သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သား တခ်ိဳ႕ကို ကိုဗစ္ကာကြယ္ေဆးထိုး


မဲေဆာက္ေဆးရံုႀကီးမွာ ဇူလုိင္လ ၁၃ ရက္ေန႔က ကာကြယ္ေဆးထိုးဖို႔ တန္းစီေနၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - CJ)

[Zawgyi/Unicode]

ထိုင္း-ျမန္မာ နယ္စပ္၊ မဲေဆာက္ၿမိဳ႕မွာ ကုိဗစ္ကူးစက္သူ ၁,၄၀၀ ေက်ာ္ေလာက္ ျဖစ္လာတာမို႔ မဲေဆာက္ျမဳိ႕ကျပည္သူ ၂,၀၀၀ ေက်ာ္ ကိုဇူလိုင္လ ၁၃ရက္ကစျပီး ကိုဗစ္ကာကြယ္ေဆး စတင္ထိုးေပးေနပါတယ္။ ထုိင္းေတာင္ပုိင္း ဖူးခက္ျပည္နယ္ထဲမွာေတာ့ ကုိဗစ္ကာကြယ္ေဆး ထိုးျပီးသား အလုပ္သမား ၂၀,၀၀၀ ေလာက္ရိိွျပီလို႔ အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြက ဆိုပါတယ္။ ဒီအေၾကာင္းကုိေတာ့ ဗီြအုိေအ သတင္းေထာက္မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ကိုဗစ္-၁၉ ေရာဂါပိုး ကာကြယ္ေဆးႏွစ္မ်ိဳးျဖစ္တဲ့ Astrazeneca and Sinovac ေဆးႏွစ္မ်ိဳးကို တာ့ခ္ျပည္နယ္၊ မဲဆာက္ေဆးရံုၾကီးမွာ စတင္ထိုးေပးတဲ ့ ဇူလိုင္လ ၁၃ ရက္ေန ့မွာပဲ ေဆးရံုၾကီးမွာ လာေရာက္ စာရင္းေပး တန္းစီသူ ထိုင္းနဲ ့ ျမန္မာမိဘက ေမြးျပီးအသက္ ၁၈ ႏွစ္ေက်ာ္ ထိုင္းလက္မွတ္ကိုင္ေဆာင္ထားတဲ့သူေတြ အပါအ၀င္လူ ၂,၀၀၀ ေက်ာ္ ရွိတယ္လို႔ ေရာင္ျခည္ဦးအလုပ္သမားအဖဲြရဲ့ မဲေဆာက္ရံုးတာ၀န္ခံဦးမုိးေက်ာ္ကေျပာပါတယ္။

"ထိုင္းႏိုင္ငံကို ေရာက္ရိွေနတဲ့ ျမန္မာျပည္ဖြား ထုိင္းႏို္င္ငံသား လက္မွတ္ရရွိထားတဲ့ ကေလးငယ္ေတြအပါအ၀င္ ထုိင္းႏိုင္ငံသားလူ ၂,၀၀၀ ေလာက္ကုိ ကာကြယ္ေဆးထုိးေပးေနတယ္ဆိုတာ က်ေနာ္တို႔ သိရတယ္။ ေရႊ႕ေျပာင္းအလုပ္သမားေတြကိုပါ ဒီိလို ကာကြယ္ေဆး ထုိးေပးႏိုင္ဖုိ႔အတြက္ပါ ေမ်ွာ္လင့္ေနႀကပါတယ္။"

ထိုင္းနိုင္ငံ တာခ့္ျပည္နယ္အတြင္းမွာ ၃ ပတ္အတြင္း ကုိဗစ္အတည္ျပဳလူနာ ၂,၁၉၆ ဦးထိျမင့္တက္လာျပီး လူနာအမ်ားဆံုးဟာ မဲေဆာက္ျမိဳ႕က ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြျဖစ္ပါတယ္။ အခုဆိုရင္ မဲေဆာက္ျမိဳ႕က စက္ရံုတြင္းက အေရးေပၚေဆးရံုေတြမွာ ကုသခံယူေနတဲ့ ျမန္မာနိုင္ငံသား ၁,၀၀၀ ေက်ာ္ ရွိေနေၾကာင္း နယ္ေျမက်န္မာေရးအဖြဲ ႔က ထုတ္ျပန္ထားပါတယ္။

ဖူးခက္ျပည္နယ္မွာေတာ့ ကမၻာလွည့္ခရီးသြားေတြကို ဖိတ္ေခၚလက္ခံထားတဲ့ အထူးအစီစဥ္ေတြကို ဇူလိုင္ ၁ ရက္ေန႔ကျပီး ဖြင့္လွစ္ထားပါတယ္။ ဒီအတြက္ ဖူးခက္က ၀န္ေဆာင္မႈလုပ္ငန္းအမ်ိဳးမ်ိဳးမွာ လုပ္ကုိင္ေနၾကတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြကို ၿပီးခဲ့တဲ့လကစျပီး ကာကြယ္ေဆးေတြ ထုိးေပးေနတာ အခုဆိုရင္လူဦးေရ ၂၀,၀၀၀ ေက်ာ္ေလာက္ ကာကြယ္ေဆးထိုးျပီးသြားျပီလုိ႔ ထုိင္းေတာင္ပိုင္းအေျခစုိက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးရာတာ၀န္ခံ ဦးမင္္ဦးက အခုလိုေျပာပါတယ္။

"က်ေနာ္တို႔ ေရႊ႕ေျပာင္းအလုပ္သမားေတြမွာဆိုရင္လည္း ဖူးခက္ဆုိရင္ေတာ့ ထုိးဆဲျဖစ္တယ္။ အမ်ားစုက ထုိးျပီးျပီ။ အမ်ားစုဆိုကေတာ့ စာရင္းသြင္းျပီးသားလူေတြပဲ က်ေနာ္တို႔ သိထားသေလာက္ကေတာ့ ထုိးျပီးတာ လူဦးေရ ၂၀,၀၀၀ ေက်ာ္ျပီ။ ဒုတိယသုတ္က မၾကာေသးခင္ကပဲ ထုိးတယ္။"

ထိုင္းက်န္းမာေရး၀န္ႀကီးဌာနက ဇြန္လ ၁၄ ရက္ထုတ္ျပန္ခ်က္အရ ကိုဗစ္အတည္ျပဳလူနာအသစ္ ၉,၃၀၀ ေက်ာ္နဲ႔ တေန႔တည္းေသဆံုးသူ ၈၇ ဦး ရွိေနပါတယ္။ လက္ရိွမွာေတာ့ ထိုင္းတႏိုင္ငံလံုး ကုိဗစ္အတည္ျပဳလူနာ စုစုေပါင္း ၃၆၃,၀၀၀ ေက်ာ္ရွိျပီး ေသဆံုးသူ ၃,၀၀၀ နီးပါးရွိေနျပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား တချို့ကို ကိုဗစ်ကာကွယ်ဆေးထိုး

ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့မှာ ကိုဗစ်ကူးစက်သူ ၁,၄၀၀ ကျော်လောက် ဖြစ်လာတာမို့ မဲဆောက်မြို့ကပြည်သူ ၂,၀၀၀ ကျော် ကိုဇူလိုင်လ ၁၃ရက်ကစပြီး ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေပါတယ်။ ထိုင်းတောင်ပိုင်း ဖူးခက်ပြည်နယ်ထဲမှာတော့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသား အလုပ်သမား ၂၀,၀၀၀ လောက်ရှိပြီလို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ဆေးနှစ်မျိုးဖြစ်တဲ့ Astrazeneca and Sinovac ဆေးနှစ်မျိုးကို တာ့ခ်ပြည်နယ်၊ မဲဆာက်ဆေးရုံကြီးမှာ စတင်ထိုးပေးတဲ့ ဇူလိုင်လ ၁၃ ရက်နေ့မှာပဲ ဆေးရုံကြီးမှာ လာရောက် စာရင်းပေး တန်းစီသူ ထိုင်းနဲ့ မြန်မာမိဘက မွေးပြီးအသက် ၁၈ နှစ်ကျော် ထိုင်းလက်မှတ်ကိုင်ဆောင်ထားတဲ့သူတွေ အပါအဝင်လူ ၂,၀၀၀ ကျော် ရှိတယ်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲရဲ့ မဲဆောက်ရုံးတာဝန်ခံဦးမိုးကျော်ကပြောပါတယ်။

"ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာပြည်ဖွား ထိုင်းနိုင်ငံသား လက်မှတ်ရရှိထားတဲ့ ကလေးငယ်တွေအပါအဝင် ထိုင်းနိုင်ငံသားလူ ၂,၀၀၀ လောက်ကို ကာကွယ်ဆေးထိုးပေးနေတယ်ဆိုတာ ကျနော်တို့ သိရတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေကိုပါ ဒီလို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့အတွက်ပါ မျှော်လင့်နေကြပါတယ်။"

ထိုင်းနိုင်ငံ တာခ့်ပြည်နယ်အတွင်းမှာ ၃ ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၂,၁၉၆ ဦးထိမြင့်တက်လာပြီး လူနာအများဆုံးဟာ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဖြစ်ပါတယ်။ အခုဆိုရင် မဲဆောက်မြို့က စက်ရုံတွင်းက အရေးပေါ်ဆေးရုံတွေမှာ ကုသခံယူနေတဲ့ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော် ရှိနေကြောင်း နယ်မြေကျန်မာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖူးခက်ပြည်နယ်မှာတော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဖိတ်ခေါ်လက်ခံထားတဲ့ အထူးအစီစဉ်တွေကို ဇူလိုင် ၁ ရက်နေ့ကပြီး ဖွင့်လှစ်ထားပါတယ်။ ဒီအတွက် ဖူးခက်က ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးမှာ လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပြီးခဲ့တဲ့လကစပြီး ကာကွယ်ဆေးတွေ ထိုးပေးနေတာ အခုဆိုရင်လူဦးရေ ၂၀,၀၀၀ ကျော်လောက် ကာကွယ်ဆေးထိုးပြီးသွားပြီလို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်ဦးက အခုလိုပြောပါတယ်။

"ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေမှာဆိုရင်လည်း ဖူးခက်ဆိုရင်တော့ ထိုးဆဲဖြစ်တယ်။ အများစုက ထိုးပြီးပြီ။ အများစုဆိုကတော့ စာရင်းသွင်းပြီးသားလူတွေပဲ ကျနော်တို့ သိထားသလောက်ကတော့ ထိုးပြီးတာ လူဦးရေ ၂၀,၀၀၀ ကျော်ပြီ။ ဒုတိယသုတ်က မကြာသေးခင်ကပဲ ထိုးတယ်။"

ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၄ ရက်ထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာအသစ် ၉,၃၀၀ ကျော်နဲ့ တနေ့တည်းသေဆုံးသူ ၈၇ ဦး ရှိနေပါတယ်။ လက်ရှိမှာတော့ ထိုင်းတနိုင်ငံလုံး ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃၆၃,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၃,၀၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG