာသတင္း တရပ္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အရှေ့တောင်အာရှဒေသ ကပ်ဘေးကန့်သတ်ချက်တွေ တိုးမြှင့်

အရှေ့တောင်အာရှနိုင်ငံတချို့မှာ ကပ်ရောဂါ ကန့်သတ်ချက်တွေ ချမှတ်ပြီး စက်ရုံအလုပ်ရုံတွေပိတ်တာ၊ ကာကွယ်ဆေးတွေ အရှိန်မြှင့်ထိုးပေးတာတွေ ရှိပေမဲ့လည်း ကိုဗစ်ပိုးကူးစက်မှု တရှိန်ထိုးတက်လာနေပါတယ်။ သြစတြေးလျနိုင်ငံ၊ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မဲလ်ဘုန်းမှာလည်း ၇ ရက်ကြာ ကန့်သတ်ချက်ထုတ်ပြန်ထားပါတယ်။

“ရှေ့မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေ သိပ်ကိုကြီးမားပါတယ်။ စိုးရိမ်ရမယ့်နေရာအတော်များများကို ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တွေ့ထားပါတယ်။ လူအိုရုံတွေမှာလည်း အလွန်စိုးရိမ်စရာကောင်းတဲ့နှုန်းနဲ့ ကူးစက်နေတာ တွေ့ရပါတယ်။" လို့ ဗစ်တိုးရီးယားပြည်နယ်ယာယီဝန်ကြီးချုပ် James Merlio က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုဗစ်ကြောင့်သေဆုံးသူ ၈၀၀ ကျော်ရှိပြီး အများစုက လူအိုရုံတွေကဖြစ်ပါတယ်။

တခါ လူဦးရေအချိုးအစားနဲ့ တွက်ရင် မလေးရှားနိုင်ငံက ပိုးကူးသူဟာ အိန္ဒိယက ပိုးကူးသူထက်ပိုများလာနေပြီး ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ အရှေ့တီမောမှာလည်း ပြီးခဲ့တဲ့လထက်စာရင် ပိုးကူးသူထက် ၂ ဆကျော်တိုးလာပါတယ်။ ထိုင်းနိုင်ငံမှာ ပထမလှိုင်းပိုးကူးစက်ခဲ့တဲ့ အချိန်ကထက်စာရင်ပြီးခဲ့တဲ့ ၂ လအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၁၀ ဆတိုးလာပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ အိန္ဒိယနဲ့ ဗြိတိန်မှာတွေ့ရတဲ့ ဗီဇပြောင်းပိုး ၂ မျိုးပေါင်းစပ်နေတဲ့ ကူးစက်မြန် ကိုဗစ်ပိုးသစ်တမျိုးတွေ့ထားတယ်လို့ အစိုးရတာဝန်ရှိသူတွေက ဒီရုံးပိတ်ရက်မှာပဲကြေငြာခဲ့ပါတယ်။ ဒီပိုးက လေထဲကနေ အလျင်အမြန်ကူးစက်ပျံ့နှံ့နေတာကြောင့် တာဝန်ရှိသူတွေ စိုးရိမ်နေတာပါ။

လူဦးရေ ၉၈ သန်းကျော်ရှိတဲ့ ဗီယက်နမ်မှာ သေဆုံးသူ ၅၀ နီးပါးသာရှိပြီး ကပ်ရောဂါကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပေမဲ့ ခုတော့ စီးပါွးရေးမြို့တော်ဟိုချီမင်းမှာ ကန့်သတ်ချက်တွေ ဒီကနေ့ပဲ ချမှတ်လိုက်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ ကိုဗစ်ရောဂါကြောင့် အရေးပေါ်လူနာစံချိန်တင်တိုးလာနေတဲ့ကြားက အိုလံပစ်အားကစားပွဲလုပ်ဖို့ အစိုးရက ပြင်ဆင်နေပါတယ်။ အားကစားပွဲအတွက် ဆေးဝန်ထမ်း ၈၀ ရာခိုင်နှုန်းကို အဆင်သင့်လုပ်ထားတယ်လို့ အိုလံပစ်ပွဲ ထိပ်တန်းအရာရှိတဦးက ရိုက်တာသတင်းကို ဒီကနေ့ပြောပါတယ်။ ဂျပန်မှာ ပိုးကူးစက်မှုကျဆင်းလာတယ်ဆိုပေမဲ့ ကာကွယ်ဆေးထိုးထားသူက ၂.၄ ရာခိုင်နှုန်းပဲ ရှိသေးတယ်လို့ ရိုက်တာသတင်း တရပ်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG