သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊ႕ေျပာင္းလုပ္သားမွတ္ပံုတင္လုပ္ငန္း ထိုင္းယာယီရပ္ဆိုင္း


ဘန္ေကာက္ၿမိဳ႕ ထုိင္း-ျမန္္မာေဆာက္လုပ္ေရးအလုပ္သမားေတြေနထုိင္ရာ အသြားအလာပိတ္ဆို႔ထားတဲ့ေနရာမွာ ေစ်းမွာတဲ့ျမင္ကြင္း ။ (၀၆-၂၈-၂၁)

Zawgyi/Unicode

ထိုင္းႏိုင္ငံထဲမွာရွိတဲ့ ျမန္မာ၊ လာအိုနဲ ့ကေမၻာဒီးယား စတဲ့ေရႊေျပာင္းအလုပ္သမား ေတြ အတြက္ အေထာက္အထား မွတ္ပံုတင္လုပ္ရတဲ့ လုပ္ငန္းစဥ္အားလံုးကို ဒီေန႔ ဇူလိုင္လ ၅ ရက္ေန႔ကစၿပီး ရက္အကန္႔အသတ္မရိွ ရပ္ဆုိင္းလိုက္တယ္လို႔ ထုိင္းျပည္ထဲေရးဌာနထုတ္ျပန္ခဲ့ပါတယ္။ ထိုင္းႏိုင္ငံမွာ အလုပ္လာလုပ္တဲ့ ေ႐ႊ႔ေျပာင္းအလုပ္သမားေတြ ကိုင္ေဆာင္ရတဲ့ အလုပ္လုပ္ခြင့္အေထာက္အထား မွတ္ပံုအတြက္ ေလွ်ာက္ထားရတဲ့ လုပ္ငန္းစဥ္ေတြအားလံုး ရပ္ဆိုင္းထားတာနဲ႔ပတ္သက္လို႔ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာက သတင္းတင္ျပထားပါတယ္။

ကိုဗစ္တတိယလႈိင္း ကူးစက္ေနတဲ့ ထိုင္းႏိုင္ငံမွာ ေန႔စဥ္အတည္ျပဳလူေထာင္ေက်ာ္႐ွိၿပီး ေသဆံုးသူ ဆယ္ဂဏန္း႐ွိေနခ်ိန္မွာ လူစုလူေဝးမလုပ္ႏိုင္ေအာင္ ကန္႔သတ္ တားျမစ္ခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ ဒါေၾကာင့္ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြလုပ္ဖုိ႔လိုတဲ့ အလုပ္သမား မွတ္ပံုတင္ရတဲ့ လုပ္ငန္းစဥ္ အဆင့္ဆင့္ကုိ ထိုင္းျပည္ထဲေရးဌာနက ဒီေန႔ ဇူလိုင္ ၅ ရက္ေန႔ကစၿပီး ရက္အကန္႔အသတ္မ႐ွိ ရပ္ဆိုင္းထားလိုက္ပါတယ္။ ခုလို ရပ္ဆိုင္းထားတဲ့အတြက္ ျမန္မာအလုပ္သမားေတြအေပၚ ဘယ္လိုသက္ေရာက္မႈေတြ ႐ွိႏိုင္လဲဆိုတာကိုေရႊေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ရဲ ့ဥကၠ႒ ဦးေအာင္ေက်ာ္က အခုလိုေျပာျပပါတယ္။

“လက္ရွိအေျခအေနမွာေတာ့ ထုိင္းရဲ ့ကုိဗစ္တတိယလိွုင္းက လ်ာ့က်သြားတာမဟုတ္ဘဲ တေန့ထက္တေန့ ပုိျပီးတိုးတုိးလာတယ္။ တိုးလာေတာ့ သက္ဆိုင္ရာအာဏာပိုင္ေတြအေနနဲ႔က်ေတာ့ အခုလို အလုပ္သမားေတြကို စာရြက္စာတမ္းလုပ္ေပးတာတို့၊ အစုိးရရံုးဌာနေတြမွာ လူစုလူေဝးနဲ႔လာတာတို႔ဆိုေတာ့ ထပ္မံျပီး မထိန္းသိမ္းႏိုင္ဘဲ ပိုမိုကူးစက္ႏိုင္တယ္လို့ယူဆတဲ့အတြက္ ယာယီရပ္ဆုိင္းတာလို့သံုးသပ္ပါတယ္။ အကန့္အသတ္ေတာ့မရွိဘူး။ ေတာ္ေတာ္မ်ားမ်ား အလုပ္သမားေတြက တုိ႔လို႔ တန္းလန္းျဖစ္ေနတယ္။ ပန္းေရာင္ကဒ္ေတြ မထြက္ေသးတာတို့၊ တခ်ဳိ႕ဆို စာရြက္စာတမ္းေလးေတြပဲထြက္လာတာတို့ တခ်ဳိ႕အလုပ္ရွင္ေတြက သူတို့လုပ္သားေတြအတြက္ လုပ္ေပးေနတာေတြ႔ရတယ္။ အခုလို ႐ုတ္တရက္ျကီး covid 19 ကိုအေႀကာင္းျပျပီးရပ္ဆုိင္းထားတဲ့အတြက္ ဘယ္ေနဘယ္အခ်ိ္န္မွာျပန္လုပ္ေပးမယ္ဆိုတာမသိေသးပါဘူး။”

ထိုင္းႏိုင္ငံမွာ ကုိဗစ္ဒုတိယလိွဳင္းက ဆမြတ္ဆာခြန္းျပည္နယ္က ျမန္မာအလုပ္သမားေတြကေန စတင္ကူးစက္တာမို႔ တရားမဝင္ ေရႊ႕ေျပာင္းအလုပ္သမားေတြကို ထုိင္းအစုိးရက အစပိုင္းမွာ ဖမ္းဆီးဖို႔ႀကိဳးစားခဲ့ပါတယ္။ ေနာက္ပုိင္းမွာေတာ့ ဖမ္းဆီးမႈေတြ မလုပ္ေတာ့ဘဲ ကုိဗစ္ကာလအထူးအခြင့္အေရးအေနနဲ့ ထိုင္းကိုေရာက္ေနျပီးသား တရားမဝင္အလုပ္သမားေတြကို တရားဝင္အျဖစ္ မွတ္ပံုတင္ခိုင္းျပီး အလုပ္လုပ္ခြင့္ျပဳခဲ့ပါတယ္။ ဒီလုပ္ငန္းစဥ္ေတြကို လုပ္ေနဆဲကာလမွာပဲ ကိုဗစ္တတိယလွိဳင္းဆက္ျဖစ္လာတဲ့အခါအလုပ္သမားေတြ မွတ္ပံုတင္တဲ့ကာလကို သက္တမ္းတိုးေပးခဲ့ပါတယ္။အခုအခါမွာေတာ့ အကန္႔အသတ္အရိွ ရပ္ဆုိင္းလိုက္တာျဖစ္ပါတယ္။

အလုပ္သမားလက္မွတ္လုပ္ဖုိ႔ မွတ္ပံုတင္ရင္ေပးရမယ့္ ကုန္က်စရိတ္နဲ႔ ကိုဗစ္စစ္ေဆးဖို႔ကုန္က်ေငြေတြ အားလံုး ဘတ္တေသာင္းဝန္းက်င္ရွိတာမို႔အလုပ္သမားေတြအတြက္ အခက္အခဲ႐ွိေနခ်ိန္ မွတ္ပံုတင္တဲ့လုပ္ငန္းေတြ ရပ္ဆိုင္းသြားလို႔ အလုပ္သမားေတြအတြက္ကေတာ့ ေပးသြင္းရမယ့္အခ ေၾကးေငြေတြအတြက္ ေငြစုေဆာင္းခ်ိန္ပုိရသြားလိမ့္မယ္လို႔ ဦးေအာင္ေက်ာ္ကေျပာပါတယ္။

“ကပ္ေရာဂါကိစၥနဲ႔ပတ္သက္ျပီးရပ္ဆုိင္းထားတယ္ဆုိေပမယ့္ အလုပ္သမားေတြအတြက္ေတာ့ အေႏွာင့္အယွက္တစံုတရာမျဖစ္ပါဘူး။ စာရြက္စာတမ္းေတြလုပ္ဖို့ဟာရက္အကန့္အသတ္မရွိ ေရႊ႕ထားတယ္ဆိုေတာ့ သူတုိ့အတြက္ အခ်ိန္ပုိရသြားတာေပါ့ အလုပ္လုပ္ျပီးေငြစုေဆာင္းထားခ်ိန္ပိုရသြားတာေပါ့။”

လက္႐ွိထိုင္းအစိုးရဆီမွာ တရားဝင္အလုပ္လုပ္ႏုိင္ခြင့္ အေထာက္အထား ေလွ်ာက္ထားသူ ျမန္မာႏိုင္ငံကအပါအဝင္ ၆ သိန္းေလာက္ ႐ွိပါတယ္။ လက္႐ွိထိုင္းႏိုင္ငံထဲမွာ ျမန္မာႏိုင္ငံကအပါအဝင္ တရားဝင္ အလုပ္လာလုပ္ေနတဲ့ အလုပ္သမားစုစုေပါင္းကေတာ့ ၂ သန္းခဲြေလာက္႐ွိပါတယ္။ အဲဒီထဲမွာ ျမန္မာႏိုင္ငံက အလုပ္သမား ၂ သန္းေလာက္႐ွိပါတယ္။

ထိုင္းႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္သူ တရက္ကို လူဦးေရ ၄,၀၀၀ ကေန၆,၀၀၀ ေလာက္ထိ ကူးစက္မႈႏႈန္း ျမင့္တက္ေနတာေၾကာင့္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ အခုလို အလုပ္သမားေတြကို မွတ္ပံုတင္ျခင္းဆိုင္ရာကိစၥရပ္မ်ား ယာယီရပ္ဆိုင္းထားရတာျဖစ္တယ္လို ့ထိုင္းျပည္ထဲေရးဌာနရဲ ့ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

ရွှေ့ပြောင်းလုပ်သားမှတ်ပုံတင်လုပ်ငန်း ထိုင်းယာယီရပ်ဆိုင်း

ထိုင်းနိုင်ငံထဲမှာရှိတဲ့ မြန်မာ၊ လာအိုနဲ့ကမ္ဘောဒီးယား စတဲ့ရွှေပြောင်းအလုပ်သမား တွေ အတွက် အထောက်အထား မှတ်ပုံတင်လုပ်ရတဲ့ လုပ်ငန်းစဉ်အားလုံးကို ဒီနေ့ ဇူလိုင်လ ၅ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းပြည်ထဲရေးဌာနထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကိုင်ဆောင်ရတဲ့ အလုပ်လုပ်ခွင့်အထောက်အထား မှတ်ပုံအတွက် လျှောက်ထားရတဲ့ လုပ်ငန်းစဉ်တွေအားလုံး ရပ်ဆိုင်းထားတာနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းတင်ပြထားပါတယ်။

ကိုဗစ်တတိယလှိုင်း ကူးစက်နေတဲ့ ထိုင်းနိုင်ငံမှာ နေ့စဉ်အတည်ပြုလူထောင်ကျော်ရှိပြီး သေဆုံးသူ ဆယ်ဂဏန်းရှိနေချိန်မှာ လူစုလူဝေးမလုပ်နိုင်အောင် ကန့်သတ် တားမြစ်ချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေလုပ်ဖို့လိုတဲ့ အလုပ်သမား မှတ်ပုံတင်ရတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ထိုင်းပြည်ထဲရေးဌာနက ဒီနေ့ ဇူလိုင် ၅ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ပါတယ်။ ခုလို ရပ်ဆိုင်းထားတဲ့အတွက် မြန်မာအလုပ်သမားတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်လဲဆိုတာကိုရွှေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလိုပြောပြပါတယ်။

“လက်ရှိအခြေအနေမှာတော့ ထိုင်းရဲ့ကိုဗစ်တတိယလှိုင်းက လျာ့ကျသွားတာမဟုတ်ဘဲ တနေ့ထက်တနေ့ ပိုပြီးတိုးတိုးလာတယ်။ တိုးလာတော့ သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ကျတော့ အခုလို အလုပ်သမားတွေကို စာရွက်စာတမ်းလုပ်ပေးတာတို့၊ အစိုးရရုံးဌာနတွေမှာ လူစုလူဝေးနဲ့လာတာတို့ဆိုတော့ ထပ်မံပြီး မထိန်းသိမ်းနိုင်ဘဲ ပိုမိုကူးစက်နိုင်တယ်လို့ယူဆတဲ့အတွက် ယာယီရပ်ဆိုင်းတာလို့သုံးသပ်ပါတယ်။ အကန့်အသတ်တော့မရှိဘူး။ တော်တော်များများ အလုပ်သမားတွေက တို့လို့ တန်းလန်းဖြစ်နေတယ်။ ပန်းရောင်ကဒ်တွေ မထွက်သေးတာတို့၊ တချို့ဆို စာရွက်စာတမ်းလေးတွေပဲထွက်လာတာတို့ တချို့အလုပ်ရှင်တွေက သူတို့လုပ်သားတွေအတွက် လုပ်ပေးနေတာတွေ့ရတယ်။ အခုလို ရုတ်တရက်ကြီး covid 19 ကိုအကြောင်းပြပြီးရပ်ဆိုင်းထားတဲ့အတွက် ဘယ်နေဘယ်အချိန်မှာပြန်လုပ်ပေးမယ်ဆိုတာမသိသေးပါဘူး။”

ထိုင်းနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းက ဆမွတ်ဆာခွန်းပြည်နယ်က မြန်မာအလုပ်သမားတွေကနေ စတင်ကူးစက်တာမို့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက အစပိုင်းမှာ ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဖမ်းဆီးမှုတွေ မလုပ်တော့ဘဲ ကိုဗစ်ကာလအထူးအခွင့်အရေးအနေနဲ့ ထိုင်းကိုရောက်နေပြီးသား တရားမဝင်အလုပ်သမားတွေကို တရားဝင်အဖြစ် မှတ်ပုံတင်ခိုင်းပြီး အလုပ်လုပ်ခွင့်ပြုခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို လုပ်နေဆဲကာလမှာပဲ ကိုဗစ်တတိယလှိုင်းဆက်ဖြစ်လာတဲ့အခါအလုပ်သမားတွေ မှတ်ပုံတင်တဲ့ကာလကို သက်တမ်းတိုးပေးခဲ့ပါတယ်။အခုအခါမှာတော့ အကန့်အသတ်အရှိ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

အလုပ်သမားလက်မှတ်လုပ်ဖို့ မှတ်ပုံတင်ရင်ပေးရမယ့် ကုန်ကျစရိတ်နဲ့ ကိုဗစ်စစ်ဆေးဖို့ကုန်ကျငွေတွေ အားလုံး ဘတ်တသောင်းဝန်းကျင်ရှိတာမို့အလုပ်သမားတွေအတွက် အခက်အခဲရှိနေချိန် မှတ်ပုံတင်တဲ့လုပ်ငန်းတွေ ရပ်ဆိုင်းသွားလို့ အလုပ်သမားတွေအတွက်ကတော့ ပေးသွင်းရမယ့်အခ ကြေးငွေတွေအတွက် ငွေစုဆောင်းချိန်ပိုရသွားလိမ့်မယ်လို့ ဦးအောင်ကျော်ကပြောပါတယ်။

“ကပ်ရောဂါကိစ္စနဲ့ပတ်သက်ပြီးရပ်ဆိုင်းထားတယ်ဆိုပေမယ့် အလုပ်သမားတွေအတွက်တော့ အနှောင့်အယှက်တစုံတရာမဖြစ်ပါဘူး။ စာရွက်စာတမ်းတွေလုပ်ဖို့ဟာရက်အကန့်အသတ်မရှိ ရွှေ့ထားတယ်ဆိုတော့ သူတို့အတွက် အချိန်ပိုရသွားတာပေါ့ အလုပ်လုပ်ပြီးငွေစုဆောင်းထားချိန်ပိုရသွားတာပေါ့။”

လက်ရှိထိုင်းအစိုးရဆီမှာ တရားဝင်အလုပ်လုပ်နိုင်ခွင့် အထောက်အထား လျှောက်ထားသူ မြန်မာနိုင်ငံကအပါအဝင် ၆ သိန်းလောက် ရှိပါတယ်။ လက်ရှိထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံကအပါအဝင် တရားဝင် အလုပ်လာလုပ်နေတဲ့ အလုပ်သမားစုစုပေါင်းကတော့ ၂ သန်းခွဲလောက်ရှိပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက အလုပ်သမား ၂ သန်းလောက်ရှိပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ တရက်ကို လူဦးရေ ၄,၀၀၀ ကနေ၆,၀၀၀ လောက်ထိ ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အခုလို အလုပ်သမားတွေကို မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ ယာယီရပ်ဆိုင်းထားရတာဖြစ်တယ်လို့ထိုင်းပြည်ထဲရေးဌာနရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

#MyanmarMigrants #MyanmarThailand #ThailandMigrants #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG