Zawgyi/Unicode
ဧၿပီလကစၿပီး Covid-19 ကပ္ေရာဂါ တတိယလႈိင္းနဲ႔ရင္ဆုိင္ေနရတဲ့ထုိင္းႏုိင္ငံမွာ တနဂၤေႏြေန႔တရက္တည္း ေသဆုံးသူ ၅၀ နဲ႔ ပိုးကူးသူသစ္ ၆,၀၀၀ က်ာ္ရွိေနပါတယ္။ ၿမိဳ႔ေတာ္ဘန္ေကာက္က ပိုးကူးစက္ရာအခ်က္အျခာျဖစ္ေနတယ္လို႔ ထုိင္းက်န္းမာေရးတာဝန္ရွိသူေတြကေျပာပါတယ္။
Delta မ်ိဳးဗီဇေျပာင္းပိုးသစ္ေၾကာင့္ ဘန္ေကာက္ၿမိဳ႔ျပင္အနီးတ၀ိုက္မွာ ပိုးကူးစက္မႈေတြ ပုံမွန္တိုးလာေနၿပိီး တႏုိင္ငံလုံးကိုပါ ပ်ံ႕ႏွံ႔ေနတာကို ထုိင္းႏုိင္ငံ ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနက ေတြ႔ရွိခဲ့တယ္လို႔ ထိုင္းႏုိင္ငံျခားေရးဝန္ႀကီးဌာန၊ သတင္းျပန္ၾကားေရးအဖြဲ႔ ညႊန္ၾကားေရးမွဴး Ms.Pensom Lertsithichalဒီကေန႔သတင္းစာရွင္းလင္းပြဲမွာေျပာဆိုသြားပါတယ္။
ထုို္င္းႏုိင္ငံမွာလက္ရွိခ်ိန္ထိ ပိုးကူးခံရသူ ၂၀၀,၀၀၀ နားကပ္ေနၿပီး ေသဆုံးသူစုစုေပါင္းက ၂,၃၀၀ ေလာက္ရွိပါတယ္။ ပိုးကူးခံရသူသစ္ထဲမွာထုိင္းေရာက္ ကေမၻာဒီးယားလူမ်ိဳး ၁၀ ဦးနဲ႔ျမန္မာႏုိင္ငံသား ၂ ဦးပါတယ္လို႔လည္းေျပာပါတယ္။ မေလးရွားႏိုင္ငံမွာလည္း ၆ ရက္ဆက္တုိက္ေန႔စဥ္ပိုးကူးသူ ၆,၀၀၀ ေက်ာ္ရွိေနတဲ့အတြက္ ပိုးကူးသူစုစုေပါင္း ၈ သိန္း ဝန္းက်င္နဲ႔ေသဆုံးသူက ၅,၅၀၀ ရွိပါတယ္။
ကမၻာမွာ စတုထၳေျမာက္လူဦးေရအမ်ားဆုံးရွိတဲ့ အင္ဒိုနီးရွားႏုိင္ငံမွာလည္း ကိုဗစ္ ကူးစက္မႈတိုးလာတာေၾကာင့္ ေဆး႐ုံတခ်ိဳ ႔မွာ လူနာေတြအတြက္ ေအာက္ဆီဂ်င္ျပတ္လပ္လာေနၿပီး က်န္းမာေရးစနစ္ၿပိဳလဲသြားမွာကို စိုးရိမ္မႈေတြရွိေနပါတယ္။ တနဂၤေနြေန႔က ပိုးကူးသူသစ္ ၂၇,၀၀၀ နဲ႔ေသဆုံးသူ ၅၀၀ ေက်ာ္ရွိေၾကာင္း အင္ဒိုနီးရွားတာဝန္ရွိသူေတြကေျပာပါတယ္။
ပိုးကူးစက္မႈတေက်ာ့ျပန္တိိုးလာေနတာကို ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ျမန္မာႏုိင္ငံအပါအဝင္ အာရွႏုိင္ငံတခ်ဳိ႕မွာ ကပ္ေရာဂါဆုိင္ရာကန္႔သတ္ခ်က္ေတြ ျပန္ၿပိီးထုတ္ျပန္ထားတာပါ။ စစ္အာဏာသိမ္းမႈေနာက္ပုိင္း ေန႔စဥ္ပိုးကူးစက္မႈစံခ်ိန္တင္ တိုးလာေနတဲ့ျမန္မာႏုိင္ငံမွာေတာ့ တနဂၤေႏြေန႔ကပိုးစစ္ေဆးမႈ ၁၀,၀၀၀ က်ာ္မွာ ပိုးေတြ႔သူ ၂,၃၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၂၅ ဦးရွိေၾကာင္း ျမန္မာအားကစားနဲ႔က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။
Unicode
Delta မျိုးဗီဇပြောင်းပိုးကူးစက်မှု ထိုင်းနိုင်ငံတွင်းပျံ့နှံ့လာ
ဧပြီလကစပြီး Covid-19 ကပ်ရောဂါ တတိယလှိုင်းနဲ့ရင်ဆိုင်နေရတဲ့ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့တရက်တည်း သေဆုံးသူ ၅၀ နဲ့ ပိုးကူးသူသစ် ၆,၀၀၀ ကျာ်ရှိနေပါတယ်။မြို့တော်ဘန်ကောက်က ပိုးကူးစက်ရာအချက်အခြာဖြစ်နေတယ်လို့ ထိုင်းကျန်းမာရေးတာဝန်ရှိသူတွေကပြောပါတယ်။
Delta မျိုးဗီဇပြောင်းပိုးသစ်ကြောင့် ဘန်ကောက်မြို့ပြင်အနီးတဝိုက်မှာ ပိုးကူးစက်မှုတွေ ပုံမှန်တိုးလာနေပြီး တနိုင်ငံလုံးကိုပါ ပျံ့နှံ့နေတာကို ထိုင်းနိုင်ငံ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက တွေ့ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းပြန်ကြားရေးအဖွဲ့ ညွှန်ကြားရေးမှူး Ms.Pensom Lertsithichalဒီကနေ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။
ထိုင်းနိုင်ငံမှာလက်ရှိချိန်ထိ ပိုးကူးခံရသူ ၂၀၀,၀၀၀ နားကပ်နေပြီး သေဆုံးသူစုစုပေါင်းက ၂,၃၀၀ လောက်ရှိပါတယ်။ ပိုးကူးခံရသူသစ်ထဲမှာထိုင်းရောက် ကမ္ဘောဒီးယားလူမျိုး ၁၀ ဦးနဲ့မြန်မာနိုင်ငံသား ၂ ဦးပါတယ်လို့လည်းပြောပါတယ်။ မလေးရှားနိုင်ငံမှာလည်း ၆ ရက်ဆက်တိုက်နေ့စဉ်ပိုးကူးသူ ၆,၀၀၀ ကျော်ရှိနေတဲ့အတွက် ပိုးကူးသူစုစုပေါင်း ၈ သိန်း ဝန်းကျင်နဲ့သေဆုံးသူက ၅,၅၀၀ ရှိပါတယ်။
ကမ္ဘာမှာ စတုထ္ထမြောက်လူဦးရေအများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာလည်း ကိုဗစ် ကူးစက်မှုတိုးလာတာကြောင့် ဆေးရုံတချို့မှာ လူနာတွေအတွက် အောက်ဆီဂျင်ပြတ်လပ်လာနေပြီး ကျန်းမာရေးစနစ်ပြိုလဲသွားမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။ တနင်္ဂနွေနေ့က ပိုးကူးသူသစ် ၂၇,၀၀၀ နဲ့သေဆုံးသူ ၅၀၀ ကျော်ရှိကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူတွေကပြောပါတယ်။
ပိုးကူးစက်မှုတကျော့ပြန်တိုးလာနေတာကို ထိန်းချုပ်နိုင်ရေးအတွက်မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတချို့မှာ ကပ်ရောဂါဆိုင်ရာကန့်သတ်ချက်တွေ ပြန်ပြီးထုတ်ပြန်ထားတာပါ။ စစ်အာဏာသိမ်းမှုနောက်ပိုင်း နေ့စဉ်ပိုးကူးစက်မှုစံချိန်တင် တိုးလာနေတဲ့မြန်မာနိုင်ငံမှာတော့ တနင်္ဂနွေနေ့ကပိုးစစ်ဆေးမှု ၁၀,၀၀၀ ကျာ်မှာ ပိုးတွေ့သူ ၂,၃၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၅ ဦးရှိကြောင်း မြန်မာအားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
#Covid19 #VariantVirus #DeltaCovid19 #ThailandCovid #VOABurmese