သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္အနီးအလုပ္႐ုံ ျမန္မာအလုပ္သမား ၇၀ ေက်ာ္မွာ ကိုဗစ္ပိုးေတြ႔


ကုိဗစ္ကူးစက္မႈ ျဖစ္ေပၚခဲ့တဲ့ စက္႐ုံက ျမန္မာအလုပ္သမားေတြကုိ က်န္းမာေရး စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ဇြန္ ၂၆၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕ မဲေတာင္ဘက္က အလုပ္႐ုံတခုမွာ လုပ္ေနတဲ့ ျမန္မာအလုပ္သမား ၇၀ ေက်ာ္ အစုလိုက္အၿပံဳလိုက္ COVID-19 ကပ္ေရာဂါပိုး ကူးစက္ေနတာကို စစ္ေဆးေတြ႔ရိွတာေၾကာင့္ အဲဒီေနရာကို ကန္႔သတ္ပိတ္ဆုိ႔မႈေတြ လုပ္ထားပါတယ္။ အျပည့္အစုံကို မေအးေအးမာ တင္ျပေပးထားပါတယ္။

ထုိင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕ မဲေတာင္ရပ္ကြက္ ၂ မွာ ျမန္မာအလုပ္သမား ၈၀ ေက်ာ္ အလုပ္လုပ္ကိုင္ေနတဲ့ အလုပ္႐ုံတခုက အလုပ္သမားတဦးဟာ က်န္းမာေရး မေကာင္းတာေၾကာင့္ ေဆး႐ုံသြားျပရာကေန ကုိဗစ္ကူးစက္ေနတာကို ေတြ့ရၿပီးတဲ့ေနာက္ သူအလုပ္လုပ္ကိုင္ရာ စက္႐ုံက လုပ္သားေတြကိုပါ က်န္းမာေရးဝန္ထမ္းေတြက ကိုဗစ္ကပ္ပုိးရွိမရွိ လာေရာက္စစ္ေဆးရာမွာ ျမန္မာအလုပ္သမား ၇၀ ေက်ာ္မွာ ကုိဗစ္ကူးစက္ေနတာ ေတြ႔ခဲ့ရတာပါ။ ဇြန္လ ၂၆ ရက္ေန႔မွာေတာ့ ၿမိဳ႕ေတာ္ဝန္ Mr. Phongrat Piromrat က ထိုင္းဘာသာနဲ႔ အခုလို ေျပာသြားပါတယ္။

“စက္႐ုံေရွ႕ အလုပ္သမားတန္းလ်ားမွာေနတဲ့ အသက္ ၃၇ ႏွစ္အရြယ္ အမ်ိဳးသမီးတဦးက အသက္႐ွဴက်ပ္ၿပီး ေဆး႐ုံေရာက္လာရာကေန ကုိဗစ္စစ္ေဆးေတြ႔ရွိခဲ့တာပါ။ သူ႔ဆီမွာ ကိုဗစ္ေတြ႔တာေၾကာင့္ အဲဒီ ျမန္မာအလုပ္သမားေတြ ေနထုိင္ရာ တန္းလ်ားကလူေတြကို ကိုဗစ္စစ္ေဆးရာက လူ ၇၄ ေယာက္မွာ ကိုဗစ္ကပ္ပိုး ကူးစက္ေနတာ ေတြ႔ရပါတယ္။ အဲဒီတန္းလ်ားပိုင္ရွင္ ထုိင္းလူမ်ိဳး ေက်ာင္းဆရာမလည္း ကူးစက္ခံထားရပါတယ္။ အဲဒီေနရာကို ကန္႔သတ္ပိတ္ဆုိ႔ထားလိုက္ပါၿပီ။ အဲဒီေနရာမွာပဲ အေရးေပၚေဆး႐ုံလုပ္ၿပီး ကုသမႈ စေပးေနပါၿပီ။” ဆုိၿပီး ေျပာသြားတာပါ။

စက္႐ုံက ျမန္မာအမ်ိဳးသမီးတဦး ကိုဗစ္ကူးစက္ရာကေန စက္႐ုံအတြင္းမွာ က်န္းမာေရး စစ္ေဆးမႈေတြ လုပ္ခဲ့ၿပီး အဲဒီေနရာကိုေတာ့ ကန္႔သတ္ပိတ္ဆုိ႔မႈေတြ လုပ္ထားၿပီး အဝင္အထြက္ေတြ လုပ္လို႔မရေတာ့ပါဘူး။

တာ့ခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕မွာေတာ့ ကုိဗစ္ကူးစက္တဲ့ဦးေရ ဒီလပိုင္းမွာ အနည္းငယ္သာ ရိွေပမယ့္ ကုိဗစ္တတိယလႈိင္းမွာေတာ့ တာ့ခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕မွာ ျမန္မာေတြကူးစက္တာ ဒီတႀကိမ္က အမ်ားဆံုးျဖစ္ပါတယ္။

တျခားျပည္နယ္ေတြထဲက ဆံုခလာျပည္နယ္ အပါအဝင္ ျပည္နယ္တခ်ိဳ႕က စက္႐ုံအလုပ္႐ုံေတြမွာ ျမန္မာေတြ ရာဂဏန္းနဲ႔ ကူးစက္မႈေတြ ရွိေနပါတယ္။ ဆံုခလာျပည္နယ္မွာေတာ့ ကုိဗစ္ကပ္ပုိး ကူးစက္သူ ျမန္မာႏုိင္ငံသား ၁,၀၀၀ ေက်ာ္ ရွိသြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

မဲဆောက်အနီးအလုပ်ရုံ မြန်မာအလုပ်သမား ၇၀ ကျော်မှာ ကိုဗစ်ပိုးတွေ့

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့ မဲတောင်ဘက်က အလုပ်ရုံတခုမှာ လုပ်နေတဲ့ မြန်မာအလုပ်သမား ၇၀ ကျော် အစုလိုက်အပြုံလိုက် COVID-19 ကပ်ရောဂါပိုး ကူးစက်နေတာကို စစ်ဆေးတွေ့ရှိတာကြောင့် အဲဒီနေရာကို ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့ မဲတောင်ရပ်ကွက် ၂ မှာ မြန်မာအလုပ်သမား ၈၀ ကျော် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်ရုံတခုက အလုပ်သမားတဦးဟာ ကျန်းမာရေး မကောင်းတာကြောင့် ဆေးရုံသွားပြရာကနေ ကိုဗစ်ကူးစက်နေတာကို တွေ့ရပြီးတဲ့နောက် သူအလုပ်လုပ်ကိုင်ရာ စက်ရုံက လုပ်သားတွေကိုပါ ကျန်းမာရေးဝန်ထမ်းတွေက ကိုဗစ်ကပ်ပိုးရှိမရှိ လာရောက်စစ်ဆေးရာမှာ မြန်မာအလုပ်သမား ၇၀ ကျော်မှာ ကိုဗစ်ကူးစက်နေတာ တွေ့ခဲ့ရတာပါ။ ဇွန်လ ၂၆ ရက်နေ့မှာတော့ မြို့တော်ဝန် Mr. Phongrat Piromrat က ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

“စက်ရုံရှေ့ အလုပ်သမားတန်းလျားမှာနေတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတဦးက အသက်ရှူကျပ်ပြီး ဆေးရုံရောက်လာရာကနေ ကိုဗစ်စစ်ဆေးတွေ့ရှိခဲ့တာပါ။ သူ့ဆီမှာ ကိုဗစ်တွေ့တာကြောင့် အဲဒီ မြန်မာအလုပ်သမားတွေ နေထိုင်ရာ တန်းလျားကလူတွေကို ကိုဗစ်စစ်ဆေးရာက လူ ၇၄ ယောက်မှာ ကိုဗစ်ကပ်ပိုး ကူးစက်နေတာ တွေ့ရပါတယ်။ အဲဒီတန်းလျားပိုင်ရှင် ထိုင်းလူမျိုး ကျောင်းဆရာမလည်း ကူးစက်ခံထားရပါတယ်။ အဲဒီနေရာကို ကန့်သတ်ပိတ်ဆို့ထားလိုက်ပါပြီ။ အဲဒီနေရာမှာပဲ အရေးပေါ်ဆေးရုံလုပ်ပြီး ကုသမှု စပေးနေပါပြီ။” ဆိုပြီး ပြောသွားတာပါ။

စက်ရုံက မြန်မာအမျိုးသမီးတဦး ကိုဗစ်ကူးစက်ရာကနေ စက်ရုံအတွင်းမှာ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး အဲဒီနေရာကိုတော့ ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ထားပြီး အဝင်အထွက်တွေ လုပ်လို့မရတော့ပါဘူး။

တာ့ခ်ပြည်နယ် မဲဆောက်မြို့မှာတော့ ကိုဗစ်ကူးစက်တဲ့ဦးရေ ဒီလပိုင်းမှာ အနည်းငယ်သာ ရှိပေမယ့် ကိုဗစ်တတိယလှိုင်းမှာတော့ တာ့ခ်ပြည်နယ် မဲဆောက်မြို့မှာ မြန်မာတွေကူးစက်တာ ဒီတကြိမ်က အများဆုံးဖြစ်ပါတယ်။

တခြားပြည်နယ်တွေထဲက ဆုံခလာပြည်နယ် အပါအဝင် ပြည်နယ်တချို့က စက်ရုံအလုပ်ရုံတွေမှာ မြန်မာတွေ ရာဂဏန်းနဲ့ ကူးစက်မှုတွေ ရှိနေပါတယ်။ ဆုံခလာပြည်နယ်မှာတော့ ကိုဗစ်ကပ်ပိုး ကူးစက်သူ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG