သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး ကမၻာတဝန္း ပိုမိုျဖန္႔ေဝႏုိင္ေတာ႔မည္


Johnson & Johnson ကုမၸဏီထုတ္ ကုိဗစ္ကာကြယ္ေဆး ထိုးဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ဧၿပီ ၈၊ ၂၀၂၁)

(Zawgyi / Unicode)

ကုိဗစ္ကာကြယ္ထိုးေဆးေတြကို လာမယ့္သီတင္းပတ္ထဲ ကမၻာတဝန္း ႏုိင္ငံတခ်ဳိ႕မွာ အရင္ထက္ ပိုျဖန္႔ေဝေပးႏုိင္ေတာ့မွာ ျဖစ္ပါတယ္။

အေမရိကန္က ေပးပို႔လုိက္တဲ့ Johnson & Johnson ကုိဗစ္ ကာကြယ္ထုိးေဆး ၁ သန္းဟာ ဒီသီတင္းပတ္ထဲ ေတာင္ကိုရီးယားႏိုင္ငံကို ေရာက္ရွိလာမွာျဖစ္တယ္လို႔ တာဝန္ရွိသူေတြက တနဂၤေႏြေန႔မွာ ေျပာပါတယ္။ ဒီအေရအတြက္ဟာ အရင္ ကတိေပးထားတာထက္ ႏွစ္ဆရွိတယ္လို႔ ဆိုပါတယ္။

ဘယ္လိုလူေတြကို ဦးစားေပး ထိုးႏွံသြားမလဲ ဆိုတာကို ကိုရီးယား ကူးစက္ေရာဂါ ထိန္းခ်ဳပ္တားဆီးေရး ေအဂ်င္စီရဲ႕ ဒါ႐ုိက္တာ Ms. Jeong Eun-Kyeong က ရွင္းျပပါတယ္။

"ႏွစ္ႏိုင္ငံ အာဏာပုိင္ေတြၾကား ေဆြးေႏြးခဲ့ၾကတဲ့အတုိင္း ဒီကာကြယ္ေဆးေတြကို အသက္ ၃၀ နဲ႔အထက္ရွိတဲ့ လုံၿခဳံေရး တပ္ဖြဲ႔ဝင္ေတြ၊ အရပ္သား ကာကြယ္ေရး အရန္တပ္ဖြဲ႔ေတြနဲ႔ စစ္ဘက္ဆိုင္ရာ အမႈထမ္းေတြအတြက္ ရည္မွန္းထားပါတယ္" လို႔ ေျပာသြားတာပါ။

အေမရိကန္က အခုပို႔လုိက္တဲ့ ကိုဗစ္ကာကြယ္ေဆးထဲမွာ အေမရိကန္သမၼတ Joe Biden က ေတာင္ကုိရီးယားသမၼတ Moon Jae-in ကုိ ကတိေပးထားတဲ့အတိုင္း ေတာင္ကိုရီးယား စစ္သားေတြအတြက္ ထုိးေဆး ၅ သိန္းခဲြလည္း ပါဝင္တယ္လို႔ ဝန္ႀကီးခ်ဳပ္ Kim Boo-kyum က ေျပာပါတယ္။

အိႏၵိယႏိုင္ငံ ျပည္တြင္းမွာေတာ့ ေရွ႕လထဲ ကိုဗစ္ကာကြယ္ေဆး သန္း ၁၂၀ ေလာက္ ထိုးဖို႔ရွိတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ေမလထဲထိုးဖို႔ ျပင္ဆင္ထားတဲ့ သန္း ၈၀ နီးပါးထက္စာရင္ သိသိသာသာ တုိးလာတဲ့သေဘာ ျဖစ္ပါတယ္။ လူဦးေရ သန္း ၁,၃၅၀ ေလာက္ရွိတဲ့ အိႏၵိယမွာ ၃ ရာခုိင္ႏႈန္းသာ ကာကြယ္ေဆး ၂ ႀကိမ္ ထိုးရေသးတာ ျဖစ္ပါတယ္။

မေလးရွားႏုိင္ငံမွာေတာ့ ကာကြယ္ေဆး ထုိးေပးမယ့္ စင္တာႀကီးေတြ ဖြင့္လွစ္သြားဖို႔ ျပင္ဆင္ေနေၾကာင္း အစိုးရက ေၾကညာထားပါတယ္။ လူဦးေရ ၃၂ သန္းရွိတဲ့ မေလးရွားမွာ ၆ ရာခုိင္ႏႈန္းသာ ကာကြယ္ေဆးထိုးထားတာ ျဖစ္ပါတယ္။

ဘရာဇီးလ္ႏိုင္ငံမွာေတာ့ သမၼတရဲ႕ ကိုဗစ္ကပ္ေရာဂါ ကိုင္တြင္ပုံကို မႀကဳိက္လို႔ လူေထာင္ေပါင္းမ်ားစြာဟာ ၿမဳိ႕အေတာ္မ်ားမ်ားမွာ လမ္းေပၚထြက္ ဆႏၵျပေနၾကပါတယ္။

Johns Hopkins မွတ္တမ္းအရ ဘရာဇီးလ္ႏိုင္ငံဟာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၄၆၀,၀၀၀ ေက်ာ္နဲ႔ ကမၻာမွာ ဒုတိယအမ်ားဆုံး ေသဆုံးတဲ့ႏိုင္ငံျဖစ္ၿပီး အေမရိကန္ကေတာ့ ကုိဗစ္ေၾကာင့္ ေသဆုံးသူ ၅၉၄,၀၀၀ ေက်ာ္နဲ႔ ကမၻာမွာ အမ်ားဆုံးႏုိင္ငံ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေး ကမ္ဘာတဝန်း ပိုမိုဖြန့်ဝေနိုင်တော့မည်

ကိုဗစ်ကာကွယ်ထိုးဆေးတွေကို လာမယ့်သီတင်းပတ်ထဲ ကမ္ဘာတဝန်း နိုင်ငံတချို့မှာ အရင်ထက် ပိုဖြန့်ဝေပေးနိုင်တော့မှာ ဖြစ်ပါတယ်။

အမေရိကန်က ပေးပို့လိုက်တဲ့ Johnson & Johnson ကိုဗစ် ကာကွယ်ထိုးဆေး ၁ သန်းဟာ ဒီသီတင်းပတ်ထဲ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒီအရေအတွက်ဟာ အရင် ကတိပေးထားတာထက် နှစ်ဆရှိတယ်လို့ ဆိုပါတယ်။

ဘယ်လိုလူတွေကို ဦးစားပေး ထိုးနှံသွားမလဲ ဆိုတာကို ကိုရီးယား ကူးစက်ရောဂါ ထိန်းချုပ်တားဆီးရေး အေဂျင်စီရဲ့ ဒါရိုက်တာ Ms. Jeong Eun-Kyeong က ရှင်းပြပါတယ်။

"နှစ်နိုင်ငံ အာဏာပိုင်တွေကြား ဆွေးနွေးခဲ့ကြတဲ့အတိုင်း ဒီကာကွယ်ဆေးတွေကို အသက် ၃၀ နဲ့အထက်ရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အရပ်သား ကာကွယ်ရေး အရန်တပ်ဖွဲ့တွေနဲ့ စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေအတွက် ရည်မှန်းထားပါတယ်" လို့ ပြောသွားတာပါ။

အမေရိကန်က အခုပို့လိုက်တဲ့ ကိုဗစ်ကာကွယ်ဆေးထဲမှာ အမေရိကန်သမ္မတ Joe Biden က တောင်ကိုရီးယားသမ္မတ Moon Jae-in ကို ကတိပေးထားတဲ့အတိုင်း တောင်ကိုရီးယား စစ်သားတွေအတွက် ထိုးဆေး ၅ သိန်းခွဲလည်း ပါဝင်တယ်လို့ ဝန်ကြီးချုပ် Kim Boo-kyum က ပြောပါတယ်။

အိန္ဒိယနိုင်ငံ ပြည်တွင်းမှာတော့ ရှေ့လထဲ ကိုဗစ်ကာကွယ်ဆေး သန်း ၁၂၀ လောက် ထိုးဖို့ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မေလထဲထိုးဖို့ ပြင်ဆင်ထားတဲ့ သန်း ၈၀ နီးပါးထက်စာရင် သိသိသာသာ တိုးလာတဲ့သဘော ဖြစ်ပါတယ်။ လူဦးရေ သန်း ၁,၃၅၀ လောက်ရှိတဲ့ အိန္ဒိယမှာ ၃ ရာခိုင်နှုန်းသာ ကာကွယ်ဆေး ၂ ကြိမ် ထိုးရသေးတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကာကွယ်ဆေး ထိုးပေးမယ့် စင်တာကြီးတွေ ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေကြောင်း အစိုးရက ကြေညာထားပါတယ်။ လူဦးရေ ၃၂ သန်းရှိတဲ့ မလေးရှားမှာ ၆ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးထားတာ ဖြစ်ပါတယ်။

ဘရာဇီးလ်နိုင်ငံမှာတော့ သမ္မတရဲ့ ကိုဗစ်ကပ်ရောဂါ ကိုင်တွင်ပုံကို မကြိုက်လို့ လူထောင်ပေါင်းများစွာဟာ မြို့အတော်များများမှာ လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။

Johns Hopkins မှတ်တမ်းအရ ဘရာဇီးလ်နိုင်ငံဟာ ကိုဗစ်ကြောင့် သေဆုံးသူ ၄၆၀,၀၀၀ ကျော်နဲ့ ကမ္ဘာမှာ ဒုတိယအများဆုံး သေဆုံးတဲ့နိုင်ငံဖြစ်ပြီး အမေရိကန်ကတော့ ကိုဗစ်ကြောင့် သေဆုံးသူ ၅၉၄,၀၀၀ ကျော်နဲ့ ကမ္ဘာမှာ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG