သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ထိန္းခ်ဳပ္ေရး ဘန္ေကာက္နဲ႔ အနီး၀န္းက်င္ေဒသေတြမွာ ညမထြက္ရအမိန္႔ထုတ္


ထိုင္းႏိုင္ငံ ဘန္ေကာက္ျမဳိ႕ တေနရာ။

[ Zawgyi ]

ထိုင္းႏိုင္ငံမွာ ကိုဗစ္ေရာဂါ ကူးစက္မႈေတြ တိုးလာေနတာေၾကာင့္ ဘန္ေကာက္ၿမိဳ႕ေတာ္နဲ႔ အနီးအနား ေဒသ ၆ ခုမွာ ညမထြက္ရအမိန္႔ ထုတ္လိုက္ပါတယ္။ ကိုဗစ္တတိယလႈိင္းဒဏ္ ခံေနရတဲ့ ထိုင္းႏိုင္ငံမွာ ကူးစက္သူ လူနာသစ္ ၉၂၀၀ ေက်ာ္နဲ႔ ေသဆံုးရသူ ၇၂ ဦးရွိခဲ့ေၾကာင္း အတည္ျပဳလိုက္တဲ့ ေသာၾကာေန႔မွာပဲ ညမထြက္ရအမိန္႔ ေၾကညာလိုက္တာပါ။

“မလိုအပ္ရင္ အျပင္မထြက္ၾကဖို႔နဲ႔ ည ၉ နာရီကေန မနက္ ၄ နာရီအထိ အိမ္ထဲမွာပဲ ေနၾကရမွာ ျဖစ္ပါတယ္။” လို႔ ထိုင္း ကိုဗစ္ ၁၉ ဆိုင္ရာစီမံခန္႔ခြဲေရး ဗဟိုဌာန CCSA ေျပာခြင့္ရ Natapanu Nopakun က ေျပာသြားတာပါ။ ညမထြက္ရ အမိန္႔ဟာ ဇူလိုင္လ ၁၂ ရက္ တနလၤာေန႔မွာ စတင္အသက္၀င္မွာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ညမထြက္ရအမိန္႔အျပင္ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္ခဲ့ရာမွာေတာ့ အမ်ားျပည္သူသံုး ပို႔ေဆာင္ေရးလုပ္ငန္းအားလံုး ပိတ္ထားမွာ ျဖစ္ၿပီး စူပါမားကက္၊ စားေသာက္ဆိုင္၊ ဘဏ္၊ ေဆးဆိုင္နဲ႔ လွ်ပ္စစ္ပစၥည္းဆိုုင္ေတြလို မရွိမျဖစ္လုပ္ငန္းေတြကလဲြလို႔ တျခားလုပ္ငန္းေတြကိုလည္း ပိတ္ထားရမွာ ျဖစ္ပါတယ္။ တတ္ႏိုင္သမွ် အိမ္ထဲမွာေနၾကဖို႔၊ ၅ ဦးထက္ပိုၿပီး လူမစုဖို႔နဲ႔ မလိုအပ္ပဲ ခရီးသြားလာတာေတြ မလုပ္ဖို႔လည္း ၫႊန္ၾကားထားပါတယ္။

အိမ္နီးခ်င္း ဗီယက္နမ္ ႏိုင္ငံမွာလည္း ကိုဗစ္ကူးစက္မႈ တိုးလာေနတာေၾကာင့္ ေသာၾကာေန႔ကစၿပီး ဟိုခ်ီမင္းၿမိဳ႕မွာ သီတင္း ၂ ပတ္ၾကာ အသြားအလာေတြကို ကန္႔သတ္လိုက္ပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ဘန်ကောက်မြို့တော်နဲ့ အနီးအနား ဒေသ ၆ ခုမှာ ညမထွက်ရအမိန့် ထုတ်လိုက်ပါတယ်။ ကိုဗစ်တတိယလှိုင်းဒဏ် ခံနေရတဲ့ ထိုင်းနိုင်ငံမှာ ကူးစက်သူ လူနာသစ် ၉၂၀၀ ကျော်နဲ့ သေဆုံးရသူ ၇၂ ဦးရှိခဲ့ကြောင်း အတည်ပြုလိုက်တဲ့ သောကြာနေ့မှာပဲ ညမထွက်ရအမိန့် ကြေညာလိုက်တာပါ။

“မလိုအပ်ရင် အပြင်မထွက်ကြဖို့နဲ့ ည ၉ နာရီကနေ မနက် ၄ နာရီအထိ အိမ်ထဲမှာပဲ နေကြရမှာ ဖြစ်ပါတယ်။” လို့ ထိုင်း ကိုဗစ် ၁၉ ဆိုင်ရာစီမံခန့်ခွဲရေး ဗဟိုဌာန CCSA ပြောခွင့်ရ Natapanu Nopakun က ပြောသွားတာပါ။ ညမထွက်ရ အမိန့်ဟာ ဇူလိုင်လ ၁၂ ရက် တနင်္လာနေ့မှာ စတင်အသက်ဝင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ညမထွက်ရအမိန့်အပြင် ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ရာမှာတော့ အများပြည်သူသုံး ပို့ဆောင်ရေးလုပ်ငန်းအားလုံး ပိတ်ထားမှာ ဖြစ်ပြီး စူပါမားကက်၊ စားသောက်ဆိုင်၊ ဘဏ်၊ ဆေးဆိုင်နဲ့ လျှပ်စစ်ပစ္စည်းဆိုင်တွေလို မရှိမဖြစ်လုပ်ငန်းတွေကလွဲလို့ တခြားလုပ်ငန်းတွေကိုလည်း ပိတ်ထားရမှာ ဖြစ်ပါတယ်။ တတ်နိုင်သမျှ အိမ်ထဲမှာနေကြဖို့၊ ၅ ဦးထက်ပိုပြီး လူမစုဖို့နဲ့ မလိုအပ်ပဲ ခရီးသွားလာတာတွေ မလုပ်ဖို့လည်း ညွှန်ကြားထားပါတယ်။

အိမ်နီးချင်း ဗီယက်နမ် နိုင်ငံမှာလည်း ကိုဗစ်ကူးစက်မှု တိုးလာနေတာကြောင့် သောကြာနေ့ကစပြီး ဟိုချီမင်းမြို့မှာ သီတင်း ၂ ပတ်ကြာ အသွားအလာတွေကို ကန့်သတ်လိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG